Unicode version…
ဒီ Issue မှာပါဝင်လာတဲ့ Peugeot 308 Hatchback ကပြည်တွင်းစျေးကွက်နဲ့အတန်ငယ်စိမ်းကောင်းစိမ်းနိုင်ပါတယ်။ဒါကြောင့် သူ့ရဲ့အကြောင်းလေးမပြောခင်မှာ Peugeot ကားထုတ်လုပ်ရေးအကြောင်းအနည်းငယ်အစပြုပြောချင်ပါတယ်။ Peugeot ကုမ္ပဏီက လွန်ခဲ့တဲ့နှစ်ပေါင်း 1810 ကတည်းက ပြင်သစ်နို်င်ငံမှာစတင်အခြေစိုက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကားတွေစထုတ်တာက 1882 ဆိုတော့ နှစ်ပေါင်း ၁၃၀ ကျော်ကြာသက်တမ်းရှိတဲ့ကားကုမ္ပဏီတစ်ခုလို့ဆိုရတော့မှာပါ။Peugeot မှာထူးခြားတာက Peugeot Logo ဟာ ခြင်္သေ့ပုံစံဖြစ်ပြီး Toughness(ခွန်အား)၊ Flexibility(လိုက်လျောညီထွေရှိမှု) နဲ့Speed(လျင်မြန်မူ) ဆိုတဲ့ အဓိပ္ပာယ်များနဲ့ ရေးဆွဲ ခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီဇယ်အင်ဂျင်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်လျှော့ချတဲ့စနစ် (Particle Filter System ) နဲ့အတူ ကမ္ဘာ့ကားစျေးကွက်အတွင်း ခြေကုပ်ယူနိုင်ခဲ့ပါတယ်။ အခုမိတ်ဆက်ပေးမယ့် Peugeot 308ဟာဆိုရင်လည်း ၂၀၁၄ ခုနှစ်တုန်းက European Car of the Year ဆုကိုရရှိထားတာဖြစ်ပြီး Design နဲ့Driving Feeling တွေမှာ ထောက်ခံချက်တွေအများအပြားပိုင်ဆိုင်ထားတဲ့ကားတစ်စီးဆိုလည်း မမှားပါဘူး။ကဲဆက်ပြီး သူ့အကြောင်းကို လေ့လာကြည့် ရအောင် ပါ။
အပြင်ဘက်ပိုင်း
Peugeot 308 ဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းလှပမှုတွေကြောင့် ဥရောပကားစျေးကွက်မှာ နာမည် ရနေတဲ့ကားတစ်စီးဖြစ်ပြီး အခု Test Drive လုပ်ခဲ့တဲ့ 2017 Model ကဆန်းသစ်တဲ့နည်းပညာတွေကြောင့်လည်း အောင်မြင် မှုတွေရရှိခဲ့ပါတယ်။ သူ့ရဲ့ရုပ်ထွက်က ကြည့်လိုက်တာနဲ့အားလုံးနဲ့ကွဲထွက်သွားစေနိုင်လောက်အောင်ထူးခြားပါတယ်။ ဘော်ဒီအချိုး အဆစ်တွေက Aerodynamic ဖြစ်ပြီး Sport ပုံစံလည်းပေါက်အောင် ရှေ့ဘန်ဘာ၊ဘောနက်တွေ၊အနားရေးကြောင်းတွေက ပံ့ပိုးပေးထားပါတယ်။ နောက်ပြီး Chrome တွေနဲ့အလျားလိုက်ပြုလုပ်ထားတဲ့ အပေါ်ရှဲရဲ့အလယ်မှာ Peugeot ရဲ့ Iconic Lion ပုံစံက ဝင့်ထယ်စွာတည်ရှိ နေပါတယ်။ နည်းပညာအသစ်နဲ့ပြုလုပ်ထားတဲ့ Full LED Technology ရှေ့မီး၊Day lamps နဲ့အောက် ဘက်မှာပါဝင်တဲ့ Fog Lamps တွေကလည်း ဒီကားလေးရဲ့ဒီဇိုင်းကိုပိုပြီးဆန်းသစ်စေမှာဖြစ်ပါတယ်။ နောက်ပြီးအလိုအလျောက် မီးအတင်အချစနစ်ပါဝင်သလို Auto Wiper