BMW သည် 3 Series ၏ EV Model ဖြစ်သည့် I3 e Drive 35 L Model အားတရုတ်ဈေးကွက်အတွက် မိတ်ဆက်လိုက်ပါသည်။ အဆိုပါ New Model အား 2021 တွင်ထုတ်လုပ်ခဲ့သည့် Chinese – Built BMW ix3 SUV ထံမှ Development အနေဖြင့် မှီငြမ်းဖန်တီးထားပါသည်။ ကားအနောက်ဝန်ရိုးပေါ် အခြေတည်သည့် New Electrified Axle Assembly ပေါ်တွင် ( Output 287 bhp ) ရရှိသည့် Single Electric Motor နှင့်အတူ ( 66.1 kWh Lithium ion Battery Pack ) တို့အဓိက ပေါင်းစပ်ပါဝင်ပါမည်။ ထို့အပြင် BMW ၏ Modified Version of CLAR Platform Structure ပါဝင်မည်ဖြစ်ကာ ၎င်းတွင် ( Up to 95 kW ) ရရှိမည့် Higher – Power DC System ၊ပါဝင်ပြီး အားသွင်းချိန် ၃၅ မိနစ်ဖြင့် 80 % of Charging ၊ ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ Performance အနေဖြင့် 0 to 62 mph အား ( 6.2 Seconds ) ဖြင့်အမြန်ဆုံးရောက်ရှိနိုင်ပါမည်။
အဆိုပါ Model အားတရုတ်ဈေးကွက်တွင် ရောင်းချသည့် BMW 3 Series L Model ကိုအခြေခံကာ ဖန်တီးထားပြီး 3 Series L သည်ပုံမှန် 3 Series Model ထက် ( 115 mm ) ကားအလျား ပိုရှည်ပါသည်။ New i3 Drive 35 L တွင် BMW ၏ 8th – Generation I Drive Infotainment System အပါအဝင် အဆင့်မြင့်နည်းပညာသုံး ပါဝင်မှုများစွာပါရှိပါမည်။ ကား၏ Boot Capacity သည် ပုံမှန် 3 Series Model များထက် သေးငယ်မည် ဖြစ်ကာ 80 Liters ခန့်သာရှိပါမည်။ BMW သည် 3 Series EV Version အပြင် PHEV Version ဖြစ်သည့် BMW 330 PHEV Model ကိုလည်း ထုတ်လုပ်ထားပါသည်။ တရုတ်ဈေးကွက်အတွက်ဆိုပါက ယခု New Model သည် BMW ix3 SUV ပြီးနောက် ဒုတိယမြောက် Model လည်းဖြစ်ပါသည်။
#DriveMediaMyanmar