Unicode Version…
ဒီကားအကြောင်းမပြောခင်မှာ Peugeot အကြောင်းအနည်းငယ်လေးရှင်းပြလိုပါတယ်။ နှစ်ပေါင်း 207 နှစ် သက်တမ်းရှိ ပြင်သစ်နိုင်ငံထုတ် Peugeot ဟာသက်တမ်းရင့်ကားကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ Peugeot Logo ဟာ ခြင်္သေ့ပုံစံဖြစ်ပြီး Toughness(ခွန်အား)၊ Flexibility(လိုက်လျောညီထွေရှိမှု) နဲ့ Speed(လျင်မြန်မူ) ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ရေးဆွဲခဲ့တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ပြင်သစ်၊ ဥရောပ၊ တရုတ် နဲ့ တောင်အမေရိက အစရှိတဲ့နေရာတွေမှာ မော်တော်ကားတွေ ထုတ်လုပ်တပ်ဆင်လျက်ရှိပြီး 2012 ခုနှစ်အရောက်မှာ ကားအစီးရေ 2.9 သန်းကျော် အထိ ထုတ်လုပ်ရောင်းချခဲ့ရပါတယ်။ ဆုတံဆိပ်ပေါင်းများစွာလည်းရရှိခဲ့ပြီး ဥရောပအခြေစိုက် ကမ္ဘာ့ဒုတိယမြောက် အကြီးမားဆုံး မော်တော်ကား ကုမ္ပဏီ တစ်ခုအဖြစ်ရပ်တည်နေခဲ့ပါတယ်။ ကဲ…ဒီတော့ Peugeot ရဲ့အကြီးစားမော်ဒယ် 5008 အကြောင်းဆက်ပြောကြည့်ရအောင်ပါ။ သူက 2009 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး မော်ဒယ်လိုင်း ၂ မျိုးနဲ့ထုတ်ခဲ့ပါတယ်။ တစ်မျိုးက compact MPV ဖြစ်ပြီး နောက် တစ်မျိုးက mid-size crossover SUV ဖြစ်ပါတယ်။ ပြည်တွင်းကို compact MPV တွေစတင်ဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ SUV တစ်မျိုးတည်းပဲ တင်သွင်းရောင်းချတော့တာဖြစ်ပါတယ်။ ဒီကားက PSA EMP2 platform ပေါ်မှာအခြေခံထားပြီး 3008 ကို အကြီးစားထုတ်လုပ်ထားတာဆိုရင်လည်းမမှားပါဘူး။ ခုံ ၃ တန်းနဲ့ ၇ယောက်စီးပုံစံထုတ်ထားတဲ့ 5008 မှာဘာတွေပါလာမလဲ။ဘယ်လိုထူးခြားမှုတွေပြည့်နေမလဲဆိုတာ ဆက် ကြည့်ရအောင်ပါနော်။
ရုပ်ထွက်ပိုင်း
ပထမမျိုးဆက်ဖြစ်တဲ့ အရင် ၂၀၁၆ အောက်မော်ဒယ်တွေထက်ပိုပြီး ထူးခြားတဲ့ရုပ်သွင်တွေကို ပိုင်ဆိုင်ထားတဲ့ Peugeot 5008 မှာ ရှေ့ရှဲဒီဇိုင်းတွေကလုံးဝကို ခန့်ညားလှပသွားပါတယ်။ Chrome တွေနဲ့ပြုလုပ်ထားတဲ့ Radiator ပျားအုံပုံစံရှဲတွေကို ပတ်ပတ်လည်ငွေရောင်အနားကွပ်တွေစီခြယ်ထားသလို လှပပြီးသေသပ်တဲ့ လေခွင်းပေါက်တွေ၊ အောက်ဘက်က ရှေ့ဗိုက်ကာကိုဒီဇိုင်းဆင်ထားတာတွေ၊ Fog Lamp ကိုသီးသန့် Chrome နဲ့ဝန်းရံထားတွေကြောင့်သူ့ပုံစံကအရမ်းကိုထူးခြားနေပါတယ်။ ဥရောပကားဆိုတာမပြောလည်းဘဲ သူ့ရုပ်သွင် ကိုကြည့်လိုက်ရုံနဲ့ သိသာနေစေသလို လှပပြီးအပိုအလိုမရှိအောင် ဗိသုကာလက်ရာ မြောက်အနားရေးကြောင်း တွေ၊လေခွင်းအားကောင်းစေမယ့် ဘော်ဒီတည်ဆောက်ပုံတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီးတော့ လင်းအားကောင်းပြီး ကားနဲ့အတူလိုက်ပါကွေ့နိုင်တဲ့ LED daytime တွေပါတဲ့ Full LED ရှေ့မီးကြီးပါရှိပြီး အလိုအလျောက်အာရုံခံအလုပ်လုပ်ပေးတဲ့ Wiper စနစ်လည်းပါဝင်ပါတယ်။ဒါ့အပြင် ကားတံခါး ဘောင်တွေ၊ ဘေးဘက် တွေမှာလည်း ငွေရောင် Chrome တွေနဲ့အနားကွပ်ပေးထားပြီး နောက်ဘက်ကတော့ Peugeot ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ခြင်္သေ့လက်သည်းရာ ၃ ခုပုံစံဖန်တီးထားတဲ့ LED နောက်မီး တွေပါဝင်ပါတယ်။ 18″ alloy wheels တွေလည်းပါရှိပြီး Aluminium နဲ့လုပ်ထားတဲ့ အမိုးကိုင်းတွေလည်း ထည့်သွင်းထားပါတယ်။
အတွင်းခန်း
ပထမဆုံးပြောလိုတာက ဒီကားကပြည်တွင်းရောက်ကားတွေထဲမှာ အလွန်ထူးခြားသလို စုံလင်တဲ့နည်း ပညာပံ့ပိုးမှုတွေကြောင့် လုံးဝကိုအသိအမှတ်ပြုရမယ့် မော်ဒယ်တစ်ခုဖြစ်ပါတယ်။ All-new PEUGEOT 5008 SUV မှာ အသစ်ဖန်တီးလိုက်တဲ့ PEUGEOT i-Cockpit နည်းပညာပါဝင်လာပြီး အဲဒါကကားမောင်း သူတစ်ဦးရဲ့စိတ်တိုင်းကျမှုကိုရရှိစေဖို့အထူးပြုလုပ်ဖန်တီးပေးထားတာဖြစ်ကာ ကားကယာဉ်မောင်းရဲ့ စိတ်ထဲ ကပုံစံနဲ့တစ်ထပ်တည်းကျနေအောင်ကောင်းမွန်တဲ့ Drive Feeling ကိုရရှိစေရုံသာမကဘဲ 12.3” head-up digital instrument panel ဒိုင်ခွက်၊ 8” ရှိ Touch Screen နဲ့Controlတွေအားလုံးက ကြည့်ရှုရ တာ၊အလုပ်လုပ်ရတာပိုပြီး သွက်လက်မြန်ဆန်လာစေတာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒါက Driver ကား ပေါ်တက်ပြီးစက်နှိုးလိုက်တာနဲ့သက်သောင့်သက်သာရှိစေတဲ့ ပုံစံမျိုးပြောင်းလဲပေးဦးမှာပါ။ ပြီးတော့ အဆင့်မြင့်လည်သာတွေနဲ့လုပ်ထားတဲ့ D – Shape ပုံစံစတီယာရင်မှာ ဖုန်း၊Audio နဲ့ Cruise Control တွေကိုထိန်းချူပ်နိုင်တဲ့ Control တွေပါဝင်သလို 8” Touch Screen မှာဆိုလည်း radio, telephone , 3D Navigation တွေကိုထိန်းချူပ်နိုင်တဲ့စနစ်တွေပါဝင်ပါတယ်။ဒါ့အပြင် အဲဒီ Screen ကိုဖုန်းနဲ့တိုက် ရိုက်ချိတ် ဆက်ပြီး Tablet ဖုန်းတစ်လုံးအသွင် ပြောင်းပြီး အသုံးပြုလို့ ရပါသေးတယ်။ Apple CarPlay™, MirrorLink® and Android Auto တွေကိုချိတ်ဆက်သုံးနိုင်ပြီး အဲဒီမှာပဲ တိကျပြီးကြည်လင်ပြတ်သား တဲ့အရောင် တွေပါဝင်တဲ့ Back Camera လည်းထည့်သွင်းထားပါသေးတယ်။ နောက်ပြီး 5008 မှာကြည်လင်ပြတ် သားပြီးကြီးမားတဲ့ Panoramic Moon Roof လည်းပါဝင်သလို Touch Screen နဲ့ချိတ်ဆက်ထားတဲ့ Dual Ventilation System အဲကွန်းလည်းပါဝင်ပါတယ်။ Button အချို့ကို Piano ခလုတ်ပုံစံပြုလုပ်ပေးထားပြီး ဖုန်းအားသွင်းဖို့အတွက်ကတော့ အဆင့်မြင့် ကားတွေသုံး wireless charging စနစ်ပါရှိပါတယ်။ ထိုင်ခုံ တွေကိုကြည့်မယ်ဆိုရင်လည်း အပူ၊အအေးပေးစနစ်တွေပါတဲ့ ရှေ့ခုံတွေမှာဆိုရင်လည်း ပုံစံ ၅ မျိုးပါတဲ့ အနှိပ်စနစ်ကိုထည့်သွင်းထားပါသေးတယ်။ ရှေ့ခုံတွေက Memory နဲ့မှတ်သားလို့ရတဲ့စနစ်တွေပါပြီး မော်တာနဲ့ လိုသလိုချိန်ညှိနိုင်ဦးမှာဖြစ်ပါတယ်။ ပြီးတော့ ထိုင်ခုံတွေက အကောင်းစား Nappa လည်သာတွေဖြစ်ပြီး ကျန်းမာရေးအရစီးနင်းသူကိုထောက်ပံ့ပေးနိုင်မယ့် ပုံစံမျိုးတည်ဆောက်ပေးထားပါတယ်။ အတွင်းခန်း ဒတ်ရှ် ဘုတ်နဲ့ဘောင်တွေမှာထည့်သွင်းအသုံးပြုထားတာတွေက သစ်သားတွေမဟုတ်ဘဲလှပပြီးထူးခြားတဲ့ ရှမွိုင်းသား လိုပုံစံတွေဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ အနံ့ ၃ မျိုးရွေးချယ်နိုင်တဲ့ ကိုယ်ပိုင်ကား အတွင်း ခန်းရေမွှေးကို ထည့်သွင်းပေးထားတာဖြစ်ပြီး အဲဒါက refill လုပ်လို့ရပါသေးတယ်။ နောက် တစ်ခုကတော့ အတွင်းခန်းမီးတွေကို လှပစွာထည့် သွင်းပေးထားပြီး အပြင်ကကြည့်ရင်ကားအတွင်းခန်းက အပြာရောင် လဲ့လဲ့နဲ့စွဲမက်စရာဖြစ်နေဦးမှာပါ။ ပစ္စည်း ထည့်စရာအနေနဲ့ ရှေ့လက်တင်ခုံမှာ 30 litres storage ပါရှိပြီး အဲဒီမှာအအေးပေးစနစ်လည်းပါရှိပါသေးတယ်။ ဘေးဘောင်တွေတိုင်းမှာ 3.5 litres storage တွေပါရှိပြီး ရှေ့နဲ့နောက်ထိုင်ခုံတွေနောက်မှာတော့ 2.2 litres storage တွေပါဝင်ပါတယ်။ ဒုတိယခုံတန်းနဲ့ တတိ ယခုံတန်းတွေကို အပြည့်ခေါက်သိမ်းနိုင်ပြီး ပစ္စည်းတွေလိုသလို ထည့်သွင်းနိုင်ပါသေးတယ်။ ဒီကားမှာ ဖျော်ဖြေရေးအတွက်တော့ Focal Hi-fi speaker system Speakers ၉ လုံးကိုထည့်သွင်းပေးထားပါတယ်။ နောက်တံခါးကတော့ Smart Electric Tailgate စနစ်လည်းဖြစ်ပါတယ်။
စွမ်းဆောင်ရည်
ဒီကားမှာ 3-cylinder PureTech 1.6 L Turbo ဓါတ်ဆီအင်ဂျင်ကိုထည့်သွင်းထားပြီး ဒီအင်ဂျင် သစ်မှာအလေးချိန်နဲ့အရွယ်အစားကိုလျှော့ချထားပြီး driving pleasure နဲ့ high-level performance ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Automatic Transmission 6-Speed ဖြစ်ပါတယ်။စွမ်းအင်ထွက်ရှိမှုကတော့ 165hp ရှိပြီး ရုန်းအားက 400 Nm ဖြစ်ပါတယ်။ Acceleration က 9.8s (0-100 km/h) ဖြစ်ပြီး Top Speed က 208km/h အထိသွားနိုင်ပါတယ်။ ထပ်ပြောစရာရှိသေးတာကတော့ Electric Impulse Automatic Gearbox Control ဖြစ်ပြီး လည်သာကို chrome တွေနဲ့ရံထားပြီး piano black အရောင်ရှိ တဲ့ဂီယာတံက ကိုင်တွယ်ထိန်းချုပ်ရတာ အရမ်း သက်သောင့်သက်သာရှိသလို Manual Mode ပြောင်းချင် ရင်လည်း ‘M’ button ကိုအလွယ်တကူပြောင်းနိုင်ဖို့တည်ဆောက်ပေးထားပါတယ်။ ဒါက စတီယာရင်မှာရှိတဲ့ paddles shift နဲ့ချိတ် ဆက်ပြီးမောင်းနှင်နိုင်ဦးမှာဖြစ်ပါတယ်။





လုံခြုံရေး
