Unicode version..
DRIVE ပရိတ်သတ်ကြီးအတွက် ဒီလမှာတော့ ကဏ္ဍအသစ်အနေနဲ့ ကားလောကမှာ မသိသူမရှိအောင် နာမည်ကျော်ကြားတဲ့ ကားလုပ်ငန်းရှင်တွေဖြစ်တဲ့ ကိုမင်းမင်းမောင် (MMM Car Sales Center)၊ ကိုရန်မျိုးအောင် Managing Director (Unity Land Automotive Co.,Ltd)၊ ကိုအရည်ကျို အထွေထွေအတွင်းရေးမှူး မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ၊ ကိုမြတ်မင်းချစ် (တစ်နိုင်တစ်ပိုင် ကားလေလံဆွဲ တင်သွင်းပေးသူ) တို့နဲ့ DRIVE သတင်းထောက် မယွန်းမီမီထွန်းတို့ တွေ့ဆုံစဉ် ကားလောကနဲ့ပတ်သက်တဲ့ လတ်တလောအခြေအနေတွေနဲ့ နောင်ဖြစ်လာနိုင်မယ့် အခြေအနေတွေကို မေးမြန်းပြီးနောက် “ကားလောက စကားသံ” အဖြစ် DRIVE ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်ရှင့်။
(၁) ကိုမင်းမင်းမောင်
MMM Car Sales Center
လက်ရှိ ကားတင်သွင်းမှု မူဝါဒအသစ်ထွက်ပေါ်မလာခင်မှာ တွေ့ကြုံခဲ့တဲ့ ကားအရာင်းအဝယ် အခြေအနေကို အရင်သိပါရစေ။
ကားအရောင်းအဝယ်နဲ့ပတ်သက်တဲ့ မူဝါအသစ်မထွက်ခင်ကတော့ ကားအရောင်းအဝယ်စျေးကွက်က ပုံမှန်အတိုင်းပဲ ဖြစ်နေမယ်။ သိန်းတစ်ရာနဲ့ နှစ်ရာကြားမှာရှိတဲ့ ၁၃၀၀ စီစီ ကားလေးတွေကတော့ ပိုပြီးတော့ အရောင်းအဝယ်သွက်နေတယ်။ ကားအရောင်းအဝယ်နဲ့ပတ်သက်တဲ့ မူဝါဒအသစ်ကတော့ နှစ်ကုန်ခါနီးလောက်မှာ အမြဲတမ်းအသစ်ထွက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကိုတော့ အောက်တိုဘာလ အကုန်လောက်မှာ ထုတ်ပြန်ပေးမယ်လို့ ကြေငြာထားခဲ့ပေမဲ့ အခုချိန်ထိ ထွက်လာတာတော့ မတွေ့ရသေးဘူး။ အရင်မူဝါဒမှာ စလစ်ကပ်ကားကို ၂၀၀၉ မော်ဒယ် ပြောင်းမယ်လို့ ပြောတယ်။ ဖရီးပါမစ်ကိုတော့ ၂၀၁၂ အဖြစ်ပြောင်းမယ်လို့ ပြောထားတယ်။ ယေလဘုယျအားဖြင့်တော့ ဒီအတိုင်းသွားနေတာပေါ။့ ဒီနှစ်မှာတော့ ဒီအတိုင်းသွားမလာ ဒါမှမဟုတ်ပြောင်းလဲပြီး မော်ဒယ်အမြင့်ကားတွေကို ပြောင်းလဲတင်သွင်းခွင့်ပြုမလား ဆိုတာကိုတော့ အခုထိ ခန့်မှန်းပြောလို့ မရသေးပါဘူး။ အဲတာကြောင့်မို့လို့ မူဝါဒအသစ်ထွက်လာဖို့ကို ကားလုပ်ငန်းရှင်အားလုံးက စောင့်ဆိုင်းနေကြတာဖြစ်တယ်။ တစ်ကယ်လို့သာ နောက်နှစ်မူဝါဒမှာ စလစ်ကပ်ကားတွေက ၂၀၀၉ မော်ဒယ်မဟုတ်ဘဲနဲ့ ၂၀၁၁ မော်ဒယ်ဖြစ်သွားတာမျိုးပဲဖြစ်ဖြစ် ဖရီးပါမစ်ကိုလည်း ၂၀၁၂ မဟုတ်ဘဲ ၂၀၁၄ ဖြစ်ဖြစ် ပြောင်းလဲသွားမယ်ဆိုရင်တော့ ကားစျေးတွေလည်း အဆမတန် တက်သွားနိုင်ပြီး ကားစျေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားစေနိုင်ပါတယ်။ ဒါတွေကတော့ မူဝါဒအသစ်မထွက်ခင်မှာ အကိုတို့ရဲ့ ခန့်မှန်းချက်တစ်ခုပေါ့နော်။ လောလောဆယ် ကားအရောင်းအဝယ် အခြေအနေကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်ရှိနေပါတယ်။
Consignment (အပ်ကုန်စနစ်) ရတဲ့ ကားတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
အပ်ကုန်ကားတွေကတော့ ဒီနှစ်အကုန်မှာ ၂၀၁၅ အထိ Consignmentနဲ့ ခွင့်ပြုထားတဲ့ အပ်ကုန်ကားတွေ အကုန်လုံးကို အပြီးရောင်းရင်ရောင်း၊ မရောင်းရင် စလစ်ကပ်ပြီးတော့ နံပါတ်ထုတ်ထား၊ ဒါမှမဟုတ်ရင်တော့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ရမယ်လို့တော့ ထုတ်ပြန်ထားတာပေါ့။ ဒါပေမဲ့ တစ်ကယ့်တစ်ကယ်ကျတော့ ၂၀၁၅ Consignment နဲ့သွင်းလာတဲ့ကားတွေက အရာင်းစင်တာ တော်တော်များများမှာ ကုန်သလောက် ဖြစ်နေပါပြီ။ ပြီးတော့ လူတွေ များများဝယ်နိုင်တဲ့ ကားမော်ဒယ်တွေက ၂၀၁၅ မှာသွင်းထားတဲ့ ကားအမျိုးအစား တော်တော်များများလည်းဖြစ်နေတော့ အဲကားတွေက စျေးကွက်ထဲမှာ ကုန်သလောက်ဖြစ်နေတယ်။ အဲတာကြောင့် ၂၀၁၅ နဲ့ ကပ်ထားတဲ့ Consignment ကားတွေကတော့ အကို့အမြင်ပြောရရင် ပူပန်စရာ သိပ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မှာ ထုတ်ပေးထားတဲ့ Consignment ကားတွေကို အခုအချိန်မှာရောင်းမယ်ဆိုရင်လည်း မော်ဒယ်၊ နှစ်တွေက တအားနိမ့်သွားပြီးဖြစ်တဲ့အတွက် မရောင်းရသေးဘဲ ကျန်နေတဲ့ ကားအရေအတွက်တွေ တော်တော်များတယ်လို့ သိထားရတယ်။ စီးပွားကူးသန်းက တာဝန်ရှိသူတွေ ပြောကြားချက်အရတော့ အဲလိုကားတွေက လက်ရှိမှာ ၈၀၀၀ ၀န်းကျင်လောက် အထိတောင် ရှိနိုင်တယ်လို့ ပြောထားတယ်။ အဲကားတွေကိုလည်း အကို့အထင်အရပြောရရင် ပြန်အပ်မယ်ပုံလည်း မပေါ်တော့ဘူး။ အဲတော့ အဲကားတွေကို ဘယ်လိုလုပ်သင့်တယ်ဆိုတာကို စီးပွားကူးသန်းဌာနမှ သက်ဆိုင်ရာတာဝန်ရှိလူကြီးများနှင့် ညှိနှိုင်းတိုင်ပင်သင့်တယ်။ အကို့အထင်တော့ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့တယ်ဆိုရင်တောင် အဲနိုင်ငံတွေကလည်း ပြန်လက်ခံဖို့ ခက်ခဲနိုင်တဲ့အတွက် ပို့ခငွေတွေပဲ ကုန်နိုင်တယ်။ ပြီးတော့ အဲဒီ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မှာ ထုတ်ပေးထားတဲ့ Consignment ကားတွေကလည်း အခုအချိန်မှာ ပြန်ရောင်းရင် နောက်ထွက်လာတဲ့ ကားသစ်တွေနဲ့ယှဉ်ရင် မော်ဒယ်၊ နှစ် တွေက တအားနိမ့်သွားတဲ့အပြင် စျေးကွက်စျေးနှုန်းနဲ့လည်း ဘယ်လိုမှ အံ့မဝင်တော့တဲ့အတွက် ကားပိုင်ရှင်တွေအနေနဲ့ အဆင်မပြေတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကတော့ Consignment အဟောင်းတွေ ကိစ္စပေါ့။ Consignment အသစ်တွေအတွက်ကတော့ ၂၀၁၆ မှာ Consignment ကားတွေကို ့လအလိုက် အချိုးကျ လျှော့..