Unicode version…

ပြည်တွင်းမှာ လူကြိုက်အများဆုံး ဆိုင်ကယ်များ …

အခု တခါတော့ ပြည်တွင်းမှာ သင်္ကြန်တွင်း ခေတ်စားခဲ့တဲ့ ဆိုင်ကယ်တွေအကြောင်း ပြောပြချင်ပါတယ်။ လူငယ်ကြိုက် မော်ဒယ်တွေ များပြီးတော့ မျက်နှာသစ် အမှတ်တံဆိပ်တွေကို စျေးကွက်မှာ လက်ခံ စီးနင်းလာကြတာ တွေ့နိုင်ပါတယ်။

Streetfighter – Honda MSX 125 …

ပြည်တွင်း ဆိုင်ကယ် စျေးကွက်မှာ Standardတန်းဝင်ထဲမှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ Honda CBRနဲ့ Yamaha FZပြီးရင် လူကြိုက် အများဆုံး ဖြစ်လာနေတဲ့ မော်ဒယ်ပါ။ MSXအနေနဲ့ အလှစီး သမားတွေက သိပ်မကြိုက်ပေမယ့် ဆိုင်ကယ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် စီးချင်သူတွေ အတွက်ကတော့ သဘောကျစရာပါ။ Standardတန်းဝင် ဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ထည်အရွယ်စားက CBRထက်ရော FZထက်ပါ သေးငယ်လို့ မောင်းနှင်သူ အတွက် ပိုင်ပိုင်နိုင်နိုင် စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်တာကြောင့် လူကြိုက်များနေတာလည်း တွေ့ရပါတယ်။ ပြီးတော့ စျေးနှုန်း အပိုင်းမှာလည်း FZနဲ့တော့ သိပ်မကွာပေမယ့် CBRထက် စျေးချိုလို့ လူကြိုက်များတာလည်း တွေ့ရပါတယ်။ အင်ဂျင်စနစ်ကတော့တစ်လုံးထိုး အင်ဂျင်၊ Four Strokeအမျိုးအစားပါ။ အင်ဂျင်အရွယ်က ၁၂၅စီစီပါ။ ဒါက လက်ရှိ ပြည်တွင်းမှာ လူကြိုက် အများဆုံး အင်ဂျင် အရွယ်ပါ။ အင်ဂျင်ဖန်တီးမှုလည်း အားကောင်းသလို Exhaustပိုင်း စနစ် ကောင်းမွန်မှုက မော်ဒယ်ကို အသံထွက် အထူးပဲ ညက်စေပါတယ်။ အင်ဂျင်သံက အရင် Super Cubဆိုင်ကယ်တွေလိုပဲ အသံမထွက်သလောက်ပါပဲ။

အင်ဂျင်ရဲ့ အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၅၅၀၀မှာတင် ရုန်းအား ၁၀.၉ ပေါင်-ပေ ထွက်ရှိပြီး မြင်းကောင်ရေ ၉.၆၆ကောင်အား ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီနှုန်းက ၁၂၅စီစီသုံး အင်ဂျင်တွေထဲမှာ စွမ်းအင် ထွက်နှုန်း အကောင်းဆုံးနှုန်းလည်း ဖြစ်ပါတယ်။ အင်ဂျင်က အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်းက တစ်မိနစ် အပတ်ရေ ရ၀၀၀ထိအောင်ပဲ ဖြစ်ပေမယ့် အခြား တစ်မိနစ် လည်ပတ်နှုန်း တစ်သောင်းကျော် မော်ဒယ်တွေနဲ့အတူ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း အားကောင်းတာ တွေ့ရပြီး တစ်နာရီ အမြန်ဆုံး ၁၀၃ ကီလိုမီတာ (၆၃မိုင်)၀န်းကျင်ထိအောင် မောင်းနှင်နိုင်မှာပါ။ ဒီနှုန်းက ပြည်တွင်း လမ်းကြောင်း အနေအထားတွေနဲ့ အသင့်တော်ဆုံး နှုန်းပါပဲ။ ဂီယာပိုင်းမှာတော့ Clutchစနစ်နဲ့ လာပြီး မဆိုးပါဘူး။ CBRရဲ့ Clutchစနစ်လောက်တော့ မညက်ချင်ပါဘူး။ ဂီယာချက်ပိုင်းမှာ miniမော်ဒယ်မျိုး ဖန်တီးထားတာကြောင့် ဂီယာချက် ၄ချက်ပဲ သုံးနိုင်မှာပါ။

