ကမာၻေက်ာ္ ေတာ္ဝင္နန္းထိုက္တဲ့ Patek Philippe နာရီ

Unicode version…

ကမ္ဘာ့ ပထမတန်းစား နာရီဆိုရင် Swiss Made နာရီမှ ကောင်းတယ်လို့ “စံ” သတ်မှတ်ထားတာကြောင့် ဆွစ်ဇာလန် ဂျီနီဗာမြို့က ဂုဏ်သိက္ခာမြင့်မားတဲ့ ကမ္ဘာ ကျော် Patek Philippe ကုမ္ပဏီထုတ် Grand Complications ရွှေရောင် လက်ပတ်နာရီ (5078R-001) အကြောင်း မိတ်ဆက်တင်ပြပေးချင်ပါတယ်။

ကမ္ဘာ့နာရီထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ဆွစ်ဇာလန်နိုင်ငံဟာ ပြိုင်ဘက်ကင်းအောင် ကျော်ကြား ပါတယ်။ နာရီထုတ်လုပ်ရေးလောကမှာ နှစ်ပေါင်းရာချီတဲ့ ဝါရင့် သမ္ဘာရင့်နာရီကုမ္ပဏီတွေဆိုရင် ဆွစ်ဇာလန်နိုင်ငံမှာဘဲရှိပါ တယ်။ Patek Philippe နာရီ ကုမ္ပဏီ ကတော့ ၁၈၅၁ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာ နှစ် ပေါင်း ၁၆၆-နှစ်တောင် သက်တမ်းရင့်် အောင်မြင် နေပါတယ်။ ၁၈၅၁ ခုနှစ်ကာလဆိုတာ မြန်မာပြည်မှာ တော့ ကုန်းဘောင်မင်းဆက် ရတနာပုံခေတ်ပါ။ ကမ္ဘာ့ နာရီထုတ်လုပ်ရေး သမိုင်းမှာတော့ Switzerland နို်င်ငံဟာ တကယ့် Pioneer ရှေ့ဆောင် တီထွင်သူတွေ မွေးဖွားတဲ့နိုင်ငံဖြစ်ပါတယ်။ တန်ဖိုုးအကြီးဆုံး ဂုဏ်သိက္ခာ အမြင့်ဆုံး နာရီဆိုရင် Swiss Made နာရီ ကိုပဲညွှန်း ကြပါတယ်။ Patek Philippe ကုမ္ပဏီက တစ်နှစ်ကို နာရီ ထုတ်လုပ်မှုတန်ဖိုး ဆွစ်ဖရန့်ငွေ 1.3 Billion ကျော်ရှိ ပါတယ်။ တန်ဖိုးကြီးနာရီမျိုးစုံ တစ်နှစ်ကို အလုံးရေ ၅ဝ,ဝဝဝ လောက်ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံးသို့ရောင်းချ ပါတယ်။

Patek Philippe ကုမ္ပဏီက နာရီအမျိုးစား ပုံစံမျိုး စုံ အများအပြား ထုတ်လုပ်ခဲ့ပါတယ်။ ထိုနာရီများထဲမှ ၂ဝ၁၄ ခုနှစ်ထုတ် Grand Complications 5078R-001 နာရီအမျိုးအစား အကြောင်းကို မိတ်ဆက်ပေးပါရစေ။ အမျိုးသားဝတ် လက်ပတ်နာရီဖြစ်ပြီး ဒိုင်ပုံစံက အဝိုင်းပါ။

