Unicode version..

Police Captain

ကိုုကိုုနိုုင်

လမ်းမတော်ယာဉ်ထိန်းရဲတပ်ဖွဲ့စုုမှူး

ယွန်းယွန်း

DRIVE – ယာဉ်ကြောတွေ ဘာကြောင့် ကျပ်တာလဲ။

ဒုရဲမှူးကိုကိုနိုင် – ကျွန်တော်တို့နိုင်ငံမှာ တစ်ဖက်နိုင်ငံက တင်သွင်းတဲ့ ကားတွေရဲ့ ၈၀ရာခိုင်နှုန်းလောက်က ရန်ကုန်မြို့မှာ လာစုပုံနေတယ်။ ပြီးတော့ ရန်ကုန်မြို့ဆိုတာကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးမြို့တော် လည်းဖြစ်လူဦးရေကလည်းအများဆုံးနေထိုင်တဲ့မြိုဖြစ်တဲ့အပြင် ယာဉ်ရပ်နားဖို့ ယာဉ်ပါကင်အလုံအလောက်မရှိတာတွေနဲ့လည်း ဆိုင်တယ်။ တချို့တည်ဆောက်ထားတဲ့ ဈေးတွေ၊ ကျောင်းတွေ၊ ကန်ထရိုက်တိုက်တွေ၊ ဟိုတယ်တွေ၊ ကုမ္ပဏီတွေ၊ ဆေးရုံတွေမှာ ယာဉ်ပါကင်စနစ် မပါရှိတာတွေကြောင့် ယာဉ်ပါကင်အလုံအလောက်မရှိတာတွေ၊ လမ်းအကျယ်ရှိသလောက် အပြည့်အဝမသုံးနိုင်တာတွေ၊ လက်ရှိလမ်းစနစ်ကို လိုအပ်ချက်အရ ထပ်မံချဲ့ထွင်လို့ မရတော့တာတွေကလည်း အဓိက ကျနေတယ်။ လမ်းအသုံးပြုသူတွေဖြစ်တဲ့ မော်တော်ယာဉ်မောင်းတွေ၊ ခြေကျင်လျှောက်တဲ့သူတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှု အားနည်းပါတယ်။ ဒါ့အပြင် လမ်းဘေးဈေးသည်တွေ၊ ကျူးကျော်ဈေးသည်တွေက ပလက်ဖောင်းတွေမှာကော ကားလမ်းမတွေပေါ်မှာပါ စည်းကမ်းမဲ့ ဈေးရောင်းချနေတာတွေကြောင့်လည်း ယာဉ်လမ်းကြောပိတ်ဆို့မှုတွေ ဖြစ်တတ်ပါတယ်။ ခရီးသည်တင်ယာဉ်(ဘတ်စ်ကား) မှတ်တိုင်တွေ၊ ဂိတ်တွေက မီးပွိုင့်၊ လမ်းဆုံလမ်းခွနဲ့ အလွန်နီးတဲ့နေရာတွေမှာ ရှိနေတာ၊ မှတ်တိုင်တစ်ခုနဲ့တစ်ခု အလွန်နီးကပ်စွာ တည်ရှိနေတာတွေ၊ မလိုအပ်တဲ့နေရာ၊ မရှိသင့်တဲ့နေရာတွေမှာ မှတ်တိုင်တွေ၊ ဂိတ်တွေ ဘတ်စ်ကား ယာဉ်လိုင်းအစီးရေ များနေတာတွေ တွေ မထားပေးနိုင်တာ၊ ယာဉ်စည်းကမ်း။ လမ်းစည်းကမ်းထိန်းသိမ်းမယ့် တပ်ဖွဲ့ဝင် အင်အားနည်းပါးတာတွေအပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေသေးတာတွေကြောင့်လည်း ယာဉ်ကြောကျပ်တည်းရတယ်လို့ ပြောချင်ပါတယ်။၊

DRIVE – ယာဉ်ကြောကျပ်တည်းမှုတွေကို ဘယ်လိုဖြေရှင်းမလဲ။

ဒုရဲမှူးကိုကိုနိုင် – ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းမယ့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အင်အားများများဖြစ်လာဖို့ စီမံချက်တွေ ရေးဆွဲပြီး လက်တလောမှာ ရဲတပ်သားသစ်တွေ စုဆောင်းနေတယ်။ တပ်ဖွဲ့ဝင်အင်အားနည်းတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်ရဲတပ်ဖွဲ့ဝင်တွေ အတူတူ ပူးပေါင်းပြီး စည်းကမ်းမဲ့ယာဉ်တွေကို ဖမ်းဆီးခြင်း၊ ကရိန်းဆွဲခြင်း၊ ပညာပေးခြင်းတွေလည်း ဆောင်ရွက်နေပါတယ်။ မြို့နယ်တစ်ခုချင်းအနေနဲ့လည်း နေပြည်တော်က ပံ့ပိုးပေးတဲ့ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့လည်း မြို့နယ်အတွင်း ယာဉ်ကြောကျပ်တည်းတဲ့နေရာတွေကို မီးတန်းယာဉ်နဲ့ လှည့်လည်ပြီး ယာဉ်လမ်းရှင်းလင်းရေးတွေ စည်းကမ်းမဲ့ ယာဉ်ဖမ်းဆီးရေးတွေ ဆောင်ရွက်နေပါတယ်။ မိမိမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြို့နယ်နဲ့ အခြားမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ အားလုံးချိတ်ဆက်ပြီးတော့လည်း ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ပလက်ဖောင်းပေါ်၊ လမ်းပေါ်တွေမှာ ချရောင်းနေတဲ့ ဈေးသည်တွေလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ပေးထားတဲ့ ဈေးတွေမှာပဲ ရောင်းချနိုင်အောင် တာဝန်ရှိသူတွေဘက်ကလည်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ပလက်ဖောင်းပေါ်မှတစ်ဆင့် လမ်းမကြီးပေါ်သို့ စည်းကမ်းမဲ့စွာ ရောင်းချလာတဲ့ ဈေးသည်တွေကိုတော့ မြို့တော်စည်ပင်အဖွဲ့အနေနဲ့ ထိထိရောက်ရောက်အရေးယူဖို့ လိုပါတယ်။ ယာဉ်မောင်းများ ခြေကျင်လျှောက်သူများကို မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေတွေကိုသိဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေသိဖို့၊ အသိပညာပေးဟောပြောမှုတွေလည်း ပြုလုပ်နေပါတယ်။ ယာဉ်မရပ်နားရ သတ်မှတ်ထားတဲ့ လမ်းတွေမှာ ယာဉ်တွေမရပ်ဖို့နဲ့ ယာဉ်ပါကင်တွေ အလုံအလောက်ရှိအောင် နောက်ပိုင်းဆောက်တဲ့ အဆောက်အဦတွေမှာ ကားပါကင်အလုံအလောက်ပါဝင်ဖို့ လိုပါတယ်။ ပြီးတော့ လမ်းအကျယ်ရှိသလောက် အပြည့်အဝ အသုံးပြုနိုင်အောင် လမ်းမပေါ်မှာရှိတဲ့ ဓာတ်တိုင်၊ မီးစက်အစရှိတာတွေကို ဖယ်ရှားသင့်တယ်။ သစ်ပင်တွေကို ခုတ်လှဲသင့်တယ်။ မလိုအပ်တဲ့ ဘတ်စ်ကားမှတ်တိုင်တွေ၊ ဂိတ်တွေကို ဖြုတ်သိမ်းပြီး ဘတ်စ်ကားအစီးရေတွေကိုလည်း လျှော့ချဖို့လိုပါတယ်။ တက္ကစီယာဉ်တွေ စည်းကမ်းတကျ ရပ်နားဖို့ taxi stand များများ သတ်မှတ်ပေးသင့်ပါတယ်။ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်မယ်ဆိုရင် ယာဉ်ကြောကျပ်တည်းမှုကို အထိုက်အလျောက်ပြေလျော့သွားမှာ ဖြစ်ပါတယ်။