စနစ်နဲ့နောက်ကားရဲ့မီးရောင်ကိုလျှော့ချပေးတဲ့စနစ်တွေလည်းပါဝင်မှာပါ။ ပြတင်း ပေါက်တွေပတ်လည်ကိုလည်း Chrome တွေနဲ့တန်ဆာဆင်ထားပြန်ပါတယ်။ဒီကားက Hatchback ဆိုတာထက်ပိုပြီးနေရာကျယ်ဝန်းတဲ့ Station Wagon တစ်စီးပုံစံပေါက်နေသလို နောက်ပိုင်းဒီဇိုင်းကလည်း ပြေပြေပြစ်ပြစ်နဲ့ Cargoခန်းကိုကျယ်ဝန်းအောင် ဖန်တီး ပေးထားသလိုပါပဲ။ နောက်ပြီးတော့ နောက်မီးသီးတွေက Peugeot Signature Lion’s Claw Design ပုံစံဖြစ်တဲ့ ခြင်္သေ့ လက်သည်းခြစ်ရာပုံစံမျိုးဖန်တီးထားလို့ထူးဆန်းလှပနေပါတယ်။ ဒါ့အပြင်ခေတ်မီဆန်းသစ်တဲ့ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ ၁၇ လက်မ Alloy ဘီးတွေကလည်း ဒီ Model ကို Sport ဆန်တဲ့ ကားတွေအသွင်ဖြစ်ဖို့ ပ့ံပိုးကူညီပေးဦးမှာဖြစ်ပါတယ်။
အတွင်းခန်း
အထဲဝင်ဝင်ခြင်းမှာစတင်ထိတွေ့ရတဲ့ ထိုင်ခုံပို်င်းက သာမန်ကားတစ်စီးရဲ့အနေအထားမျိုးမဟုတ်ကြောင်းတန်းသိလိုက်ရပါတယ်။ Heat Ventilation စနစ်ပါတဲ့ထိုင်ခုံတွေက Motor seat မဟုတ်တာကလွဲရင် ကျန်တာကသက်တောင့်သက်သာရှိတယ်လို့ဆိုရမှာပါ။ အင်ဂျင် Start/stop ကတခြားကားတွေလို ဒတ်ရှ်ဘုတ်နားမှာမဟုတ်တော့ဘဲ ဂီယာတံနားကိုရောက်သွားတာကိုတွေ့ရပါတယ်။အတွင်းခန်းက ရိုးရှင်းစွာတည်ဆောက်ထားပေမယ့် ကျယ်ဝန်းမှု၊သက်တောင့်သက်သာရှိမှုစတဲ့အချက်တွေကိုတော့ခံစားခဲ့ရပါတယ်။ နောက်ပြီး ဒီကားရဲ့အထူးခြားဆုံးတစ်ခုလို့ဆိုရမှက PEUGEOT i-Cockpit® နည်းပညာပါ။အဲဒါက ကားမောင်းသူတစ်ဦးရဲ့စိတ်တိုင်းကျမှု ကိုရရှိစေဖို့အထူးပြုလုပ်ဖန်တီးပေးထားတာဖြစ်ပြီး ကားကယာဉ်မောင်းရဲ့စိတ်ထဲကပုံစံနဲ့တစ်ထပ်တည်းကျနေအောင်ကောင်းမွန်တဲ့ Drive Feeling ကိုရရှိစေရုံသာမကဘဲ ဒိုင်ခွက်၊ 9.7” ရှိ Touch Screen နဲ့Controlတွေအားလုံးက ကြည့်ရှုရတာ၊အလုပ်လုပ်ရတာပိုပြီး သွက်လက်မြန်ဆန်လာစေတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒါက Driver ကားပေါ်တက်ပြီးစက်နှိုးလိုက်တာနဲ့သက်သောင့်သက် သာရှိစေတဲ့ ပုံစံမျိုးပြောင်းလဲပေးဦးမှာပါ။ အဆင့်မြင့်လည်သာတွေနဲ့လုပ်ထားတဲ့ D – Shape ပုံစံစတီယာရင်မှာ ဖုန်း၊Audio နဲ့ Cruise Control တွေကိုထိန်းချူပ်နိုင်တဲ့ Control တွေပါဝင်သလို 9.7” Touch Screen မှာဆိုလည်း radio, telephone တွေကိုထိန်းချူပ်နိုင်တဲ့စနစ်တွေပါဝင်ပါတယ်။ဒါ့အပြင် အဲဒီ Screen ကိုဖုန်းနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး Tablet ဖုန်းတစ်လုံးအသွင် ပြောင်းပြီး အသုံးပြုလို့ရပါသေးတယ်။ အဲဒီမှာပဲ တိကျပြီးကြည်လင်ပြတ်သားတဲ့အရောင်တွေပါဝင်တဲ့ Back Camera လည်းထည့် သွင်းထားပါသေးတယ်။ နောက်ပြီး 308 မှာကြည်လင်ပြတ်သားပြီးကြီးမားတဲ့ 1.44m2 ရှိ Panoramic Moon Roof လည်းပါဝင်သလို Touch Screen နဲ့ချိတ်ဆက်ထားတဲ့ Dual Ventilation System အဲကွန်းလည်းပါဝင်ပါတယ်။
စွမ်းဆောင်ရည်
Peugeot 308 က 1600cc Turbo Gasoline engine ကိုသုံးထားတာကြောင့် Hatchback တွေထဲမှာတော့ စွမ်း ဆောင်ရည်ကောင်းမယ့်ကား တစ်စီးအဖြစ် သတ်မှတ်ရတော့မှာပါ။ ပထမဆုံးပြောလိုိတာက ဒီကားမှာသုံးထားတဲ့ PureTech engine အကြောင်းပါ။ဒီအင်ဂျင်က လောင်ကျွမ်းမှုပိုကောင်းတယ်၊ ပွတ်တိုက်မှုအားနည်းလို့ဆီစားသက်သာတယ်၊အလေးချိန်ပေါ့လို့ ကား ရဲ့မြန်နှုန်းပိုကောင်းစေတယ်၊ ပြီးတော့ Co2 ထွက်ရှိနှုန်းနည်းပါးတယ်။ ။ ဒီအချက်တွေကြောင့်ပဲ Peugeot ရဲ့ PureTech engine ဟာ ၂၀၁၅ ကနေ၂၀၁၇ အထိ ‘International Engine of the Year ဆုတွေကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အမြင့်ဆုံး ပါဝါထွက်ရှိမှုက 120 km/rpm 3500 နဲ့အမြင့်ဆုံးရုန်းအားက 221 Nm/rpm 1750 ရှိပြီး အမြန်ဆုံးမေးနှင်နိုင်မှုက ၁ နာရီကို ၁၂၂ ကီလိုဖြစ်ပါတယ်။ ရှေ့suspension ကို coil spring, gas damper, anti roll bar တွေနဲ့လုပ်ထားပြီးနောက်ကိုတော့ Torsion bar, coil spring, hydraulic double acting shock absorber ကိုသုံးထားပါတယ်။ Brake ကိုတော့ ရှေ့နောက် ၂ ခုလုံးကို Disc ဘရိတ် တွေချည်းပဲသုံးထားပါတယ်။ မောင်းနှင်ကြည့်တဲ့အခါမှာလည်း Peugeot ကကြေညာထားသလိုပါပဲ။ ဒီကားလေးကကောင်းမွန်တဲ့ Handling , Speed နဲ့ကိုယ်စိတ်တိုင်းကျသွားပေးနေတဲ့ ကားတစ်စီး ဆိုတာ ကို လက်ခံလိုက်ရသလို ကားကအရမ်းကို Sharp ဖြစ်နေပါတယ်။
လုံခြုံရေး
Air Bag 6 လုံးတောင်သုံးစွဲထားတာကိုကြည့်ရင် 308 ကဥရောပကားပီပီ Safety ကိုဦးစားပေးထားတယ်ဆိုတာလည်းပေါ်လွင် စေပါတယ်။ ဆင်ဆာ ၈ လုံးပါဝင်ပြီး ABS,EBD,EBA,ESP တို့လိုအရေးပေါ်ဘရိတ်အုပ်ပေးတဲ့စနစ်တွေလည်းပါဝင်ပါသေးတယ်။ Traction Control System လိုလမ်းမချော်စေဖို့ထိန်းချူပ်ပေးတဲ့စနစ်တွေပါဝင်သလို Seat Belt ကလည်းယာဉ်မတော်တဆမှုဖြစ်ရင် အထိအခိုက်နည်းအောင် ပုံစံ ၃ မျိုးနဲ့လူကို တင်းကြပ်ပေးမှာဖြစ်ပါတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
