Zawgyi Version…
ဒီကေန႔ေခတ္ ကားထုတ္လုပ္ေရးကုမၸဏီေတြအတြက္ Digital နည္းပညာပိုင္းဟာ အခ်ိန္နဲ႔ တေျပးညီ အလြန္အေရးပါလာေနသလို ပိုမိုေကာင္းမြန္တဲ့ စိတ္ကူးစိတ္သန္းေတြနဲ႔ နည္းပညာျမင့္ကားေတြကို သံုးစြဲသူေတြ ေရွ႕ေမွာက္အၿပိဳင္အဆိုင္ ဖန္တီးျပသေနတာေတြ႕ရမွာပါ။
ထိပ္တန္းကားကုမၸဏီေတြဟာ ေစ်းကြက္ထဲမွာ ေနရာရဖုိ႔ ပတ္ဝန္းက်င္ေလထုညစ္ညမ္းမႈကို ေလွ်ာ့ခ် ေပးတဲ့ Electric ကားေတြ၊ အလိုအေလ်ာက္ေမာင္းႏွင္ေနႏုိင္တဲ့ (Autopilot)စနစ္ေတြ၊ ေမာင္းသူမဲ့ (Autonomous) စနစ္ ေတြကို ေမာ္ဒယ္ျမင့္ကားေတြမွာ မျဖစ္မေန အေထာက္အပံ႔ေပးလာတာကို ေတြ႕လာေနရၿပီး မေဝးေတာ့တဲ့ အနာဂတ္မွာ ၿပီးျပည့္စံုတဲ့ Modern Car ေတြအျဖစ္ ျမင္ေတြ႕လာ ရေတာ့မွာပါ။
ျပင္သစ္ထိပ္တန္း ကားထုတ္လုပ္ေရးကုမၸဏီတစ္ခုျဖစ္တဲ့ Peugeot ဟာ အနာဂတ္ကားနည္းပညာ အေပၚ စိတ္လႈပ္ရွားမႈအျပည့္အဝေပးစြမ္းႏုိင္တဲ့ Peugoet e-Legend ကို ဖန္တီးထုတ္လုပ္ခဲ့ၿပီး Modern Car တစ္စီးအျဖစ္ ကားစိတ္ဝင္စားသူေတြၾကားေရပန္းစားခဲ့ပါတယ္။
Peugeot e-Legend Concept ဟာ ၁၉၄၀ ခုႏွစ္မ်ားက ေခတ္စားခဲ့တဲ့ Peugeot 504 Coupe ရဲ႕ ႐ုပ္ထြက္ကို အေျခခံထားတာျဖစ္ေပမယ့္ ဒီဇုိင္းပိုင္းႏွင့္ အေသးစိတ္ဖြဲ႕စည္းထားမႈဟာ ထူးျခားဆန္း သစ္ပါတယ္။ ေဘာ္ဒီတစ္ခုလံုးကို မီးခုိးေရာင္ကို အသားေပး ျခယ္သထားၿပီး Chrome metal က အေရာင္ျပန္တဲ့အခါ ေၾကးေရာင္အျဖစ္ အေရာင္ျပန္ေစပါတယ္။ Bumper ကိုေတာ့ ေတာက္ေျပာင္တဲ့ Chrome-plated stainless steel ကို အသံုးျပဳထားၿပီး အေရွ႕ဘက္ wings ေတြကိုေတာ့ အနက္ေရာင္ အလူမီနီယံ Beam က ခဲြျခားေပးထားပါတယ္။ Touch စနစ္နဲ႔ ထိန္းခ်ဳပ္ႏုိင္တဲ့ တံခါးအဖြင့္အပိတ္မ်က္ႏွာျပင္ကိုေတာ့ တံခါးေဘးေတြမွာ ျမဳပ္ႏွံထားပါတယ္။
အတြင္းပိုင္းဒီဇုိင္းကေတာ့ လံုးဝအဆင့္ျမင့္ကားတစ္စီးအသြင္ကို ေဆာင္ေနမွာျဖစ္ၿပီး ခံုေတြကို ႏူးညံတဲ့ ကတၱီပါသားနဲ႔ ဖုံးအုပ္ထားပါတယ္။ အတြင္းခန္းအေပၚဘက္ အစိတ္အပိုင္းေတြ၊ အတြင္းတံခါး အျပင္အဆင္ႏွင့္ Main Control ကို သစ္သားအဓိကအသံုးျပဳ ဖန္တီးတာၿပီး ကားအတြင္းခန္းရဲ႕ အေရာင္အသံုးျပဳမႈဟာ လိုက္ဖီညီတာကို ေတြ႕ရမွာပါ။ အတြင္းပိုင္းကို ျပည့္စံုေစတာကေတာ့ ရနံ႔(၂) မ်ိဳးကို အေထာက္အပံ့ေပးထားတဲ့ ေမြးရန႔ံ ထုတ္လြတ္ႏိုင္ျခင္းပါ။
