Porsche Exclusive Manufaktrur သည် အထူးဖန်တီးမှု စက်ရုံဖြစ်ပြီး Zuffenhousen တွင် တည်ရှိလာ Porsche Operation ၏ ( 33% ) အထိ ရင်းနှီးမြုပ်နှံထားပါသည်။ (21,000 Sq – feet ) အကျယ်ရှိသည့်နေရာတွင် Lifting Platform ( ၄ ) ခု အပါအဝင်နေရာများစွာ ထည့်သွင်းထားပြီး Finish Vehicle Loading Station လည်းပါရှိသည်။ Porsche သည် Tycan EV အတွက် Cuatomization ဖန်တီးမှု ( ၉၀ ) ခန့် အား အဆိုပါစက်ရုံတွင် လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။ Sport Package ( ၃ ) မျိုးလည်းရရှိနိုင်မည်ဖြစ်ပြီး ကားကိုယ်ထည်ဆေးရောင်မှစ၍ Corbon Fiber အထိ စိတ်ကြိုက်မှာယူနိုင်ပါသည်။ ( 21 – inch Aero Blade Wheel ) ကဲ့သို့ ဆန်းသစ်သည့် Option များ ၊ LED Matrix Light with DRL စနစ်ပါသည့် ရှေ့မီးကြီးများပါဝင်မည်ဖြစ်ပြီး ( 3D Ciruit – board Graphic ) နည်းပညာကိုလည်း ရှေ့မီးကြီးတွင် ထည့်သွင်းထားပါမည်။ လူငယ်ကြိုက်အနေဖြင့် Carbon Interior Package ကိုလည်း ထည့်သွင်းထားပြီး ကားတံခါးအားလုံး ၊ Center Console တို့တွင် Matte Material များ ထည့်သွင်းထားမည့်အပြင် ထိုင်ခုံခါးပတ်ကိုလည်း အရောင်ဆန်းမျိုးစုံ မှာယူနိုင်ပါမည်။ Porsche Exclusive Manufaktur မှ Tycan အပြင် 911 Turbos ၊ Macan S ၊ Cayenre Coupe ၊ တို့ကိုလည်း Curtomization ဆောင်ရွက်ပေးမည်ဖြစ်သည်။
Zawgyi Version…
Porsche Exclusive Manufaktur မှ Taycan အတွက် အထူးဖန်တီးမှု (၉၀) ခန့် ဖန်တီးပေးမည်