Zawgyi Version……
Unicode Version….
ဆန်းသစ်သည့်နည်းပညာများကို လွယ်ကူစွာအသုံးပြုနိုင်မည့် Porsche Taycan
Porsche Taycan သည် လျှပ်စစ်သီးသန့်သုံး Sport Sedan ဖြစ်ပြီး Zuffenhousen မှ ဖန်တီးပါသည်။ ယခုလာမည့် September တွင်မိတ်ဆက်မည့် Taycan ၏ အတွင်းခန်းဓာတ်ပုံ များအား Porsche မှ မိတ်ဆက်ပြသလိုက်ပြီး အဆိုပါအတွင်းခန်းသည် Porshche ထုတ်လုပ်သမျှ ကားများတွင် ခေတ်ဆန်ဆုံးဖြစ်ပြီး ကျယ်ဝန်းသည့် Dash Area လျှောဆင်းနေသည့် Center Console ဒီဇိုင်းတို့သည် လုံးဝအသစ်ခံစားမှုကိုရရှိစေမည်ဖြစ်ပါသည်။ Dash နှင့် Center Console တို့တွင် Digital Display ( ၃ ) ခု ထည့်သွင်းထားမည်ဖြစ်ပြီး အဓိကကျသည့် Infotainment Display ၊ ခရီးသည်ဖက်အခြမ်းအတွက် Optional ရရှိနိင်သည့် Infotainment Display နှင့် HVAC Control အားလုံးကို ထိန်းချုပ်နိုင်သည့် Center Console Display တို့ပါဝင်ကြမည်။ Display Screen များအား ( ထိုးထွင်းသိမြင်နိုင်မှု ) နည်းပညာဖြင့် ဖန်တီးထားပြီး Function အားလုံးကို တိကျသေချာမှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရန် ဖန်တီးထားပါမည်။ ထူးခြားမူတရပ်မှာ Air con လေထွက်ပေါက်များကို Digital Display မှ တဆင့်ရွှေ့ပြောင်းနိုင်ခြင်းဖြစ်ပြီး များစွာအဆင့်မြင့်သည်ကို တွေ့ရပါမည်။ ၎င်းတွင် ( စုစည်းခြင်း ) နှင့် ( ပျံနှံ့ခြင်း ) ဟူ၍ Preset Setting ပုံစံ ( ၂ ) မျိုးပါရှိပါမည်။ အတွင်းခန်းအတွက် အသုံးပြုထားသည့် Material များသည် အမျိုးစုံလင်လှပြီး သစ်သား ၊ သတ္တု ၊ Carbon – fiber Trim စသည်ဖြင့် ဝယ်သူစိတ်ကြိုက်ရွေးချယ်မှာယူနိုင်မည်ဖြစ်ပြီး Porsche ၏ New Race – Tex Material ခေါ် Microfiber ကိုလည်း မှာယူတပ်ဆင်နိုင်ပါမည်။ ကြမ်းခင်းများအား Econy ၊ Material ခေါ် Recycle Material ကို အသုံးပြုထားပြီး ပတ်ဝန်းကျင်ထိန်သိမ်းမှုကို အထောက်အကူပြုခြင်းဖြစ်ပါသည်။
LEAVE A REPLY
Please enter your comment!
Please enter your name here