DRIVE – ဆရာ အဓိက တာဝန်ယူထားတဲ့အပိုင်းနဲ့ ရာထူးက။

ဒုရဲမှူးကိုကိုနိုင် – ကျွန်တော်က အမှတ်(၄၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လမ်းမတော်) ရဲ့ တပ်ဖွဲ့စုမှူးပါ။ ကျွန်တော် အဓိကတာဝန်ယူရတဲ့ အပိုင်းက နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ ကျွန်တော့်လက်အောက်က တပ်ဖွဲ့ဝင်တွေ စည်းကမ်းရှိရှိ တာဝန်ထမ်းဆောင်နိုင်ဖို့၊ သူ့တို့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ အပြည့်အဝ ရရှိဖို့ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ လမ်းအသုံးပြုသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့နဲ့ စည်းကမ်းရှိစေဖို့ ဖြစ်ပါတယ်။

ပထမပိုင်းအနေနဲ့ ကျွန်တော့်လက်အောက်က တပ်ဖွဲ့ဝင်တွေကို ကျောသားရင်သားမခွဲခြားဘဲ မိဘသဖွယ် အုပ်ချုပ်ပြီး တာဝန်ခွဲဝေချထားခြင်း၊ စီမံခန့်ခွဲခြင်းတွေကို တရားမျှတစွာ လုပ်ဆောင်ကာ အထက်ဋ္ဌာနရဲ့ အမိန့်၊ ညွှန့်ကြားချက်၊ စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာနိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် တာဝန်ဝတ္တရားတွေကိုလည်း စည်းကမ်းရှိရှိ ထမ်းဆောင်နိုင်အောင် ကြီးကြပ်ကွပ်ကဲရပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ သာရေး၊ နာရေး၊ သက်သာချောင်ချိရေးနဲ့ လစာရိက္ခာ ရပိုင်ခွင့်တွေအထိ အပြည်အဝရဖို့ ဆောင်ရွက်ပေးရပါတယ်။ ဒုတိယပိုင်းအနေနဲ့ လမ်းအသုံးပြုသူတွေ ယာဉ်အန္တရယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးတွေကို ဆောင်ရွက်ပေးပါတယ်။

ယာဉ်တိုက်မှုတွ လျော့နည်းပပျောက်အောင်၊ ယာဉ်ကြောပိတ်ဆို့မှုတွေ မရှိအောင်လည်း ဆောင်ရွက်ပေးရတယ်။ အဲလိုအပိုင်းတွေတိုင်းကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ကိုလည်း မိမိနယ်မြေအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရတယ်။

DRIVE – လမ်းအသုံးပြုသူတွေ စည်းကမ်းရှိစေဖို့ ဘာတွေများ ပညာပေးလုပ်ဆောင်နေပါသလဲ။

ဒုရဲမှူးကိုကိုနိုင် – လမ်းအသုံးပြုသူတွေဖြစ်တဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ၊ ခြေကျင်လျှောက်သူတွေ (ဌာနဆိုင်ရာဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနဲ့ ကျောင်းသား။သူအပါ) ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောမှုတွေ၊ ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးရတယ်။ စည်းကမ်းချိုးဖောက်တဲ့ လမ်းအသုံးပြုသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေ၊ ပညာပေးမှုတွေ၊ ဆောင်ရွက်ပေးရပါတယ်။

DRIVE – တက္ကစီတွေ အများဆုံးလုပ်တတ်တဲ့ အမှား။

ဒုရဲမှူးကိုကိုနိုင် – ဘတ်စ်ကားယာဉ်ကြောထဲ ဝင်မောင်းတယ်။ မီးပ္ပိုင့်၊ လမ်းဆုံ။လမ်းခွနဲ့ လမ်းလယ်ခေါင်တွေမှာ ခရီးသည် အတင်။အချ၊ ပစ္စည်းအတင်။အချလုပ်တယ်။ ခ-လိုင်စင်နဲ့ ယာဉ်မောင်းတယ်။ ယာဉ်မရပ်နားရလို့ သတ်မှတ်ထားတဲ့ လမ်းမပေါ်တွေမှာ ရပ်တယ်။ ခရီးသည်လေးဦးထက် ပိုတင်တယ်။ တစ်ခါတလေ အနောက်ဖုံးတွေမှာလည်း လူတင်ကြတယ်။ သတ်မှတ်ထားတာထက် အမြန်မောင်းကြတယ်။