Steering Wheel ကေတာ့ Autonomous Mode နဲ႔ ပံုမွန္ အခ်ိန္ေတြမွာ Dash Board ထဲျမဳပ္ေနမွာ ျဖစ္ၿပီး Manual Mode မွာေတာ့ ထူးျခားတဲ့ဒီဇိုင္းကို ပိုင္ဆုိင္ထားတဲ့ Display (၃)ခုနဲ႔ ထြက္ေပၚ လာမယ့္ Steer Wheel ကို ခံစားေမာင္းႏွင္ႏုိင္မွာ ျဖစ္ပါတယ္။ Dash Board ေအာက္မွာေတာ့ ႀကီးမားတဲ့ (၄၉)လက္မ Display ကို တပ္ဆင္ထားၿပီး Driver View ကို အျပည့္အဝ ေဖာ္ျပေပးထားပါတယ္။ Center Control ေနရာမွာေတာ့ ေသသပ္လွပ တဲ့ (၆)လက္မ Touch Screen Display ကေနတဆင့္ လက္ေဗြစနစ္၊ ကားစက္ႏုိးျခင္းစတာေတြကို ျပဳ လုပ္ႏုိင္မွာျဖစ္ပါတယ္။ Sun Visor ေနရာမွာေတာ့ (၁၂)လက္မ Display ႏွစ္ခုက Cinema Mode ကို အျပည့္အဝ ခံစားရမွာျဖစ္သလို ႀကိဳက္ႏွစ္သက္ရာဂိမ္းေတြကို ခ်ိတ္ဆတ္ေဆာ့ကစားႏုိင္ပါေသးတယ္။




Peugeot e-Legend မွာ Mode (4) ခုကို ေျပာင္းလဲေမာင္းနင္ႏုိင္မွာျဖစ္ၿပီး Autonomous Mode (၂)မ်ိဳးနဲ႔ Manual Mode (၂)မ်ိဳးျဖစ္ပါတယ္။ Autonomous Mode မွာေတာ့ Soft နဲ႔ Sharp ႏွစ္မ်ိဳးခဲြ ထားၿပီး Soft Mode မွာေတာ့ Display ေတြကေန သတင္းအခ်က္အလက္ေတြကို အနည္းဆံုးေလ်ာ့ခ်ၿပီး သက္ေတာင့္သက္သာ စီးနင္ႏုိင္မွာျဖစ္ပါတယ္။ Sharp Mode ကေတာ့ Digital အခ်က္အလက္ေတြကို အျပည့္အဝအသံုးခ်ႏုိင္မွာျဖစ္ၿပီး လူမႈကြန္ရက္၊ လုပ္ငန္းအစီအစဥ္ေတြ ၾကည့္႐ႈျခင္း စတာေတြကို ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။
Manual Mode ႏွစ္မ်ိဳးကေတာ့ Legend ႏွင့္ Boost (၂)မ်ိဳးျဖစ္ၿပီး Legend Mode ကေတာ့ Digital အသံုးျပဳမႈ နည္းပါးကာ သာမန္ေမာင္းႏွင္မႈအတုိင္း ေမာင္းႏွင္ရမွာပါ။ Boost Mode ကေတာ့ လ်င္ျမန္စြာေမာင္းႏွင္ေနခ်ိန္မွာ ပတ္ဝန္းက်င္ရဲ႕ ၁၈၀ ဒီဂရီကို ၄၉ လက္မ Display က ေဖာ္ျပသြားမွာပါ။