Case diameter 38 mm ရှိပြီး ဒိုင်ခွက်က အဖြူရောင်ပါ။ Automatic လည်ပတ်နိုင်ပါတယ်။ ဘော်ဒီကို်ယ်ထည် ရွှေရောင်ခြယ်ဖြစ်ပြီး လက်ပတ်ကြိုးက မိချောင်းသားရေ အစစ်နဲ့ ပြုလုပ်ထားပါတယ်။ အထူးကောင်းမွန်ကြံ့ခို်င်တဲ့ ဒီဇိုင်းပုံစံဖြစ်တာကြောင့် မြင်တွေ့ရသူတိုင်းကို မျက်စိဖမ်း စားနိုင်တဲ့ သွင်ပြင်လက္ခဏာရှိပါတယ်။ လှပတဲ့ အဖြူ ရောင် ဒိုင်ခွက်ပေါ်မှာ နာရီ၊ မိနစ် ၊ စက္ကန့် အမှတ်အသား တွေကို ထင်ရှားပေါ်လွင်စွာတွေ့နိုင်ပါတယ်။ စက္ကန့်အချိန် ပြေးနေတာကို အလွယ်တကူဖတ်နိုင်အောင် ဒုတိယ ဒိုင်ခွက် အသေးလေးနဲ့ ဖော်ပြထားပါတယ်။ ဒိုင်ခွက် ပေါ်မှာ ရောမ နံပါတ်တွေနဲ့ နာရီ အမှတ်အသားကို ဖော်ပြ ထားတာ ခန့်ခန့်ညားညားရှိလှပါတယ်။ ၁၂နာရီ ရဲ့ အောက် တည့်တည့်မှာတော့ Patek Philippe Logo ကို ရိုက်နှိပ်ထားပါတယ်။ Jewels ကျောက်မျက် ၃၉ လုံးပါဝင် တာကြောင့် တန်ဖိုးရှိပါတယ်။ Watch Style က Luxury Dress အမျိုးအစားဖြစ်ပါတယ်။

ဂုဏ်သရေရှိလူကြီးလူကောင်း Gental Man တစ် ယောက်အနေနဲ့ ကမ္ဘာကျော်ထိပ်တန်း Swiss Made Patek Philippe ရွှေရောင်လက်ပတ် နာရီတစ်လုံး ဆင်မြန်း ထားလိုက်ရင်ဘဲ အားလုံး ပြီးပြည့်စုံသွားပါပြီ။ တန်ဖိုးကြီးနာရီ တစ်လုံးဟာလက်ဝတ် ရတနာတစ်ပါး ပါဘဲ။

Swiss Made နာရီဆိုရင် လူတိုင်း တန်ဖိုးထားကြ ပါတယ်။ တန်ဖိုးရှိလှတဲ့ အကြောင်းတရားတွေကလည်း အများကြီးပါပဲ။ နှစ်ပေါင်း ၁၆ဝ ကျော်ဖြတ်သန်းလာခဲ့တဲ့ နာရီလုပ်ငန်းကြီးရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်း၊ ရင့် ကျက်တည်ငြိမ်တဲ့ အတွေ့အကြုံတွေ၊ ဒီနာရီ Brand ရဲ့ တန်ဖိုး ၊ အရည်အသွေး အာမခံချက်ရှိပြီး လုံးဝယုံကြည် စိတ်ချရနိုင်တဲ့တန်ဖိုး ၊ နာရီစျေးကွက်ထဲမှာ ပြိုင်ဘက် ကင်းတဲ့ဂုဏ်သတင်း ၊ သုံးစွဲသူများရဲ့ တန်ဖိုးထားကြိုက် နှစ်သက်မှု ၊ ဝယ်ယူအားပေးမှု၊ တော်ဝင်မိသားစုနဲ့ ကျော် ကြားသူများရဲ့ အသည်းစွဲ ဖြစ်နေတာတွေက Patek Philippe နာရီရဲ့ တန်ဖိုးမြင့်မားတဲ့ ဂုဏ်သတင်း တွေပါ ဘဲ။