Euro NCAP testing မှာကြည် ၅ ပွင့်ရရှိထားတဲ့ကားပီပီ လုံခြုံရေးစနစ်တွေက စုံလင်လှပါတယ်။ လုပ်ဆောင်မှု ၂ ခုပါတဲ့ Adaptive Cruise Control with Stop (ACC Stop) , Active Blind Spot Detection (ABSD) ၊, Airbag(Front,side,curtion,Knee),ABS, Electronic Brake Distribution , Stability Control , Immobilizer, Distance Alert System ပါတဲ့ Automatic Emergency Braking System , Lane Departure Warning , Speed Limit Recognition and Recommendation , ညဘက်မောင်းနှင်မှုတွေမှာ မီးကြီးစနစ်ကိုကူညီပေးနိုင်တဲ့ PEUGEOT Smartbeam Assistance , 180 °Colour Reversing Camera , Hill Assist Descent Control (HADC), Driver Attention Alert စတဲ့စနစ်တွေထည့်သွင်းထားလို့ ဘေးကင်းစွာစီးနင်းနိုင်မှာဖြစ်ပါတယ်။
စမ်းသပ်မောင်းနှင်ခြင်း
မောင်းနှင်မှုပုံစံအပိုင်းမှာလည်း ဒီကားက တော်တော်လေးအဆင်ပြေတာကို တွေ့ရပါတယ်။ စတီယာရင်စနစ်၊ ဂီယာကိုကိုယ်တွယ်ထိန်းချုပ်ရတာတွေက ကောင်းပါတယ်။ စုံလင်တဲ့နည်းပညာပံ့ပိုးမှုတွေကြောင့် အကွေ့တွေ၊ High Speed မောင်းနှင်ရတာတွေမှာ သဘောကျကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ပြီးတော့ မျက်နှာပြင် အနေအထားပေါင်းစုံအတွက် Drive Mode တွေ၊ Manual ပုံစံမောင်းတာတွေပါ စမ်းသပ်ဖြစ်ခဲ့ပါတယ်။ တော် တော်လေး ကောင်းမွန်သလို စိတ်တိုင်းကျခဲ့ရပါတယ်။ i-Cockpit နည်းပညာကြောင့် ကားကကိုယ့် စိတ်ကိုသိနေသလိုပါပဲ။ မောင်းရတာ အဆင်ပြေစေပါတယ်။ ဘရိတ်စနစ်လည်းကောင်းသလို အောက်ပိုင်း စနစ်ကလည်း သက်သောင့်သက်သာရှိလှပါတယ်။ 1.6 ပေမယ့် တော်တော်လေးရုန်းအား၊ဆွဲအား ကောင်းတာကိုတွေ့ခဲ့ရပါတယ်။




ဈေးနှုန်းနှင့် သုံးသပ်ချက်
ဒီကားက ဥရောပ Standard နဲ့အညီထုတ်လုပ်ထားတာဆိုတော့ တော်တော်လေးကို နည်းပညာမြင့်ပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေ၊မောင်းနှင်ရတာတွေ၊Driver ကိုအထောက်အကူပြုတဲ့စနစ်တွေပါလို့ ဒီကားက ပြည်တွင်း ဈေးကွက်မှာတော်တော်လေး လူသိများလာပါပြီ။ ဒါပေမဲ့ ဒီကားမှာပါတဲ့ အတွင်းခန်းနဲ့ဒတ်ရှ်ဘုတ်တွေမှာ အလှဆင်ထားတဲ့အသားတွေက မတော်တဆရေစိုရင် အမွှေးတွေပွထွက်ပြီးပျက်စီးသွားနိုင်တာမျိုးရှိသလို အပိုပစ္စည်းကလည်း ဥရောပကားဆိုတော့ နည်းနည်းရှားပါးဈေးကြီးနိုင်တာလောက်ပဲ အားနည်းချက် အဖြစ်တွေ့ရပါတယ်။ ကျန်တာတွေကတော့ တန်းမီတဲ့ SUV တစ်စီးအဖြစ်သေချာပေါက်လက် သင့်ခံရမှာဖြစ်ပါတယ်။ ဈေးကတော့ USD 78500 ပဲဖြစ်ပါတယ်။
Specification…
Engine – PureTech 1.6 L Turbo
Fuel – Petrol
Transmissions – 6 Speed Auto with Manual Mode
Maximum Power – 165 HP
Maximum Torque – 400 Nm
