Unicode version..
ပြင်သစ်နိုင်ငံထုတ် Brand New ကားသစ်များဖြစ်သော Peugeot SUV နှင့် Sedan ကားများကိုအထူး Promotion ဖြင့် Myanmar Plaza ၏ Promotion Area တွင် မေ ၂၅ (ယနေ့) မှစပြီး ၂၇ ရက်အထိ ၃ ရက် တိုင်တိုင်ရောင်းချနေကြောင်းသိရသည်။ ယခုပွဲကာလအတွင်း Peugeot SUV များဖြစ်သော 3008 နှင့် 5008 , Saloon အမျိုးအစားဖြစ်သော 508 တို့ဖြစ်ကြသည်။ အဆိုပါကားများမှာ Car Of The Year နှင့် Engine Of The Year ၃ နှစ်ဆက်တိုက်ရရှိထားပြီးအခြား International Award ၃၈ ဆု တို့ကိုပါ ရရှိထားသော ဥရောပ၏ အကောင်းဆုံးကား အမှတ်တံဆိပ် တစ်ခုဖြစ်သည့် အပြင် Safety ပိုင်းတွင်လည်း EURO NCAP မှ 5 Stars Rating ရရှိထားသော ကားများဖြစ်ပါသည်။
မြင်တွေ့လိုက်ရုံနှင့် အများနှင့်မတူ ထူးခြားဆန်းသစ် သည့်ခံစားမှုကို ခံစားနိုင်စေမည့် Aerodynamic ကားဒီဇိုင်းပုံစံ၊ မောင်းနှင်မှုတွင် လည်းသက်တောင့်သက်သာရှိမှုနှင့် သင်၏စိတ်ခံစားမှု တစ်ထပ်တည်း ကျစေနိုင်မည့် i-Cockpit ကားအတွင်းခန်းဒီဇိုင်း၊ Safety ပိုင်းအတွက် စွမ်းဆောင်ရည်နှင့် နည်းပညာ မြင့်မားသောအဆင့်မြင့် Option များစွာနှင့်အတူ ကျန်းမာရေးအထောက်အကူပြုစေနိုင်မည့် Massage Seat များပါ၀င်ပါသည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုထိန်းသိမ်းကာကွယ်ပေးသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှု (CO2 Emissions Filter System) အနည်းဆုံးကားဖြစ်သည့်အတွက်ကြောင့် Peugeot ကိုချစ်မြတ်နိုးသော Customer များအားလာရောက်လေ့လာကြည့်ရှုနိုင်ရန် သတင်းကောင်းပါးလိုက်ရပါသည်။ စျေးနှုန်းအကြမ်းမျဉ်းမှာ 508 Saloon ကို USD 67900 , 3008 SUV ကို USD 69800 , 5008 SUV ကို USD 78500 သတ်မှတ်ထားသည်။
Promotion ကာလအတွင်းဝယ်ယူပါက
• မည်သည့်ဘဏ်မှမရနိုင်သော လ (60) လုံးအတွက် တစ်လလျှင် 0.5% အတိုးနှုန်း
• အတိုးကိုလည်းကြိုပေးစရာမလိုဘဲ လစဉ်ကြေးနှင့်ပေါင်း၍ ပေးနိုင်ခြင်း
• ကားတန်ဖိုး၏ (၂၀) ရာခိုင်နှုန်းမှစတင်၍ (5) နှစ်အထိအရစ်
ကျဝယ်ယူနိုင်ခြင်း
• SUV ကားများအတွက် USD 1500 နှင့် Saloon ကားများအတွက် USD 3000 အထိ ရရှိမည့်အခွင့်အရေး
အရစ်ကျဝယ်ယူမှုအတွက် လ (60) စာအတွက် အတိုးနှုန်း 0.5 % သည် Myanmar Plaza တွင်ပြုလုပ်ရောင်းချသည့် (3) ရက်အတွင်းသာ အကျုံးဝင်ပါသဖြင့် အထူးသက် သာသောအတိုးနှုန်းထားနှင့် ပြင်သစ်ကားသစ်ကို ပိုင်ဆိုင်နိုင်မည့်အခွင့်အရေး ကိုလက်လွတ် မခံဘဲလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင်
(MCB Bank မှသတ်မှတ်ထားသောစည်မျဉ်းစည်းကမ်းများအတိုင်းသာ)
Hot Line : Yangon – 09 977 442248, 09 977 442259
Zawgyi version…