လျှော့ပြီး ခွင့်ပြုပေးတယ်။ ပါမစ်တွေကိုလည်း လျှော့ထုတ်ပေးတာ တွေ့ရတယ်။ တစ်ကယ့်တစ်ကယ့်တော့ အဲအချိုးအတိုင်း ထုတ်ပေးတာက အရောင်းစင်တာတွေမှာ လုံလောက်မှုမရှိတာကို တွေ့ရတယ်။ သွင်းတဲ့နေရာမှာလည်း အခက်အခဲရှိတာတွေ အများကြီး တွေ့ရတယ်။ Consignment စနစ်နဲ့ သွင်းထားတဲ့ အကိုတို့လို ကားအရောင်းစင်တာတွေက နိုင်ငံတော်ကို ထိုက်သင့်သလောက်လည်း အခွန်ဆောင်ထားတာတွေအပြင် အရောင်းစင်တာ ငှားရန်ခ၊ စရိတ်တွေပါကုန်ကျရတဲ့နောက် ထပ်ပြီးတော့ Deposite အဖြစ် အမေရိကန်ဒေါ်လာ တစ်သိန်းကလည်း ထည့်ထားရပေမဲ့ Consignment နဲ့ သွင်းတဲ့ ကားအရေအတွက်တွေကို လျှော့ချပြီးသွင်းနေရတဲ့အတွက် Consignment မလောက်ငှတဲ့ ပြဿနာတွေ ဖြစ်လာရတယ်။ အကိုတို့အတွက်က အများကြီးလည်း ရင်းနှီးမြှုပ်နှံရပေမဲ့ ပြန်ရတဲ့အခွင့်အရေးက ထိုက်သင့်သလောက် ပြန်ရတာမျိုးမဟုတ်တဲ့အတွက် အရောင်းစင်တာဖွင့်ရတာ ရင်းနီးမြှုပ်နှံငွေနဲ့ ပြန်လည်ရတဲ့ငွေ မညီမျှတော့တဲ့ပုံစံတွေ ဖြစ်လာတယ်။ အရောင်းစင်တာတွေဘက်ကလည်း အရှုံးတွေနဲ့ ရင်ဆိုင်နေရပြီ စင်တာတွေကို ပိတ်ရတော့မလိုလို တွေအထိတောင် ဖြစ်နေတယ်။ နောက်ပြီးတော့ ၂၀၁၆ Consignment မှာ အဓိကရောင်းရတာက Free ပါမစ်ကိုပဲ အဓိကထားရောင်းနေရတာဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူလတ်တန်းစား တော်တော်များများရဲ့ ကားဝယ်စီးနိုင်တဲ့ အရေအတွက်က သိန်းတစ်ရာကနေ သိန်းသုံးရာဝန်းကျင်အတွင်းကို ပိုပြီးဝယ်စီးနိုင်တဲ့ လူတွေများတယ်။ အဲကားတွေကလည်း Free ပါမစ် Consignment အရေအတွက်မှာပဲ ရှိတဲ့အတွက် Free ပါမစ်တွေက ပိုရောင်းနေရတယ်။ စလစ်ကပ်ကားမှာတော့ Wish တစ်ခုပဲ သက်သာပြီး ကျန်တဲ့စလစ်ကားတော်တော်များများကတော့ သိန်းသုံးရာအထက် သိန်းလေးရာအထက်တွေ ဖြစ်နေတဲ့အတွက် ၀ယ်လိုအားကတော့ နည်းပြီးရင်းနည်းနေတာတွေ့ရတယ်။ ပြီးတော့ ရန်ကုန်လိုင်စင် လိုအပ်ချက်ကြောင့်လည်း စလစ်ကပ်ပြီးရောင်းနေတဲ့ လူတန်းစားတစ်ရပ် ရှိနေတာကိုလည်း တွေ့လာရတယ်။
လတ်တလော ကားစျေးကွက် အခြေအနေ ဘယ်လိုရှိနေတယ် ဆိုတာကိုလည်း သုံးသပ်ပေးပါအုံးရှင့်။
လတ်တလောကားစျေးကွက် အခြေအနေကတော့ အကိုအပေါ်မှာပြောခဲ့သလိုပဲ အိမ်စီးကားတွေအတွက်ဆိုရင် ၁၃၀၀ စီစီကားလေးတွေ၊ Free ပါမစ်ကားလေးတွေ၊ ၂၀၁၅ Consignment နဲ့သွင်းထားတဲ့ လက်ကျန်ကားလေးတွေ Toyota Wish လေးတွေ၊ Toyota လမ်ခရူးဇာ၊ ပရာဒိုလေးတွေကတော့ အရောင်းသွက်နေတာ တွေ့ရတယ်။ လုပ်ငန်းသုံး ယာဉ်တွေမှာတော့ ၁၅၀၀ စီစီ ကားလေးတွေ၊ Probox တွေဆိုရင် ၂၀၁၅ CIF တန်ဖိုးမှာ ၅၇၀၀ ပဲ ရှိရာက ၉၀၉၀ အထိတက်သွားတဲ့အတွက် ကားတစ်စီးကို သိန်းလေးဆယ်ကနေ သိန်းငါးဆယ်အထိတက်သွားတဲ့အတွက် အဲကားတွေကို စျေးကွက်ထဲမှာ မသွင်းနိုင်တဲ့အထိဖြစ်သွားတယ်။ စျေးကွက်ထဲမှာလည်း သိန်း၁၈၀ လောက်အထိ ဗြုန်းစာကြီးကို တက်သွားတာဖြစ်တဲ့အတွက် ၀ယ်လိုအားတော့ရှိနေပေမဲ့ လက်ရှိမှာ ၀ယ်တဲ့သူ တော်တော်လေး နည်းသွားတယ်။ သိန်းတစ်ရာကနေ သိန်းတစ်ရာရှစ်ဆယ့်ကြား ၁၅၀၀ စီစီတွေ၊ Probox တွေက ၀ယ်လိုအား များခဲ့ပေမဲ့ ရုတ်တရက်စျေးတွေ မြင့်တက်လာတဲ့နောက်မှာတော့ ၀ယ်ချင်တဲ့သူတွေတောင် နည်းနည်း တွန့်သွားသလို ဖြစ်နေကြတယ်။ နောက်နှစ် ၂၀၁၇ CIF ထုတ်ပြန်ချက်ကို အသစ်ပြန်လည်ရေးဆွဲဖို့ကိုလည်း အကို့တို့ဘက်က တိုက်တွန်းသွားကြရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၆ ထုတ်ပြန်တဲ့ CIF မှာ မညီမျှမှုတွေ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စျေးနှုန်းထက် အများကြီးပိုနေတာတွေ ဖြစ်နေတယ်။ အစောကပြောခဲ့တဲ့ ကားလေးတွေဆိုရင် ဂျပန်ယန်း သုံး – လေးသိန်းရှိတဲ့ ကားတွေဖြစ်တဲ့အတွက် မြန်မာငွေနဲ့ဆို သိန်းသုံးဆယ်လောက်ပဲ ပေါက်ပေမဲ့ CIF သတ်မှတ်နှုန်းမှာတော့ US ဒေါ်လာ ၉၀၀၀ ကျော်တဲ့အတွက် Custom နဲ့ ကညနအခွန် နှစ်ခုပေါင်းက အရင်နှစ်ကထက် မြန်မာငွေ သိန်းလေးဆယ်ဝန်းကျင်လောက် မြင့်တက်သွားပါတယ်။ စီးနင်းတဲ့သူတွေ အတွက်လည်းထိုက်တန်တဲ့ စျေးနှုန်းမရှိဘူးလို့ ခံစားရတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူပြည်သားတွေ စီးနင်းမယ့်ကားတွေကို ထိုက်သင့်တဲ့ CIF တစ်ခုကို ပြန်လည်ပြဌာန်းပေးဖို့အတွက် Custom ကို အကိုတို့ဘက်က ပြန်လည်စဉ်းစား ဖြေလျော့ပေးဖို့ တောင်းဆိုချင်တယ်။ လတ်တလော ကားစျေးကွက်အခြေအနေကတော့ ပုံမှန်ပါပဲ။ သိန်းတစ်ရာနဲ့ သုံးရာကြားမှာ Consignment သွင်းလာတဲ့ကားတွေကော Consignment နဲ့ မဟုတ်ဘဲ သွင်းလာတဲ့ကားတွေကော အရောင်းအဝယ် ကောင်းပါတယ်။ ဒါပေမဲ့ အဓိက Market ဖြစ်နေတာက နံပါတ်ထွက်ပြီးသား ကားအဟောင်းတွေဖြစ်တဲ့ ရွှေငါးလိုကားတွေ၊ Crown လိုကားတွေက စျေးကွက်ထဲမှာ ပိုအရောင်းအဝယ်ဖြစ်နေတာကို တွေ့ရတယ်။ အနှစ်ချုပ်သုံးသပ်ချက်အရဆိုရင် ကားအသစ်စျေးကွက်ကတော့ ပုံမှန်ဖြစ်နေပြီး နံပါတ်ထွက်ပြီးသား ကားအဟောင်းစျေးကွက်ကတော့ ပုံမှန်ထက် အရောင်းပိုသွက်နေတယ်လို့ သုံးသပ်ရပါတယ်။