Peugeot 308 က သူတို့ရဲ့ဂုဏ်ပုဒ်အတိုင်းပါပဲ။ ခွန်အား၊လျင်မြန်မှု ၊ လိုက်လျောညီထွေရှိမှုဆိုတဲ့အရာတွေသာမကဘဲ လှပမှု ၊ ခေတ်မီမှု ၊ Driving feeling တွေပါအကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ပြီးတော့ Hatchback တစ်စီးနဲ့မမျှအောင်ကို Safety တွေ၊Performance တွေကိုပိုင်ဆိုင်ထားတဲ့ကားတစ်စီးလို့ဆိုလိုက်ပါရစေ။သူ့ရဲ့စျေးနှုန်းက USD 47500 ရှိပြီး Warranty က 3 Years Kilo 100,000 ရရှိနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ Peugeot showroom အမှတ် (၂၂-ခ)၊ (၂၃-က)၊ ကမ္ဘာအေးဘုရား လမ်း၊ ရန်ကင်းမြို ့နယ်၊ ရန်ကုန်။ Hot Line Number 09-977 384 368 မှာဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Specification
Engine Type – PureTech engine 4 Cylinders
Engine Power-1.6L/1598 cc
Fuel –Petrol
Engine Drive- 2WD
Maximum Power(Km/rpm)- 120 / 3500
Maximum Torque(Nm/rpm)- 221 /1750
Transmission-6 speed AT
Fuel Consumption (L/100km)- 6.5
Maximum Speed (Km/h)-122
Zawgyi version….
ဒီ Issue မွာပါဝင္လာတဲ့ Peugeot 308 Hatchback ကျပည္တြင္းေစ်းကြက္နဲ႕အတန္ငယ္စိမ္းေကာင္းစိမ္းႏုိင္ပါတယ္။ဒါေၾကာင့္ သူ႕ရဲ႕အေၾကာင္းေလးမေျပာခင္မွာ Peugeot ကားထုတ္လုပ္ေရးအေၾကာင္းအနည္းငယ္အစျပဳေျပာခ်င္ပါတယ္။ Peugeot ကုမၸဏီက လြန္ခဲ့တဲ့ႏွစ္ေပါင္း 1810 ကတည္းက ျပင္သစ္ႏုိ္င္ငံမွာစတင္အေျခစုိက္ေပၚေပါက္လာတာျဖစ္ပါတယ္။ ကားေတြစထုတ္တာက 1882 ဆုိေတာ့ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ၾကာသက္တမ္းရွိတဲ့ကားကုမၸဏီတစ္ခုလုိ႕ဆုိရေတာ့မွာပါ။Peugeot မွာထူးျခားတာက Peugeot Logo ဟာ ျခေသၤ႔ပံုစံျဖစ္ျပီး Toughness(ခြန္အား)၊ Flexibility(လုိက္ေလ်ာညီေထြရွိမွဳ) နဲ႕Speed(လ်င္ျမန္မူ) ဆုိတဲ႕ အဓိပၸာယ္မ်ားနဲ႔ ေရးဆြဲ ခဲ့တဲ့ ဒီဇိုင္းျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ဒီဇယ္အင္ဂ်င္ေတြအတြက္ သီးသန္႔ထုတ္လုပ္ထားတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ေလွ်ာ့ခ်တဲ့စနစ္ (Particle Filter System ) နဲ႕အတူ ကမာၻ႔ကားေစ်းကြက္အတြင္း ေျခကုပ္ယူနိုင္ခဲ့ပါတယ္။ အခုမိတ္ဆက္ေပးမယ့္ Peugeot 308ဟာဆုိရင္လည္း ၂၀၁၄ ခုႏွစ္တုန္းက European Car of the Year ဆုကုိရရွိထားတာျဖစ္ျပီး Design နဲ႕Driving Feeling ေတြမွာ ေထာက္ခံခ်က္ေတြအမ်ားအျပားပုိင္ဆုိင္ထားတဲ့ကားတစ္စီးဆုိလည္း မမွားပါဘူး။ကဲဆက္ျပီး သူ႕အေၾကာင္းကို ေလ့လာၾကည့္ ရေအာင္ ပါ။