ဒီလို အင်ဂျင်လည်ပတ်အားကိုလည်း လျော့ထားပြီး ဂီယာချက်ကိုလည်း ပုံမှန် ၅ချက်အစား ၄ချက်ပဲ ထားရှိ ဖန်တီးထားတာက မော်ဒယ်ကို ဆီစားနှုန်း အပိုင်းမှာတော့ အရမ်း ချိုလာစေပါတယ်။ ဆီတိုင်ကီက ၅.၅လီတာ ဆံ့ဝင်မှာ ဖြစ်ပြီး ဆီတစ်ဂါလံကို မိုင် ၁၀၀ကျော်ထိအောင် မောင်းနှင်နိုင်မှာပါ။ ဆီတိုင်ကီ အပြည့်နဲ့ ခရီး တဆက်တည်း မောင်းနှင်မှု မိုင် ၁၄၀လောက်ထိအောင် ရမှာလည်း ဖြစ်ပါတယ်။ ဆိုင်ကယ်ရဲ့ အလေးချိန်က ၂၂၄ပေါင် ရှိမယ်၊ ၀န်တင်ဆောင် ရုန်းကန်နိုင်မှု ပေါင် ၃၀၀လောက်ထိအောင် ရမယ်၊ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်မှုက ၆.၃လက်မရှိပြီး သွားလာမောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြည်တွင်း စျေးကွက်မှာတော့ MSXကို လူငယ်တွေ အကြား ရေပန်းစားနေပြီး အရောင် ရွေးချယ်နိုင်မှုက အနီ၊ အနက်၊ အဖြူ၊ အဝါ၊ အပြာ၊ အစိမ်း စသဖြင့် အရောင်ပိုင်း မျိုးစုံရနိုင်တာ တွေ့ရသလို စျေးနှုန်းကလည်း အခုနှစ် ၂၀၁၇ခုနှစ် မော်ဒယ်ကို ကျပ် ၂၆သိန်း ၀န်းကျင်နဲ့ ၂၀၁၆ခုနှစ် လက်ကျန် မော်ဒယ်တွေက ၂၂သိန်း ၀န်းကျင်နဲ့ ရနိုင်နေတယ်လို့ သိရပါတယ်။

Scooter – Piaggio Medley 150 S …

Piaggioဆိုတာက စျေးကွက်မှာ အသစ်ဝင်လာတဲ့ လူသိနည်း အမှတ်တံဆိပ်ပါ။ ဒီတော့ သူ့ အကြောင်းပါ နည်းနည်းလောက် မိတ်ဆက်ပေးပါ့မယ်။ ၁၈၈၄ခုနှစ်ကတည်းက တည်ထောင်လုပ်ကိုင်နေတဲ့ ဆိုင်ကယ်နဲ့ အင်ဂျင်ထုတ် အီတလီ အခြေစိုက် ကုမဏီ ဖြစ်ပါတယ်။ ကမ္ဘာနဲ့ အဝှမ်း ၀န်ထမ်းအင်အား ၈၀၀၀ကျော် ခန့်ထား လုပ်ကိုင်နေတာကို ကြည့်ရင် ကုမဏီရဲ့ အနေအထားကို သိနိုင်မှာပါ။ နိုင်ငံပေါင်း ၅၀ကျော်ကို ဆိုင်ကယ်တွေ တင်ပို့ရောင်းချနေသလို လက်ခွဲ စက်ရုံနဲ့ စမ်းသပ်မှုတွေပါ ထားရှိ လုပ်ဆောင်နေတာပါ။ ၂၀၁၄ခုနှစ် တစ်နှစ်တည်းမှာတင် ဆိုင်ကယ် အစီးရေ ၅၁၉၇၀၀ထုတ်လုပ်ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟုတ်ပါပြီ၊ ဒါဆို Piaggioက ကျွန်တော်တို့နဲ့ စိမ်းနေရုံလောက်ပဲ ဖြစ်ပြီး လုပ်ငန်းကြီး လုပ်နေတဲ့ ကုမဏီ၊ အမှတ်တံဆိပ်ဆိုတာ သိပါပြီနော်။

အခု မိတ်ဆက်ပေးချင်တာက သူ့ရဲ့ မော်ဒယ်က Medley 150 Sပါ။ အင်ဂျင်က ၁၅၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ မောင်းနှင်ရ လွယ်ကူမယ့် CVTစနစ်နဲ့ ဖြစ်ပါတယ်။ Scooter ကိုယ်ထည် ပုုံစံ ဖြစ်ပြီး အခု နောက်ပိုင်း စျေးကွက်မှာ လူကြိုက်များ Clickနဲ့ Finoတွေကို အကောင်းဆုံး စျေးကွက် ပြိုင်ဆိုင်နိုင်မယ့် မော်ဒယ်ပါပဲ။ မြင်မိသလောက်တော့ ဆီစားနှုန်းမှာ လက်ရှိ ပြည်တွင်းရဲ့ လူကြိုက်များ Clickတွေနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်မှာတော့ ပိုကောင်းတာ တွေ့နိုင်ပါတယ်။ ထူးခြားချက်ကတော့ အင်ဂျင် အအေးခံ စနစ် အတွက် ရေတိုင်ကီ ထည့်သွင်း ဖန်တီးထားခြင်းက မော်ဒယ်ကို ခရီးဝေး မောင်းနှင်နိုင်မှု အားကောင်းလာစေတာ ဖြစ်ပြီး Scooter အများစုမှာ တွေ့ရတဲ့ ခရီးဝေး မောင်းနှင်နိုင်မှု အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင် ဖန်တီးထားတာပါ။ နှစ်ယောက်စီး ထိုင်ခုံ ဖန်တီးမှုနဲ့ အတူ ထိုင်ခုံအတွင်း Toolboxနေရာ အထူး ကျယ်ဝန်းတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ စျေးကွက်ဝင် Scooter အများစုက Toolboxနေရာ ကျဉ်းလွန်းပါတယ်။ ဆိုင်ကယ် အပိုပစ္စည်း ထည့်လိုက်ရင် နောက်ထပ် ၀န်ထည့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် အခု Medley 150 Sမှာတော့ ခရီးသည် ဦးထုပ် နှစ်လုံးကို အလွယ်ထည့်နိုင်လောက်အောင်Tollboxက ကျယ်ဝန်းကောင်းမွန်တာ တွေ့ရပါတယ်။

