Ferrari သည် ( 3 . 0 L V6 PHEV ) အင်ဂျင်ပါဝင်သည့် Ferrari 296 GTB ကို မိတ်ဆက်လိုက်ပြီး GTB သည် ( Gran Turismo Berlinetta ) ကို ဆိုလိုပါသည်။ အဆိုပါ Ferrari GTB သည် Plug – in Hybrid Vehicle အမျိုးအစားကားဖြစ်ကာ Ferrari ၏ All – New Development Model ဖြစ်ပြီး အလွန်ကောင်းမွန်သည့် Center of Gravity အနေအထားဖြင့်လည်း ဖန်တီးထားသည်။ အင်ဂျင်သည် ( 654 hp ) Engine နှင့် လျှပ်စစ်မော်တာတို့ ပေါင်းစပ်ထားပြီး Total Output အနေဖြင့် ( 818 hp ) ၊ ( 610 kw ) ရရှိမည်ဖြစ်ကာ ( Combustion Chamber Development ) ဆိုင်ရာ အချို့အား Ferrari SF 90 Straddle ထံမှ ရယူထားပါသည်။ လျှပ်စစ်ဆိုင်ရာ ထောက်ပံ့မှု အနေဖြင့် – ( 164 hp ) ( Rear e – motor ) ပေါင်းစပ်ပါဝင်ပါမည်။ ကား၏ Top Speed မှာ ( 205 mph ) ဖြစ်ပါမည်။ Gearbox မှာ ( 8 – speed Dural Clutch Automatic ) ဖြစ်ပြီး SF 90 Straddle ၊ Spider ၊ Portofino M တို့တွင်လည်း တွေ့ရပါမည်။ 296 GTB တွင် ( 7 .45 – kWh Battery ) အား ကားကြမ်းပြင်အောက်တွင် တပ်ဆင်ထားပြီး ၎င်းမှ ( Electric Range of 16 Miles ) သီးသန့် အသုံးပြုနိုင်ပါမည်။ ကား၏ Dry Weight သည် ( 1470 kg ) ဖြစ်ကာ ( Active Rear Spoiler ) ကဲ့သို့ ပါဝင်မှုများပါရှိမည့် အပြင် ကားအတွင်းခန်းကိုလည်း ခေတ်ဆန်စွာ ခင်းကျင်းထားပါသည်။ Sporty ဆန်ဆန်ရှိသည့် အတွင်းခန်းတွင် Passenger – Side Display ကဲ့သို့ Features များစွာပါရှိမည့်အပြင် ကား၏ Color ၊ Package တို့ကိုလည်း စုံလင်စွာ ရွေးချယ်နိုင်ပါမည်။ Ferrari သည် Purosangue SUV အားလာမည့် 2022 / 2023 ခန့် တွင် ဆက်လက်မိတ်ဆက်ရန် စီစဉ်ထားပါသည်။