DRIVE – ဘတ်စ်တွေ အများဆုံး ကျူးလွန်တတ်တဲ့ အမှား

ဒုရဲမှူးကိုကိုနိုင် – မှတ်တိုင်တွင် မရပ်ဘဲ လူတင်/ချလုပ်တယ်။ လမ်းပြောင်းပြန်မောင်းတယ်။ အလုအယက် မြန်မြန်မောင်းတယ်။ သတ်မှတ်ယူနီဖောင်း၊ သတ်မှတ်လိုင်စင်မဟုတ်ဘဲ တက်မောင်းတယ်။ အရက်မူးပြီး မောင်းတယ်။ တံခါးတွေမပိတ်ဘဲ မောင်းတယ်။

DRIVE – ရန်ကုန်ယာဉ်မောင်းတွေ အဓိက ပြင်သင်တဲ့ အချက်များ။

ဒုရဲမှူးကိုကိုနိုင် – မော်တော်ယာဉ် ဥပဒေ/နည်းဥပဒေပါ ယာဉ်မောင်းတွေနဲ့ သက်ဆိုင်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သိအောင်၊ တတ်အောင် လုပ်ဖို့၊ ပြင်ဖို့ လိုတယ်။ ခေါက်ရိုးကျိုးနေတဲ့ စည်းကမ်းပျက်မှုတွေကိုလည်း ပြင်သင့်တယ်။ ရန်ကုန်မြို့ထဲမှာ လမ်းပြောင်းပြန်မောင်းတာတွေ အလုအယက် အမြန်မောင်းတာတွေ၊ အရက်မူးပြီးမောင်းတာတွေ၊ လမ်းပိတ်ဆို့အောင်မောင်းတာတွေ၊ သတ်မှတ်လိုင်စင်မဟုတ်ဘဲ မောင်းတာတွေကိုတော့ အဓိက ပြင်သင့်ပါတယ်။

DRIVE – ရန်ကုန်မှာရှိတဲ့ ယာဉ်မောင်းအများစုရဲ့ ကောင်းတဲ့ အပြုအမူတချို့နဲ့ မကောင်းတဲ့ အပြုအမူတချို့ကို ပြောပြပေးပါ။

ဒုရဲမှူးကိုကိုနိုင် – တာဝန်ရှိသူတွေက ယာဉ်ကို တားရင် စနစ်တကျ ရပ်ပေးတယ်။ လိုင်စင်၊ ဝှီးတက် တောင်းရင် ရိုရိုသေသေပေးတယ်။ သူတို့ ကျူးလွန်တဲ့ပြစ်ချက်ကို ပြောပြရင်လည်း လက်ခံတယ်၊ ဝန်ခံတယ်။ ယာဉ်မောင်းတွေကို ကြည့်လိုက်ရင် ထိုင်ခုံခါးပတ်ပတ်ထားတယ်။ ဝှီးတက်ကို ကားနောက်ကြည့်မှန်မှာ ချိတ်ထားတယ်။ အရက်သေစာ သောက်စားထားတာ လုံးဝမရှိဘူး။ ကွမ်းစားထားတာတောင် မတွေ့ရတာတွေ ရှိတယ်။ ဥပမာ ၁၁-၆-၁၆ နေ့၊ ည ရ နာရီလောက်က လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ၁၃ လမ်းထောင့် မဟာဗန္ဓုလလမ်းပေါ်မှာ ယာဉ်နှစ်ထပ်ရပ်ထားတယ်လို့ သတင်းပေးသူတချို့ရဲ့ တိုင်ကြားချက်အရ ကျွန်တော် အဖွဲ့နဲ့အတူ 7L – 3696 Crown အဖြူရောင်(ပိုင်)ယာဉ်ကို သွားရောက်ပြီး စစ်ဆေးခဲ့တဲ့အခါ ယာဉ်မောင်း လှိုင်မင်းရှိန်က ခဏတာရပ်မိကျူးလွန်မိကြောင်း ဝန်ခံပါတယ်။ ပြီးတော့ လိုင်စင်ထုတ်ပေးကာ ခွင့်လွှတ်ပေးဖို့ တောင်းပန်တဲ့အတွက် တိုင်ကြားသူကလည်း ကျေနပ်သွားပြီး ချလန်ဖြတ် အရေးမယူတော့ဘဲ နောက်ဆုံးအကြိမ် ပညာပေးရုံ ဝန်ခံလက်မှတ်ရေးထိုး အရေးယူခဲ့တယ်။

ဒုရဲမှူးကိုကိုနိုင် – တာဝန်ရှိသူတွေ ယာဉ်ကိုတားရင် စနစ်တကျ မရပ်ပေးဘူး မောင်းပြေးတယ်။ လိုင်စင်၊ ဝှီးတက်တောင်းရင် မပေးဘူး။ ကြိုက်တာလုပ်လို့ပြောတယ်။ တချို့တွေဆို ဆဲဆိုတယ်။ ကျူးလွန်တဲ့ပြစ်ချက်ကို ဝန်မခံဘူး၊ ဘူးခံ ငြင်းတယ်။ ဥပမာတစ်ခုပေးရမယ်ဆိုရင် ၁၁-၆-၁၆ ရှစ်နာရီ ဆယ့်ငါး နောက်ပိုင်းလောက်က ကျွန်တော်နဲ့ တပ်ဖွဲ့ဝင် ဒုတပ်ကြပ်ရန်နိုင်စိုးတို့ လမ်းတော်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဘုန်းကြီးလမ်းဆုံ မီးပ္ပိုင့်မှာ တာဝန်ထမ်းဆောင်နေတုန်းကပါ။ 5B-6191 Nissan PE မထသ ၄၅ ယာဉ်ဟာ ဘုန်းကြီးလမ်းအတိုင်း လမ်းပြောင်းပြန်မောင်းနှင်လာလို့ ဒုတပ်ကြပ် ရန်နိုင်စိုးက ရပ်တန့်စစ်ဆေးဖို့ တားပေမယ့် ရပ်မပေးတဲ့အပြင် တပ်ဖွဲ့ဝင်ကို ဆဲဆိုပြီး မီးနီကိုပါ ဖြတ်မောင်းသွားတဲ့အတွက် ကျွန်တော်နဲ့အဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။ ယာဉ်မောင်းဝင်းဇော်ထူးကို မော်တော်ယာဉ်နည်းဥပဒေအရ ချလန်ဖြတ် အရေးယူခဲ့ပေမယ့် ဆဲဆိုမှုနဲ့ ဝတ္တရားနှောင့်ယှက်မှုကိုတော့ ယာဉ်မောင်းကော ယာဉ်နောက်လိုက်ကပါ ပြန်လည်တောင်းပန်တဲ့အတွက် တပ်ဖွဲ့ဝင်တွေကလည်း သဘောထားကြီးစွာ ပြန်လည်ခွင့်လွတ်ပြီး ထို အမူနှစ်ခုကိုတော့ ဖြေလျှော့ပေးခဲ့ပါတယ်။