ပြီးတော့ ဆီတိုင်ကီ၊ နောက်ပိုင်း စျေးကွက်ဝင် ဆိုင်ကယ်တွေက ဆီစားနှုန်း ချိုသာလာတာကြောင့် ဆီတိုင်ကီနေရာကို ချုံ့လိုက်ပြီး ၄ လီတာ ၀န်းကျင်လောက်ပဲ ဆံ့အောင် ဖန်တီးထားတတ်ကြပေမယ့် အခု Medley 150 Sမှာတော့ ရလီတာထိအောင် ဆံ့မှာ ဖြစ်လို့ ခရီးဝေး မောင်းနှင်မှု အတွက်လည်း အဆင်ပြေသလို မိမိ ထည့်သွင်း အသုံးပြုနေကျ စက်သုံးဆီ ရှာဖွေ ထည့်သွင်း အသုံးပြုရမှုလည်း လွယ်ကူလာစေပါတယ်။ ဆီတိုင်ကီ အပြည့်နဲ့ဆိုရင် ခရီးတဆက်တည်း မောင်းနှင်နိုင်မှု မိုင် ၁၅၀ကျော်လောက်ထိအောင် ရနိုင်ပါတယ်။ ဒီနှုန်းက တရက်တာ ခရီးပြင်း မောင်းနှင်မှု အများဆုံး လုပ်သင့်တဲ့ နှုန်း မိုင် ၃၀၀ရဲ့ ထက်ဝက် ဖြစ်လို့ တော်တော်လေးကို အဆင်ပြေလာစေမှာပါ။ ဒါပေမယ့် မော်ဒယ်ရဲ့ အားနည်းချက်က စျေးနှုန်းပိုင်းမှာ နည်းနည်း များချင်နေပြီး ပျမ်းမျှ လူကြိုက်များ အာရှထုတ် Scooterတစ်စီး သိန်း ၂၀ ၀န်းကျင် ရှိနေချိန်မှာ Medley 150 Sက ၄၈ သိန်းထိအောင် စျေးရှိနေပါတယ်။ ၂၀၁၆ခုနှစ် မော်ဒယ်ကို အသစ်အနေနဲ့ ရနိုင်ပြီး အရောင်မှာ အပြာ၊ အနက်၊ အနီ၊ အဝါတွေ အဖြစ် ရနိုင်နေတာ တွေ့ရပါတယ်။

Standard – TVS Apache 200 …

အခု အမှတ်တံဆိပ် TVSက ပြည်တွင်းမှာ တကယ်ကို မျက်နှာသစ်ပါ။ Yamaha, Kawasakiနဲ့ Hondaတွေလောက်ပဲ လူသိများကြတဲ့ အနေအထားမှာ တဖြည်းဖြည်းနဲ့ အမှတ်တံဆိပ်သစ်တွေ စျေးကွက် ၀င်လာခဲ့ပါတယ်။ KTMပြီးရင် အခု TVSက ဒုတိယမြောက် စျေးကွက်ဝင်လာတဲ့ မျက်နှာသစ် ကုမဏီကြီး တစ်ခု ဖြစ်ပါတယ်။ ဒေသအခေါ် ကွက်ပျောက်ဆိုတဲ့ အသုံးအနှုန်းက ကုမဏီ ခိုင်ခိုင်မာမာ မရှိပဲ ဆိုင်ကယ်တွေ ထုတ်လုပ်တယ်၊ စျေးကွက်ဝင်လာတယ်ပေါ့။ အခု TVSကိုလည်း အများစုက ကွက်ပျောက်လို့ ထင်ကြပါတယ်။ ဒါပေမယ့် အမှန်တော့ TVSက အိန္ဒိယ အခြေစိုက် ဆိုင်ကယ် ကုမဏီ ဖြစ်ပြီးတော့ အိန္ဒိယမှာ တတိယ အကြီးဆုံး ဆိုင်ကယ်ထုတ်လုပ်သူ၊ ဒုတိယ အများဆုံး နိုင်ငံပေါင်း ၆၀ကျော်ကို ဆိုင်ကယ် တင်ပို့ုနိုင်သူ၊ တစ်နှစ်ကို ဆိုင်ကယ် အစီးရေ ၂.၅သန်းလောက် ရောင်းချနိုင်နေသူပဲ ဖြစ်ပါတယ်။ ဒါဆို TVSက ကွက်ပျောက် အမှတ်တံဆိပ် တစ်ခုတော့ မဟုတ်တော့ပါဘူး။ အခု ကျွန်တော်က သူ့ရဲ့ မော်ဒယ် တစ်ခု ဖြစ်တဲ့ Apache 200နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အင်ဂျင်က ၂၀၀ စီစီသုံး အင်ဂျင်ကို တပ်ဆင်ထားတာပါ။ စွမ်းဆောင်ရည်မြင့် မော်ဒယ် အနေအထားမှာ ၂၀၀ စီစီက အရွယ် နည်းနည်း သေးချင်ပေမယ့် ပြည်တွင်း လမ်းကြောင်း အနေအထားနဲ့ ဆီစားနှုန်းတွေအရ အခု အင်ဂျင်က အနေတော်ပါပဲ။ အင်ဂျင်က အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ရ၀၀၀မှာတင် ရုန်းအား ၁၈.၁ပေါင်-ပေ ရှိပြီး မြင်းကောင်ရေ ၂၀.၂၃ကောင်အား ထွက်ရှိမှာပါ။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်မယ့် နှုန်းက တစ်မိနစ် အပတ်ရေ ၈၅၀၀ပါ။ အင်ဂျင် အရွယ်၊ ကိုယ်ထည်အနေအထားအရ အခု လည်ပတ်နှုန်းက သင့်ပါတယ်။ တစ်လုံးထိုး အင်ဂျင်စနစ်ဖြစ်ပြီး ဂီယာချက် ၅ချက်ကို Clutchစနစ်နဲ့ သုံးပြီး မောင်းနှင်နိုင်ပါလိမ့်မယ်။ ကိုယ်ထည်က မြေပြင်နဲ့ ၁၈၀ မီလီမီတာ ကင်းလွတ်ပါတယ်။ လမ်းကြမ်းပိုင်း စိတ်ကြိုက် အနေအထားတော့ မဖြစ်ပါဘူး။ ဆိုင်ကယ် တစ်စီးလုံးက အလေးချိန် ၁၄၈ ကီလို ဂရမ် လေးပါတယ်။ ဆီတိုင်ကီက ၁၂လီတာ ဆံ့ပြီး အထက်မှာ ပြောခဲ့တဲ့ အလေးချိန်က ဆီမပါပဲ အလေးချိန် ဖြစ်ပါတယ်။ မော်ဒယ်က တစ်နာရီ အမြန်ဆုံး ၁၂၇မိုင်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်တဲ့ အချက်ကတော့ တကယ်ကို သဘောကျစရာပါ။ ဒါပေမယ့် သတိပြုစေချင်တာ တစ်ခုက ဘယ်လမ်းကြောင်း အနေအထားမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာ အဆိုပါ အမြန်နှုန်းထိအောင် မောင်းနှင်ဖို့ မသင့်ဘူး၊ မောင်းနှင်ဖို့ မကြိုးစားသင့်ဘူး ဆိုတာပါပဲ။

