pajero5Unicode version…
pajero5Pajero သည် ဂျပန်အခြေစိုက် (Mitsubishi)မှ (၁၉၈၂)ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် (Full-size SUV ) အမျိုးအစားကားဖြစ်ပါသည်။ (Pajero)၏ အဓိပ္ပာယ်မှာ အာဂျင်ကီးနားနိုင်ငံတော် ပိုင်းဒေသတွင် တွေ့ရှိရသည့် ကျားသစ်တစ်မျိုး၏ အမည်ဖြစ်ပါသည်။ (Pajero ) အမည်အပြင် (Montero), (Shogun) နှင့် (car plaza )ဟူသည့် အမည်များဖြင့်လည်း ထုတ်လုပ်ပါသည်။
pajero3(Pajero)၏ ပထမမျိုးဆက်အား (၁၉၈၁ October )တွင့် စတင်မိတ်ဆက်ခဲ့ပြီး (၁၉၈၂)တွင် ရောင်းချခဲ့ပါသည်။ ပထမဆုံး (Pajero)သည် (2-door Model)ဖြစ်ပြီး ဂျပန်နိုင်ငံတွင် ပထမဆုံး (Turbocharged Diesel engine )နှင့် (4WD System )သုံးကားအဖြစ် ထင်ရှားခဲ့ပါသည်။ အင်ဂျင်များ အနေဖြင့် (2.Ol V4 Engine )နှင့် (3.0l V6 Engine )တို့အား ထည့်သွင်းခဲ့ပါသည်။ (၁၉၈၃)ခုနှစ်တွင် (4-Door SUV )အား စတင်ထုတ်လုပ်ခဲ့ပါသည်။(Pajero)၏အတွင်း အပြင်ဒီဇိုင်းများ ပြောင်းလဲထား သည့် (ဒုတိယမျိုးဆက်ကား)အား (၁၉၉၁)ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး (Super Select 4 WD System )ကို လည်း ထူးခြားစွာထည့်သွင့်ခဲ့ပါသည်။ ထို့အတူ (2H/4H/4HLc/4llc)ဟူ၍ အခြေအနေ (၄)မျိုး ပြောင်းနိုင်သည့် (Shock Bar )စနစ်သစ်ကိုလည်း ထည့်သွင်းခဲ့ပါသည်။ (၁၉၉၃)ခုနှစ်တွင် အင်ဂျင် စနစ်သစ်များဖြစ်ကြသည့် (3.5L DoHC V6 Engine )နှင့် (2.8 L Turbocharged Diesel Intercooler Engine )တို့အား ထပ်မံထည့်သွင်းခဲ့ပါသည်။
pajero4 (၁၉၉၇ October )တွင် ဒုတိယမျိုးဆက်၏ (Facelift Model )အား ဒီဇိုင်း/ပါဝင်မှုအသစ်များ ဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ၄င်းတွင် (Navigation TV-Screen ), (Full-time Automatic air-con) ကဲ့သို့
ကဲ့သို့ နည်းပညာသုံးပါဝင်မှုအသစ်များအား ထည့်သွင်းခဲ့ပါသည်။ အလားတူ (GLS-3.OL SOHC V6 Engine )နှင့် (GLX-2.4L DOHC Engine )များကိုလည်း ထည့်သွင်းခဲ့ပါသည်။
pajero1 Pajero၏ တတိယမျိုးဆက်အသွင်သစ် ဒီဇိုင်းအသစ်များဖြင့် (၂၀ဝဝ)ပြည့်နှစ်တွင် ကမ္ဘာအနှံ့ သို့ မိတ်ဆက်ရောင်းချခဲ့ပါသည်။ ၄င်းသည် ယခင်မျိုးဆက်ကားများထက် ပိုမိုကျယ်ဝန်းပြီးလှပသည့် ပုံစံဖြင့် ဖန်တီးခဲ့ပါသည်။ (Body Type )ကိုလည်း (Full-size SUV)အဆင့်သို့ တိုးမြင့်ထုတ်လုပ်နိုင်ခဲ့ ပါသည်။ ထူးခြားမှုများဖြစ်ကြသည့်။ (Super Select 4 WD System-II) အပါအဝင် (5-speed Manual ), (4-Speed INVECES- II Automatic ) နှင့် (5 Speed INVECS-II Tiptronic ) ဂီယာစနစ်သစ် (၃)မျိုးကိုလည်း ထည့်သွင်းခဲ့ ပါသည်။pajero2
တတိယမျိုးဆက် (Pajero )၏ (Face lift Model)အား (၂၀ဝ၃)ခုနှစ်တွင် ပါဝင်မှုအသစ်များ ဖြစ်ကြသည်။ (New 3.8LV6 Engine ),SRS Side Airbags), (အရှေ့ဘက်ဘန်ဘာဒီဇိုင်းအသစ်) (New Taillight ) တို့ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။
(Pajero)၏ စတုတ္ထမျိုးဆက် (Model) အား (၂၀ဝ၆ October )တွင် (Japan Market )တွင် စတင်မိတ်ဆက် ရောင်းချခဲ့ပါသည်။ ထိုမျိုးဆက်ကားများသည် (Pajero Series ) တွင် အကောင်းဆုံး စွမ်းဆောင်ရည်ရှိသည့် ကားများဟု ဆိုရမည်ဖြစ်ပါသည်။ ထိုမျိုးဆက် (Pajero) တွင် ပါဝင်မှု အသစ် များဖြစ်ကြသည့် (Side Curtain Airbags ), (Digital Signal Processer ) (5.1 Channel Theater – ပတ်လည်အသံစနစ်) (30 g-HDD Based Navigation System ), (7-Inch LCD Display ), (HID –HEAD Lamps)(Pre-collsion )စသည်တို့အားလုံး စုံလင်စွာ ထည့်သွင်းထားပါသည်။
(Mitsubishi Pajero ) သည် (၁၉၈၂-၂၀၁၅)ကာလအထိ ကမ္ဘာအနှံ့အတွင် အစင်းရေ (၂.၅သန်း)ခန့် အထိ ရောင်းချရနိုင်ခဲ့သည့် (Mitsubishi ) ၏ (Flatship)ကားတစ်စင်းပင်ဖြစ်ပါသည် ခင်ဗျာ။
Zawgyi version…