နာမည်ကျော် Italian Styling studio ဖြစ်သည့် Pininfarina ၏ ဖန်တီးမှုအသစ် Foxtron Model E ကို မိတ်ဆက်လိုက်ပါသည်။ ထိုင်ဝမ်အခြေစိုက် Foxconn သည် လျှပ်စစ်ကားများကို FOXTRON အမည်ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ Foxtron Model E တွင် အနောက်ထိုင်ခုံနေရာအား Mobile Office အနေဖြင့် ပြောင်းလဲနိုင်မည့်ထူးခြားချက်အပါအဝင်ဆန်းသစ်မှုများစွာပါဝင်မည်ဖြစ်သည်။ Model E သည် Foxtron ၏ မိခင်ကုမ္ပဏီ Hon Hai နှင့် Pininfarina ကို အကျိုးတူပူးပေါင်းမှု ပထမခြေလှမ်းဖြစ်ပြီး High – End Customer များအတွက် ရည်ရွယ်ထုတ်လုပ် ထားသည့် Luxury Flagship Sedan ဖြစ်သည်။
Foxtron Model E တွင် တမူထူးခြားသည့် Features များစွာပါဝင်ပြီး ၎င်းတို့တွင် Personal Mobile Devices များစွာထည့်သွင်းထားသည့် နောက်ခန်းအား ရွှေ့လျားရုံးခန်းကဲ့သို့ ပြောင်းလဲနိုင်သည့် စနစ်အပြင် မျက်နှာသွင်ပြင်နှင့် ချိတ်ဆက်ထားသည့် ကားတံခါးဖွင့်ခြင်း ၊ Smart windows ၊ အဆင့်မြှင့်ထိန်းချုပ်မှုဆိုင်ရာနည်းပညာများစွာပေါင်းစပ်ပါဝင်ပါသည်။ ၎င်း၏ Power Output သည် ( 750 hp ) ဖြစ်ပြီး ( 0 to 100 kph ) အား 2.8 Seconds ဖြင့် အမြန်ဆုံး ရောက်နိုင်ပါသည်။ Model E အား Combiano ရှိ Pininfarina Studio မှ ဖန်တီးထုတ်လုပ်ပြီး ကား၏ အပြင်ဖက်နှင့်အတွင်းခန်းဖန်တီးမှု များအားလုံးကို Pininfarina ၏ Design Team မှ အဓိကဖန်တီးပါသည်။ ကား၏ အရှေ့၊ ဘေးဖက်နှင့် အနောက်ဖက်တို့ အား Smart surfaces များဖြင့် ထူးခြားစွာ ဖန်တီးထား ပါသည်။
( Foxtron Model E ၏ ဖန်တီးမှုနှင့် နည်းပညာ ဆိုင်ရာ တို့အား အနာဂက်လျှပ်စစ်ကားကဏ္ဍတွင် ဝင်ရောက်စီးဆင်းနိုင်ရန် အဓိကရည်ရွယ်၍ ဖန်တီးခြင်းဖြစ်သည် ) ဟု Pininfarina ၏ CEO မှ ပြောကြားထားပါသည်။
#DriveMediaMyanmar