Unicode  version…
Porsche အနေဖြင့် လက်ရှိ Plug in vehicle စျေးကွက်တွင် နေရာအနည်းငယ်သာ ရရှိထား သော်လည်း လာမည့်နှစ်အနည်းငယ်အတွင်း (E Vs) ကားများစွာအား အလုံးအရင်းဖြင့် ထုတ်လုပ်ရန် စီစဉ် ထားပါသည်။ အဓိကအားဖြင့် 2023 ခုနှစ်အတွင်း Porsche ၏ EVs ကားများအား စုစုပေါင်းထုတ်လုပ်မှု ၏ ထက်ဝက်ခန့်အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားပါကြောင်းအား Porsche ၏ CEO ဖြစ်သူ Mr Oliver Blume မှ German Publication Manager Magazine တွင် ပြောကြားခဲ့ပါသည်။ Porsche ၏ ဂျာမနီအခြေစိုက် Zuffenhausen ဒေသရှိ စက်ရုံမှ များမကြာမီအချိန်အတွင်း (EV) ကား (၆၀၀၀၀)ခန့်အား နှစ်စဉ်ထုတ်လုပ် ရန်ရည်ရွယ်ထားပါသည်။ပထမဆုံးနှင့် အထင်ကရဖြစ်မည့် Porsche’s Mission E အား 2019 ခုနှစ်တွင် ပွဲထုတ်ရန်ရည်ရွယ်ပြီး ၄င်းသည် လျှပ်စစ်သီးသန့်အသုံးပြုမှုဖြင့် ခရီးမိုင် (310 mph)ခန့် အသုံးပြုနိုင်ပါမည်။ ၄င်းတွင် 90 Kilowatt Battery ပါ၀င်ပြီး စွမ်းဆောင်ရည်မှာ ( 0 to 60 mph)အား ( 3.5 Seconds)ဖြင့် ရောက်ရှိနိုင်ပါသည်။
Porsche သည် ၄င်း၏ Macan Model (All – Electric Version)အား ယမန်နှစ်ကအစင်းရေ (238000)ခန့် ထုတ်လုပ်ခဲ့ပြီး ၄င်းသည် (Porsche)၏ EVs စုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်ခန့်အထိတိုး မြှင့်ရန် ရည်ရွယ်ထားပါသည်။(Porsche 911 Plug in Hybrid)၏ ထုတ်လုပ်မှုအား May မှစ၍ ရပ်ဆိုင်းခဲ့ပါ သည်။သို့သော် Porsche နှင့် Audi တို့အား ပိုင်ဆိုင်သည့် Volkswagen Group အနေဖြင့် Vehicle Electrification Technology နှင့် Autonomous Driving Advancement တို့အား အဆိုပါ Brand (၂)ခု ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။မည်သို့ပင်ဆိုစေ Porsche ၏ Green Car ရောင်းချရမှုသည် အလွန်နည်းပါးသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
Zawgyi version…