Autonomous စနစ္ပိုင္းမွာေတာ့ IA နည္းပညာကို ေပါင္းစပ္ဆန္းသစ္ထားၿပီး အသံနဲ႔ ညြန္ၾကားႏုိင္တဲ့ စနစ္၊ အသံနဲ႔ တံခါးအဖြင့္၊အပိတ္၊ စတာနည္းပညာသစ္ေတြ ပါဝင္ၿပီး ဘာသာစကားေပါင္း (၁၇)မ်ိဳးထိ အသံုးျပဳႏုိင္ေအာင္ အေထာက္အပံံ့ေပးထားပါတယ္။
Peugeot e-Legend ဟာ Electric အင္ဂ်င္ ႏွစ္လံုးတပ္ဆင္ထားၿပီး အင္ဂ်င္စနစ္ဟာ 100% electric power train ျဖစ္ပါတယ္။ 100 kWh ဘကၳရီက ႐ုန္းအား 800 Nm နဲ႔ Power 340 Kw ကို ထုတ္လုပ္ ၿပီး FWD စနစ္ကို ေထာက္ပံ႔ေပးမွာျဖစ္ပါတယ္။ ေမာင္းႏွင္ႏုိင္စြမ္းကေတာ့ (4s- 0/100km/h) ႏႈန္း ေမာင္းႏွင္ႏုိင္စြမ္းရိွၿပီး အျမင့္ဆုံး Speed ကေတာ့ 220Km/h ထိ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ႏုိင္မွာပါ။ Electric အင္ဂ်င္ကို အသံုးျပဳႏုိင္မယ့္ ပမာဏကေတာ့ 600 km ထိ ၾကာရွည္ခံေမာင္းႏွင္ႏုိင္မွာျဖစ္ၿပီး လ်င္ျမန္တဲ့ အားသြင္းစနစ္ပါဝင္တာေၾကာင့္ (၂၅)မိနစ္ ျဖည့္ၿပီးပါက 500 km ထိ ေမာင္းႏွင္ ႏုိင္မွာျဖစ္ပါတယ္။






Unicode Version…
ခေတ်ရှေ့ပြေးကားတစ်စီးအဖြစ် အံ့အားသင့်ဖွယ်ဖန်တီးထားတဲ့ Peugeot E-Legend
ဒီကနေ့ခေတ် ကားထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် Digital နည်းပညာပိုင်းဟာ အချိန်နဲ့ တပြေးညီ အလွန်အရေးပါလာနေသလို ပိုမိုကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ နည်းပညာမြင့်ကားတွေကို သုံးစွဲသူတွေ ရှေ့မှောက်အပြိုင်အဆိုင် ဖန်တီးပြသနေတာတွေ့ရမှာပါ။
ထိပ်တန်းကားကုမ္ပဏီတွေဟာ ဈေးကွက်ထဲမှာ နေရာရဖို့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို လျှော့ချ ပေးတဲ့ Electric ကားတွေ၊ အလိုအလျောက်မောင်းနှင်နေနိုင်တဲ့ (Autopilot)စနစ်တွေ၊ မောင်းသူမဲ့ (Autonomous) စနစ် တွေကို မော်ဒယ်မြင့်ကားတွေမှာ မဖြစ်မနေ အထောက်အပံ့ပေးလာတာကို တွေ့လာနေရပြီး မဝေးတော့တဲ့ အနာဂတ်မှာ ပြီးပြည့်စုံတဲ့ Modern Car တွေအဖြစ် မြင်တွေ့လာ ရတော့မှာပါ။
ပြင်သစ်ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Peugeot ဟာ အနာဂတ်ကားနည်းပညာ အပေါ် စိတ်လှုပ်ရှားမှုအပြည့်အဝပေးစွမ်းနိုင်တဲ့ Peugoet e-Legend ကို ဖန်တီးထုတ်လုပ်ခဲ့ပြီး Modern Car တစ်စီးအဖြစ် ကားစိတ်ဝင်စားသူတွေကြားရေပန်းစားခဲ့ပါတယ်။