DRIVE – ဆရာကိုယ်တိုင်ကြုံတွေ့ပြီး ဖမ်းခဲ့ရတဲ့ ရယ်စရာ အတွေ့အကြံုတစ်ခု။

ဒုရဲမှူးကိုကိုနိုင် – ၂၀-၈-၁၅ မနက် ၉ နာရီခွဲ အချိန်လောက်က ကျွန်တော်နဲ့ တပ်ဖွဲ့ဝင်တွေ လမ်းမတော်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတုန်းမှာ3F 9607 မီနီဘတ်စ် အစိမ်းရောင် မထသ(၃၃) ခရီးသည်တင်ယာဉ်ဟာ ဗိုလ်ချုပ်လမ်းအတိုင်း အနောက်မှ အရှေ့သို့မောင်းနှင်လာပြီး ဗိုလ်ချုပ်လမ်းနဲ့ အောင်ရတနာလမ်းဆုံ အလွန်အရောက် တစ်ဖက်ယာဉ်ကြောသို့ ပြောင်းပြီး လမ်းကြောင်းပြောင်းပြန်မောင်းနှင်ခဲ့ပါတယ်။ ဒါကို လိုက်လံဖမ်းဆီးစစ်ဆေးရာ ယာဉ်မောင်း သက်လွင်ဟာ အရက်သေစာ အလွန်အကျွံသောက်စားထားပြီး ယာဉ်မောင်းလိုင်စင်လည်း မပါရှိတာတွေကို တွေ့ရှိတဲ့အပြင် ဖမ်းဆီးတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ လုပ်ချင်တာလုပ်နိုင်တယ်။ သတ္တိက ပြောင်မြောက်တယ်လို့ ပြောနေလို့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတိုင်း တရားစွဲခဲ့ပါတယ်။ မြို့နယ်တရားသူကြီး ဒေါ်ရီရီမြင့်က အဲဒီအမှုကို စစ်ဆေးပြီး တရားခံသက်လွင်ကို လမ်းပြောင်းပြန်မဆင်မခြင် မောင်းနှင်မှုကြောင့် ၁၉၆၄ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ-၂၁ အရ ထောင်ဒဏ်တစ်လ၊ အရက်သေစာမူးယစ်သောက်စားပြီး မောင်းနှင်ခဲ့တာအတွက် ထောင်ဒဏ်တစ်လ ယာဉ်မောင်းနှင်စဉ်တွင် လိုင်စင်မပါလို့ ငွေဒဏ် ကျပ် ၅၀ဝ ပေးဆောင်စေ၊ မပေးဆောင်နိုင်ပါက ထောင်ဒဏ်တစ်လကျခံစေလို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီမှာ စောစောက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ လုပ်ချင်တာလုပ်နိုင်တယ်။ အရမ်းမိုက်တယ်ဆိုတဲ့ ယာဉ်မောင်းကြီး သက်လွင် တရားသူကြီးရှေ့မှာပဲ ကျင်ငယ်ရည်တွေထွက်ကျပြီး ငိုယိုတောင်းပန်ခဲ့တယ်ဆိုတော့ ကျွန်တော်တို့အဖွဲ့ အလွန်မိုက်တဲ့ ယာဉ်မောင်းကြီးအတွက် ငိုရခက် ရယ်ရခက် ဖြစ်ခဲ့ရပါတယ်။

Zawgyi version…

Police Captain

ကိုုကိုုႏိုုင္

လမ္းမေတာ္ယာဥ္ထိန္းရဲတပ္ဖြဲ႕စုုမွဴး

ယြန္းယြန္း

DRIVE – ယာဥ္ေၾကာေတြ ဘာေၾကာင့္ က်ပ္တာလဲ။

ဒုရဲမွဴးကိုကိုႏိုင္ – ကြ်န္ေတာ္တို႔ႏိုင္ငံမွာ တစ္ဖက္ႏိုင္ငံက တင္သြင္းတဲ့ ကားေတြရဲ႕ ၈၀ရာခိုင္ႏႈန္းေလာက္က ရန္ကုန္ၿမိဳ႕မွာ လာစုပံုေနတယ္။ ၿပီးေတာ့ ရန္ကုန္ၿမိဳ႕ဆိုတာက်ြန္ေတာ္တို့နိုင္ငံရဲ့စီးပြားေရးျမိဳ့ေတာ္ လည္းျဖစ္လူဦးေရကလည္းအမ်ားဆံုးေနထိုင္တဲ့ျမိဳျဖစ္တဲ့အျပင္ ယာဥ္ရပ္နားဖို႔ ယာဥ္ပါကင္အလံုအေလာက္မရွိတာေတြနဲ႔လည္း ဆိုင္တယ္။ တခ်ိဳ႕တည္ေဆာက္ထားတဲ့ ေဈးေတြ၊  ေက်ာင္းေတြ၊ ကန္ထ႐ိုက္တိုက္ေတြ၊ ဟိုတယ္ေတြ၊ ကုမၸဏီေတြ၊ ေဆး႐ံုေတြမွာ ယာဥ္ပါကင္စနစ္ မပါရွိတာေတြေၾကာင့္ ယာဥ္ပါကင္အလံုအေလာက္မရွိတာေတြ၊ လမ္းအက်ယ္ရွိသေလာက္ အျပည့္အဝမသံုးႏိုင္တာေတြ၊ လက္ရွိလမ္းစနစ္ကို လိုအပ္ခ်က္အရ ထပ္မံခ်ဲ႕ထြင္လို႔ မရေတာ့တာေတြကလည္း အဓိက က်ေနတယ္။ လမ္းအသံုးျပဳသူေတြျဖစ္တဲ့ ေမာ္ေတာ္ယာဥ္ေမာင္းေတြ၊ ေျခက်င္ေလွ်ာက္တဲ့သူေတြ၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းလိုက္နာမႈ အားနည္းပါတယ္။ ဒါ့အျပင္ လမ္းေဘးေဈးသည္ေတြ၊ က်ဴးေက်ာ္ေဈးသည္ေတြက ပလက္ေဖာင္းေတြမွာေကာ ကားလမ္းမေတြေပၚမွာပါ စည္းကမ္းမဲ့ ေဈးေရာင္းခ်ေနတာေတြေၾကာင့္လည္း ယာဥ္လမ္းေၾကာပိတ္ဆို႔မႈေတြ ျဖစ္တတ္ပါတယ္။ ခရီးသည္တင္ယာဥ္(ဘတ္စ္ကား) မွတ္တိုင္ေတြ၊ ဂိတ္ေတြက မီးပြိဳင့္၊ လမ္းဆံုလမ္းခြနဲ႔ အလြန္နီးတဲ့ေနရာေတြမွာ ရွိေနတာ၊ မွတ္တိုင္တစ္ခုနဲ႔တစ္ခု အလြန္နီးကပ္စြာ တည္ရွိေနတာေတြ၊ မလိုအပ္တဲ့ေနရာ၊ မရွိသင့္တဲ့ေနရာေတြမွာ မွတ္တိုင္ေတြ၊ ဂိတ္ေတြ ဘတ္စ္ကား ယာဥ္လိုင္းအစီးေရ မ်ားေနတာေတြ ေတြ မထားေပးႏိုင္တာ၊ ယာဥ္စည္းကမ္း။ လမ္းစည္းကမ္းထိန္းသိမ္းမယ့္ တပ္ဖြဲ႔ဝင္ အင္အားနည္းပါးတာေတြအျပင္ ၿမိဳ႕နယ္အတြင္းရွိ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြ ပူးေပါင္းပါဝင္ေဆာင္ရြက္ဖို႔ လိုအပ္ေနေသးတာေတြေၾကာင့္လည္း ယာဥ္ေၾကာက်ပ္တည္းရတယ္လို႔ ေျပာခ်င္ပါတယ္။၊