(၂) ကိုရန်မျိုးအောင်
Managing Director
Unity Land Automotive Co.,Ltd
လာမယ့်နှစ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကားစျေးကွက် အခြေအနေတွေကကော လတ်တလောနဲ့စာရင် ဘယ်လိုတွေ ဖြစ်လာနိုင်ပါသလဲ။
လာမယ့်နှစ်မှာ ကားစျေးကွက်အခြေအနေ ဘယ်လိုဖြစ်နိုင်ပါသလဲဆိုတော့ တစ်ခုထဲတော့ ပြောလို့မရဘူးဗျ။ အကို့အမြင်ကတော့ အဘက်ဘက်ကနေ သုံးသပ်ပြမှပဲ ပြည့်စုံမယ်လို့ထင်တယ်။ အခုအားလုံးက မူဝါဒသစ် အကူးအပြောင်းကိုပဲ စောင့်နေကြတယ်။ နောက်နှစ်ကားစျေးကွက်အပြောင်းအလဲရဲ့ ၉၀%လောက်က အဲဒီမူဝါဒအသစ် အပြောင်းအလဲပေါ်မှာပဲ မူတည်နေတယ်။ အသစ်ထွက်ပေါ်လာမယ့် ကားတင်သွင်းခွင့် မူဝါဒတွေ၊ Model Year သတ်မှတ်ချက်တွေ၊ CIF နှုန်းထားတွေ၊ နောက်ပြီး အခွန်နှုန်းထားတွေ၊ Custom Duty၊ Commerical Tax ၊ ကညနအခွန်၊ ၀င်ငွေခွန် (Income Tax) ဒါတွေနဲ့လည်း သက်ဆိုင်တယ်။ အဲဒီအခွန် နှုန်းထားတွေက ရှေ့နှစ်မှာ အပြောင်းအလဲရှိနိုင်မလား၊ ဒီအတိုင်းပဲ ဆက်သွားမလားဆိုတာက အခွန်တွေ ထပ်ပြီးတိုးကောက်မလားဆိုတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ အခွန်တွေကိုသာ ထပ်ပီးတိုးကောက်မယ် ဆိုရင်တော့ ကားအရောင်းအဝယ်စျေးကွက် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်။ ဒါမှမဟုတ် အခွန်နှုန်းထားတွေ လျော့ချပေးမယ်ဆိုရင်တော့ လက်ရှိရောင်းနေရတဲ့ ကားအရောင်းအဝယ်စျေးကွက်ကို ပိုပြီး အရောင်းအဝယ်သွက် လာစေနိုင်ပါတယ်။ ၂၆.၁၀.၂၀၁၆ မှာ ကားအရောင်းစင်တာတွေကို မော်တော်ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (ကြီး/ကော်) ကနေ အသိပေးကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ “မော်တော်ယာဉ်အရောင်းစင်တာများမှ လူစီးယာဉ်များအတွက် ၂၀၁၁ ခုနှစ်အောက်မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကို ၂၀၁၆ခုနှစ် အောက်တိုဘာလ(၃၁) ရက်နေ့ နောက်ဆုံးထား လိုင်စင်လျှောက်ရမှာဖြစ်ပြီး လိုင်စင်သက်တမ်း ထပ်မံတိုးမြှင့်ခွင့်မပြုပါ”လို့ ကြေညာခဲ့ပါတယ်။
လက်ရှိချမှတ်ထားတဲ့ မူဝါဒပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် အကိုတို့လို Showroom Dealer တွေအတွက် ဆုံးရူံးနစ်နာမှုတွေကော ရှိလာနိုင်မလား။
အဲလို ထုတ်ပြန်လိုက်တဲ့ မူဝါဒအသစ်အတိုင်းသာဆက်သွားမယ်ဆိုရင် ကားအရောင်းစင်တာတွေဘက်က ပြောချင်တာက အောက်မော်ဒယ်ကားတွေကို တင်သွင်းခွင့်ကန့်သတ်လိုက်တဲ့ သဘောနဲ့ အတူတူ ဖြစ်သွားတယ်။ ရှင်းရှင်းပြောရရင် အောက်ကားတွေကို လုံးဝ ပေးမသွင်းတော့ဘူးဆိုတဲ့ သဘောပါပဲ။ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ရမယ့်ကိစ္စကို ၂၆ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တာကတော့ အရမ်းကို ရက်ကပ်ဖော်ပြလွန်းတယ်လို့ ကျွန်တော်ကတော သုံးသပ်ချင်တယ်။ အဲသုံးရက်နဲ့ကတော့ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ကြားထဲမှာလည်း လုပ်ဆောင်ရမယ့် အဆင့်တွေက တော်တော်များများကို ရှိပါသေးတယ်။ ဆိုတော့ကာ ကျွန်တော့်တို့ ကားအရောင်းစင်တာတွေက ၂၀၁၁ခုနှစ်နဲ့ အထက်ပဲ တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အရောင်းစင်တာတွေကို အများကြီး ထိခိုက်နစ်နာစေ နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအနေအထားနဲ့ ၂၀၁၁ မော်ဒယ်အထက်ကား တွေကို တင်သွင်းမယ်ဆိုရင် အခွန်နှုန်းထားက အဆမတန်ပိုများသွားတယ်။ အဲလိုပိုများတဲ့အတွက် ကားရဲ့ စျေးကလည်း အလိုလိုကို တက်သွားတယ်။ ကားစျေးကြီးလာတဲ့နောက် ၀ယ်လိုအားကလည်း နည်းလာတယ်။ အခုဆိုရင် စျေးကွက်မှာ အများဆုံးရောင်းရနေတာက မော်ဒယ်အားဖြင့် စလစ်ကားဆိုရင်၂၀၀၂-၂၀၀၃ မော်ဒယ်ကားတွေက အရောင်းရဆုံးဖြစ်ပါတယ်။ ကျွန်တော့်စင်တာမှာလည်း များသောအားဖြင့် ကားဝယ်တော့မယ်ဆိုရင် Customer တော်တော််များများလောက်က သိန်းတစ်ရာနှစ်ရာပတ်ဝန်းကျင်ပဲ အများဆုံး ၀ယ်ကြတာများတယ်။ သိန်းထောင်ကျော်တန်ကားကို ၀ယ်စီးနိုင်တဲ့လူတန်းစားကတော့ ရှိတော့ရှိတယ်။ ဒါပေမဲ့ နည်းပါတယ်။ ဒါကြောင့် အများပြည်သူအသုံးများတဲ့ ၂၀၁၁ အောက်မော်ဒယ်တွေကို တင်သွင်းခွင့် ကန့်သတ်လိုက်တာဟာ အရောင်းစင်တာတွေကို နစ်နာစေတဲ့အပြင် ကားဝယ်စီးမယ့် အများပြည်သူ လူလတ်တန်းစားတွေအတွက်လည်း အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။
(၃) ကိုအရည်ကျို
အထွေထွေ အတွင်းရေးမှူး