ဆွစ်ဇာလန် ဂျီနီဗာက နာရီထုတ်လုပ်သူတွေရဲ့ အခြေခံကျတဲ့ တန်ဖိုးတွေကတော့ လွတ်လပ်စွာ တီတွင် မှု၊ ရိုးရာမပျက် ထိန်းသိမ်းခြင်း၊ အရည်အသွေး ကောင်း မွန်မှု၊ အနုပညာလက်ရာမြောက်စွာ ဖန်တီးပေးထားမှု၊ လက်မှုအတတ်ပညာ တန်ဖိုးကြီးမားမှု၊ ရှားရှားပါးပါး အနု သုခုမ ရသပညာမြောက်မှု ၊ ဝန်ဆောင်မှုကောင်းမွန်ပြီး စိတ်လှုပ်ရှားခံစားမှု ၊ ရှေးအမွေကိုထိန်းသိမ်းထားနိုင်မှု တွေကြောင့်။ Swiss Made နာရီတွေဟာပြိုင်ဘက် ကင်းပြီး အထူးသိီးသန့်တန်း (Exclusive Class) ဝင်တဲ့ နာရီတွေအဖြစ် နှစ်ပေါင်းရာချီပြီး ရပ်တည်ခဲ့ပါတယ်။ မျိုး ဆက် တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းပြီး အောင်မြင်ကျော် ကြားမှုတွေကို ထိန်းသိမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။

Patek Philippe နာရီရဲ့ ဂုဏ်သတင်းကျော်ကြားမှု တစ်ခုကတော့ နာရီလေလံပွဲ (Auction) တွေမှာ တန်ဖိုး ဒေါ်လာသန်းချီပြီး ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ် မေလ (၁ဝ) ရက်နေ့မှာ ကျင်းပတဲ့ Swiss ပြတိုက် နာရီ လေလံပွဲ တစ်ခုမှာ ၁၉၄၃ ခုနှစ်ထုတ် Patek Philippe လက်ပတ် နာရီတစ်လုံးကို အမေရိကန်ဒေါ်လာ 5.5 Million တောင် ရခဲ့ဖူးပါတယ်။ ၂ဝ၁၃ ခုနှစ် Online Action လေလံပွဲ တစ်ခုမှာလည်း အမေရိကန် ကယ်လီဖိုးနီးယားမှ ပစ္စည်းစုဆောင်းသူတစ်ဦးက ၁၉၅၃ ထုတ် Patek Philippe ရွှေရောင် နာရီတစ်လုံးကို ယူရိုငွေ (471,000 Euro) နဲ့ ဝယ်ယူသွားခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

Patek Philippe နာရီကို လူချမ်းသာ သန်းကြွယ် များသာမကပဲ ဘုရင်၊ ဘုရင်မ နဲ့ မင်းညီမင်းသား တော်ဝင်မျိုးနွယ်များပါ နှစ်သက်စွာဝယ်ယူ အားပေးခဲ့ ကြပါတယ်။ ၁၈၅၁ ခုနှစ် ဗြိတန် ဘုရင်မကြီး Victoria နဲ့ သူမရဲ့ ကြင်ယာတော် မင်းသားကြီး Albert အတွက် Patek Philippe ကုမ္ပဏီက စိန်စီထားတဲ့ exclusive နာရီ ကို ဆက်သခဲ့ဖူးပါတယ်။ ဒိန်းမတ်ဘုရင်ကြီး Christian IX နဲ့ မင်းသမိီး Louise တို့လည်း Patek Philippe ရဲ့ ဝယ်ယူ အားပေးတဲ့ဖောက်သည်တွေဖြစ်ခဲ့ပါတယ်။အီဂျစ်စော်ဘွားကြီး Hussein Kamel ကလည်း Patek philippe နာရီကိုပဲ ဆင်မြန်းခဲ့ပါတယ်။ တော်ဝင်မိသားစုတွေ အား ပေးခဲ့တာကြောင့် Patek Philippe နာရီများဟာ တော်ဝင် နန်းထိုက်တဲ့ နာရီများအအဖြစ် ဂုဏ်သတင်းကျော်ကြား ခဲ့ပါတယ်။ ၁၉၈၉ မှာ Patek Philippe နာရီဟာ နှစ် ၁၅ဝ မြောက် Anniversary နှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ပြီး အမှတ်တရ တီထွင်မှုအဖြစ် Calibre 89 နည်းပညာပါ နာရီများကို ပွဲထုတ်ပြသခဲ့ပါတယ်။ Anniversary edition လို့ခေါ်တဲ့ နာရီမှာ ရက်ထပ်နှစ် (leap-year) ဖေဖေါ်ဝါရီ လ ၂၉ ရက်ကို ဖော်ပြနိုင်တဲ့ နာရီဒီဇိုင်းမျိုးကို ထုတ်လုပ် ခဲ့ပါတယ်။ နှစ်ပေါင်း ၁ဝဝ အတွင်းမှာ ထူးခြားတဲ့ ရက်ထပ်နှစ် ဖေဖေါ်ဝါရီ ၂၉ ရက်ကို အဲဒီနာရီမှာ ဖော်ပြ ပေးနိုင်ခဲ့ပါတယ်။