DRIVE – ယာဥ္ေၾကာက်ပ္တည္းမႈေတြကို ဘယ္လိုေျဖရွင္းမလဲ။

ဒုရဲမွဴးကိုကိုႏိုင္ – ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ထိန္းသိမ္းမယ့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္ေတြ အင္အားမ်ားမ်ားျဖစ္လာဖို႔ စီမံခ်က္ေတြ ေရးဆြဲၿပီး လက္တေလာမွာ ရဲတပ္သားသစ္ေတြ စုေဆာင္းေနတယ္။ တပ္ဖြဲ႔ဝင္အင္အားနည္းတဲ့အတြက္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ စည္ပင္ရဲတပ္ဖြဲ႔ဝင္ေတြ အတူတူ ပူးေပါင္းၿပီး စည္းကမ္းမဲ့ယာဥ္ေတြကို ဖမ္းဆီးျခင္း၊ ကရိန္းဆြဲျခင္း၊ ပညာေပးျခင္းေတြလည္း ေဆာင္ရြက္ေနပါတယ္။ ၿမိဳ႕နယ္တစ္ခုခ်င္းအေနနဲ႔လည္း ေနျပည္ေတာ္က ပံ့ပိုးေပးတဲ့ အဖြဲ႔ဝင္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့လည္း ၿမိဳ႕နယ္အတြင္း ယာဥ္ေၾကာက်ပ္တည္းတဲ့ေနရာေတြကို မီးတန္းယာဥ္နဲ႔ လွည့္လည္ၿပီး ယာဥ္လမ္းရွင္းလင္းေရးေတြ စည္းကမ္းမဲ့ ယာဥ္ဖမ္းဆီးေရးေတြ ေဆာင္ရြက္ေနပါတယ္။ မိမိၿမိဳ႕နယ္နဲ႔ ဆက္စပ္ေနတဲ့ ၿမိဳ႕နယ္နဲ႔ အျခားၿမိဳ႕နယ္မွာရွိတဲ့ ဌာနဆိုင္ရာအဖြဲ႔အစည္းေတြ၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔ဝင္ေတြ၊ အားလံုးခ်ိတ္ဆက္ၿပီးေတာ့လည္း ယာဥ္လမ္းရွင္းလင္းေရး လုပ္ငန္းေတြ ေဆာင္ရြက္လ်က္ရွိပါတယ္။ ပလက္ေဖာင္းေပၚ၊     လမ္းေပၚေတြမွာ ခ်ေရာင္းေနတဲ့ ေဈးသည္ေတြလည္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေဆာက္လုပ္ေပးထားတဲ့ ေဈးေတြမွာပဲ ေရာင္းခ်ႏိုင္ေအာင္ တာဝန္ရွိသူေတြဘက္ကလည္း ေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္။ ပလက္ေဖာင္းေပၚမွတစ္ဆင့္ လမ္းမႀကီးေပၚသို႔ စည္းကမ္းမဲ့စြာ ေရာင္းခ်လာတဲ့ ေဈးသည္ေတြကိုေတာ့ ၿမိဳ႕ေတာ္စည္ပင္အဖြဲ႕အေနနဲ႔ ထိထိေရာက္ေရာက္အေရးယူဖို႔ လိုပါတယ္။ ယာဥ္ေမာင္းမ်ား ေျခက်င္ေလွ်ာက္သူမ်ားကို ေမာ္ေတာ္ယာဥ္ဥပေဒ၊ နည္းဥပေဒေတြကိုသိဖို႔၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြသိဖို႔၊ အသိပညာေပးေဟာေျပာမႈေတြလည္း ျပဳလုပ္ေနပါတယ္။ ယာဥ္မရပ္နားရ သတ္မွတ္ထားတဲ့ လမ္းေတြမွာ ယာဥ္ေတြမရပ္ဖို႔နဲ႔ ယာဥ္ပါကင္ေတြ အလံုအေလာက္ရွိေအာင္ ေနာက္ပိုင္းေဆာက္တဲ့ အေဆာက္အဦေတြမွာ ကားပါကင္အလံုအေလာက္ပါဝင္ဖို႔ လိုပါတယ္။ ၿပီးေတာ့ လမ္းအက်ယ္ရွိသေလာက္ အျပည့္အဝ အသံုးျပဳႏိုင္ေအာင္ လမ္းမေပၚမွာရွိတဲ့ ဓာတ္တိုင္၊ မီးစက္အစရွိတာေတြကို ဖယ္ရွားသင့္တယ္။ သစ္ပင္ေတြကို ခုတ္လွဲသင့္တယ္။ မလိုအပ္တဲ့ ဘတ္စ္ကားမွတ္တိုင္ေတြ၊ ဂိတ္ေတြကို ျဖဳတ္သိမ္းၿပီး ဘတ္စ္ကားအစီးေရေတြကိုလည္း ေလွ်ာ့ခ်ဖို႔လိုပါတယ္။ တကၠစီယာဥ္ေတြ စည္းကမ္းတက် ရပ္နားဖို႔ taxi stand မ်ားမ်ား သတ္မွတ္ေပးသင့္ပါတယ္။ အထက္ကေျပာခဲ့တဲ့ နည္းလမ္းေတြအတိုင္း ဝိုင္းဝန္းေျဖရွင္း ေဆာင္ရြက္မယ္ဆိုရင္ ယာဥ္ေၾကာက်ပ္တည္းမႈကို အထိုက္အေလ်ာက္ေျပေလ်ာ့သြားမွာ ျဖစ္ပါတယ္။

