Porsche Taycon Prototype အား ရွန္ဟိုင္းတြင္ျပသျခင္း

Mission E Concept ဟု သိထားၾကသည့္ Porsche ၏ Taycon Prototype အား လူထုအၾကား ပထမဆုံးအေနျဖင့္ ရွန္ဟိုင္းၿမိဳ႕တြင္ ျပသလိုက္ၿပီး ပုံဖ်က္ထားသည့္ အနက္ေရာင္ အေနျဖင့္ ေမာင္းႏွင္ျပသျခင္းျဖစ္သည္။
Taycon Prototype အား တရုတ္ႏိုင္ငံၿပီးေနာက္ အဂၤလန္ႏွင့္ U.S.A တို႔တြင္ ဆက္လက္ ျပသသြားမည္ျဖစ္ၿပီး ျပသသည့္ကားအမိုး၌ Dragon Graphic တပ္ဆင္ထားကာ Porsche Carrera Cup ၏ အာရွယာဥ္ေမာင္းျဖစ္သူ Mr Li Chao မွ ေမာင္းႏွင္ခဲ့ျခင္းျဖစ္သည္။
Porsche ၏ Taycon Prototype အခ်ဳိ႕အစိတ္အပိုင္းမ်ားအား ရွန္းဟိုင္းရွိ Porsche Expedience Center တြင္ တပ္ဆင္ခဲ့ၿပီး အဆုိပါ Concept အား July လကုန္တြင္ နယူးေရာက္ ၌ က်င္းပမည့္ ABB FIA Formula E Championship ၌ လည္း ထည့္သြင္း မည္ျဖစ္သည္ ။
အဆိုပါ Tycan ၏ စြမ္းေဆာင္ရည္သည္ အထူးျမင္မားသည္ျဖစ္ကာ ( 592 hp ) ရွိၿပီး ( 155– mph Top Speed ) လည္းပါရွိမည္ျဖစ္ကာ 0 to 62 mph အား 35 Seconds ျဖင့္ အျမန္ဆုံးေရာက္ရွိမည္ျဖစ္သည္။ အလားတူ ကမၻာေျမ ဆြဲငင္အားကို ထိန္းညိွျခင္း ၊ Rear–Axle Steering စသည္ ထူးျခားသည့္ Features မ်ားလည္းပါ၀င္ပါမည္။
Porsche မွ Taycan Production Model အား ယခုႏွစ္ September တြင္ စတင္မိတ္ဆက္မည္ျဖစ္သည္။

Unicode Version…..

Porsche Taycon Prototype အားရှန်ဟိုင်းတွင်ပြသခြင်း
Mission E Concept ဟု သိထားကြသည့် Porsche ၏ Taycon Prototype အား လူထုအကြား ပထမဆုံးအနေဖြင့် ရှန်ဟိုင်းမြို့တွင် ပြသလိုက်ပြီး ပုံဖျက်ထားသည့် အနက်ရောင် အနေဖြင့် မောင်းနှင်ပြသခြင်းဖြစ်သည်။
Taycon Prototype အား တရုတ်နိုင်ငံပြီးနောက် အင်္ဂလန်နှင့် U.S.A တို့တွင် ဆက်လက် ပြသသွားမည်ဖြစ်ပြီး ပြသသည့်ကားအမိုး၌ Dragon Graphic တပ်ဆင်ထားကာ Porsche Carrera Cup ၏ အာရှယာဉ်မောင်းဖြစ်သူ Mr Li Chao မှ မောင်းနှင်ခဲ့ခြင်းဖြစ်သည်။
Porsche ၏ Taycon Prototype အချို့အစိတ်အပိုင်းများအား ရှန်းဟိုင်းရှိ Porsche Expedience Center တွင် တပ်ဆင်ခဲ့ပြီး အဆိုပါ Concept အား July လကုန်တွင် နယူးရောက် ၌ ကျင်းပမည့် ABB FIA Formula E Championship ၌ လည်း ထည့်သွင်း မည်ဖြစ်သည် ။
အဆိုပါ Tycan ၏ စွမ်းဆောင်ရည်သည် အထူးမြင်မားသည်ဖြစ်ကာ ( 592 hp ) ရှိပြီး ( 155– mph Top Speed ) လည်းပါရှိမည်ဖြစ်ကာ 0 to 62 mph အား 35 Seconds ဖြင့် အမြန်ဆုံးရောက်ရှိမည်ဖြစ်သည်။ အလားတူ ကမ္ဘာမြေ ဆွဲငင်အားကို ထိန်းညှိခြင်း ၊ Rear–Axle Steering စသည် ထူးခြားသည့် Features များလည်းပါ၀င်ပါမည်။
Porsche မှ Taycan Production Model အား ယခုနှစ် September တွင် စတင်မိတ်ဆက်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here