Volvo Group ရဲ့ electric car division Polestar ကတော့ Tesla Model 3 နဲ့ယှဉ်ပြိုင်မယ့် Polestar 2 EV ထုတ်လုပ်ရေးကို အထူးအားစိုက်ကြိုးပမ်းနေပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့ကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang စီရင်စု၊ Luqiao ကစက်ရုံမှာ Polestar 2 ထုတ်လုပ်ရေးစတင်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Volvo XC40 ကားတွေကိုလည်း အဲဒီစက်ရုံမှာ ပဲတပ်ဆင်နေတာပါ။
စက်စွမ်းအားက 408 HP နဲ့ 487 lb-ft of torque ရှိတာကြောင့် Polestar 2 ဟာ 275 mile ထိအောင်ခရီးနှင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ Brembo brakes၊ 20-inch forged alloy wheel တွေသုံးထားပါတယ်။ 78 kilowatt-hour battery ကလည်း Dual E-motor Setup အတွက် စွမ်းအင်ကို အလုံအလောက်ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။
ရိုးရှင်းသပ်ရပ်တဲ့ Androidအခြေပြု Infotainment System ပါဝင်မှာဖြစ်ပြီး ထိန်းချုပ်ညွှန်ကြားမှုတွေကို 11-inch portrait touchscreen ကနေလုပ်ဆောင်နိုင်မှာပါ။ Wireless Charging, Gear Lever (pull towards you for drive, push away for reverse, press for park) နဲ့ Climate Control System တွေလည်းပါဝင်နေပါတယ်။ Steering , Wiper/Indicator stalks, Window/mirror Controls နဲ့ Door Handle တွေရဲ့ ဒီဇိုင်းကတော့ Volvo ရဲ့ဒီဇိုင်းနဲ့ ဆင်တူနေပါတယ်။
Launch Edition model ရဲ့ ဈေးနှုန်းက $ 63,000 ( tax မပါ) လောက်ကျသင့်ပါလိမ့်မယ်။ ပထမအသုတ်ထုတ်လုပ်မှုမှာ $ 55,000 တန် model ကိုပဲ စထုတ်လုပ်မှာဖြစ်ပြီး အဲဒီထက်ဈေးပိုသက်သာမယ့် Single-Motor model ကို ထုတ်လုပ်ဖို့တော့ရှိပါသေးတယ်။ Polestar 2 ကို ဒီနှစ်နွေမှာ Europe ဈေးကွက်ဆီ စပြီးတင်ပို့ရောင်းချမှာဖြစ်ပြီး တရုတ်နဲ့ မြောက်အမေရိကဈေးကွက်တွေဆီ တင်ပို့ရောင်းချဖို့အတွက်လည်း Polestar က ပြင်ဆင်ထားပါပြီ။
Ref: Roadshow
Thiha