Patek philippe နာရီ ကမ္ဘာကျော်တဲ့အကြောင်း ရင်း တစ်ခုရှိပါသေးတယ်။ အလွန်သိမ်မွေ့ပြီး အနုပညာ လက်ရာမြောက်တဲ့ Hand-finishing နာရီတွေ ထုတ်လုပ် နိုင်ခြင်းပါဘဲ။ အစားထိုးမရနိုင်တဲ့ အနုပညာမြောက်လက် ရာတွေ ဖန်တီးနိုင်စွမ်းရှိတဲ့ ကျွမ်းကျင်ပညာရှင်များ စုဝေး ရာ Patek Philippe ကုမ္ပဏီက နာရီအမျိုးမျိုးကို ပြိင်ဘက်ကင်းစွာ ထုတ်လုပ်ပါတယ်။ ကုမ္ပဏီထုတ် နာရီ တိိုင်းမှာ Patek Philippe အသားတံဆိပ်ကို ထွင်းပြီး မြုပ်ထားပါတယ်။ PP တံဆိပ်ပါမှ Patek Philippe နာရီ အစစ် ဖြစ်ပါတယ်။ နာရီရဲ့ အတွင်းပိုင်း စက်မှာ ရိုက်နှိပ် ထားပါတယ်။ နာရီဒိုင်ခွက် မှာတော့ Patek Philippe Geneve logo ကို ရိုက်နှိပ်ထားပါတယ်။ Grand Complications လက်ပတ်နာရီရဲ့ Specification များကို ဖော်ပြပေးလိုက်ပါတယ်။

Patek Philippe Grand Complications 5078R-001 38 mm
Specification:
Watch Style Classic
Gender Men’s
Case Form Round
Case Material Rose Gold 18k
Case Diameter 38 mm
Dial White
Movement Automatic
Calibre R 27 PS
Functions Hour – Minute Seconds
Complications Big Date
Movement Features 39 jewels
Bracelet/Strap Crocodile/Alligator
Strap Color shiny chocolate brown

Model Number 5078R-001

ကမ္ဘာကျော် Swiss Made Patek Philippe နာရီကို ဝတ်ဆင်ခြင်းဖြင့် ဂုဏ်ယူလိုက်ပါ။

Zawgyi version…

ကမၻာ့ ပထမတန္းစား နာရီဆုိရင္ Swiss Made နာရီမွ ေကာင္းတယ္လို႔ “စံ” သတ္မွတ္ထားတာေၾကာင့္ ဆြစ္ဇာလန္ ဂီ်နီဗာၿမိဳ႕က  ဂုဏ္သိကၡာျမင့္မားတဲ့ ကမၻာ ေက်ာ္ Patek Philippe ကုမၸဏီထုတ္ Grand Complications ေရႊေရာင္ လက္ပတ္နာရီ (5078R-001) အေၾကာင္း မိတ္ဆက္တင္ျပေပးခ်င္ပါတယ္။