Drivetrain – 4WD
Top Speed (Km/h) – 208
Zawgyi Version…
ဥေရာပရဲ႕ အေကာင္းဆုံးေတြကုိ ယူေဆာင္လာတဲ့ SUV တစ္စီး (သို႔) Peugeot 5008
ဒီကားအေၾကာင္းမေျပာခင္မွာ Peugeot အေၾကာင္းအနည္းငယ္ေလးရွင္းျပလုိပါတယ္။ နွစ္ေပါင္း 207 နွစ္ သက္တမ္းရွိ ျပင္သစ္နိုင္ငံထုတ္ Peugeot ဟာသက္တမ္းရင့္ကားကုမၸဏီတစ္ခုလည္းျဖစ္ပါတယ္။ Peugeot Logo ဟာ ျခေသၤ႔ပံုစံျဖစ္ျပီး Toughness(ခြန္အား)၊ Flexibility(လုိက္ေလ်ာညီေထြရွိမွဳ) နဲ႔ Speed(လ်င္ျမန္မူ) ဆုိတဲ့ အဓိပၸာယ္ေတြနဲ႔ ေရးဆြဲခဲ့တဲ့ ဒီဇိုင္းျဖစ္ပါတယ္။ ျပင္သစ္၊ ဥေရာပ၊ တရုတ္ နဲ႔ ေတာင္အေမရိက အစရွိတဲ့ေနရာေတြမွာ ေမာ္ေတာ္ကားေတြ ထုတ္လုပ္တပ္ဆင္လ်က္ရွိျပီး 2012 ခုနွစ္အေရာက္မွာ ကားအစီးေရ 2.9 သန္းေက်ာ္ အထိ ထုတ္လုပ္ေရာင္းခ်ခဲ့ရပါတယ္။ ဆုတံဆိပ္ေပါင္းမ်ားစြာလည္းရရွိခဲ့ျပီး ဥေရာပအေျခစိုက္ ကမာၻ႔ဒုတိယေျမာက္ အၾကီးမားဆံုး ေမာ္ေတာ္ကား ကုမၸဏီ တစ္ခုအျဖစ္ရပ္တည္ေနခဲ့ပါတယ္။ ကဲ…ဒီေတာ့ Peugeot ရဲ႕အၾကီးစားေမာ္ဒယ္ 5008 အေၾကာင္းဆက္ေျပာၾကည့္ရေအာင္ပါ။ သူက 2009 ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ျပီး ေမာ္ဒယ္လုိင္း ၂ မ်ိဳးနဲ႕ထုတ္ခဲ့ပါတယ္။ တစ္မ်ိဳးက compact MPV ျဖစ္ျပီး ေနာက္ တစ္မ်ိဳးက mid-size crossover SUV ျဖစ္ပါတယ္။ ျပည္တြင္းကုိ compact MPV ေတြစတင္ဝင္ေရာက္ခဲ့ျပီး လက္ရွိမွာေတာ့ SUV တစ္မ်ိဳးတည္းပဲ တင္သြင္းေရာင္းခ်ေတာ့တာျဖစ္ပါတယ္။ ဒီကားက PSA EMP2 platform ေပၚမွာအေျခခံထားျပီး 3008 ကုိ အၾကီးစားထုတ္လုပ္ထားတာဆုိရင္လည္းမမွားပါဘူး။ ခုံ ၃ တန္းနဲ႕ ၇ေယာက္စီးပုံစံထုတ္ထားတဲ့ 5008 မွာဘာေတြပါလာမလဲ။ဘယ္လုိထူးျခားမွဳေတြျပည့္ေနမလဲဆုိတာ ဆက္ ၾကည့္ရေအာင္ပါေနာ္။
ရုပ္ထြက္ပုိင္း
ပထမမ်ိဳးဆက္ျဖစ္တဲ့ အရင္ ၂၀၁၆ ေအာက္ေမာ္ဒယ္ေတြထက္ပုိျပီး ထူးျခားတဲ့ရုပ္သြင္ေတြကုိ ပုိင္ဆုိင္ထားတဲ့ Peugeot 5008 မွာ ေရွ႕ရွဲဒီဇုိင္းေတြကလုံးဝကုိ ခန္႔ညားလွပသြားပါတယ္။ Chrome ေတြနဲ႕ျပဳလုပ္ထားတဲ့ Radiator ပ်ားအုံပုံစံရွဲေတြကုိ ပတ္ပတ္လည္ေငြေရာင္အနားကြပ္ေတြစီျခယ္ထားသလုိ လွပျပီးေသသပ္တဲ့ ေလခြင္းေပါက္ေတြ၊ ေအာက္ဘက္က ေရွ႔ဗုိက္ကာကုိဒီဇုိင္းဆင္ထားတာေတြ၊ Fog Lamp ကုိသီးသန္႕ Chrome နဲ႕ဝန္းရံထားေတြေၾကာင့္သူ႕ပုံစံကအရမ္းကုိထူးျခားေနပါတယ္။ ဥေရာပကားဆုိတာမေျပာလည္းဘဲ သူ႕ရုပ္သြင္ ကုိၾကည့္လုိက္ရုံနဲ႔ သိသာေနေစသလုိ လွပျပီးအပုိအလုိမရွိေအာင္ ဗိသုကာလက္ရာ ေျမာက္အနားေရးေၾကာင္း ေတြ၊ေလခြင္းအားေကာင္းေစမယ့္ ေဘာ္ဒီတည္ေဆာက္ပုံေတြကုိလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ေနာက္ျပီးေတာ့ လင္းအားေကာင္းျပီး