Standardတန်းဝင် မော်ဒယ် ဖြစ်ပြီး လက်ရှိ စျေးကွက်မှာတော့ Yamaha FZနဲ့ စျေးကွက် ပြိုင်ဆို်င်ရပါလိမ့်မယ်။ 4 Strokeအင်ဂျင်စနစ်ဖြစ်လို့ မီးခိုးထွက်လည်း နည်းပြီး အသံလည်း ငြိမ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ဂီယာချက် ၅ချက်မှာ ပထမ ၁ချက်က အောက်ကိုနင်းရမယ့် ပုံစံ ဖြစ်ပြီး ကျန် ၄ချက်က အထက်ကို မတင် အသုံးပြုရမှာပါ။ FZတွေရဲ့ ဂီယာနဲ့ ပုံစံတူပါတယ်။ Tubelessတာယာစနစ်နဲ့ ဖြစ်ပါတယ်။ ဘီးတွေက Alloyသားနဲ့ပါ။ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄စက္ကန့်နဲ့ ရောက်အောင် မောင်းနိုင်ပါတယ်။ ကီလိုမီတာ ၁၀၀နှုန်း အတွက်ကတော့ ၁၂စက္ကန့်ဆိုရင် ရောက်ပါပြီ။ ဆီစားနှုန်းကတော့ ပျမ်းမျှ တစ်လီတာကို ၃၅ကီလိုလောက် စီးနိုင်မှာပါ။ ပြည်တွင်းမှာတော့ ၂၀၁၆ခုနှစ်ထုတ် မော်ဒယ် အသစ် အနေနဲ့ ရနိုင်ပြီး စျေးနှုန်းက ကျပ် ၂၃သိန်း ရှိနေတာပါ။

ကျော်နန္ဒ (မြေလတ်သား)

Zawgyi version…

ျပည္တြင္းမွာ လူႀကိဳက္အမ်ားဆံုး ဆိုင္ကယ္မ်ား …

အခု တခါေတာ့ ျပည္တြင္းမွာ သႀကၤန္တြင္း ေခတ္စားခဲ့တဲ့ ဆိုင္ကယ္ေတြအေၾကာင္း ေျပာျပခ်င္ပါတယ္။ လူငယ္ႀကိဳက္ ေမာ္ဒယ္ေတြ မ်ားၿပီးေတာ့ မ်က္ႏွာသစ္ အမွတ္တံဆိပ္ေတြကို ေစ်းကြက္မွာ လက္ခံ စီးနင္းလာၾကတာ ေတြ႔နုိင္ပါတယ္။