DRIVE – ဆရာ အဓိက တာဝန္ယူထားတဲ့အပိုင္းနဲ႔ ရာထူးက။

ဒုရဲမွဴးကိုကိုႏိုင္ – ကြ်န္ေတာ္က အမွတ္(၄၉) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (လမ္းမေတာ္) ရဲ႕ တပ္ဖြဲ႔စုမွဴးပါ။ ကြ်န္ေတာ္ အဓိကတာဝန္ယူရတဲ့ အပိုင္းက ႏွစ္ပိုင္းရွိပါတယ္။ ပထမအပိုင္းကေတာ့ ကြ်န္ေတာ့္လက္ေအာက္က တပ္ဖြဲ႔ဝင္ေတြ စည္းကမ္းရွိရွိ တာဝန္ထမ္းေဆာင္ႏိုင္ဖို႔၊ သူ႔တို႔ရဲ႕ လုပ္ပိုင္ခြင့္ေတြ၊ ရပိုင္ခြင့္ေတြ အျပည့္အဝ ရရွိဖို႔ျဖစ္ပါတယ္။ ဒုတိယပိုင္းကေတာ့ လမ္းအသံုးျပဳသူေတြ ယာဥ္အႏၱရာယ္ကင္းရွင္းစြာ သြားလာႏိုင္ဖို႔နဲ႔ စည္းကမ္းရွိေစဖို႔ ျဖစ္ပါတယ္။

ပထမပိုင္းအေနနဲ႔ ကြ်န္ေတာ့္လက္ေအာက္က တပ္ဖြဲ႕ဝင္ေတြကို ေက်ာသားရင္သားမခြဲျခားဘဲ မိဘသဖြယ္ အုပ္ခ်ဳပ္ၿပီး တာဝန္ခြဲေဝခ်ထားျခင္း၊ စီမံခန္႔ခြဲျခင္းေတြကို တရားမွ်တစြာ လုပ္ေဆာင္ကာ အထက္႒ာနရဲ႕ အမိန္႔၊ ညႊန္႔ၾကားခ်က္၊ စည္းကမ္းခ်က္ေတြကို တိတိက်က် လိုက္နာႏိုင္ေအာင္ ျပဳလုပ္ေပးပါတယ္။ ဒါ့အျပင္ တာဝန္ဝတၲရားေတြကိုလည္း စည္းကမ္းရွိရွိ ထမ္းေဆာင္ႏိုင္ေအာင္ ႀကီးၾကပ္ကြပ္ကဲရပါတယ္။ တပ္ဖြဲ႔ဝင္ေတြရဲ႕ သာေရး၊ နာေရး၊ သက္သာေခ်ာင္ခ်ိေရးနဲ႔ လစာရိကၡာ ရပိုင္ခြင့္ေတြအထိ အျပည္အဝရဖို႔ ေဆာင္ရြက္ေပးရပါတယ္။ ဒုတိယပိုင္းအေနနဲ႔ လမ္းအသံုးျပဳသူေတြ ယာဥ္အႏၲရယ္ကင္းရွင္းစြာ သြားလာႏိုင္ဖို႔ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ထိန္းသိမ္းေရးေတြကို ေဆာင္ရြက္ေပးပါတယ္။

ယာဥ္တိုက္မႈတြ ေလ်ာ့နည္းပေပ်ာက္ေအာင္၊ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ မရွိေအာင္လည္း ေဆာင္ရြက္ေပးရတယ္။ အဲလိုအပိုင္းေတြတိုင္းကို ထိထိေရာက္ေရာက္ေဆာင္ရြက္ႏိုင္ဖို႔ကိုလည္း မိမိနယ္ေျမအတြင္းမွာရွိတဲ့ ဌာနဆိုင္ရာ အဖြဲ႔အစည္းအသီးသီးနဲ႔လည္း ပူးေပါင္းညႇိႏိႈင္း ေဆာင္ရြက္ရတယ္။

DRIVE – လမ္းအသံုးျပဳသူေတြ စည္းကမ္းရွိေစဖို႔ ဘာေတြမ်ား ပညာေပးလုပ္ေဆာင္ေနပါသလဲ။

ဒုရဲမွဴးကိုကိုႏိုင္ – လမ္းအသံုးျပဳသူေတြျဖစ္တဲ့ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ေတြ၊ ေျခက်င္ေလွ်ာက္သူေတြ (ဌာနဆိုင္ရာဝန္ထမ္း၊ ကုမၸဏီဝန္ထမ္းနဲ႔ ေက်ာင္းသား။သူအပါ) ကို ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးေဟာေျပာမႈေတြ၊ ကူညီေစာင့္ေရွာက္မႈေတြ ေဆာင္ရြက္ေပးရတယ္။ စည္းကမ္းခ်ိဳးေဖာက္တဲ့ လမ္းအသံုးျပဳသူေတြကိုလည္း ဖမ္းဆီးအေရးယူမႈေတြ၊ ပညာေပးမႈေတြ၊ ေဆာင္ရြက္ေပးရပါတယ္။