ကားနဲ႔အတူလုိက္ပါေကြ႕ႏိုင္တဲ့ LED daytime ေတြပါတဲ့ Full LED ေရွ႔မီးၾကီးပါရွိျပီး အလုိအေလ်ာက္အာရုံခံအလုပ္လုပ္ေပးတဲ့ Wiper စနစ္လည္းပါဝင္ပါတယ္။ဒါ့အျပင္ ကားတံခါး ေဘာင္ေတြ၊ ေဘးဘက္ ေတြမွာလည္း ေငြေရာင္ Chrome ေတြနဲ႔အနားကြပ္ေပးထားျပီး ေနာက္ဘက္ကေတာ့ Peugeot ရဲ႕အမွတ္သေကၤတျဖစ္တဲ့ ျခေသၤ့လက္သည္းရာ ၃ ခုပုံစံဖန္တီးထားတဲ့ LED ေနာက္မီး ေတြပါဝင္ပါတယ္။ 18″ alloy wheels ေတြလည္းပါရွိျပီး Aluminium နဲ႕လုပ္ထားတဲ့ အမိုးကိုင္းေတြလည္း ထည့္သြင္းထားပါတယ္။
အတြင္းခန္း
ပထမဆုံးေျပာလုိတာက ဒီကားကျပည္တြင္းေရာက္ကားေတြထဲမွာ အလြန္ထူးျခားသလုိ စုံလင္တဲ့နည္း ပညာပ့ံပုိးမွဳေတြေၾကာင့္ လုံးဝကုိအသိအမွတ္ျပဳရမယ့္ ေမာ္ဒယ္တစ္ခုျဖစ္ပါတယ္။ All-new PEUGEOT 5008 SUV မွာ အသစ္ဖန္တီးလုိက္တဲ့ PEUGEOT i-Cockpit နည္းပညာပါဝင္လာျပီး အဲဒါကကားေမာင္း သူတစ္ဦးရဲ႕စိတ္တုိင္းက်မွဳကုိရရွိေစဖုိ႕အထူးျပဳလုပ္ဖန္တီးေပးထားတာျဖစ္ကာ ကားကယာဥ္ေမာင္းရဲ႕ စိတ္ထဲ ကပုံစံနဲ႕တစ္ထပ္တည္းက်ေနေအာင္ေကာင္းမြန္တဲ့ Drive Feeling ကုိရရွိေစရုံသာမကဘဲ 12.3” head-up digital instrument panel ဒုိင္ခြက္၊ 8” ရွိ Touch Screen နဲ႕Controlေတြအားလုံးက ၾကည့္ရွဳရ တာ၊အလုပ္လုပ္ရတာပုိျပီး သြက္လက္ျမန္ဆန္လာေစတာပဲျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ အဲဒါက Driver ကား ေပၚတက္ျပီးစက္ႏွိဳးလုိက္တာနဲ႕သက္ေသာင့္သက္သာရွိေစတဲ႔ ပုံစံမ်ိဳးေျပာင္းလဲေပးဦးမွာပါ။ ျပီးေတာ့ အဆင့္ျမင့္လည္သာေတြနဲ႕လုပ္ထားတဲ့ D – Shape ပုံစံစတီယာရင္မွာ ဖုန္း၊Audio နဲ႕ Cruise Control ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့ Control ေတြပါဝင္သလုိ 8” Touch Screen မွာဆုိလည္း radio, telephone , 3D Navigation ေတြကုိထိန္းခ်ဴပ္ႏုိင္တဲ့စနစ္ေတြပါဝင္ပါတယ္။ဒါ့အျပင္ အဲဒီ Screen ကုိဖုန္းနဲ႕တုိက္ ရုိက္ခ်ိတ္ ဆက္ျပီး Tablet ဖုန္းတစ္လုံးအသြင္ ေျပာင္းျပီး အသုံးျပဳလုိ႕ ရပါေသးတယ္။ Apple CarPlay™, MirrorLink® and Android Auto ေတြကုိခ်ိတ္ဆက္သုံးႏိုင္ျပီး အဲဒီမွာပဲ တိက်ျပီးၾကည္လင္ျပတ္သား တဲ့အေရာင္ ေတြပါဝင္တဲ့ Back Camera လည္းထည့္သြင္းထားပါေသးတယ္။ ေနာက္ျပီး 5008 မွာၾကည္လင္ျပတ္ သားျပီးၾကီးမားတဲ့ Panoramic Moon Roof လည္းပါဝင္သလုိ Touch Screen နဲ႕ခ်ိတ္ဆက္ထားတဲ႔ Dual Ventilation System အဲကြန္းလည္းပါဝင္ပါတယ္။ Button အခ်ိဳ႕ကုိ Piano ခလုတ္ပုံစံျပဳလုပ္ေပးထားျပီး ဖုန္းအားသြင္းဖုိ႔အတြက္ကေတာ့ အဆင့္ျမင့္ ကားေတြသုံး wireless charging စနစ္ပါရွိပါတယ္။ ထုိင္ခုံ ေတြကုိၾကည့္မယ္ဆုိရင္လည္း အပူ၊အေအးေပးစနစ္ေတြပါတဲ့ ေရွ႕ခုံေတြမွာဆုိရင္လည္း ပုံစံ ၅ မ်ိဳးပါတဲ့ အႏွိပ္စနစ္ကုိထည့္သြင္းထားပါေသးတယ္။ ေရွ႕ခုံေတြက Memory နဲ႔မွတ္သားလုိ႔ရတဲ့စနစ္ေတြပါျပီး ေမာ္တာနဲ႔ လုိသလုိခ်ိန္ညွိႏိုင္ဦးမွာျဖစ္ပါတယ္။ ျပီးေတာ့ ထုိင္ခုံေတြက အေကာင္းစား Nappa လည္သာေတြျဖစ္ျပီး က်န္းမာေရးအရစီးနင္းသူကုိေထာက္ပံ့ေပးႏိုင္မယ့္ ပုံစံမ်ိဳးတည္ေဆာက္ေပးထားပါတယ္။ အတြင္းခန္း ဒတ္ရွ္ ဘုတ္နဲ႔ေဘာင္ေတြမွာထည့္သြင္းအသုံးျပဳထားတာေတြက သစ္သားေတြမဟုတ္ဘဲလွပျပီးထူးျခားတဲ့ ရွမိြဳင္းသား လုိပုံစံေတြျဖစ္ပါတယ္။ ေနာက္ထပ္ထူးျခားတာကေတာ့ အနံ႔ ၃ မ်ိဳးေရြးခ်ယ္ႏိုင္တဲ့ ကုိယ္ပုိင္ကား အတြင္း ခန္းေရေမႊးကုိ ထည့္သြင္းေပးထားတာျဖစ္ျပီး အဲဒါက refill လုပ္လုိ႔ရပါေသးတယ္။ ေနာက္ တစ္ခုကေတာ့ အတြင္းခန္းမီးေတြကုိ လွပစြာထည့္ သြင္းေပးထားျပီး အျပင္ကၾကည့္ရင္ကားအတြင္းခန္းက အျပာေရာင္ လဲ့လဲ့နဲ႔စြဲမက္စရာျဖစ္ေနဦးမွာပါ။ ပစၥည္း ထည့္စရာအေနနဲ႔ ေရွ႔လက္တင္ခုံမွာ 30 litres storage ပါရွိျပီး အဲဒီမွာအေအးေပးစနစ္လည္းပါရွိပါေသးတယ္။ ေဘးေဘာင္ေတြတုိင္းမွာ 3.5 litres storage ေတြပါရွိျပီး ေရွ႔နဲ႔ေနာက္ထုိင္ခုံေတြေနာက္မွာေတာ့ 2.2 litres storage ေတြပါဝင္ပါတယ္။ ဒုတိယခုံတန္းနဲ႔ တတိ ယခုံတန္းေတြကုိ အျပည့္ေခါက္သိမ္းႏိုင္ျပီး ပစၥည္းေတြလုိသလုိ ထည့္သြင္းႏုိ္င္ပါေသးတယ္။ ဒီကားမွာ ေဖ်ာ္ေျဖေရးအတြက္ေတာ့ Focal Hi-fi speaker system Speakers ၉ လုံးကုိထည့္သြင္းေပးထားပါတယ္။ ေနာက္တံခါးကေတာ့ Smart Electric Tailgate စနစ္လည္းျဖစ္ပါတယ္။
စြမ္းေဆာင္ရည္
ဒီကားမွာ 3-cylinder PureTech 1.6 L Turbo ဓါတ္ဆီအင္ဂ်င္ကုိထည့္သြင္းထားျပီး ဒီအင္ဂ်င္ သစ္မွာအေလးခ်ိန္နဲ႔အရြယ္အစားကုိေလွ်ာ့ခ်ထားျပီး driving pleasure နဲ႔ high-level performance ကုိေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ Automatic Transmission 6-Speed ျဖစ္ပါတယ္။စြမ္းအင္ထြက္ရွိမွဳကေတာ့ 165hp ရွိျပီး ရုန္းအားက 400 Nm ျဖစ္ပါတယ္။ Acceleration က 9.8s (0-100 km/h) ျဖစ္ျပီး Top Speed က 208km/h အထိသြားႏိုင္ပါတယ္။ ထပ္ေျပာစရာရွိေသးတာကေတာ့ Electric Impulse Automatic Gearbox Control ျဖစ္ျပီး လည္သာကုိ chrome ေတြနဲ႔ရံထားျပီး piano black အေရာင္ရွိ တဲ့ဂီယာတံက ကုိင္တြယ္ထိန္းခ်ဳပ္ရတာ အရမ္း သက္ေသာင့္သက္သာရွိသလုိ Manual Mode ေျပာင္းခ်င္ ရင္လည္း ‘M’ button ကုိအလြယ္တကူေျပာင္းႏိုင္ဖုိ႔တည္ေဆာက္ေပးထားပါတယ္။ ဒါက စတီယာရင္မွာရွိတဲ့ paddles shift နဲ႔ခ်ိတ္ ဆက္ျပီးေမာင္းႏွင္ႏုိင္ဦးမွာျဖစ္ပါတယ္။
လုံျခဳံေရး