Streetfighter – Honda MSX 125 …

ျပည္တြင္း ဆိုင္ကယ္ ေစ်းကြက္မွာ Standardတန္း၀င္ထဲမွာ လူႀကိဳက္အမ်ားဆံုးျဖစ္ေနတဲ့ Honda CBRနဲ႔ Yamaha FZၿပီးရင္ လူႀကိဳက္ အမ်ားဆံုး ျဖစ္လာေနတဲ့ ေမာ္ဒယ္ပါ။ MSXအေနနဲ႔ အလွစီး သမားေတြက သိပ္မႀကိဳက္ေပမယ့္ ဆိုင္ကယ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ ကၽြမ္းကၽြမ္းက်င္က်င္ စီးခ်င္သူေတြ အတြက္ကေတာ့ သေဘာက်စရာပါ။ Standardတန္း၀င္ ျဖစ္ေပမယ့္ သူ႔ရဲ႕ ကိုယ္ထည္အရြယ္စားက CBRထက္ေရာ FZထက္ပါ ေသးငယ္လုိ႔ ေမာင္းႏွင္သူ အတြက္ ပိုင္ပိုင္ႏုိင္ႏိုင္ စိတ္ႀကိဳက္ ထိန္းခ်ဳပ္ေမာင္းႏွင္ႏုိင္တာေၾကာင့္ လူႀကိဳက္မ်ားေနတာလည္း ေတြ႔ရပါတယ္။ ၿပီးေတာ့ ေစ်းႏႈန္း အပိုင္းမွာလည္း FZနဲ႔ေတာ့ သိပ္မကြာေပမယ့္ CBRထက္ ေစ်းခ်ိဳလို႔ လူႀကိဳက္မ်ားတာလည္း ေတြ႔ရပါတယ္။ အင္ဂ်င္စနစ္ကေတာ့တစ္လံုးထိုး အင္ဂ်င္၊ Four Strokeအမ်ိဳးအစားပါ။ အင္ဂ်င္အရြယ္က ၁၂၅စီစီပါ။ ဒါက လက္ရွိ ျပည္တြင္းမွာ လူႀကိဳက္ အမ်ားဆံုး အင္ဂ်င္ အရြယ္ပါ။ အင္ဂ်င္ဖန္တီးမႈလည္း အားေကာင္းသလို Exhaustပိုင္း စနစ္ ေကာင္းမြန္မႈက ေမာ္ဒယ္ကို အသံထြက္ အထူးပဲ ညက္ေစပါတယ္။ အင္ဂ်င္သံက အရင္ Super Cubဆိုင္ကယ္ေတြလိုပဲ အသံမထြက္သေလာက္ပါပဲ။

အင္ဂ်င္ရဲ႕ အေျခခံ လည္ပတ္အား တစ္မိနစ္ အပတ္ေရ ၅၅၀၀မွာတင္ ရုန္းအား ၁၀.၉ ေပါင္-ေပ ထြက္ရွိၿပီး ျမင္းေကာင္ေရ ၉.၆၆ေကာင္အား ထြက္ရွိမွာ ျဖစ္ပါတယ္။ ဒီႏႈန္းက ၁၂၅စီစီသံုး အင္ဂ်င္ေတြထဲမွာ စြမ္းအင္ ထြက္ႏႈန္း အေကာင္းဆံုးႏႈန္းလည္း ျဖစ္ပါတယ္။ အင္ဂ်င္က အျမင့္ဆံုး လည္ပတ္ႏိုင္မႈႏႈန္းက တစ္မိနစ္ အပတ္ေရ ၇၀၀၀ထိေအာင္ပဲ ျဖစ္ေပမယ့္ အျခား တစ္မိနစ္ လည္ပတ္ႏႈန္း တစ္ေသာင္းေက်ာ္ ေမာ္ဒယ္ေတြနဲ႔အတူ အျမန္ဆံုး ေမာင္းႏွင္နုိင္မႈႏႈန္း အားေကာင္းတာ ေတြ႔ရၿပီး တစ္နာရီ အျမန္ဆံုး ၁၀၃ ကီလိုမီတာ (၆၃မိုင္)၀န္းက်င္ထိေအာင္ ေမာင္းႏွင္နိုင္မွာပါ။ ဒီႏႈန္းက ျပည္တြင္း လမ္းေၾကာင္း အေနအထားေတြနဲ႔ အသင့္ေတာ္ဆံုး ႏႈန္းပါပဲ။ ဂီယာပိုင္းမွာေတာ့ Clutchစနစ္နဲ႔ လာၿပီး မဆိုးပါဘူး။ CBRရဲ႕ Clutchစနစ္ေလာက္ေတာ့ မညက္ခ်င္ပါဘူး။ ဂီယာခ်က္ပိုင္းမွာ miniေမာ္ဒယ္မ်ိဳး ဖန္တီးထားတာေၾကာင့္ ဂီယာခ်က္ ၄ခ်က္ပဲ သံုးႏုိင္မွာပါ။

ဒီလို အင္ဂ်င္လည္ပတ္အားကိုလည္း ေလ်ာ့ထားၿပီး ဂီယာခ်က္ကိုလည္း ပုံမွန္ ၅ခ်က္အစား ၄ခ်က္ပဲ ထားရွိ ဖန္တီးထားတာက ေမာ္ဒယ္ကို ဆီစားႏႈန္း အပိုင္းမွာေတာ့ အရမ္း ခ်ိဳလာေစပါတယ္။ ဆီတိုင္ကီက ၅.၅လီတာ ဆံ့၀င္မွာ ျဖစ္ၿပီး ဆီတစ္ဂါလံကို မိုင္ ၁၀၀ေက်ာ္ထိေအာင္ ေမာင္းႏွင္နုိင္မွာပါ။ ဆီတိုင္ကီ အျပည့္နဲ႔ ခရီး တဆက္တည္း ေမာင္းႏွင္မႈ မိုင္ ၁၄၀ေလာက္ထိေအာင္ ရမွာလည္း ျဖစ္ပါတယ္။ ဆိုင္ကယ္ရဲ႕ အေလးခ်ိန္က ၂၂၄ေပါင္ ရွိမယ္၊ ၀န္တင္ေဆာင္ ရုန္းကန္ႏုိင္မႈ ေပါင္ ၃၀၀ေလာက္ထိေအာင္ ရမယ္၊ ေျမျပင္နဲ႔ ကိုယ္ထည္ရဲ႕ ကင္းလြတ္မႈက ၆.၃လက္မရွိၿပီး သြားလာေမာင္းႏွင္နုိင္မွာလည္း ျဖစ္ပါတယ္။ ျပည္တြင္း ေစ်းကြက္မွာေတာ့ MSXကို လူငယ္ေတြ အၾကား ေရပန္းစားေနၿပီး အေရာင္ ေရြးခ်ယ္ႏုိင္မႈက အနီ၊ အနက္၊ အျဖဴ၊ အ၀ါ၊ အျပာ၊ အစိမ္း စသျဖင့္ အေရာင္ပိုင္း မ်ိဳးစံုရႏုိင္တာ ေတြ႔ရသလို ေစ်းႏႈန္းကလည္း အခုႏွစ္ ၂၀၁၇ခုႏွစ္ ေမာ္ဒယ္ကို က်ပ္ ၂၆သိန္း ၀န္းက်င္နဲ႔ ၂၀၁၆ခုႏွစ္ လက္က်န္ ေမာ္ဒယ္ေတြက ၂၂သိန္း ၀န္းက်င္နဲ႔ ရႏုိင္ေနတယ္လို႔ သိရပါတယ္။