DRIVE – တကၠစီေတြ အမ်ားဆံုးလုပ္တတ္တဲ့ အမွား။

ဒုရဲမွဴးကိုကိုႏိုင္ – ဘတ္စ္ကားယာဥ္ေၾကာထဲ ဝင္ေမာင္းတယ္။ မီးပၸိဳင့္၊ လမ္းဆံု။လမ္းခြနဲ႔ လမ္းလယ္ေခါင္ေတြမွာ ခရီးသည္ အတင္။အခ်၊ ပစၥည္းအတင္။အခ်လုပ္တယ္။ ခ-လိုင္စင္နဲ႔ ယာဥ္ေမာင္းတယ္။ ယာဥ္မရပ္နားရလို႔ သတ္မွတ္ထားတဲ့ လမ္းမေပၚေတြမွာ ရပ္တယ္။ ခရီးသည္ေလးဦးထက္ ပိုတင္တယ္။ တစ္ခါတေလ အေနာက္ဖံုးေတြမွာလည္း လူတင္ၾကတယ္။ သတ္မွတ္ထားတာထက္ အျမန္ေမာင္းၾကတယ္။

DRIVE – ဘတ္စ္ေတြ အမ်ားဆံုး က်ဴးလြန္တတ္တဲ့ အမွား

ဒုရဲမွဴးကိုကိုႏိုင္ – မွတ္တိုင္တြင္ မရပ္ဘဲ လူတင္/ခ်လုပ္တယ္။ လမ္းေျပာင္းျပန္ေမာင္းတယ္။ အလုအယက္ ျမန္ျမန္ေမာင္းတယ္။ သတ္မွတ္ယူနီေဖာင္း၊ သတ္မွတ္လိုင္စင္မဟုတ္ဘဲ တက္ေမာင္းတယ္။ အရက္မူးၿပီး ေမာင္းတယ္။ တံခါးေတြမပိတ္ဘဲ ေမာင္းတယ္။

DRIVE – ရန္ကုန္ယာဥ္ေမာင္းေတြ အဓိက ျပင္သင္တဲ့ အခ်က္မ်ား။

ဒုရဲမွဴးကိုကိုႏိုင္ – ေမာ္ေတာ္ယာဥ္ ဥပေဒ/နည္းဥပေဒပါ ယာဥ္ေမာင္းေတြနဲ႔ သက္ဆိုင္တဲ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေတြကို သိေအာင္၊ တတ္ေအာင္ လုပ္ဖို႔၊ ျပင္ဖို႔ လိုတယ္။ ေခါက္႐ိုးက်ိဳးေနတဲ့ စည္းကမ္းပ်က္မႈေတြကိုလည္း ျပင္သင့္တယ္။ ရန္ကုန္ၿမိဳ႕ထဲမွာ လမ္းေျပာင္းျပန္ေမာင္းတာေတြ အလုအယက္ အျမန္ေမာင္းတာေတြ၊ အရက္မူးၿပီးေမာင္းတာေတြ၊ လမ္းပိတ္ဆို႔ေအာင္ေမာင္းတာေတြ၊ သတ္မွတ္လိုင္စင္မဟုတ္ဘဲ ေမာင္းတာေတြကိုေတာ့ အဓိက ျပင္သင့္ပါတယ္။

DRIVE – ရန္ကုန္မွာရွိတဲ့ ယာဥ္ေမာင္းအမ်ားစုရဲ႕ ေကာင္းတဲ့ အျပဳအမူတခ်ိဳ႕နဲ႔ မေကာင္းတဲ့ အျပဳအမူတခ်ိဳ႕ကို ေျပာျပေပးပါ။

ဒုရဲမွဴးကိုကိုႏိုင္ – တာဝန္ရွိသူေတြက ယာဥ္ကို တားရင္ စနစ္တက် ရပ္ေပးတယ္။ လိုင္စင္၊ ဝွီးတက္ ေတာင္းရင္ ႐ို႐ိုေသေသေပးတယ္။ သူတို႔ က်ဴးလြန္တဲ့ျပစ္ခ်က္ကို ေျပာျပရင္လည္း လက္ခံတယ္၊ ဝန္ခံတယ္။ ယာဥ္ေမာင္းေတြကို ၾကည့္လိုက္ရင္ ထိုင္ခံုခါးပတ္ပတ္ထားတယ္။ ဝွီးတက္ကို ကားေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတယ္။ အရက္ေသစာ ေသာက္စားထားတာ လံုးဝမရွိဘူး။ ကြမ္းစားထားတာေတာင္ မေတြ႔ရတာေတြ ရွိတယ္။ ဥပမာ ၁၁-၆-၁၆ ေန႔၊ ည ၇ နာရီေလာက္က လမ္းမေတာ္ၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္းနဲ႔ ၁၃ လမ္းေထာင့္ မဟာဗႏၶဳလလမ္းေပၚမွာ ယာဥ္ႏွစ္ထပ္ရပ္ထားတယ္လို႔ သတင္းေပးသူတခ်ိဳ႕ရဲ႕ တိုင္ၾကားခ်က္အရ ကြ်န္ေတာ္ အဖြဲ႔နဲ႔အတူ 7L – 3696 Crown အျဖဴေရာင္(ပိုင္)ယာဥ္ကို သြားေရာက္ၿပီး စစ္ေဆးခဲ့တဲ့အခါ ယာဥ္ေမာင္း လိႈင္မင္းရွိန္က ခဏတာရပ္မိက်ဴးလြန္မိေၾကာင္း ဝန္ခံပါတယ္။ ၿပီးေတာ့ လိုင္စင္ထုတ္ေပးကာ ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္တဲ့အတြက္ တိုင္ၾကားသူကလည္း ေက်နပ္သြားၿပီး ခ်လန္ျဖတ္ အေရးမယူေတာ့ဘဲ ေနာက္ဆံုးအႀကိမ္ ပညာေပး႐ံု ဝန္ခံလက္မွတ္ေရးထိုး အေရးယူခဲ့တယ္။