Euro NCAP testing မွာၾကည္ ၅ ပြင့္ရရွိထားတဲ့ကားပီပီ လုံျခဳံေရးစနစ္ေတြက စုံလင္လွပါတယ္။ လုပ္ေဆာင္မွဳ ၂ ခုပါတဲ့ Adaptive Cruise Control with Stop (ACC Stop) , Active Blind Spot Detection (ABSD) ၊, Airbag(Front,side,curtion,Knee),ABS, Electronic Brake Distribution , Stability Control , Immobilizer, Distance Alert System ပါတဲ့ Automatic Emergency Braking System , Lane Departure Warning , Speed Limit Recognition and Recommendation , ညဘက္ေမာင္းႏွင္မွဳေတြမွာ မီးၾကီးစနစ္ကုိကူညီေပးႏိုင္တဲ့ PEUGEOT Smartbeam Assistance , 180 °Colour Reversing Camera , Hill Assist Descent Control (HADC), Driver Attention Alert စတဲ့စနစ္ေတြထည့္သြင္းထားလုိ႔ ေဘးကင္းစြာစီးနင္းႏိုင္မွာျဖစ္ပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
ေမာင္းႏွင္မွဳပုံစံအပုိင္းမွာလည္း ဒီကားက ေတာ္ေတာ္ေလးအဆင္ေျပတာကုိ ေတြ႔ရပါတယ္။ စတီယာရင္စနစ္၊ ဂီယာကုိကုိယ္တြယ္ထိန္းခ်ဳပ္ရတာေတြက ေကာင္းပါတယ္။ စုံလင္တဲ့နည္းပညာပ့ံပုိးမွဳေတြေၾကာင့္ အေကြ႔ေတြ၊ High Speed ေမာင္းႏွင္ရတာေတြမွာ သေဘာက်ေက်နပ္စရာျဖစ္ခဲ့ပါတယ္။ ျပီးေတာ့ မ်က္ႏွာျပင္ အေနအထားေပါင္းစုံအတြက္ Drive Mode ေတြ၊ Manual ပုံစံေမာင္းတာေတြပါ စမ္းသပ္ျဖစ္ခဲ့ပါတယ္။ ေတာ္ ေတာ္ေလး ေကာင္းမြန္သလုိ စိတ္တုိင္းက်ခဲ့ရပါတယ္။ i-Cockpit နည္းပညာေၾကာင့္ ကားကကုိယ့္ စိတ္ကုိသိေနသလုိပါပဲ။ ေမာင္းရတာ အဆင္ေျပေစပါတယ္။ ဘရိတ္စနစ္လည္းေကာင္းသလုိ ေအာက္ပုိင္း စနစ္ကလည္း သက္ေသာင့္သက္သာရွိလွပါတယ္။ 1.6 ေပမယ့္ ေတာ္ေတာ္ေလးရုန္းအား၊ဆဲြအား ေကာင္းတာကုိေတြ႕ခဲ့ရပါတယ္။
ေစ်းႏွဳန္းႏွင့္ သုံးသပ္ခ်က္
ဒီကားက ဥေရာပ Standard နဲ႔အညီထုတ္လုပ္ထားတာဆုိေတာ့ ေတာ္ေတာ္ေလးကုိ နည္းပညာျမင့္ပါတယ္။ ပါဝင္တဲ့ပစၥည္းေတြ၊ေမာင္းႏွင္ရတာေတြ၊Driver ကုိအေထာက္အကူျပဳတဲ့စနစ္ေတြပါလုိ႔ ဒီကားက ျပည္တြင္း ေစ်းကြက္မွာေတာ္ေတာ္ေလး လူသိမ်ားလာပါျပီ။ ဒါေပမဲ့ ဒီကားမွာပါတဲ့ အတြင္းခန္းနဲ႕ဒတ္ရွ္ဘုတ္ေတြမွာ အလွဆင္ထားတဲ့အသားေတြက မေတာ္တဆေရစုိရင္ အေမႊးေတြပြထြက္ျပီးပ်က္စီးသြားႏိုင္တာမ်ိဳးရွိသလုိ အပုိပစၥည္းကလည္း ဥေရာပကားဆုိေတာ့ နည္းနည္းရွားပါးေစ်းၾကီးႏိုင္တာေလာက္ပဲ အားနည္းခ်က္ အျဖစ္ေတြ႕ရပါတယ္။ က်န္တာေတြကေတာ့ တန္းမီတဲ့ SUV တစ္စီးအျဖစ္ေသခ်ာေပါက္လက္ သင့္ခံရမွာျဖစ္ပါတယ္။ ေစ်းကေတာ့ USD 78500 ပဲျဖစ္ပါတယ္။
Specification…
Engine – PureTech 1.6 L Turbo
Fuel – Petrol
Transmissions – 6 Speed Auto with Manual Mode
Maximum Power – 165 HP
Maximum Torque – 400 Nm
Drivetrain – 4WD
Top Speed (Km/h) – 208