Scooter – Piaggio Medley 150 S …

Piaggioဆိုတာက ေစ်းကြက္မွာ အသစ္၀င္လာတဲ့ လူသိနည္း အမွတ္တံဆိပ္ပါ။ ဒီေတာ့ သူ႔ အေၾကာင္းပါ နည္းနည္းေလာက္ မိတ္ဆက္ေပးပါ့မယ္။ ၁၈၈၄ခုႏွစ္ကတည္းက တည္ေထာင္လုပ္ကိုင္ေနတဲ့ ဆိုင္ကယ္နဲ႔ အင္ဂ်င္ထုတ္ အီတလီ အေျခစိုက္ ကုမဏီ ျဖစ္ပါတယ္။ ကမာၻနဲ႔ အ၀ွမ္း ၀န္ထမ္းအင္အား ၈၀၀၀ေက်ာ္ ခန္႔ထား လုပ္ကိုင္ေနတာကို ၾကည့္ရင္ ကုမဏီရဲ႕ အေနအထားကို သိႏုိင္မွာပါ။ ႏုိင္ငံေပါင္း ၅၀ေက်ာ္ကို ဆိုင္ကယ္ေတြ တင္ပို႔ေရာင္းခ်ေနသလို လက္ခြဲ စက္ရံုနဲ႔ စမ္းသပ္မႈေတြပါ ထားရွိ လုပ္ေဆာင္ေနတာပါ။ ၂၀၁၄ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ ဆိုင္ကယ္ အစီးေရ ၅၁၉၇၀၀ထုတ္လုပ္ေရာင္းခ်ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဟုတ္ပါၿပီ၊ ဒါဆို Piaggioက ကၽြန္ေတာ္တို႔နဲ႔ စိမ္းေနရံုေလာက္ပဲ ျဖစ္ၿပီး လုပ္ငန္းႀကီး လုပ္ေနတဲ့ ကုမဏီ၊ အမွတ္တံဆိပ္ဆိုတာ သိပါၿပီေနာ္။

အခု မိတ္ဆက္ေပးခ်င္တာက သူ႔ရဲ႕ ေမာ္ဒယ္က Medley 150 Sပါ။ အင္ဂ်င္က ၁၅၀ စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားပါတယ္။ ေမာင္းႏွင္ရ လြယ္ကူမယ့္ CVTစနစ္နဲ႔ ျဖစ္ပါတယ္။ Scooter ကိုယ္ထည္ ပုံုစံ ျဖစ္ၿပီး အခု ေနာက္ပိုင္း ေစ်းကြက္မွာ လူႀကိဳက္မ်ား Clickနဲ႔ Finoေတြကို အေကာင္းဆံုး ေစ်းကြက္ ၿပိဳင္ဆိုင္ႏိုင္မယ့္ ေမာ္ဒယ္ပါပဲ။ ျမင္မိသေလာက္ေတာ့ ဆီစားႏႈန္းမွာ လက္ရွိ ျပည္တြင္းရဲ႕ လူႀကိဳက္မ်ား Clickေတြနဲ႔ သိပ္မကြာပါဘူး။ ဒါေပမယ့္ စြမ္းေဆာင္ရည္မွာေတာ့ ပိုေကာင္းတာ ေတြ႔ႏုိင္ပါတယ္။ ထူးျခားခ်က္ကေတာ့ အင္ဂ်င္ အေအးခံ စနစ္ အတြက္ ေရတိုင္ကီ ထည့္သြင္း ဖန္တီးထားျခင္းက ေမာ္ဒယ္ကို  ခရီးေ၀း ေမာင္းႏွင္နုိင္မႈ အားေကာင္းလာေစတာ ျဖစ္ၿပီး Scooter အမ်ားစုမွာ ေတြ႔ရတဲ့ ခရီးေ၀း ေမာင္းႏွင္ႏုိင္မႈ အားနည္းခ်က္ကို အေကာင္းဆံုး ျပင္ဆင္ ဖန္တီးထားတာပါ။ ႏွစ္ေယာက္စီး ထိုင္ခံု ဖန္တီးမႈနဲ႔ အတူ ထိုင္ခံုအတြင္း Toolboxေနရာ အထူး က်ယ္၀န္းတာ ေတြ႔ရပါတယ္။ ျပည္တြင္းမွာ ေစ်းကြက္၀င္ Scooter အမ်ားစုက Toolboxေနရာ က်ဥ္းလြန္းပါတယ္။ ဆိုင္ကယ္ အပိုပစၥည္း ထည့္လိုက္ရင္ ေနာက္ထပ္ ၀န္ထည့္ဖုိ႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါေပမယ့္ အခု Medley 150 Sမွာေတာ့ ခရီးသည္ ဦးထုပ္ ႏွစ္လံုးကို အလြယ္ထည့္ႏုိင္ေလာက္ေအာင္Tollboxက က်ယ္၀န္းေကာင္းမြန္တာ ေတြ႔ရပါတယ္။