ကမၻာ့နာရီထုတ္လုပ္တဲ့ ႏိုင္ငံေတြထဲမွာ ဆြစ္ဇာလန္ႏိုင္ငံဟာ ၿပိဳင္ဘက္ကင္းေအာင္ ေက်ာ္ၾကား ပါတယ္။ နာရီထုတ္လုပ္ေရးေလာကမွာ ႏွစ္ေပါင္းရာခ်ီတဲ့ ဝါရင့္ သမၻာရင့္နာရီကုမၸဏီေတြဆိုရင္ ဆြစ္ဇာလန္ႏိုင္ငံမွာဘဲရွိပါ တယ္။ Patek Philippe နာရီ ကုမၸဏီ ကေတာ့ ၁၈၅၁ ခုႏွစ္ကတည္းက စတင္ဖဲြ႕စည္း တည္ေထာင္ခဲ့တာ ႏွစ္ ေပါင္း ၁၆၆-ႏွစ္ေတာင္ သက္တမ္းရင့္္ ေအာင္ျမင္ ေနပါတယ္။ ၁၈၅၁ ခုႏွစ္ကာလဆိုတာ ျမန္မာျပည္မွာ ေတာ့ ကုန္းေဘာင္မင္းဆက္ ရတနာပံုေခတ္ပါ။ ကမၻာ့ နာရီထုတ္လုပ္ေရး သမိုင္းမွာေတာ့ Switzerland ႏို္င္ငံဟာ တကယ့္ Pioneer ေရွ႕ေဆာင္ တီထြင္သူေတြ ေမြးဖြားတဲ့နိုင္ငံျဖစ္ပါတယ္။ တန္ဖုိုးအႀကီးဆံုး ဂုဏ္သိကၡာ အျမင့္ဆံုး နာရီဆိုရင္ Swiss Made နာရီ ကိုပဲညႊန္း ၾကပါတယ္။ Patek Philippe ကုမၸဏီက တစ္ႏွစ္ကို နာရီ ထုတ္လုပ္မႈတန္ဖုိး ဆြစ္ဖရန္႕ေငြ 1.3 Billion ေက်ာ္ရွိ ပါတယ္။ တန္ဖိုးႀကီးနာရီမ်ဳိးစံု တစ္ႏွစ္ကို အလံုးေရ ၅ဝ,ဝဝဝ ေလာက္ထုတ္လုပ္ၿပီး တစ္ကမၻာလံုးသို႔ေရာင္းခ် ပါတယ္။

Patek Philippe ကုမၸဏီက နာရီအမ်ဳိးစား ပံုစံမ်ဳိး စံု အမ်ားအျပား ထုတ္လုပ္ခဲ့ပါတယ္။ ထုိနာရီမ်ားထဲမွ ၂ဝ၁၄ ခုႏွစ္ထုတ္ Grand Complications 5078R-001 နာရီအမ်ဳိးအစား အေၾကာင္းကို မိတ္ဆက္ေပးပါရေစ။ အမ်ဳိးသားဝတ္ လက္ပတ္နာရီျဖစ္ၿပီး ဒိုင္ပံုစံက အဝိုင္းပါ။