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်မှားအသင်း (MAMDA)
အကိုရေ လက်ရှိကားစျေးကွက်မှာဖြစ်နေတဲ့ စလစ်စျေးအခြေအနေလေးတွေ ဘယ်လိုတွေများ ဖြစ်နေတယ်ဆိုတာကို တစ်ချက်လောက် သုံးသပ်ပေးပါရှင့်။
လက်ရှိစလစ်စျေးကတော့ ဒီနှစ်ကုန်လောက်အထိကို လက်ရှိအတိုင်းပဲ လှုပ်လှုပ် လှုပ်လှုပ်နဲ့ပဲ ဆက်သွားနေအုံးမယ်လို့ ထင်တယ်။ လတ်တလောမှာ စလစ်စျေးကျဖို့ကလည်း အရိပ်အယောင်အနေနဲ့တောင် လောလောဆယ်မမြင်မိပါဘူး။ ဘက်စ်ကားစလစ်တွေပေးတဲ့ အရေအတွက်ကလည်း သိပ်မများဘူးဆိုတော့ စလစ်စျေးက ကျရိပ်မရှိဘူးလို့ပဲ သုံးသပ်မိပါတယ်။ စလစ်စျေးကျစေချင်တယ်ဆိုရင်တော့ စက်မှုဇုံကားတွေကို နှစ်လျှော့ပြီး လက်ခံမှပဲ စျေးကျလာနိုင်မယ်။ ဒါပေမဲ့ လတ်တလောမှာ အဲအစီအစဉ်က ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကတော့ ကညနဘက်က ဘာမှ မကြေငြာသေးတဲ့အတွက် ဘာမှမသိရဘူးဖြစ်နေတယ်။ အနှစ်ချုပ်ပြောရရင် စလစ်စျေး အတက်အကျကတော့ ကညန ပေါ်မှာပဲ မူတည်နေပါတယ်။
လတ်တလောမှာ စလစ်စျေးတွေကလည်း အဆမတန် မြင့်တက်လာနေပြီး ဖြစ်ပါတယ်။ ရန်ကုန် ဖရီးပါမစ်တွေကလည်း ပိတ်ထားဆဲဆိုတော့ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ ဘယ်လို လုပ်ကိုင်သင့်တယ်ဆိုတာကိုလည်း အကိုအတွေ့အကြံုတွေနဲ့ အကြံပြုပေးပါအုံးရှင့်။
ကျွန်တော့်အထင် ဖရီးပါမစ် ပြန်ဖွင့်ပေးဖို့ကလည်း ရန်ကုန်တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေကို အာဏာပိုင်တွေဘက်က ဖြေရှင်းပေးပြီးတဲ့ နောက်ပိုင်းမှပဲ ရန်ကုန်တိုင်းကို ရန်ကုန်လိုင်စင်ဖရီးပါမစ်ကို ပြန်ဖွင့်ပေးမယ်လို့ ထင်ပါတယ်။
(၄) ကိုမြတ်မင်းချစ်
တစ်နိုင်တစ်ပိုင် ကားလေလံဆွဲ တင်သွင်းပေးသူ
အကိုက ကားလေလံတွေဆွဲနေတာဖြစ်တော့ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ကားလေလံဆွဲမှုအပိုင်းနဲ့ပတ်သက်တဲ့ အနေအထားလေးတွေက ဘယ်လိုဖြစ်နေပါသလဲ။
ဂျပန်လေလံမှာတော့ ကားစျေးတွေက အမြင့်စျေးတွေ များပါတယ်။ မြန်မာပြည်က လေလံဆွဲတဲ့သူ အရမ်းမများပေမဲ့ စျေးတော့ပေးဆွဲကြတယ်။ ဒါကြောင့်ကားလေလံစျေးကတော့ မာနေတုန်းပါပဲ။ ကားကောင်းရင်ကောင်းသလို စီးမယ့်သူတွေက စျေးပေးဆွဲကြတော့ ပြန်ရောင်းမယ့်သူတွေကျတော့ စျေးမပေးနိုင်တော့ဘူး။ အဲတော့ အရောင်းသမားအများစုက ကားကောင်းဖို့ထက် စျေးသက်သာမယ့်ကားကိုပဲ ရွေးကြရတော့တယ်။ လေလံစျေးမြင့်ရတဲ့အထဲ ဒေါ်လာစျေး၊ ယန်းစျေးတွေကလည်း မြင့်တက်နေတော့ လုပ်ရတာ အင်မတန်ခက်ပါတယ်။ အခုဆိုရင် ကားသွင်းရတဲ့ကုန်ကျစရိတ်က ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ယှဉ်ရင် တော်တော်ကို များလာတာတွေ့ရပါတယ်။
လတ်တလောမှာကော ဘယ်ကားတွေက လေလံအဆွဲများနေပါသလဲ။
လတ်တလောမှာ လေလံအဆွဲများနေတာကတော့ လူစီးကားဆိုရင် ၂၀၁၁ မော်ဒယ်အထက် ဖရီးပါမစ်နဲ့ Honda Fit/ Insight/ Vitz/ Swift/ AD Van/ Probox အစရှိတဲ့ ကားတွေပါ။ ပြီးတော့ စျေးနည်းနည်းများတဲ့ Fielder/ Axio/ Premio တွေလည်း နည်းနည်းပါးပါးဆွဲရပါတယ်။ ဒီနှစ်ကို ရန်ကုန်လိုင်စင်မပေးတော့တဲ့ အတွက် ဖရီးပါမစ် အိမ်စီးကား အဆွဲတော်တော်နည်းသွားတယ်။ ဖရီးပါမစ် လုပ်ငန်းသုံးထရပ်ကားတွေကတော့ ၂၀၀၆ မော်ဒယ်အထက် ဆွဲလို့ရတဲ့အတွက် နယ်ဘက်တွေက ပိုအဆွဲများတယ်။ ခွေးဘီးလူးခေါ် မီနီထရပ်ငယ်လေးတွေ၊ လိုက်ထရပ်တွေနဲ့ Dyna/ Canter/ Isuzu/ Hino/ Nissan Atlas/ Mazda Titan ၂တန်၊ ၃တန် ကားတွေ အဆွဲများတယ်။ စလပ်ကပ်ကားတွေကတော့ ဒီနှစ်မှာ ၂၀၀၆ မော်ဒယ်အနိမ့်ဆုံးဆွဲရလို့ တော်တော်အဆွဲပါးသွားပါတယ်။ စလစ်စျေးကလည်း သိန်းတစ်ရာကျော်တဲ့အတွက် စျေးအပေါဆုံး Toyota Wish 2006 တောင် အပြီးအစီး သိန်း၂၀၀ ကျော်ကျနေပါတယ်။ စလစ်ကပ်ထဲမှာ Wish/ Kluger/ Vanguard/ Alphard/ Harrier စတဲ့ကားတွေ နည်းနည်းပါးပါး ဆွဲရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် Consignment နဲ့သွင်းထားတဲ့ ၂၀၁၃၊ ၂၀၁၄ မော်ဒယ်စလပ်ကပ်ကားတွေလည်း စျေးကွက်ထဲမှာကျန်နေသေးတဲ့အတွက် အဲဒီကားတွေကိုလည်း ၀ယ်ယူကြပါတယ်။
လေလံဆွဲတဲ့နေရာမှာ ပေးဆောင်ရတဲ့ အခွန်ကိစ္စနဲ့ ပတ်သက်ပြီးလည်း တစ်ချက်လောက် ပြောပြပေးပါရှင့်။
အခွန်အခနဲ့ပတ်သတ်လို့ အပြောင်းအလဲမရှိပါဘူး။ ကားတင်သွင်းလာပြီး ဆိပ်ကမ်းရောက်တဲ့အခါ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန် ဆောင်ရတယ်။ ဆိပ်ကမ်းကထုတ်ယူလာပြီးဆိုရင် ကညနမှတ်ပုံတင်မသွားခင် ဖရီးပါမစ်ကားဆိုရင် ၀င်ငွေခွန် ၁၂သိန်းနဲ့ အထက်ဆောင်ရတယ်။ အဲဒါပြီးမှ ကညနသွား၊ ကညနအခွန်ဆောင်ပြီးမှပဲ မှတ်ပုံတင်လို့ရတယ်။ အဲအတွက် ကားမူရင်းတန်ဖိုးက သိန်း၆၀ လောက်ကျရင် အခွန်ချည်းပဲ သိန်း၅၀ ကျော်လောက်ပေးရတယ်။ အထွေထွေစရိတ်တွေနဲ့ဆိုရင် ဒီကားက အပြီးအစီး သိန်း၁၂၀ ကျော်လောက်အထိကျသွားတယ်။ အစိုးရအနေနဲ့လည်း အခုလို အခွန်တွေ အထပ်ထပ်ဖြစ်နေတာကို ပြန်လည်သုံးသပ်ပြီး ထိုက်သင့်တဲ့အခွန်နှုန်းထားတစ်ရပ်သာ သတ်မှတ်ပေးနိုင်မယ်ဆိုရင် နောင်အနာဂတ်ကားစျေးကွက်က လက်ရှိထက်စာရင် အများကြီးပိုကောင်းလာမယ်လို့ သုံးသပ်မိပါတယ်။
