Unicode version…
Zawgyi version…
ဂျာမနီအခြေစိုက် Porsche ၏ နာမည်ကျော် Panamera Sport Turismo အမျိုးအစားအသစ်အား စတင်မိတ်ဆက်လာပါသည်။ ၄င်းသည် (2016)ခုနှစ်၌ ထွက်ရှိထားသည့် Panamera Sedan အားအခြေခံ ကာ(Wagon-ish Variant) အနေဖြင့် ဖန်တီးထားသည့် ကားဖြစ်ပါသည်။
၎င်း၏အပြင်ဖက်ဒီဇိုင်းအား (Unique Design) ဖြင့် ဖန်တီးထားပြီး Sedan ထက်ပိုမိုကျယ်ဝန်း သည့် ပစ္စည်းထားသည့်ဧရိယာ (Turismo -49 Cubic Feet/ Sedan – 46 Cubic Feet) အား ထည့်သွင်း ထားပါသည်။ ထို့အပြင် Panamera Models များတွင် ပုံမှန်ထည့်သွင်းထားသည့် ( Individual Rear Seat) အပြင် (အနောက်ဖက်ခုံတန်းရှည် – Bench) ကိုလည်း ယခု Turismo တွင် ပထမဆုံး စတင်ထည့် သွင်းထားပါသည်။
New Panamera Sport Turismo Wagon အား (AWD) ပုံစံဖြင့် ထုတ်လုပ်မည်ဖြစ်ပါသည်။ ၄င်းတွင် Base / E- Hybrid / S model / Turbo) ဟူ၍ ပုံစံ(၄)မျိုးထုတ်လုပ်ပါသည်။ Base သည်
(US$ 97250)မှ စတင်မည်ဖြစ်ပြီး (Turbo V6 Engine) / (330hp) ကို၎င်း၊ E – Hybrid သည်
(US$ 105050) မှ စတင်မည်ဖြစ်ပြီး (Twin- turbo 2.9 L V6 Engine) နှင့် (လျှပ်စစ်မော်တာ)အား တွဲဖက်ထား၍၄င်း၊ S model သည် (US$ 110250) မှစတင်မည်ဖြစ်ပြီး (Twin – turbo 2.9L V6 Engine)၊ (440 hp)ကို၎င်း၊ Turbo သည် (US$ 155050) မှစတင်မည်ဖြစ်ပြီး (Twin-turbo 4.0L V8 Engine)၊ (550hp)ကို၎င်းအသီးသီးတပ်ဆင်ထားမည်ဖြစ်ပါသည်။
ယခု New Model တွင် အသွင်း ၊ အထုတ်ပြုလုပ်နိုင်သည့် Extendable Rear Spoiler အား ကား၏အမိုးတွင် ထူးခြားစွာထည့်သွင်းထားမည်ဖြစ်ပါသည်။ 2018 Panamera Sport Turismo Wagon အား 2017နှစ်ကုန်ပိုင်းတွင် စတင်ရောင်းချမည်ဖြစ်ပါသည်။