Case diameter 38 mm ရွိၿပီး ဒိုင္ခြက္က အျဖဴေရာင္ပါ။ Automatic လည္ပတ္ႏိုင္ပါတယ္။ ေဘာ္ဒီကို္ယ္ထည္ ေရႊေရာင္ျခယ္ျဖစ္ၿပီး လက္ပတ္ႀကိဳးက မိေခ်ာင္းသားေရ အစစ္နဲ႔ ျပဳလုပ္ထားပါတယ္။ အထူးေကာင္းမြန္ႀကံ႕ခို္င္တဲ့ ဒီဇိုင္းပံုစံျဖစ္တာေၾကာင့္ ျမင္ေတြ႕ရသူတိုင္းကို မ်က္စိဖမ္း စားႏိုင္တဲ့ သြင္ျပင္လကၡဏာရွိပါတယ္။ လွပတဲ့ အျဖဴ ေရာင္ ဒိုင္ခြက္ေပၚမွာ နာရီ၊ မိနစ္ ၊ စကၠန္႔ အမွတ္အသား ေတြကို ထင္ရွားေပၚလြင္စြာေတြ႕ႏုိင္ပါတယ္။ စကၠန္႔အခ်ိန္ ေျပးေနတာကို အလြယ္တကူဖတ္ႏိုင္ေအာင္ ဒုတိယ ဒိုင္ခြက္ အေသးေလးနဲ႔ ေဖာ္ျပထားပါတယ္။ ဒိုင္ခြက္ ေပၚမွာ ေရာမ နံပါတ္ေတြနဲ႔ နာရီ အမွတ္အသားကို ေဖာ္ျပ ထားတာ ခန္႔ခန္႔ညားညားရွိလွပါတယ္။ ၁၂နာရီ ရဲ႕ ေအာက္ တည့္တည့္မွာေတာ့ Patek Philippe Logo ကို ရိုက္ႏွိပ္ထားပါတယ္။ Jewels ေက်ာက္မ်က္ ၃၉ လံုးပါဝင္ တာေၾကာင့္ တန္ဖိုးရွိပါတယ္။ Watch Style က Luxury Dress အမ်ဳိးအစားျဖစ္ပါတယ္။

ဂုဏ္သေရရွိလူႀကီးလူေကာင္း Gental Man တစ္ ေယာက္အေနနဲ႔ ကမၻာေက်ာ္ထိပ္တန္း Swiss Made Patek Philippe ေရႊေရာင္လက္ပတ္ နာရီတစ္လံုး ဆင္ျမန္း ထားလိုက္ရင္ဘဲ အားလံုး ၿပီးျပည့္စံုသြားပါၿပီ။ တန္ဖိုးႀကီးနာရီ တစ္လံုးဟာလက္ဝတ္ ရတနာတစ္ပါး ပါဘဲ။

Swiss Made နာရီဆုိရင္ လူတိုင္း တန္ဖုိးထားၾက ပါတယ္။ တန္ဖုိးရွိလွတဲ့ အေၾကာင္းတရားေတြကလည္း အမ်ားႀကီးပါပဲ။ ႏွစ္ေပါင္း ၁၆ဝ ေက်ာ္ျဖတ္သန္းလာခဲ့တဲ့ နာရီလုပ္ငန္းႀကီးရဲ႕ ရွည္လ်ားလွတဲ့ သမိုင္းေၾကာင္း၊ ရင့္ က်က္တည္ၿငိမ္တဲ့ အေတြ႕အႀကံဳေတြ၊ ဒီနာရီ Brand ရဲ႕ တန္ဖိုး ၊ အရည္အေသြး အာမခံခ်က္ရွိၿပီး လံုးဝယံုၾကည္ စိတ္ခ်ရႏိုင္တဲ့တန္ဖုိး ၊ နာရီေစ်းကြက္ထဲမွာ ၿပိဳင္ဘက္ ကင္းတဲ့ဂုဏ္သတင္း ၊ သံုးစဲြသူမ်ားရဲ႕ တန္ဖုိးထားႀကိဳက္ ႏွစ္သက္မႈ ၊ ဝယ္ယူအားေပးမႈ၊ ေတာ္ဝင္မိသားစုနဲ႔ ေက်ာ္ ၾကားသူမ်ားရဲ႕ အသည္းစဲြ ျဖစ္ေနတာေတြက Patek Philippe နာရီရဲ႕ တန္ဖုိးျမင့္မားတဲ့ ဂုဏ္သတင္း ေတြပါ ဘဲ။