Zawgyi version…
DRIVE ပရိတ္သတ္ႀကီးအတြက္ ဒီလမွာေတာ့ က႑အသစ္အေနနဲ႔ ကားေလာကမွာ မသိသူမရွိေအာင္ နာမည္ေက်ာ္ၾကားတဲ့ ကားလုပ္ငန္းရွင္ေတြျဖစ္တဲ့ ကိုမင္းမင္းေမာင္ (MMM Car Sales Center)၊ ကိုရန္မ်ိဳးေအာင္ Managing Director (Unity Land Automotive Co.,Ltd)၊ ကုိအရည္က်ိဳ အေထြေထြအတြင္းေရးမွဴး ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း (MAMDA) ၊ ကိုျမတ္မင္းခ်စ္ (တစ္ႏုိင္တစ္ပိုင္ ကားေလလံဆြဲ တင္သြင္းေပးသူ) တို႔နဲ႔ DRIVE သတင္းေထာက္ မယြန္းမီမီထြန္းတို႔ ေတြ႔ဆံုစဥ္ ကားေလာကနဲ႔ပတ္သက္တဲ့ လတ္တေလာအေျခအေနေတြနဲ႔ ေနာင္ျဖစ္လာႏုိင္မယ့္ အေျခအေနေတြကို ေမးျမန္းၿပီးေနာက္ “ကားေလာက စကားသံ” အျဖစ္ DRIVE ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ျပေပးလိုက္ပါတယ္ရွင့္။
(၁) ကိုမင္းမင္းေမာင္
MMM Car Sales Center
လက္ရွိ ကားတင္သြင္းမႈ မူ၀ါဒအသစ္ထြက္ေပၚမလာခင္မွာ ေတြ႔ႀကံဳခဲ့တဲ့ ကားအရာင္းအ၀ယ္ အေျခအေနကို အရင္သိပါရေစ။
ကားအေရာင္းအ၀ယ္နဲ႔ပတ္သက္တဲ႔ မူ၀ါအသစ္မထြက္ခင္ကေတာ့ ကားအေရာင္းအ၀ယ္ေစ်းကြက္က ပံုမွန္အတိုင္းပဲ ျဖစ္ေနမယ္။ သိန္းတစ္ရာနဲ႔ ႏွစ္ရာၾကားမွာရွိတဲ့ ၁၃၀၀ စီစီ ကားေလးေတြကေတာ့ ပိုၿပီးေတာ့ အေရာင္းအ၀ယ္သြက္ေနတယ္။ ကားအေရာင္းအ၀ယ္နဲ႔ပတ္သက္တဲ႔ မူ၀ါဒအသစ္ကေတာ့ ႏွစ္ကုန္ခါနီးေလာက္မွာ အၿမဲတမ္းအသစ္ထြက္ေလ့ရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ကိုေတာ့ ေအာက္တိုဘာလ အကုန္ေလာက္မွာ ထုတ္ျပန္ေပးမယ္လို႔ ေၾကျငာထားခဲ့ေပမဲ့ အခုခ်ိန္ထိ ထြက္လာတာေတာ့ မေတြ႔ရေသးဘူး။ အရင္မူ၀ါဒမွာ စလစ္ကပ္ကားကို ၂၀၀၉ ေမာ္ဒယ္ ေျပာင္းမယ္လို႔ ေျပာတယ္။ ဖရီးပါမစ္ကိုေတာ့ ၂၀၁၂ အျဖစ္ေျပာင္းမယ္လို႔ ေျပာထားတယ္။ ေယလဘုယ်အားျဖင့္ေတာ့ ဒီအတိုင္းသြားေနတာေပါ။့ ဒီႏွစ္မွာေတာ့ ဒီအတိုင္းသြားမလာ ဒါမွမဟုတ္ေျပာင္းလဲၿပီး ေမာ္ဒယ္အျမင့္ကားေတြကို ေျပာင္းလဲတင္သြင္းခြင့္ျပဳမလား ဆိုတာကိုေတာ့ အခုထိ ခန္႔မွန္းေျပာလို႔ မရေသးပါဘူး။ အဲတာေၾကာင့္မို႔လုိ႔ မူ၀ါဒအသစ္ထြက္လာဖို႔ကို ကားလုပ္ငန္းရွင္အားလံုးက ေစာင့္ဆိုင္းေနၾကတာျဖစ္တယ္။ တစ္ကယ္လုိ႔သာ ေနာက္ႏွစ္မူ၀ါဒမွာ စလစ္ကပ္ကားေတြက ၂၀၀၉ ေမာ္ဒယ္မဟုတ္ဘဲနဲ႔ ၂၀၁၁ ေမာ္ဒယ္ျဖစ္သြားတာမ်ိဳးပဲျဖစ္ျဖစ္ ဖရီးပါမစ္ကိုလည္း ၂၀၁၂ မဟုတ္ဘဲ ၂၀၁၄ ျဖစ္ျဖစ္ ေျပာင္းလဲသြားမယ္ဆိုရင္ေတာ့ ကားေစ်းေတြလည္း အဆမတန္ တက္သြားႏုိင္ၿပီး ကားေစ်းကြက္ကို အႀကီးအက်ယ္ ရိုက္ခတ္သြားေစႏိုင္ပါတယ္။ ဒါေတြကေတာ့ မူ၀ါဒအသစ္မထြက္ခင္မွာ အကိုတို႔ရဲ႕ ခန္႔မွန္းခ်က္တစ္ခုေပါ့ေနာ္။ ေလာေလာဆယ္ ကားအေရာင္းအ၀ယ္ အေျခအေနကေတာ့ ပံုမွန္အတိုင္းပဲ ဆက္လက္ရွိေနပါတယ္။
Consignment (အပ္ကုန္စနစ္) ရတဲ့ ကားေတြနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲ။
အပ္ကုန္ကားေတြကေတာ့ ဒီႏွစ္အကုန္မွာ ၂၀၁၅ အထိ Consignmentနဲ႔ ခြင့္ျပဳထားတဲ့ အပ္ကုန္ကားေတြ အကုန္လံုးကို အၿပီးေရာင္းရင္ေရာင္း၊ မေရာင္းရင္ စလစ္ကပ္ၿပီးေတာ့ နံပါတ္ထုတ္ထား၊ ဒါမွမဟုတ္ရင္ေတာ့ သက္ဆိုင္ရာႏိုင္ငံေတြကို ျပန္ပို႔ရမယ္လို႔ေတာ့ ထုတ္ျပန္ထားတာေပါ့။ ဒါေပမဲ့ တစ္ကယ့္တစ္ကယ္က်ေတာ့ ၂၀၁၅ Consignment န႔ဲသြင္းလာတဲ့ကားေတြက အရာင္းစင္တာ ေတာ္ေတာ္မ်ားမ်ားမွာ ကုန္သေလာက္ ျဖစ္ေနပါၿပီ။ ၿပီးေတာ့ လူေတြ မ်ားမ်ား၀ယ္ႏုိင္တဲ့ ကားေမာ္ဒယ္ေတြက ၂၀၁၅ မွာသြင္းထားတဲ့ ကားအမ်ိဳးအစား ေတာ္ေတာ္မ်ားမ်ားလည္းျဖစ္ေနေတာ့ အဲကားေတြက ေစ်းကြက္ထဲမွာ ကုန္သေလာက္ျဖစ္ေနတယ္။ အဲတာေၾကာင့္ ၂၀၁၅ နဲ႔ ကပ္ထားတဲ့ Consignment ကားေတြကေတာ့ အကို႔အျမင္ေျပာရရင္ ပူပန္စရာ သိပ္မရွိပါဘူး။ ဒါေပမဲ့ တစ္ခုသတိထားရမွာက ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မွာ ထုတ္ေပးထားတဲ့ Consignment ကားေတြကုိ အခုအခ်ိန္မွာေရာင္းမယ္ဆိုရင္လည္း ေမာ္ဒယ္၊ ႏွစ္ေတြက တအားနိမ့္သြားၿပီးျဖစ္တဲ့အတြက္ မေရာင္းရေသးဘဲ က်န္ေနတဲ့ ကားအေရအတြက္ေတြ ေတာ္ေတာ္မ်ားတယ္လို႔ သိထားရတယ္။ စီးပြားကူးသန္းက တာ၀န္ရွိသူေတြ ေျပာၾကားခ်က္အရေတာ့ အဲလိုကားေတြက လက္ရွိမွာ ၈၀၀၀ ၀န္းက်င္ေလာက္ အထိေတာင္ ရွိႏိုင္တယ္လို႔ ေျပာထားတယ္။ အဲကားေတြကိုလည္း အကို႔အထင္အရေျပာရရင္ ျပန္အပ္မယ္ပံုလည္း မေပၚေတာ့ဘူး။ အဲေတာ့ အဲကားေတြကို ဘယ္လိုလုပ္သင့္တယ္ဆိုတာကို စီးပြားကူးသန္းဌာနမွ သက္ဆိုင္ရာတာ၀န္ရွိလူႀကီးမ်ားႏွင့္ ညွိႏႈိင္းတိုင္ပင္သင့္တယ္။ အကို႔အထင္ေတာ့ သက္ဆိုင္ရာႏိုင္ငံကို ျပန္ပို႔တယ္ဆိုရင္ေတာင္ အဲႏိုင္ငံေတြကလည္း ျပန္လက္ခံဖုိ႔ ခက္ခဲႏိုင္တဲ့အတြက္ ပို႔ခေငြေတြပဲ ကုန္ႏိုင္တယ္။ ၿပီးေတာ့ အဲဒီ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မွာ ထုတ္ေပးထားတဲ့ Consignment ကားေတြကလည္း အခုအခ်ိန္မွာ ျပန္ေရာင္းရင္ ေနာက္ထြက္လာတဲ့ ကားသစ္ေတြနဲ႔ယွဥ္ရင္ ေမာ္ဒယ္၊ ႏွစ္ ေတြက တအားနိမ့္သြားတဲ့အျပင္ ေစ်းကြက္ေစ်းႏႈန္းနဲ႔လည္း ဘယ္လိုမွ အံ့မ၀င္ေတာ့တဲ့အတြက္ ကားပိုင္ရွင္ေတြအေနနဲ႔ အဆင္မေျပတာေတြလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါကေတာ့ Consignment အေဟာင္းေတြ ကိစၥေပါ့။ Consignment အသစ္ေတြအတြက္ကေတာ့ ၂၀၁၆ မွာ Consignment ကားေတြကို ့လအလိုက္ အခ်ိဳးက် ေလွ်ာ့..