နိုင်ငံတကာတွင် လူကြိုက်များသည့် Hyaudai ၏ mid-size SUV အမျိုးအစားဖြစ်သည့် မော်ဒယ်သစ် Santa Fe 2021 အတွက် အသေးစိတ်အချက်အလက်များထွက်ပေါ်လာခဲ့ပြီး မော်ဒယ်သစ်ကို Plug-in-hybrid အင်ဂျင်ဖြင့်လည်း ရရှိနိုင်မည်ဖြစ်သည်။
မော်ဒယ်သစ် Santa Fe 2021 ၏ ရှေ့ဘက်ဒီဇိုင်းပိုင်း ပြောင်းလဲမှုသည် ရုပ်ထွက်ပိုင်းကို ပိုမိုခန့်ညားသည့်အသွင်ဖြင့် မြင်တွေ့ရမည်ဖြစ်ပြီး အင်ဂျင်ပိုင်းကိုလည်း ပြောင်းလဲအဆင့်မြင့်တင်ထားကာ စွမ်းဆောင်ရည်ပိုင်း ပိုမိုကောင်းမွန်လာစေမည်ဖြစ်သည်။
မော်ဒယ်သစ် Santa Fe သည် ယခင်မော်ဒယ်ထက် ပိုမိုပေါ့ပါးလာမည်ဖြစ်သော်လည်း ကြံ့ခိုင်မှုပိုင်းအရ အရည်အသွေးကောင်းမွန်သည့် Steel များကို အသုံးပြုပေးထားသည်။
Santa Fe 2021 ၏ အတွင်းဒီဇိုင်းပိုင်းကိုလည်း အဆင်မြင့်တင်မှု ပြုလုပ်ထားပြီး Floating design ဖြင့် ဆန်းသစ်ထားသည့် Center Console ၊ ပိုမိုကြီးမားလာမည့် Touchscreen Infotaiment အပြင် အတွင်းခန်း အနည်းငယ် ကျယ်ဝန်းလာမည်ဖြစ်သည်.
နည်းပညာပိုင်းအရ wireless charging စနစ်၊ remote parking system၊ အဆင်မြင့်ထားသည့် driver-assistance systems နှင့် စမတ်ဖုန်းကိုသော့အဖြစ် အသုံးပြုနိုင်မည့် Digital Key System တို့ ပါဝင်လာသည်။
Hyundai သည် gasoline အင်ဂျင် Santa Fe 2021 ကို ယခုနှစ်ကုန်ပိုင်းနှင့် Plug-in-Hybrid အင်ဂျင်ကို ၂၀၂၁ ခုနှစ် အစောပိုင်း ဈေးကွက်ထဲ ဖြန့်ချိမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုမှု မကြေညာသေးပေ။