EVs Car များအတွက် ထူးခြားသည့် အချက်ကို Porsche မှ ဖန်တီးနိုင်ခဲ့ပါသည်။ Porsche Taycan EV သည် ထူးခြားချက်များစွာဖြင့် ထွက်ရှိထားသည့် New Model ဖြစ်ကာ ကားချစ်သူများ အကြား အလွန် Popular ဖြစ်နေသည့် Model လည်းဖြစ်သည်။ ထိုသို့ တာထွက်ကောင်းခဲ့သည့် Taycan သည် ယခုအခါ ဂရင်းနစ် မှတ်တမ်း စံချိန်တခုကို ရရှိထားပြီး အဆိုပါ စံချိန်သည် EV Car များအနက် အကြာရှည်ဆုံး Drift ဆွဲနိုင်သည့် စံချိန်အဖြစ် ၅၅ မိနစ်ဖြင့် စံချိန်တင်ခဲ့ပါသည်။ Pre-Production Taycan Model သည် Drift ဆွဲမှုစွမ်းဆောင်ရည် အနေဖြင့် ( 200-Foot-Long Skid pad ) အား အချိန် ၅၅ မိနစ်ဖြင့် ဆက်တိုက် Drift ဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Drift စွမ်းဆောင်ရည် ပြသခြင်းအတွက် 2018-2019 European Drifting Championship ဖြစ်သူ Denise Ritzman အပါအဝင် ထင်ရှားသည့် ဒိုင်သူကြီးများစွာမှ အကဲဖြတ်ခြင်းဖြစ်သည်။ အဆိုပါ Drift ဆွဲခြင်းအတွက် ( 42.171 km ) အဝန်းအဝိုင်းအား ( 28.6 mph of Speed ) နှုန်းဖြင့် Drift ဆွဲပြသခြင်းဖြစ်သည်။ Taycan တွင် ပါဝင်သည့် ( Driving Stability Program ) များအား Drift ဆွဲခြင်းအတွက် Switch off ပြုလုပ်ခဲ့ ပါသည်။ Drift ဆွဲသည့် မြေပြင်အား WET Condition ်ကို အသုံးပြုထားပါသည်။ New Taycan သည် နောကဘီးယက် Model ဖြစ်ပြီး တရုတ်နိုင်ငံတွင် ရောင်းချမည်ဖြစ်ကာ ( 402 hp output ) ထွက်ရှိသည့် ( 79.2 kWh Performance Battery ) ပါဝင်မည်ဖြစ်သည်။ AWD Taycan Model တွင်မူ – (469 hp output ) ထွက်ရှိသည့် ( 93.4 kWh Performance Battery ) ပါဝင်ပါမည်။ ယခုစံချိန်တင်နိုင်သည့် Taycan သည် EV ကားများအနက် Performance ဆိုင်ရာ အတွက် ပထမဆုံး ဂရင်းနစ်စံချိန်တင်နိုင်သည့် Model ဖြစ်သည်။

03 Dec 2020
0