ေလွ်ာ့ၿပီး ခြင့္ျပဳေပးတယ္။ ပါမစ္ေတြကိုလည္း ေလွ်ာ့ထုတ္ေပးတာ ေတြ႔ရတယ္။ တစ္ကယ့္တစ္ကယ့္ေတာ့ အဲအခ်ိဳးအတိုင္း ထုတ္ေပးတာက အေရာင္းစင္တာေတြမွာ လံုေလာက္မႈမရွိတာကို ေတြ႔ရတယ္။ သြင္းတဲ့ေနရာမွာလည္း အခက္အခဲရွိတာေတြ အမ်ားႀကီး ေတြ႔ရတယ္။ Consignment စနစ္နဲ႔ သြင္းထားတဲ့ အကိုတို႔လုိ ကားအေရာင္းစင္တာေတြက ႏုိင္ငံေတာ္ကို ထိုက္သင့္သေလာက္လည္း အခြန္ေဆာင္ထားတာေတြအျပင္ အေရာင္းစင္တာ ငွားရန္ခ၊ စရိတ္ေတြပါကုန္က်ရတဲ့ေနာက္ ထပ္ၿပီးေတာ့ Deposite အျဖစ္ အေမရိကန္ေဒၚလာ တစ္သိန္းကလည္း ထည့္ထားရေပမဲ့ Consignment နဲ႔ သြင္းတဲ့ ကားအေရအတြက္ေတြကို ေလွ်ာ့ခ်ၿပီးသြင္းေနရတဲ့အတြက္ Consignment မေလာက္ငွတဲ့ ျပႆနာေတြ ျဖစ္လာရတယ္။ အကိုတို႔အတြက္က အမ်ားႀကီးလည္း ရင္းႏွီးျမႈပ္ႏွံရေပမဲ့ ျပန္ရတဲ့အခြင့္အေရးက ထိုက္သင့္သေလာက္ ျပန္ရတာမ်ိဳးမဟုတ္တဲ့အတြက္ အေရာင္းစင္တာဖြင့္ရတာ ရင္းနီးျမႈပ္ႏွံေငြနဲ႔ ျပန္လည္ရတဲ့ေငြ မညီမွ်ေတာ့တဲ့ပံုစံေတြ ျဖစ္လာတယ္။ အေရာင္းစင္တာေတြဘက္ကလည္း အရံႈးေတြနဲ႔ ရင္ဆိုင္ေနရၿပီ စင္တာေတြကို ပိတ္ရေတာ့မလိုလို ေတြအထိေတာင္ ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ ၂၀၁၆ Consignment မွာ အဓိကေရာင္းရတာက Free ပါမစ္ကိုပဲ အဓိကထားေရာင္းေနရတာျဖစ္တယ္။ ၿပီးေတာ့ ျမန္မာႏုိင္ငံမွာရွိတဲ့ လူလတ္တန္းစား ေတာ္ေတာ္မ်ားမ်ားရဲ႕ ကား၀ယ္စီးႏုိင္တဲ့ အေရအတြက္က သိန္းတစ္ရာကေန သိန္းသံုးရာ၀န္းက်င္အတြင္းကို ပိုၿပီး၀ယ္စီးႏုိင္တဲ့ လူေတြမ်ားတယ္။ အဲကားေတြကလည္း Free ပါမစ္ Consignment အေရအတြက္မွာပဲ ရွိတဲ့အတြက္ Free ပါမစ္ေတြက ပိုေရာင္းေနရတယ္။ စလစ္ကပ္ကားမွာေတာ့ Wish တစ္ခုပဲ သက္သာၿပီး က်န္တဲ့စလစ္ကားေတာ္ေတာ္မ်ားမ်ားကေတာ့ သိန္းသံုးရာအထက္ သိန္းေလးရာအထက္ေတြ ျဖစ္ေနတဲ့အတြက္ ၀ယ္လုိအားကေတာ့ နည္းၿပီးရင္းနည္းေနတာေတြ႔ရတယ္။ ၿပီးေတာ့ ရန္ကုန္လိုင္စင္ လိုအပ္ခ်က္ေၾကာင့္လည္း စလစ္ကပ္ၿပီးေရာင္းေနတဲ့ လူတန္းစားတစ္ရပ္ ရွိေနတာကိုလည္း ေတြ႔လာရတယ္။
လတ္တေလာ ကားေစ်းကြက္ အေျခအေန ဘယ္လိုရွိေနတယ္ ဆိုတာကုိလည္း သံုးသပ္ေပးပါအံုးရွင့္။
လတ္တေလာကားေစ်းကြက္ အေျခအေနကေတာ့ အကိုအေပၚမွာေျပာခဲ့သလိုပဲ အိမ္စီးကားေတြအတြက္ဆိုရင္ ၁၃၀၀ စီစီကားေလးေတြ၊ Free ပါမစ္ကားေလးေတြ၊ ၂၀၁၅ Consignment နဲ႔သြင္းထားတဲ့ လက္က်န္ကားေလးေတြ Toyota Wish ေလးေတြ၊ Toyota လမ္ခရူးဇာ၊ ပရာဒိုေလးေတြကေတာ့ အေရာင္းသြက္ေနတာ ေတြ႔ရတယ္။ လုပ္ငန္းသံုး ယာဥ္ေတြမွာေတာ့ ၁၅၀၀ စီစီ ကားေလးေတြ၊ Probox ေတြဆိုရင္ ၂၀၁၅ CIF တန္ဖိုးမွာ ၅၇၀၀ ပဲ ရွိရာက ၉၀၉၀ အထိတက္သြားတဲ့အတြက္ ကားတစ္စီးကို သိန္းေလးဆယ္ကေန သိန္းငါးဆယ္အထိတက္သြားတဲ့အတြက္ အဲကားေတြကို ေစ်းကြက္ထဲမွာ မသြင္းႏုိင္တဲ့အထိျဖစ္သြားတယ္။ ေစ်းကြက္ထဲမွာလည္း သိန္း၁၈၀ ေလာက္အထိ ျဗဳန္းစာႀကီးကို တက္သြားတာျဖစ္တဲ့အတြက္ ၀ယ္လုိအားေတာ့ရွိေနေပမဲ့ လက္ရွိမွာ ၀ယ္တဲ့သူ ေတာ္ေတာ္ေလး နည္းသြားတယ္။ သိန္းတစ္ရာကေန သိန္းတစ္ရာရွစ္ဆယ့္ၾကား ၁၅၀၀ စီစီေတြ၊ Probox ေတြက ၀ယ္လိုအား မ်ားခဲ့ေပမဲ့ ရုတ္တရက္ေစ်းေတြ ျမင့္တက္လာတဲ့ေနာက္မွာေတာ့ ၀ယ္ခ်င္တဲ့သူေတြေတာင္ နည္းနည္း တြန္႔သြားသလို ျဖစ္ေနၾကတယ္။ ေနာက္ႏွစ္ ၂၀၁၇ CIF ထုတ္ျပန္ခ်က္ကို အသစ္ျပန္လည္ေရးဆြဲဖို႔ကိုလည္း အကို႔တို႔ဘက္က တိုက္တြန္းသြားၾကရမွာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ၂၀၁၆ ထုတ္ျပန္တဲ့ CIF မွာ မညီမွ်မႈေတြ၊ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ေစ်းႏႈန္းထက္ အမ်ားႀကီးပိုေနတာေတြ ျဖစ္ေနတယ္။ အေစာကေျပာခဲ့တဲ့ ကားေလးေတြဆိုရင္ ဂ်ပန္ယန္း သံုး – ေလးသိန္းရွိတဲ့ ကားေတြျဖစ္တဲ့အတြက္ ျမန္မာေငြနဲ႔ဆို သိန္းသံုးဆယ္ေလာက္ပဲ ေပါက္ေပမဲ့ CIF သတ္မွတ္ႏႈန္းမွာေတာ့ US ေဒၚလာ ၉၀၀၀ ေက်ာ္တဲ့အတြက္ Custom နဲ႔ ကညနအခြန္ ႏွစ္ခုေပါင္းက အရင္ႏွစ္ကထက္ ျမန္မာေငြ သိန္းေလးဆယ္၀န္းက်င္ေလာက္ ျမင့္တက္သြားပါတယ္။ စီးနင္းတ့ဲသူေတြ အတြက္လည္းထိုက္တန္တဲ့ ေစ်းႏႈန္းမရွိဘူးလို႔ ခံစားရတယ္။ အဓိကကေတာ့ ျမန္မာႏိုင္ငံမွာ ျမန္မာျပည္သူျပည္သားေတြ စီးနင္းမယ့္ကားေတြကို ထိုက္သင့္တဲ့ CIF တစ္ခုကို ျပန္လည္ျပဌာန္းေပးဖို႔အတြက္ Custom ကို အကိုတို႔ဘက္က ျပန္လည္စဥ္းစား ေျဖေလ်ာ့ေပးဖုိ႔ ေတာင္းဆိုခ်င္တယ္။ လတ္တေလာ ကားေစ်းကြက္အေျခအေနကေတာ့ ပံုမွန္ပါပဲ။ သိန္းတစ္ရာနဲ႔ သံုးရာၾကားမွာ Consignment သြင္းလာတဲ့ကားေတြေကာ Consignment နဲ႔ မဟုတ္ဘဲ သြင္းလာတဲ့ကားေတြေကာ အေရာင္းအ၀ယ္ ေကာင္းပါတယ္။ ဒါေပမဲ့ အဓိက Market ျဖစ္ေနတာက နံပါတ္ထြက္ၿပီးသား ကားအေဟာင္းေတြျဖစ္တဲ့ ေရႊငါးလိုကားေတြ၊ Crown လုိကားေတြက ေစ်းကြက္ထဲမွာ ပိုအေရာင္းအ၀ယ္ျဖစ္ေနတာကို ေတြ႔ရတယ္။ အႏွစ္ခ်ဳပ္သံုးသပ္ခ်က္အရဆိုရင္ ကားအသစ္ေစ်းကြက္ကေတာ့ ပံုမွန္ျဖစ္ေနၿပီး နံပါတ္ထြက္ၿပီးသား ကားအေဟာင္းေစ်းကြက္ကေတာ့ ပံုမွန္ထက္ အေရာင္းပိုသြက္ေနတယ္လို႔ သံုးသပ္ရပါတယ္။