အျပင္ဘက္ပုိင္း
Peugeot 308 ဟာ ၂၀၀၇ ခုႏွစ္ကတည္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီး ဒီဇုိင္းပုိင္းလွပမွဳေတြေၾကာင့္ ဥေရာပကားေစ်းကြက္မွာ နာမည္ ရေနတဲ႔ကားတစ္စီးျဖစ္ျပီး အခု Test Drive လုပ္ခဲ့တဲ႔ 2017 Model ကဆန္းသစ္တဲ့နည္းပညာေတြေၾကာင့္လည္း ေအာင္ျမင္ မွဳေတြရရွိခဲ့ပါတယ္။ သူ႕ရဲ႕ရုပ္ထြက္က ၾကည့္လုိက္တာနဲ႕အားလုံးနဲ႕ကြဲထြက္သြားေစႏုိင္ေလာက္ေအာင္ထူးျခားပါတယ္။ ေဘာ္ဒီအခ်ိဳး အဆစ္ေတြက Aerodynamic ျဖစ္ျပီး Sport ပုံစံလည္းေပါက္ေအာင္ ေရွ႕ဘန္ဘာ၊ေဘာနက္ေတြ၊အနားေရးေၾကာင္းေတြက ပံ့ပုိးေပးထားပါတယ္။ ေနာက္ျပီး Chrome ေတြနဲ႕အလ်ားလုိက္ျပဳလုပ္ထားတဲ့ အေပၚရွဲရဲ႕အလယ္မွာ Peugeot ရဲ႕ Iconic Lion ပုံစံက ဝင့္ထယ္စြာတည္ရွိ ေနပါတယ္။ နည္းပညာအသစ္နဲ႕ျပဳလုပ္ထားတဲ့ Full LED Technology ေရွ႕မီး၊Day lamps နဲ႕ေအာက္ ဘက္မွာပါဝင္တဲ႔ Fog Lamps ေတြကလည္း ဒီကားေလးရဲ႕ဒီဇုိင္းကုိပုိျပီးဆန္းသစ္ေစမွာျဖစ္ပါတယ္။ ေနာက္ျပီးအလုိအေလ်ာက္ မီးအတင္အခ်စနစ္ပါဝင္သလုိ Auto Wiper စနစ္နဲ႕ေနာက္ကားရဲ႕မီးေရာင္ကုိေလွ်ာ့ခ်ေပးတဲ႔စနစ္ေတြလည္းပါဝင္မွာပါ။ ျပတင္း ေပါက္ေတြပတ္လည္ကုိလည္း Chrome ေတြနဲ႕တန္ဆာဆင္ထားျပန္ပါတယ္။ဒီကားက Hatchback ဆုိတာထက္ပုိျပီးေနရာက်ယ္ဝန္းတဲ့ Station Wagon တစ္စီးပုံစံေပါက္ေနသလုိ ေနာက္ပုိင္းဒီဇုိင္းကလည္း ေျပေျပျပစ္ျပစ္နဲ႕ Cargoခန္းကုိက်ယ္ဝန္းေအာင္ ဖန္တီး ေပးထားသလုိပါပဲ။ ေနာက္ျပီးေတာ့ ေနာက္မီးသီးေတြက Peugeot Signature Lion’s Claw Design ပုံစံျဖစ္တဲ့ ျခေသၤ့ လက္သည္းျခစ္ရာပုံစံမ်ိဳးဖန္တီးထားလုိ႕ထူးဆန္းလွပေနပါတယ္။ ဒါ့အျပင္ေခတ္မီဆန္းသစ္တဲ့ဒီဇုိင္းနဲ႕ဖန္တီးထားတဲ့ ၁၇ လက္မ Alloy ဘီးေတြကလည္း ဒီ Model ကုိ Sport ဆန္တဲ့ ကားေတြအသြင္ျဖစ္ဖုိ႕ ပ့ံပုိးကူညီေပးဦးမွာျဖစ္ပါတယ္။
အတြင္းခန္း
အထဲဝင္ဝင္ျခင္းမွာစတင္ထိေတြ႕ရတဲ႔ ထုိင္ခုံပို္င္းက သာမန္ကားတစ္စီးရဲ႕အေနအထားမ်ိဳးမဟုတ္ေၾကာင္းတန္းသိလုိက္ရပါတယ္။ Heat Ventilation စနစ္ပါတဲ့ထုိင္ခုံေတြက Motor seat မဟုတ္တာကလဲြရင္ က်န္တာကသက္ေတာင့္သက္သာရွိတယ္လုိ႕ဆုိရမွာပါ။ အင္ဂ်င္ Start/stop ကတျခားကားေတြလုိ ဒတ္ရွ္ဘုတ္နားမွာမဟုတ္ေတာ့ဘဲ ဂီယာတံနားကုိေရာက္သြားတာကုိေတြ႕ရပါတယ္။အတြင္းခန္းက ရုိးရွင္းစြာတည္ေဆာက္ထားေပမယ့္ က်ယ္ဝန္းမွဳ၊သက္ေတာင့္သက္သာရွိမွဳစတဲ့အခ်က္ေတြကုိေတာ့ခံစားခဲ့ရပါတယ္။ ေနာက္ျပီး ဒီကားရဲ႕အထူးျခားဆုံးတစ္ခုလုိ႕ဆုိရမွက PEUGEOT i-Cockpit® နည္းပညာပါ။အဲဒါက ကားေမာင္းသူတစ္ဦးရဲ႕စိတ္တုိင္းက်မွဳ ကုိရရွိေစဖုိ႕အထူးျပဳလုပ္ဖန္တီးေပးထားတာျဖစ္ျပီး ကားကယာဥ္ေမာင္းရဲ႕စိတ္ထဲကပုံစံနဲ႕တစ္ထပ္တည္းက်ေနေအာင္ေကာင္းမြန္တဲ့ Drive Feeling ကုိရရွိေစရုံသာမကဘဲ ဒုိင္ခြက္၊ 9.7” ရွိ Touch Screen နဲ႕Controlေတြအားလုံးက ၾကည့္ရွဳရတာ၊အလုပ္လုပ္ရတာပုိျပီး သြက္လက္ျမန္ဆန္လာေစတာပဲျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ အဲဒါက Driver ကားေပၚတက္ျပီးစက္ႏွိဳးလုိက္တာနဲ႕သက္ေသာင့္သက္ သာရွိေစတဲ႔ ပုံစံမ်ိဳးေျပာင္းလဲေပးဦးမွာပါ။ အဆင့္ျမင့္လည္သာေတြနဲ႕လုပ္ထားတဲ့ D – Shape ပုံစံစတီယာရင္မွာ ဖုန္း၊Audio နဲ႕ Cruise Control ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့ Control ေတြပါဝင္သလုိ 9.7” Touch Screen မွာဆုိလည္း radio, telephone ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့စနစ္ေတြပါဝင္ပါတယ္။ဒါ့အျပင္ အဲဒီ Screen ကုိဖုန္းနဲ႕တုိက္ရုိက္ခ်ိတ္ဆက္ျပီး Tablet ဖုန္းတစ္လုံးအသြင္ ေျပာင္းျပီး အသုံးျပဳလုိ႕ရပါေသးတယ္။ အဲဒီမွာပဲ တိက်ျပီးၾကည္လင္ျပတ္သားတဲ့အေရာင္ေတြပါဝင္တဲ့ Back Camera လည္းထည့္ သြင္းထားပါေသးတယ္။ ေနာက္ျပီး 308 မွာၾကည္လင္ျပတ္သားျပီးၾကီးမားတဲ့ 1.44m2 ရွိ Panoramic Moon Roof လည္းပါဝင္သလုိ Touch Screen နဲ႕ခ်ိတ္ဆက္ထားတဲ႔ Dual Ventilation System အဲကြန္းလည္းပါဝင္ပါတယ္။
စြမ္းေဆာင္ရည္
Peugeot 308 က 1600cc Turbo Gasoline engine ကုိသုံးထားတာေၾကာင့္ Hatchback ေတြထဲမွာေတာ့ စြမ္း ေဆာင္ရည္ေကာင္းမယ့္ကား တစ္စီးအျဖစ္ သတ္မွတ္ရေတာ့မွာပါ။ ပထမဆုံးေျပာလုိိတာက ဒီကားမွာသုံးထားတဲ့ PureTech engine အေၾကာင္းပါ။ဒီအင္ဂ်င္က ေလာင္က်ြမ္းမွဳပုိေကာင္းတယ္၊ ပြတ္တုိက္မွဳအားနည္းလုိ႕ဆီစားသက္သာတယ္၊အေလးခ်ိန္ေပါ့လုိ႔ ကား ရဲ႕ျမန္ႏွုန္းပုိေကာင္းေစတယ္၊ ျပီးေတာ့ Co2 ထြက္ရွိႏွုန္းနည္းပါးတယ္။ ။ ဒီအခ်က္ေတြေၾကာင့္ပဲ Peugeot ရဲ႕ PureTech engine ဟာ ၂၀၁၅ ကေန၂၀၁၇ အထိ ‘International Engine of the Year ဆုေတြကုိသိမ္းပုိက္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အျမင့္ဆုံး