Peugeot e-Legend Concept ဟာ ၁၉၄၀ ခုနှစ်များက ခေတ်စားခဲ့တဲ့ Peugeot 504 Coupe ရဲ့ ရုပ်ထွက်ကို အခြေခံထားတာဖြစ်ပေမယ့် ဒီဇိုင်းပိုင်းနှင့် အသေးစိတ်ဖွဲ့စည်းထားမှုဟာ ထူးခြားဆန်း သစ်ပါတယ်။ ဘော်ဒီတစ်ခုလုံးကို မီးခိုးရောင်ကို အသားပေး ခြယ်သထားပြီး Chrome metal က အရောင်ပြန်တဲ့အခါ ကြေးရောင်အဖြစ် အရောင်ပြန်စေပါတယ်။ Bumper ကိုတော့ တောက်ပြောင်တဲ့ Chrome-plated stainless steel ကို အသုံးပြုထားပြီး အရှေ့ဘက် wings တွေကိုတော့ အနက်ရောင် အလူမီနီယံ Beam က ခွဲခြားပေးထားပါတယ်။ Touch စနစ်နဲ့ ထိန်းချုပ်နိုင်တဲ့ တံခါးအဖွင့်အပိတ်မျက်နှာပြင်ကိုတော့ တံခါးဘေးတွေမှာ မြုပ်နှံထားပါတယ်။
အတွင်းပိုင်းဒီဇိုင်းကတော့ လုံးဝအဆင့်မြင့်ကားတစ်စီးအသွင်ကို ဆောင်နေမှာဖြစ်ပြီး ခုံတွေကို နူးညံတဲ့ ကတ္တီပါသားနဲ့ ဖုံးအုပ်ထားပါတယ်။ အတွင်းခန်းအပေါ်ဘက် အစိတ်အပိုင်းတွေ၊ အတွင်းတံခါး အပြင်အဆင်နှင့် Main Control ကို သစ်သားအဓိကအသုံးပြု ဖန်တီးတာပြီး ကားအတွင်းခန်းရဲ့ အရောင်အသုံးပြုမှုဟာ လိုက်ဖီညီတာကို တွေ့ရမှာပါ။ အတွင်းပိုင်းကို ပြည့်စုံစေတာကတော့ ရနံ့(၂) မျိုးကို အထောက်အပံ့ပေးထားတဲ့ မွေးရနံ့ ထုတ်လွတ်နိုင်ခြင်းပါ။
Steering Wheel ကတော့ Autonomous Mode နဲ့ ပုံမှန် အချိန်တွေမှာ Dash Board ထဲမြုပ်နေမှာ ဖြစ်ပြီး Manual Mode မှာတော့ ထူးခြားတဲ့ဒီဇိုင်းကို ပိုင်ဆိုင်ထားတဲ့ Display (၃)ခုနဲ့ ထွက်ပေါ် လာမယ့် Steer Wheel ကို ခံစားမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Dash Board အောက်မှာတော့ ကြီးမားတဲ့ (၄၉)လက်မ Display ကို တပ်ဆင်ထားပြီး Driver View ကို အပြည့်အဝ ဖော်ပြပေးထားပါတယ်။ Center Control နေရာမှာတော့ သေသပ်လှပ တဲ့ (၆)လက်မ Touch Screen Display ကနေတဆင့် လက်ဗွေစနစ်၊ ကားစက်နိုးခြင်းစတာတွေကို ပြု လုပ်နိုင်မှာဖြစ်ပါတယ်။ Sun Visor နေရာမှာတော့ (၁၂)လက်မ Display နှစ်ခုက Cinema Mode ကို အပြည့်အဝ ခံစားရမှာဖြစ်သလို ကြိုက်နှစ်သက်ရာဂိမ်းတွေကို ချိတ်ဆတ်ဆော့ကစားနိုင်ပါသေးတယ်။