ၿပီးေတာ့ ဆီတိုင္ကီ၊ ေနာက္ပိုင္း ေစ်းကြက္၀င္ ဆိုင္ကယ္ေတြက ဆီစားႏႈန္း ခ်ိဳသာလာတာေၾကာင့္ ဆီတိုင္ကီေနရာကို ခ်ဳံ႕လိုက္ၿပီး ၄ လီတာ ၀န္းက်င္ေလာက္ပဲ ဆံ့ေအာင္ ဖန္တီးထားတတ္ၾကေပမယ့္ အခု Medley 150 Sမွာေတာ့ ၇လီတာထိေအာင္ ဆံ့မွာ ျဖစ္လို႔ ခရီးေ၀း ေမာင္းႏွင္မႈ အတြက္လည္း အဆင္ေျပသလို မိမိ ထည့္သြင္း အသံုးျပဳေနက် စက္သံုးဆီ ရွာေဖြ ထည့္သြင္း အသံုးျပဳရမႈလည္း လြယ္ကူလာေစပါတယ္။ ဆီတိုင္ကီ အျပည့္နဲ႔ဆိုရင္ ခရီးတဆက္တည္း ေမာင္းနွင္နုိင္မႈ မိုင္ ၁၅၀ေက်ာ္ေလာက္ထိေအာင္ ရႏုိင္ပါတယ္။ ဒီႏႈန္းက တရက္တာ ခရီးျပင္း ေမာင္းႏွင္မႈ အမ်ားဆံုး လုပ္သင့္တဲ့ ႏႈန္း မိုင္ ၃၀၀ရဲ႕ ထက္၀က္ ျဖစ္လုိ႔ ေတာ္ေတာ္ေလးကို အဆင္ေျပလာေစမွာပါ။ ဒါေပမယ့္ ေမာ္ဒယ္ရဲ႕ အားနည္းခ်က္က ေစ်းႏႈန္းပိုင္းမွာ နည္းနည္း မ်ားခ်င္ေနၿပီး ပ်မ္းမွ် လူႀကိဳက္မ်ား အာရွထုတ္ Scooterတစ္စီး သိန္း ၂၀ ၀န္းက်င္ ရွိေနခ်ိန္မွာ Medley 150 Sက ၄၈ သိန္းထိေအာင္ ေစ်းရွိေနပါတယ္။ ၂၀၁၆ခုႏွစ္ ေမာ္ဒယ္ကို အသစ္အေနနဲ႔ ရႏုိင္ၿပီး အေရာင္မွာ အျပာ၊ အနက္၊ အနီ၊ အ၀ါေတြ အျဖစ္ ရႏုိင္ေနတာ ေတြ႔ရပါတယ္။

Standard – TVS Apache 200 …

အခု အမွတ္တံဆိပ္ TVSက ျပည္တြင္းမွာ တကယ္ကို မ်က္ႏွာသစ္ပါ။ Yamaha, Kawasakiနဲ႔ Hondaေတြေလာက္ပဲ လူသိမ်ားၾကတဲ့ အေနအထားမွာ တျဖည္းျဖည္းနဲ႔ အမွတ္တံဆိပ္သစ္ေတြ ေစ်းကြက္ ၀င္လာခဲ့ပါတယ္။ KTMၿပီးရင္ အခု TVSက ဒုတိယေျမာက္ ေစ်းကြက္၀င္လာတဲ့ မ်က္ႏွာသစ္ ကုမဏီႀကီး တစ္ခု ျဖစ္ပါတယ္။ ေဒသအေခၚ ကြက္ေပ်ာက္ဆိုတဲ့ အသံုးအႏႈန္းက ကုမဏီ ခိုင္ခုိင္မာမာ မရွိပဲ ဆိုင္ကယ္ေတြ ထုတ္လုပ္တယ္၊ ေစ်းကြက္၀င္လာတယ္ေပါ့။ အခု TVSကိုလည္း အမ်ားစုက ကြက္ေပ်ာက္လို႔ ထင္ၾကပါတယ္။ ဒါေပမယ့္ အမွန္ေတာ့ TVSက အိႏိၵယ အေျခစိုက္ ဆိုင္ကယ္ ကုမဏီ ျဖစ္ၿပီးေတာ့ အိႏိၵယမွာ တတိယ အႀကီးဆံုး ဆိုင္ကယ္ထုတ္လုပ္သူ၊ ဒုတိယ အမ်ားဆံုး ႏုိင္ငံေပါင္း ၆၀ေက်ာ္ကို ဆိုင္ကယ္ တင္ပို႔ုႏုိင္သူ၊ တစ္ႏွစ္ကို ဆိုင္ကယ္ အစီးေရ ၂.၅သန္းေလာက္ ေရာင္းခ်ႏုိင္ေနသူပဲ ျဖစ္ပါတယ္။ ဒါဆို TVSက ကြက္ေပ်ာက္ အမွတ္တံဆိပ္ တစ္ခုေတာ့ မဟုတ္ေတာ့ပါဘူး။ အခု ကၽြန္ေတာ္က သူ႔ရဲ႕ ေမာ္ဒယ္ တစ္ခု ျဖစ္တဲ့ Apache 200နဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