ဆြစ္ဇာလန္ ဂ်ီနီဗာက နာရီထုတ္လုပ္သူေတြရဲ႕ အေၿခခံက်တဲ့ တန္ဖုိးေတြကေတာ့ လြတ္လပ္စြာ တီတြင္ မႈ၊ ရိုးရာမပ်က္ ထိန္းသိမ္းျခင္း၊ အရည္အေသြး ေကာင္း မြန္မႈ၊ အႏုပညာလက္ရာေျမာက္စြာ ဖန္တီးေပးထားမႈ၊ လက္မႈအတတ္ပညာ တန္ဖုိးႀကီးမားမႈ၊ ရွားရွားပါးပါး အႏု သုခုမ ရသပညာေျမာက္မႈ ၊ ဝန္ေဆာင္မႈေကာင္းမြန္ၿပီး စိတ္လႈပ္ရွားခံစားမႈ ၊ ေရွးအေမြကိုထိန္းသိမ္းထားႏိုင္မႈ ေတြေၾကာင့္။ Swiss Made နာရီေတြဟာၿပိဳင္ဘက္ ကင္းၿပီး အထူးသိီးသန္႔တန္း (Exclusive Class) ဝင္တဲ့ နာရီေတြအျဖစ္ ႏွစ္ေပါင္းရာခ်ီၿပီး ရပ္တည္ခဲ့ပါတယ္။ မ်ဳိး ဆက္ တစ္ခုၿပီးတစ္ခုလက္ဆင့္ကမ္းၿပီး ေအာင္ျမင္ေက်ာ္ ၾကားမႈေတြကို ထိန္းသိမ္းလာခဲ့ၾကတာ ျဖစ္ပါတယ္။

Patek Philippe နာရီရဲ႕ ဂုဏ္သတင္းေက်ာ္ၾကားမႈ တစ္ခုကေတာ့ နာရီေလလံပဲြ (Auction) ေတြမွာ တန္ဖုိး ေဒၚလာသန္းခ်ီၿပီး ရရွိခဲ့ျခင္းပဲျဖစ္ပါတယ္။ ၂ဝ၁ဝ ခုႏွစ္ ေမလ (၁ဝ) ရက္ေန႔မွာ က်င္းပတဲ့ Swiss ျပတိုက္ နာရီ ေလလံပဲြ တစ္ခုမွာ ၁၉၄၃ ခုႏွစ္ထုတ္ Patek Philippe လက္ပတ္ နာရီတစ္လံုးကို အေမရိကန္ေဒၚလာ 5.5 Million ေတာင္ ရခဲ့ဖူးပါတယ္။ ၂ဝ၁၃ ခုႏွစ္ Online Action ေလလံပဲြ တစ္ခုမွာလည္း အေမရိကန္ ကယ္လီဖုိးနီးယားမွ ပစၥည္းစုေဆာင္းသူတစ္ဦးက ၁၉၅၃ ထုတ္ Patek Philippe ေရႊေရာင္ နာရီတစ္လံုးကို ယူရိုေငြ (471,000 Euro) နဲ႔ ဝယ္ယူသြားခဲ့တဲ့ မွတ္တမ္းရွိပါတယ္။