Peugeot e-Legend မှာ Mode (4) ခုကို ပြောင်းလဲမောင်းနင်နိုင်မှာဖြစ်ပြီး Autonomous Mode (၂)မျိုးနဲ့ Manual Mode (၂)မျိုးဖြစ်ပါတယ်။ Autonomous Mode မှာတော့ Soft နဲ့ Sharp နှစ်မျိုးခွဲ ထားပြီး Soft Mode မှာတော့ Display တွေကနေ သတင်းအချက်အလက်တွေကို အနည်းဆုံးလျော့ချပြီး သက်တောင့်သက်သာ စီးနင်နိုင်မှာဖြစ်ပါတယ်။ Sharp Mode ကတော့ Digital အချက်အလက်တွေကို အပြည့်အဝအသုံးချနိုင်မှာဖြစ်ပြီး လူမှုကွန်ရက်၊ လုပ်ငန်းအစီအစဉ်တွေ ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Manual Mode နှစ်မျိုးကတော့ Legend နှင့် Boost (၂)မျိုးဖြစ်ပြီး Legend Mode ကတော့ Digital အသုံးပြုမှု နည်းပါးကာ သာမန်မောင်းနှင်မှုအတိုင်း မောင်းနှင်ရမှာပါ။ Boost Mode ကတော့ လျင်မြန်စွာမောင်းနှင်နေချိန်မှာ ပတ်ဝန်းကျင်ရဲ့ ၁၈၀ ဒီဂရီကို ၄၉ လက်မ Display က ဖော်ပြသွားမှာပါ။
Autonomous စနစ်ပိုင်းမှာတော့ IA နည်းပညာကို ပေါင်းစပ်ဆန်းသစ်ထားပြီး အသံနဲ့ ညွန်ကြားနိုင်တဲ့ စနစ်၊ အသံနဲ့ တံခါးအဖွင့်၊အပိတ်၊ စတာနည်းပညာသစ်တွေ ပါဝင်ပြီး ဘာသာစကားပေါင်း (၁၇)မျိုးထိ အသုံးပြုနိုင်အောင် အထောက်အပံံ့ပေးထားပါတယ်။
Peugeot e-Legend ဟာ Electric အင်ဂျင် နှစ်လုံးတပ်ဆင်ထားပြီး အင်ဂျင်စနစ်ဟာ 100% electric power train ဖြစ်ပါတယ်။ 100 kWh ဘက္ထရီက ရုန်းအား 800 Nm နဲ့ Power 340 Kw ကို ထုတ်လုပ် ပြီး FWD စနစ်ကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ မောင်းနှင်နိုင်စွမ်းကတော့ (4s- 0/100km/h) နှုန်း မောင်းနှင်နိုင်စွမ်းရှိပြီး အမြင့်ဆုံး Speed ကတော့ 220Km/h ထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှာပါ။ Electric အင်ဂျင်ကို အသုံးပြုနိုင်မယ့် ပမာဏကတော့ 600 km ထိ ကြာရှည်ခံမောင်းနှင်နိုင်မှာဖြစ်ပြီး လျင်မြန်တဲ့ အားသွင်းစနစ်ပါဝင်တာကြောင့် (၂၅)မိနစ် ဖြည့်ပြီးပါက 500 km ထိ မောင်းနှင် နိုင်မှာဖြစ်ပါတယ်။