(၂) ကိုရန္မ်ိဳးေအာင္
Managing Director
Unity Land Automotive Co.,Ltd
လာမယ့္ႏွစ္မွာ ျဖစ္ေပၚလာႏိုင္တဲ့ ကားေစ်းကြက္ အေျခအေနေတြကေကာ လတ္တေလာနဲ႔စာရင္ ဘယ္လိုေတြ ျဖစ္လာႏိုင္ပါသလဲ။
လာမယ့္ႏွစ္မွာ ကားေစ်းကြက္အေျခအေန ဘယ္လုိျဖစ္ႏုိင္ပါသလဲဆိုေတာ့ တစ္ခုထဲေတာ့ ေျပာလို႔မရဘူးဗ်။ အကို႔အျမင္ကေတာ့ အဘက္ဘက္ကေန သံုးသပ္ျပမွပဲ ျပည့္စံုမယ္လို႔ထင္တယ္။ အခုအားလံုးက မူ၀ါဒသစ္ အကူးအေျပာင္းကိုပဲ ေစာင့္ေနၾကတယ္။ ေနာက္ႏွစ္ကားေစ်းကြက္အေျပာင္းအလဲရဲ႕ ၉၀%ေလာက္က အဲဒီမူ၀ါဒအသစ္ အေျပာင္းအလဲေပၚမွာပဲ မူတည္ေနတယ္။ အသစ္ထြက္ေပၚလာမယ့္ ကားတင္သြင္းခြင့္ မူ၀ါဒေတြ၊ Model Year သတ္မွတ္ခ်က္ေတြ၊ CIF ႏႈန္းထားေတြ၊ ေနာက္ၿပီး အခြန္ႏႈန္းထားေတြ၊ Custom Duty၊ Commerical Tax ၊ ကညနအခြန္၊ ၀င္ေငြခြန္ (Income Tax) ဒါေတြနဲ႔လည္း သက္ဆိုင္တယ္။ အဲဒီအခြန္ ႏႈန္းထားေတြက ေရွ႕ႏွစ္မွာ အေျပာင္းအလဲရွိႏိုင္မလား၊ ဒီအတိုင္းပဲ ဆက္သြားမလားဆိုတာက အခြန္ေတြ ထပ္ၿပီးတိုးေကာက္မလားဆိုတဲ့ အေပၚမွာလည္း မူတည္ေနပါတယ္။ အခြန္ေတြကိုသာ ထပ္ပီးတိုးေကာက္မယ္ ဆိုရင္ေတာ့ ကားအေရာင္းအ၀ယ္ေစ်းကြက္ အေျခအေနက ပိုဆိုးသြားႏုိင္ပါတယ္။ ဒါမွမဟုတ္ အခြန္ႏႈန္းထားေတြ ေလ်ာ့ခ်ေပးမယ္ဆိုရင္ေတာ့ လက္ရွိေရာင္းေနရတဲ့ ကားအေရာင္းအ၀ယ္ေစ်းကြက္ကို ပိုၿပီး အေရာင္းအ၀ယ္သြက္ လာေစႏုိင္ပါတယ္။ ၂၆.၁၀.၂၀၁၆ မွာ ကားအေရာင္းစင္တာေတြကို ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းနဲ႔ သက္ဆိုင္တဲ့ လုပ္ငန္းမ်ားႀကီးၾကပ္ေရးေကာ္မတီ (ႀကီး/ေကာ္) ကေန အသိေပးေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ “ေမာ္ေတာ္ယာဥ္အေရာင္းစင္တာမ်ားမွ လူစီးယာဥ္မ်ားအတြက္ ၂၀၁၁ ခုႏွစ္ေအာက္ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ ေလွ်ာက္ထားမႈမ်ားကို ၂၀၁၆ခုႏွစ္ ေအာက္တိုဘာလ(၃၁) ရက္ေန႔ ေနာက္ဆံုးထား လိုင္စင္ေလွ်ာက္ရမွာျဖစ္ၿပီး လုိင္စင္သက္တမ္း ထပ္မံတိုးျမွင့္ခြင့္မျပဳပါ”လို႔ ေၾကညာခဲ့ပါတယ္။
လက္ရွိခ်မွတ္ထားတဲ့ မူ၀ါဒပံုစံအတိုင္းသာ ဆက္သြားမယ္ဆိုရင္ အကိုတို႔လို Showroom Dealer ေတြအတြက္ ဆံုးရံူးနစ္နာမႈေတြေကာ ရွိလာႏိုင္မလား။
အဲလို ထုတ္ျပန္လုိက္တဲ့ မူ၀ါဒအသစ္အတုိင္းသာဆက္သြားမယ္ဆိုရင္ ကားအေရာင္းစင္တာေတြဘက္က ေျပာခ်င္တာက ေအာက္ေမာ္ဒယ္ကားေတြကို တင္သြင္းခြင့္ကန္႔သတ္လိုက္တဲ့ သေဘာနဲ႔ အတူတူ ျဖစ္သြားတယ္။ ရွင္းရွင္းေျပာရရင္ ေအာက္ကားေတြကို လံုး၀ ေပးမသြင္းေတာ့ဘူးဆိုတဲ့ သေဘာပါပဲ။ ၃၁ ရက္ေန႔ ေနာက္ဆံုးထားေလွ်ာက္ရမယ့္ကိစၥကို ၂၆ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္တာကေတာ့ အရမ္းကို ရက္ကပ္ေဖာ္ျပလြန္းတယ္လို႔ ကၽြန္ေတာ္ကေတာ သံုးသပ္ခ်င္တယ္။ အဲသံုးရက္နဲ႔ကေတာ့ သြင္းကုန္လိုင္စင္ ေလွ်ာက္ထားဖို႔ ဘယ္လိုမွ အဆင္မေျပပါဘူး။ ၾကားထဲမွာလည္း လုပ္ေဆာင္ရမယ့္ အဆင့္ေတြက ေတာ္ေတာ္မ်ားမ်ားကို ရွိပါေသးတယ္။ ဆိုေတာ့ကာ ကၽြန္ေတာ့္တို႔ ကားအေရာင္းစင္တာေတြက ၂၀၁၁ခုႏွစ္နဲ႔ အထက္ပဲ တင္သြင္းရေတာ့မွာ ျဖစ္ပါတယ္။ ဒါဟာ အေရာင္းစင္တာေတြကို အမ်ားႀကီး ထိခိုက္နစ္နာေစ ႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ျမန္မာႏိုင္ငံအေနအထားနဲ႔ ၂၀၁၁ ေမာ္ဒယ္အထက္ကား ေတြကို တင္သြင္းမယ္ဆိုရင္ အခြန္ႏႈန္းထားက အဆမတန္ပိုမ်ားသြားတယ္။ အဲလိုပိုမ်ားတဲ့အတြက္ ကားရဲ႕ ေစ်းကလည္း အလိုလိုကို တက္သြားတယ္။ ကားေစ်းႀကီးလာတဲ့ေနာက္ ၀ယ္လိုအားကလည္း နည္းလာတယ္။ အခုဆိုရင္ ေစ်းကြက္မွာ အမ်ားဆံုးေရာင္းရေနတာက ေမာ္ဒယ္အားျဖင့္ စလစ္ကားဆိုရင္၂၀၀၂-၂၀၀၃ ေမာ္ဒယ္ကားေတြက အေရာင္းရဆံုးျဖစ္ပါတယ္။ ကၽြန္ေတာ့္စင္တာမွာလည္း မ်ားေသာအားျဖင့္ ကား၀ယ္ေတာ့မယ္ဆိုရင္ Customer ေတာ္ေတာ္္မ်ားမ်ားေလာက္က သိန္းတစ္ရာႏွစ္ရာပတ္၀န္းက်င္ပဲ အမ်ားဆံုး ၀ယ္ၾကတာမ်ားတယ္။ သိန္းေထာင္ေက်ာ္တန္ကားကို ၀ယ္စီးႏိုင္တဲ့လူတန္းစားကေတာ့ ရွိေတာ့ရွိတယ္။ ဒါေပမဲ့ နည္းပါတယ္။ ဒါေၾကာင့္ အမ်ားျပည္သူအသံုးမ်ားတဲ့ ၂၀၁၁ ေအာက္ေမာ္ဒယ္ေတြကို တင္သြင္းခြင့္ ကန္႔သတ္လိုက္တာဟာ အေရာင္းစင္တာေတြကို နစ္နာေစတဲ့အျပင္ ကား၀ယ္စီးမယ့္ အမ်ားျပည္သူ လူလတ္တန္းစားေတြအတြက္လည္း အခက္အခဲေတြ ျဖစ္လာႏိုင္ပါတယ္။
(၃) ကုိအရည္က်ိဳ
အေထြေထြ အတြင္းေရးမွဴး
ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မွားအသင္း (MAMDA)
အကိုေရ လက္ရွိကားေစ်းကြက္မွာျဖစ္ေနတဲ့ စလစ္ေစ်းအေျခအေနေလးေတြ ဘယ္လုိေတြမ်ား ျဖစ္ေနတယ္ဆိုတာကုိ တစ္ခ်က္ေလာက္ သံုးသပ္ေပးပါရွင့္။
လက္ရွိစလစ္ေစ်းကေတာ့ ဒီႏွစ္ကုန္ေလာက္အထိကုိ လက္ရွိအတိုင္းပဲ လႈပ္လႈပ္ လႈပ္လႈပ္နဲ႔ပဲ ဆက္သြားေနအံုးမယ္လို႔ ထင္တယ္။ လတ္တေလာမွာ စလစ္ေစ်းက်ဖို႔ကလည္း အရိပ္အေယာင္အေနနဲ႔ေတာင္ ေလာေလာဆယ္မျမင္မိပါဘူး။ ဘက္စ္ကားစလစ္ေတြေပးတဲ့ အေရအတြက္ကလည္း သိပ္မမ်ားဘူးဆိုေတာ့ စလစ္ေစ်းက က်ရိပ္မရွိဘူးလို႔ပဲ သံုးသပ္မိပါတယ္။ စလစ္ေစ်းက်ေစခ်င္တယ္ဆိုရင္ေတာ့ စက္မႈဇံုကားေတြကို ႏွစ္ေလွ်ာ့ၿပီး လက္ခံမွပဲ ေစ်းက်လာႏိုင္မယ္။ ဒါေပမဲ့ လတ္တေလာမွာ အဲအစီအစဥ္က ျဖစ္မလား၊ မျဖစ္ဘူးလားဆိုတာကေတာ့ ကညနဘက္က ဘာမွ မေၾကျငာေသးတဲ့အတြက္ ဘာမွမသိရဘူးျဖစ္ေနတယ္။ အႏွစ္ခ်ဳပ္ေျပာရရင္ စလစ္ေစ်း အတက္အက်ကေတာ့ ကညန ေပၚမွာပဲ မူတည္ေနပါတယ္။
လတ္တေလာမွာ စလစ္ေစ်းေတြကလည္း အဆမတန္ ျမင့္တက္လာေနၿပီး ျဖစ္ပါတယ္။ ရန္ကုန္ ဖရီးပါမစ္ေတြကလည္း ပိတ္ထားဆဲဆိုေတာ့ ဒါေတြကို တာ၀န္ရွိသူေတြအေနနဲ႔ ဘယ္လို လုပ္ကိုင္သင့္တယ္ဆိုတာကိုလည္း အကိုအေတြ႔အႀကံဳေတြနဲ႔ အႀကံျပဳေပးပါအံုးရွင့္။
ကၽြန္ေတာ့္အထင္ ဖရီးပါမစ္ ျပန္ဖြင့္ေပးဖို႔ကလည္း ရန္ကုန္တိုင္း ယာဥ္ေၾကာပိတ္ဆို႔မႈေတြကို အာဏာပိုင္ေတြဘက္က ေျဖရွင္းေပးၿပီးတဲ့ ေနာက္ပိုင္းမွပဲ ရန္ကုန္တိုင္းကို ရန္ကုန္လိုင္စင္ဖရီးပါမစ္ကို ျပန္ဖြင့္ေပးမယ္လို႔ ထင္ပါတယ္။
(၄) ကိုျမတ္မင္းခ်စ္
တစ္ႏုိင္တစ္ပိုင္ ကားေလလံဆြဲ တင္သြင္းေပးသူ
အကိုက ကားေလလံေတြဆြဲေနတာျဖစ္ေတာ့ လက္ရွိမွာ ျဖစ္ေပၚေနတဲ့ ကားေလလံဆြဲမႈအပိုင္းနဲ႔ပတ္သက္တဲ့ အေနအထားေလးေတြက ဘယ္လိုျဖစ္ေနပါသလဲ။
ဂ်ပန္ေလလံမွာေတာ့ ကားေစ်းေတြက အျမင့္ေစ်းေတြ မ်ားပါတယ္။ ျမန္မာျပည္က ေလလံဆြဲတဲ့သူ အရမ္းမမ်ားေပမဲ့ ေစ်းေတာ့ေပးဆြဲၾကတယ္။ ဒါေၾကာင့္ကားေလလံေစ်းကေတာ့ မာေနတုန္းပါပဲ။ ကားေကာင္းရင္ေကာင္းသလို စီးမယ့္သူေတြက ေစ်းေပးဆြဲၾကေတာ့ ျပန္ေရာင္းမယ့္သူေတြက်ေတာ့ ေစ်းမေပးႏိုင္ေတာ့ဘူး။ အဲေတာ့ အေရာင္းသမားအမ်ားစုက ကားေကာင္းဖို႔ထက္ ေစ်းသက္သာမယ့္ကားကိုပဲ ေရြးၾကရေတာ့တယ္။ ေလလံေစ်းျမင့္ရတဲ့အထဲ ေဒၚလာေစ်း၊ ယန္းေစ်းေတြကလည္း ျမင့္တက္ေနေတာ့ လုပ္ရတာ အင္မတန္ခက္ပါတယ္။ အခုဆိုရင္ ကားသြင္းရတဲ့ကုန္က်စရိတ္က ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္နဲ႔ယွဥ္ရင္ ေတာ္ေတာ္ကို မ်ားလာတာေတြ႔၇ပါတယ္။
လတ္တေလာမွာေကာ ဘယ္ကားေတြက ေလလံအဆြဲမ်ားေနပါသလဲ။
လတ္တေလာမွာ ေလလံအဆြဲမ်ားေနတာကေတာ့ လူစီးကားဆိုရင္ ၂၀၁၁ ေမာ္ဒယ္အထက္ ဖရီးပါမစ္နဲ႔ Honda Fit/ Insight/ Vitz/ Swift/ AD Van/ Probox အစရွိတဲ့ ကားေတြပါ။ ၿပီးေတာ့ ေစ်းနည္းနည္းမ်ားတဲ့ Fielder/ Axio/ Premio ေတြလည္း နည္းနည္းပါးပါးဆြဲရပါတယ္။ ဒီႏွစ္ကို ရန္ကုန္လိုင္စင္မေပးေတာ့တဲ့ အတြက္ ဖရီးပါမစ္ အိမ္စီးကား အဆြဲေတာ္ေတာ္နည္းသြားတယ္။ ဖရီးပါမစ္ လုပ္ငန္းသံုးထရပ္ကားေတြကေတာ့ ၂၀၀၆ ေမာ္ဒယ္အထက္ ဆြဲလို႔ရတဲ့အတြက္ နယ္ဘက္ေတြက ပိုအဆြဲမ်ားတယ္။ ေခြးဘီးလူးေခၚ မီနီထရပ္ငယ္ေလးေတြ၊ လိုက္ထရပ္ေတြနဲ႔ Dyna/ Canter/ Isuzu/ Hino/ Nissan Atlas/ Mazda Titan ၂တန္၊ ၃တန္ ကားေတြ အဆြဲမ်ားတယ္။ စလပ္ကပ္ကားေတြကေတာ့ ဒီႏွစ္မွာ ၂၀၀၆ ေမာ္ဒယ္အနိမ့္ဆံုးဆြဲရလို႔ ေတာ္ေတာ္အဆြဲပါးသြားပါတယ္။ စလစ္ေစ်းကလည္း သိန္းတစ္ရာေက်ာ္တဲ့အတြက္ ေစ်းအေပါဆံုး Toyota Wish 2006 ေတာင္ အၿပီးအစီး သိန္း၂၀၀ ေက်ာ္က်ေနပါတယ္။ စလစ္ကပ္ထဲမွာ Wish/ Kluger/ Vanguard/ Alphard/ Harrier စတဲ့ကားေတြ နည္းနည္းပါးပါး ဆြဲရပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ Consignment နဲ႔သြင္းထားတဲ့ ၂၀၁၃၊ ၂၀၁၄ ေမာ္ဒယ္စလပ္ကပ္ကားေတြလည္း ေစ်းကြက္ထဲမွာက်န္ေနေသးတဲ့အတြက္ အဲဒီကားေတြကိုလည္း ၀ယ္ယူၾကပါတယ္။
ေလလံဆြဲတဲ့ေနရာမွာ ေပးေဆာင္ရတဲ့ အခြန္ကိစၥနဲ႔ ပတ္သက္ၿပီးလည္း တစ္ခ်က္ေလာက္ ေျပာျပေပးပါရွင့္။
အခြန္အခနဲ႔ပတ္သတ္လို႔ အေျပာင္းအလဲမရွိပါဘူး။ ကားတင္သြင္းလာၿပီး ဆိပ္ကမ္းေရာက္တဲ့အခါ အေကာက္ခြန္၊ ကုန္သြယ္ခြန္၊ အထူးကုန္စည္ခြန္ ေဆာင္ရတယ္။ ဆိပ္ကမ္းကထုတ္ယူလာၿပီးဆိုရင္ ကညနမွတ္ပံုတင္မသြားခင္ ဖရီးပါမစ္ကားဆိုရင္ ၀င္ေငြခြန္ ၁၂သိန္းနဲ႔ အထက္ေဆာင္ရတယ္။ အဲဒါၿပီးမွ ကညနသြား၊ ကညနအခြန္ေဆာင္ၿပီးမွပဲ မွတ္ပံုတင္လို႔ရတယ္။ အဲအတြက္ ကားမူရင္းတန္ဖိုးက သိန္း၆၀ ေလာက္က်ရင္ အခြန္ခ်ည္းပဲ သိန္း၅၀ ေက်ာ္ေလာက္ေပးရတယ္။ အေထြေထြစရိတ္ေတြနဲ႔ဆိုရင္ ဒီကားက အၿပီးအစီး သိန္း၁၂၀ ေက်ာ္ေလာက္အထိက်သြားတယ္။ အစိုးရအေနနဲ႔လည္း အခုလို အခြန္ေတြ အထပ္ထပ္ျဖစ္ေနတာကို ျပန္လည္သံုးသပ္ၿပီး ထိုက္သင့္တဲ့အခြန္ႏႈန္းထားတစ္ရပ္သာ သတ္မွတ္ေပးႏိုင္မယ္ဆိုရင္ ေနာင္အနာဂတ္ကားေစ်းကြက္က လက္ရွိထက္စာရင္ အမ်ားႀကီးပိုေကာင္းလာမယ္လို႔ သံုးသပ္မိပါတယ္။