Patek Philippe နာရီကို လူခ်မ္းသာ သန္းႂကြယ္ မ်ားသာမကပဲ ဘုရင္၊ ဘုရင္မ နဲ႔ မင္းညီမင္းသား ေတာ္ဝင္မ်ိဳးႏြယ္မ်ားပါ ႏွစ္သက္စြာဝယ္ယူ အားေပးခဲ့ ၾကပါတယ္။ ၁၈၅၁ ခုႏွစ္ ၿဗိတန္ ဘုရင္မႀကီး Victoria နဲ႔ သူမရဲ႕ ၾကင္ယာေတာ္ မင္းသားႀကီး Albert အတြက္ Patek Philippe ကုမၸဏီက စိန္စီထားတဲ့ exclusive နာရီ ကို ဆက္သခဲ့ဖူးပါတယ္။ ဒိန္းမတ္ဘုရင္ႀကီး Christian IX နဲ႔ မင္းသမိီး Louise တို႔လည္း Patek Philippe ရဲ႕ ဝယ္ယူ အားေပးတဲ့ေဖာက္သည္ေတြျဖစ္ခဲ့ပါတယ္။အီဂ်စ္ေစာ္ဘြားႀကီး Hussein Kamel ကလည္း Patek philippe  နာရီကိုပဲ ဆင္ျမန္းခဲ့ပါတယ္။ ေတာ္ဝင္မိသားစုေတြ အား ေပးခဲ့တာေၾကာင့္ Patek Philippe နာရီမ်ားဟာ ေတာ္ဝင္ နန္းထုိက္တဲ့ နာရီမ်ားအအျဖစ္ ဂုဏ္သတင္းေက်ာ္ၾကား ခဲ့ပါတယ္။ ၁၉၈၉ မွာ Patek Philippe နာရီဟာ ႏွစ္ ၁၅ဝ ေျမာက္ Anniversary ႏွစ္ပတ္လည္ပဲြကို က်င္းပခဲ့ၿပီး အမွတ္တရ တီထြင္မႈအျဖစ္ Calibre 89 နည္းပညာပါ နာရီမ်ားကို ပဲြထုတ္ျပသခဲ့ပါတယ္။ Anniversary edition လုိ႔ေခၚတဲ့ နာရီမွာ ရက္ထပ္ႏွစ္ (leap-year) ေဖေဖၚဝါရီ လ  ၂၉ ရက္ကို ေဖာ္ျပႏိုင္တဲ့ နာရီဒီဇိုင္းမ်ဳိးကို ထုတ္လုပ္ ခဲ့ပါတယ္။ ႏွစ္ေပါင္း ၁ဝဝ အတြင္းမွာ ထူးျခားတဲ့ ရက္ထပ္ႏွစ္ ေဖေဖၚဝါရီ ၂၉ ရက္ကို အဲဒီနာရီမွာ ေဖာ္ျပ ေပးႏိုင္ခဲ့ပါတယ္။

Patek philippe နာရီ ကမၻာေက်ာ္တဲ့အေၾကာင္း ရင္း တစ္ခုရွိပါေသးတယ္။ အလြန္သိမ္ေမြ႔ၿပီး အႏုပညာ လက္ရာေျမာက္တဲ့ Hand-finishing နာရီေတြ ထုတ္လုပ္ ႏိုင္ျခင္းပါဘဲ။ အစားထုိးမရႏိုင္တဲ့ အႏုပညာေျမာက္လက္ ရာေတြ ဖန္တီးႏိုင္စြမ္းရွိတဲ့ ကြၽမ္းက်င္ပညာရွင္မ်ား စုေဝး ရာ Patek Philippe ကုမၸဏီက နာရီအမ်ဳိးမ်ဳိးကို ၿပိင္ဘက္ကင္းစြာ ထုတ္လုပ္ပါတယ္။ ကုမၸဏီထုတ္ နာရီ တိုိင္းမွာ Patek Philippe အသားတံဆိပ္ကို ထြင္းၿပီး ျမဳပ္ထားပါတယ္။ PP တံဆိပ္ပါမွ Patek Philippe နာရီ အစစ္ ျဖစ္ပါတယ္။ နာရီရဲ႕ အတြင္းပိုင္း စက္မွာ ရိုက္ႏွိပ္ ထားပါတယ္။ နာရီဒိုင္ခြက္ မွာေတာ့ Patek Philippe Geneve logo ကို ရိုက္ႏွိပ္ထားပါတယ္။ Grand Complications လက္ပတ္နာရီရဲ႕ Specification မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 Patek Philippe Grand Complications    5078R-001 38 mm

Specification:

Watch Style Classic
Gender Men’s
Case Form Round
Case Material Rose Gold 18k
Case Diameter 38 mm
Dial White
Movement Automatic
Calibre R 27 PS
Functions Hour – Minute Seconds
Complications Big Date
Movement Features 39 jewels
Bracelet/Strap Crocodile/Alligator
Strap Color shiny chocolate brown

Model Number                 5078R-001

ကမၻာေက်ာ္ Swiss Made Patek Philippe နာရီကို ဝတ္ဆင္ျခင္းျဖင့္ ဂုဏ္ယူလုိက္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here