အင္ဂ်င္က ၂၀၀ စီစီသံုး အင္ဂ်င္ကို တပ္ဆင္ထားတာပါ။ စြမ္းေဆာင္ရည္ျမင့္ ေမာ္ဒယ္ အေနအထားမွာ ၂၀၀ စီစီက အရြယ္ နည္းနည္း ေသးခ်င္ေပမယ့္ ျပည္တြင္း လမ္းေၾကာင္း အေနအထားနဲ႔ ဆီစားႏႈန္းေတြအရ အခု အင္ဂ်င္က အေနေတာ္ပါပဲ။ အင္ဂ်င္က အေျခခံ လည္ပတ္အား တစ္မိနစ္ အပတ္ေရ ၇၀၀၀မွာတင္ ရုန္းအား ၁၈.၁ေပါင္-ေပ ရွိၿပီး ျမင္းေကာင္ေရ ၂၀.၂၃ေကာင္အား ထြက္ရွိမွာပါ။ အင္ဂ်င္ရဲ႕ အျမန္ဆံုး လည္ပတ္ႏုိင္မယ့္ ႏႈန္းက တစ္မိနစ္ အပတ္ေရ ၈၅၀၀ပါ။ အင္ဂ်င္ အရြယ္၊ ကိုယ္ထည္အေနအထားအရ အခု လည္ပတ္ႏႈန္းက သင့္ပါတယ္။ တစ္လံုးထိုး အင္ဂ်င္စနစ္ျဖစ္ၿပီး ဂီယာခ်က္ ၅ခ်က္ကို Clutchစနစ္န႔ဲ သံုးၿပီး ေမာင္းႏွင္ႏုိင္ပါလိမ့္မယ္။ ကိုယ္ထည္က ေျမျပင္နဲ႔ ၁၈၀ မီလီမီတာ ကင္းလြတ္ပါတယ္။ လမ္းၾကမ္းပိုင္း စိတ္ႀကိဳက္ အေနအထားေတာ့ မျဖစ္ပါဘူး။ ဆိုင္ကယ္ တစ္စီးလံုးက အေလးခ်ိန္ ၁၄၈ ကီလို ဂရမ္ ေလးပါတယ္။ ဆီတိုင္ကီက ၁၂လီတာ ဆံ့ၿပီး အထက္မွာ ေျပာခဲ့တဲ့ အေလးခ်ိန္က ဆီမပါပဲ အေလးခ်ိန္ ျဖစ္ပါတယ္။ ေမာ္ဒယ္က တစ္နာရီ အျမန္ဆံုး ၁၂၇မိုင္ထိေအာင္ ေမာင္းႏွင္ႏုိင္မွာ ျဖစ္တဲ့ အခ်က္ကေတာ့ တကယ္ကို သေဘာက်စရာပါ။ ဒါေပမယ့္ သတိျပဳေစခ်င္တာ တစ္ခုက ဘယ္လမ္းေၾကာင္း အေနအထားမွာပဲ ျဖစ္ျဖစ္ ျပည္တြင္းမွာ အဆိုပါ အျမန္ႏႈန္းထိေအာင္ ေမာင္းႏွင္ဖို႔ မသင့္ဘူး၊ ေမာင္းႏွင္ဖို႔ မႀကိဳးစားသင့္ဘူး ဆိုတာပါပဲ။

Standardတန္း၀င္ ေမာ္ဒယ္ ျဖစ္ၿပီး လက္ရွိ ေစ်းကြက္မွာေတာ့ Yamaha FZနဲ႔ ေစ်းကြက္ ၿပိဳင္ဆို္င္ရပါလိမ့္မယ္။ 4 Strokeအင္ဂ်င္စနစ္ျဖစ္လုိ႔ မီးခိုးထြက္လည္း နည္းၿပီး အသံလည္း ၿငိမ္ပါတယ္။ အထက္မွာ ေျပာခဲ့တဲ့ ဂီယာခ်က္ ၅ခ်က္မွာ ပထမ ၁ခ်က္က ေအာက္ကိုနင္းရမယ့္ ပံုစံ ျဖစ္ၿပီး က်န္ ၄ခ်က္က အထက္ကို မတင္ အသံုးျပဳရမွာပါ။ FZေတြရဲ႕ ဂီယာနဲ႔ ပံုစံတူပါတယ္။ Tubelessတာယာစနစ္နဲ႔ ျဖစ္ပါတယ္။ ဘီးေတြက Alloyသားနဲ႔ပါ။ တစ္နာရီ မိုင္ ၆၀ႏႈန္းကို အခ်ိန္ ၄စကၠန္႔နဲ႔ ေရာက္ေအာင္ ေမာင္းႏိုင္ပါတယ္။ ကီလိုမီတာ ၁၀၀ႏႈန္း အတြက္ကေတာ့ ၁၂စကၠန္႔ဆိုရင္ ေရာက္ပါၿပီ။ ဆီစားႏႈန္းကေတာ့ ပ်မ္းမွ် တစ္လီတာကို ၃၅ကီလိုေလာက္ စီးႏုိင္မွာပါ။ ျပည္တြင္းမွာေတာ့ ၂၀၁၆ခုႏွစ္ထုတ္ ေမာ္ဒယ္ အသစ္ အေနနဲ႔ ရႏုိင္ၿပီး ေစ်းႏႈန္းက က်ပ္ ၂၃သိန္း ရွိေနတာပါ။

ေက်ာ္နႏၵ (ေျမလတ္သား)