High-Performance SUV အနေဖြင့် 2002 တွင် စတင်မွေးဖွားခဲ့သည့် Porsche Cayenne သည် ယခုအခါ သက်တမ်း (၁၈) နှစ်ပြည့်မြောက်ခဲ့ပြီး မျိုးဆက်(၃) ဆက်အထိ ရောက်ရှိနေသည့် Model ဖြစ်သည်။ Porsche Cayenne အနေဖြင့် သက်တမ်း (၁၈) နှစ်ပြည့်သည့် 2020 အတွက် ထူးခြားမှုတခု ဖြစ်ပေါ်ခဲ့ပြီး ၎င်းမှာ အစင်းရေတစ်သန်းမြောက် ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။ Slovakia ဒေသ ၊ Bratislava ရှိစက်ရုံတွင် ထုတ်လုပ် တပ်ဆင်ခဲ့သည့် တစ်သန်းမြောက် Model သည် Cayenne GTS ဖြစ်ပြီး Carmine Red ဆေးရောင်ဖြစ်ပါသည်။ အဆိုပါ Model သည် Germany ရှိ Customer တဦးအတွက်ဖြစ်ပြီး ထုတ်လုပ်သည့် နံပါတ်အစဉ်အရ အစင်းရေ တစ်သန်းပြည့်သွားသည့် Model လည်းဖြစ်သည်။ Porsche ၏ နာမည်ကျော် (911) Model သည် လွန်ခဲ့သည့် (၅၄) နှစ်ခန့်တွင် အစင်းရေ တစ်သန်းပြည့်မြောက်ခဲ့ပါသည်။ Porsche သည် SUV Segment အတွက် ဝင်ရောက်ရန် 1990 ပြည့်နှစ်များမှ စတင်စီစဉ်ခဲ့ပြီးနောက် (၁၀) နှစ်ကျော်ခန့် တွင် ပထမဆုံး SUV အနေဖြင့် Cayenne ကို မွေးဖွားခဲ့ခြင်းဖြစ်သည်။ Porsche သည် Volkswagen နှင့်ပူးပေါင်းပြီး ( Colorado Code – Name ) ကို Develop ပြုလုပ်ခဲ့ကာ Performance / Handling နှင့် လမ်းမျိုးစုံ အတွက်ကောင်းစွာ အသုံးပြုနိုင်သည့် စွမ်းဆောင်ရည် ကို အချိုးညီညီ ပေါင်းစပ်ထားသည့် SUV Model အသစ် Cayenne အား Leipzig ဒေသရှိ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။ ပထမဆုံး Cayenne Model အား 2002 September တွင် ကျင်းပခဲ့သည့် Paris Motor Show တွင် မိတ်ဆက်ပြသခဲ့ပြီး ထိုစဉ်မှစ၍ ယခု အထိ အလွန် လူကြိုက်များခဲ့သည့် Porsche Model တခု ဖြစ်ခဲ့ပါသည်။ ယခု တတိယမျိုးဆက် Cayenne တွင် Base Model မှ အစပြု၍ GTS ၊ PHEV Version တို့အပြင် 2019 တွင် မိတ်ဆက်ခဲ့သည့် Fastback-like Coupe Version တ့ိုကဲ့သို့ စုံလင်စွာ ထုတ်ထားပြီး Performance ဦးစားပေးသည့် SUV များတွင်လည်း ထင်ရှားလျှက် ရှိနေပါသည်။
PORSCHE GRUPPE U S5