ပါဝါထြက္ရွိမွဳက 120 km/rpm 3500 နဲ႕အျမင့္ဆုံးရုန္းအားက 221 Nm/rpm 1750 ရွိျပီး အျမန္ဆုံးေမးႏွင္ႏုိင္မွဳက ၁ နာရီကုိ ၁၂၂ ကီလုိျဖစ္ပါတယ္။ ေရွ႕suspension ကုိ coil spring, gas damper, anti roll bar ေတြနဲ႕လုပ္ထားျပီးေနာက္ကုိေတာ့ Torsion bar, coil spring, hydraulic double acting shock absorber ကုိသုံးထားပါတယ္။ Brake ကုိေတာ့ ေရွ႕ေနာက္ ၂ ခုလုံးကုိ Disc ဘရိတ္ ေတြခ်ည္းပဲသုံးထားပါတယ္။ ေမာင္းႏွင္ၾကည့္တဲ့အခါမွာလည္း Peugeot ကေၾကညာထားသလုိပါပဲ။ ဒီကားေလးကေကာင္းမြန္တဲ့ Handling , Speed နဲ႕ကုိယ္စိတ္တုိင္းက်သြားေပးေနတဲ့ ကားတစ္စီး ဆုိတာ ကုိ လက္ခံလုိက္ရသလုိ ကားကအရမ္းကုိ Sharp ျဖစ္ေနပါတယ္။
လံုျခံဳေရး
Air Bag 6 လုံးေတာင္သုံးစြဲထားတာကုိၾကည႔္ရင္ 308 ကဥေရာပကားပီပီ Safety ကုိဦးစားေပးထားတယ္ဆုိတာလည္းေပၚလြင္ ေစပါတယ္။ ဆင္ဆာ ၈ လုံးပါဝင္ျပီး ABS,EBD,EBA,ESP တုိ႔လုိအေရးေပၚဘရိတ္အုပ္ေပးတဲ့စနစ္ေတြလည္းပါဝင္ပါေသးတယ္။ Traction Control System လုိလမ္းမေခ်ာ္ေစဖုိ႕ထိန္းခ်ဴပ္ေပးတဲ့စနစ္ေတြပါဝင္သလုိ Seat Belt ကလည္းယာဥ္မေတာ္တဆမွဳျဖစ္ရင္ အထိအခုိက္နည္းေအာင္ ပုံစံ ၃ မ်ိဳးနဲ႕လူကုိ တင္းၾကပ္ေပးမွာျဖစ္ပါတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
Peugeot 308 က သူတုိ႕ရဲ႕ဂုဏ္ပုဒ္အတုိင္းပါပဲ။ ခြန္အား၊လ်င္ျမန္မွဳ ၊ လုိက္ေလ်ာညီေထြရွိမွဳဆုိတဲ့အရာေတြသာမကဘဲ လွပမွဳ ၊ ေခတ္မီမွဳ ၊ Driving feeling ေတြပါအေကာင္းဆုံးအေနအထားမွာရွိေနပါတယ္။ျပီးေတာ့ Hatchback တစ္စီးနဲ႕မမွ်ေအာင္ကုိ Safety ေတြ၊Performance ေတြကုိပုိင္ဆုိင္ထားတဲ့ကားတစ္စီးလုိ႕ဆုိလုိက္ပါရေစ။သူ႕ရဲ႕ေစ်းႏွဳန္းက USD 47500 ရွိျပီး Warranty က 3 Years Kilo 100,000 ရရွိႏုိင္မွာျဖစ္ပါတယ္။ စိတ္ဝင္စားရင္ေတာ့ Peugeot showroom အမွတ္ (၂၂-ခ)၊ (၂၃-က)၊ ကမၻာေအးဘုရား လမ္း၊ ရန္ကင္းျမိဳ ႔နယ္၊ ရန္ကုန္။ Hot Line Number 09-977 384 368 မွာဆက္သြယ္ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။
Specification
Engine Type – PureTech engine 4 Cylinders
Engine Power-1.6L/1598 cc
Fuel –Petrol
Engine Drive- 2WD
Maximum Power(Km/rpm)- 120 / 3500
Maximum Torque(Nm/rpm)- 221 /1750
Transmission-6 speed AT
Fuel Consumption (L/100km)- 6.5
Maximum Speed (Km/h)-122