Pininfarina သည် Brand အသစ်ဖြစ်သော်လည်း ၎င်း၏ Design House သည် အလွန်ကြာမြင့်ပါသည်။ Mahindra မှ ပိုင်ဆိုင်သည့် Design House ၏ နှစ် (၉၀) ပြည့် အထိမ်းအမှတ် အနေဖြင့် Anniversarin အမည်ရသည့် Battista EV Hyper car အား ထုတ်လုပ်မည်ဖြစ်သည်။ ၎င်းတွင် ထူးခြားမှုများစွာပါရှိမည်ဖြစ်ကာ ဆေးရောင်ကို အထူးစီမံထားပြီး 1950 ခုနှစ်များတွင် ထင်ရှားခဲသည့် ပြိုင်ကားများ Shade of Gray ကို အောက်ခံဆေးသားအဖြင့် ပြန်လည်ဆန်းသစ်ထားကာ သေးငယ်လှပသည့် အဖြူရောင် Pinstripe များနှင့် Modern Pininfrina ၏ Bull Hue အရောင် ပေါင်းစပ်ထာသည်။ ကားတစ်စင်းအတွက် အချိန် (၃) ပတ်အထိ ကြာအောင်ဆေးမှုတ်ရပြီး လက်ဖြင့်သာ ဆေးမှုတ်ပြီး ( ၃ ) ကြိမ်တိုင်တိုင် ပြန်လည်စစ်ဆေးပါသည်။ နောက်ဆုံးအဆင့်၌ Two – Tone Design အတွက် Laser ဖြင့် အပြီးသတ်ဖန်တီးပါသည်။ ၎င်း Logo ကိုလည်း အထိမ်းအမှတ်အနေဖြင့် Special ဖန်တီးထားပြီး Pirell P Zero အမျိုးအစား တာယာများ တပ်ဆင်ထားပါမည်။ Top speed သည် ( 217 – mph ) ရှိပါသည်။ အတွင်းခန်းကိုလည်း Stylish ဖန်တီးထားကာ – Redesigned Steering ၊ Charging Port အပါအဝင် Function များ စုံလင်စွာထည့်သွင်းထားပါမည်။ ၎င်း၏ Body ကိုလည်း Handmade ဖန်တီးထားကာ နမူနာအနေဖြင့် ( ၅ ) စင်းသာ ထုတ်လုပ်ပါမည်။ ဈေးနှုန်းများ ( USD – 2.8 million ) ဖြစ်ပြီး ပုံမှတ် Battista သည် ( USD – 665,000 ) ခန့်သာ ရှိပါသည်။ ၎င်းအား 2020 July တွင် ကျင်းပမည်။ Good wood Festival of Speed ပွဲ၌ မိတ်ဆက်ပြသပါမည်။
Zawgyi Version…..
ဆေးရောင်ကို အထူးဖန်တီးထားသည့် Pininforina Battista Anniversario