ဒုရဲမွဴးကိုကိုႏိုင္ – တာဝန္ရွိသူေတြ ယာဥ္ကိုတားရင္ စနစ္တက် မရပ္ေပးဘူး ေမာင္းေျပးတယ္။ လိုင္စင္၊ ဝွီးတက္ေတာင္းရင္ မေပးဘူး။ ႀကိဳက္တာလုပ္လို႔ေျပာတယ္။ တခ်ိဳ႕ေတြဆို ဆဲဆိုတယ္။ က်ဴးလြန္တဲ့ျပစ္ခ်က္ကို ဝန္မခံဘူး၊ ဘူးခံ ျငင္းတယ္။ ဥပမာတစ္ခုေပးရမယ္ဆိုရင္ ၁၁-၆-၁၆ ရွစ္နာရီ ဆယ့္ငါး ေနာက္ပိုင္းေလာက္က ကြ်န္ေတာ္နဲ႔ တပ္ဖြဲ႔ဝင္ ဒုတပ္ၾကပ္ရန္ႏိုင္စိုးတို႔ လမ္းေတာ္ၿမိဳ႕နယ္ မဟာဗႏၶဳလလမ္းနဲ႔ ဘုန္းႀကီးလမ္းဆံု မီးပၸိဳင့္မွာ တာဝန္ထမ္းေဆာင္ေနတုန္းကပါ။ 5B-6191 Nissan PE မထသ ၄၅ ယာဥ္ဟာ ဘုန္းႀကီးလမ္းအတိုင္း လမ္းေျပာင္းျပန္ေမာင္းႏွင္လာလို႔ ဒုတပ္ၾကပ္ ရန္ႏိုင္စိုးက ရပ္တန္႔စစ္ေဆးဖို႔ တားေပမယ့္ ရပ္မေပးတဲ့အျပင္ တပ္ဖြဲ႔ဝင္ကို ဆဲဆိုၿပီး မီးနီကိုပါ ျဖတ္ေမာင္းသြားတဲ့အတြက္ ကြ်န္ေတာ္နဲ႔အဖြဲ႔က လိုက္လံဖမ္းဆီးခဲ့ပါတယ္။ ယာဥ္ေမာင္းဝင္းေဇာ္ထူးကို ေမာ္ေတာ္ယာဥ္နည္းဥပေဒအရ ခ်လန္ျဖတ္ အေရးယူခဲ့ေပမယ့္ ဆဲဆိုမႈနဲ႔ ဝတၲရားေႏွာင့္ယွက္မႈကိုေတာ့ ယာဥ္ေမာင္းေကာ ယာဥ္ေနာက္လိုက္ကပါ ျပန္လည္ေတာင္းပန္တဲ့အတြက္ တပ္ဖြဲ႔ဝင္ေတြကလည္း သေဘာထားႀကီးစြာ ျပန္လည္ခြင့္လြတ္ၿပီး ထို အမူႏွစ္ခုကိုေတာ့ ေျဖေလွ်ာ့ေပးခဲ့ပါတယ္။

DRIVE – ဆရာကိုယ္တိုင္ႀကံဳေတြ႕ၿပီး ဖမ္းခဲ့ရတဲ့ ရယ္စရာ အေတြ႔အႀကံဳတစ္ခု။

ဒုရဲမွဴးကိုကိုႏိုင္ – ၂၀-၈-၁၅ မနက္ ၉ နာရီခြဲ အခ်ိန္ေလာက္က ကြ်န္ေတာ္နဲ႔ တပ္ဖြဲ႔ဝင္ေတြ လမ္းမေတာ္နယ္ေျမအတြင္း တာဝန္ထမ္းေဆာင္ေနတုန္းမွာ3F 9607 မီနီဘတ္စ္ အစိမ္းေရာင္ မထသ(၃၃) ခရီးသည္တင္ယာဥ္ဟာ ဗိုလ္ခ်ဳပ္လမ္းအတိုင္း အေနာက္မွ အေရွ႕သို႔ေမာင္းႏွင္လာၿပီး ဗိုလ္ခ်ဳပ္လမ္းနဲ႔ ေအာင္ရတနာလမ္းဆံု အလြန္အေရာက္ တစ္ဖက္ယာဥ္ေၾကာသို႔ ေျပာင္းၿပီး လမ္းေၾကာင္းေျပာင္းျပန္ေမာင္းႏွင္ခဲ့ပါတယ္။ ဒါကို လိုက္လံဖမ္းဆီးစစ္ေဆးရာ ယာဥ္ေမာင္း သက္လြင္ဟာ အရက္ေသစာ အလြန္အကြ်ံေသာက္စားထားၿပီး ယာဥ္ေမာင္းလိုင္စင္လည္း မပါရွိတာေတြကို ေတြ႔ရွိတဲ့အျပင္ ဖမ္းဆီးတဲ့ တပ္ဖြဲ႔ဝင္ေတြကိုလည္း ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘူး။ လုပ္ခ်င္တာလုပ္ႏိုင္တယ္။ သတၲိက ေျပာင္ေျမာက္တယ္လို႔ ေျပာေနလို႔ သူက်ဴးလြန္ခဲ့တဲ့ ျပစ္မႈအတိုင္း တရားစြဲခဲ့ပါတယ္။ ၿမိဳ႕နယ္တရားသူႀကီး ေဒၚရီရီျမင့္က အဲဒီအမႈကို စစ္ေဆးၿပီး တရားခံသက္လြင္ကို လမ္းေျပာင္းျပန္မဆင္မျခင္ ေမာင္းႏွင္မႈေၾကာင့္ ၁၉၆၄ခုႏွစ္ ေမာ္ေတာ္ယာဥ္ဥပေဒ ပုဒ္မ-၂၁ အရ ေထာင္ဒဏ္တစ္လ၊ အရက္ေသစာမူးယစ္ေသာက္စားၿပီး ေမာင္းႏွင္ခဲ့တာအတြက္ ေထာင္ဒဏ္တစ္လ ယာဥ္ေမာင္းႏွင္စဥ္တြင္ လိုင္စင္မပါလို႔ ေငြဒဏ္ က်ပ္ ၅၀ဝ ေပးေဆာင္ေစ၊ မေပးေဆာင္ႏိုင္ပါက ေထာင္ဒဏ္တစ္လက်ခံေစလို႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ အဲဒီမွာ ေစာေစာက ဘယ္သူ႔ကိုမွ ဂရုမစိုက္ဘူး။ လုပ္ခ်င္တာလုပ္ႏိုင္တယ္။ အရမ္းမိုက္တယ္ဆိုတဲ့ ယာဥ္ေမာင္းႀကီး သက္လြင္ တရားသူႀကီးေရွ႕မွာပဲ က်င္ငယ္ရည္ေတြထြက္က်ၿပီး ငိုယိုေတာင္းပန္ခဲ့တယ္ဆိုေတာ့ ကြ်န္ေတာ္တို႔အဖြဲ႕ အလြန္မိုက္တဲ့ ယာဥ္ေမာင္းႀကီးအတြက္ ငိုရခက္ ရယ္ရခက္ ျဖစ္ခဲ့ရပါတယ္။