BMW မော်တော်ကားများကို မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းရောင်းချခွင့်ရရှိထားသော Prestige Automobiles Co.,Ltd မှ ပထမဦးဆုံး BMW  Hole-in-one ဆု Winner ဖြစ်သည့် ဦးထွန်းစိန် အား “The all-new BMW 2Series Active Tourer” Brand New ကားကို ယနေ့ ဇွန်လ (၂၄)ရက်နေ့တွင် ချီးမြင့်အပ်နှင်းခဲ့ပါသည်။ဦးထွန်းစိန်သည် မန္တလေးမြို့ရှိရွှေမန်းတောင် ဂေါက်ကွင်း ကျင်းအမှတ် (၂) ၁၉၆ ကိုက် အကွာအဝေးမှ Hole-in-one (တစ်ချက်တည်းကျင်းဝင်) ရိုက်ချက်ကို ဇွန်လ(၇)ရက်နေ့တွင်အောင်မြင် စွာရိုက်သွင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။

“BMW Hole-in-one ဆုဟာ ဆိုရင် ဦးထွန်းစိန်အတွက် ထိုက်တန်တဲ့အောင်မြင်မှုဖြစ်သလိုPrestige Automobiles အတွက်လည်းအရေးပါတဲ့ အောင်မြင်မှုအခါသမယဖြစ်ပါသည်။ရွှေမန်းတောင်ဂေါက်ကွင်းစတင်ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ကစပြီး ယနေ့အထိ Hole-in-one ရိုက်ချက်သွင်းယူနိုင်ခဲ့တဲ့ ဂေါက်အားကစားသမားအရေအတွက် (၁၀၀)ကျော်ရှိ တယ်လို့ သိရပါတယ် ။ကျွန်တော်တို့အနေနဲ့ ရွှေမန်းတောင်ဂေါက်ကွင်းနဲ့အတူ ဦးထွန်းစိန် ရဲ့အောင်ပွဲအတွက် “The all-new BMW Series Active Tourer ” Brand New ကားကိုချီးမြှင့်ခွင့်ရရှိတဲ့အတွက် အရမ်းကိုဝမ်းမြောက် ဂုဏ်ယူမိပါတယ် “ဟု Prestige Automobiles ၏အုပ်ချုပ်မှုဒါရိုက်တာ ဦးချမ်းမြေ့မှပြောကြားခဲ့ပါသည်။

BMWသည်ယခင်မော်ဒယ်များ နှင့်မတူ ကွဲပြားသည့်မော်ဒယ်အမျိုးအစားသစ်ချဲ့ထွင်မှု အား BMW2  Active Tourer နှင့်စတင်ခဲ့ပါသည်။ BMW 2 Series Active Tourer သည် BMW ၏အမှတ်အသားဖြစ်သော သက်ဝင် လှုပ်ရှားမှု စွမ်းအားများနှင့်စွဲမက်ဖွယ် ကောင်းသည့် ဒီဇိုင်းအသွင်အပြင် ၊ငြိမ့်ညောင်းကျယ်ဝန်းသည့် ကားအတွင်းခန်းတို့နှင့် လက်ရာမြောက်ပေါင်းစပ်ဖန်တီးထားသည့် အဆင့်မြင့်မိသားစုကားအမျိုးအစားဖြစ်ပြီး တက်ကြွသည့်လူနေမှု ပုံစံကို နှစ်သက် သူများနျှင့်အံဝင်ခွင်ကျ ဖြစ်သည့်ကားအမျိုးအစားဖြစ်ပါသည် ။

ဦးထွန်းစိန်သည်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး မန္တလေးမြို့တွင်နေထိုင်ကာ ဂေါက်အားကစားအား လွန်ခဲ့သည့်(၃)  နှစ်ကျော်ခန့်ကစတင်ကစားခဲ့ခြင်းဖြစ်ပါသည်။

BMW 2 Series Active Tourer Specifications

Length/width/height 4342 mm/1800mm/1555mm.

Luggage comp capacity :468-1510

Type of gearbox :6-speed automatic transmission .

Capacity :1499

Max output:(KW(hp)1/min):100(136)/4,400-6,000

Max torque:(Nm 1/Min):220/1,400-4,300

Acceleration:(0-100 km/h):9.2 s

Top Speed :205 km/h

Average fuel consumption to the EU standard :(hr/100km):5.2

Combined CO2 emissions to the EU standard :(g/km):122

သတင်းအချက်အလက်များစုံစမ်း မေးမြန်းလိုပါက ဆက်သွယ်ရန်

Nan Kain

Marketing Manager

[email protected]

09-254328517

Prestige Automobiles Co., ltd (PAC)

Prestige Automobiles Co., ltd (PAC)သည် ကမ္ဘာ့ထိပ်တန်းစက်ယန္တရားနှင့် မော်တော်ယာဉ်အမှတ်တံဆိပ် များကို ဖြန့်ချီနေသည့်Octagon International Services Co, ltd (OIS)၏ ကုမ္ပဏီ ခွဲတစ်ခုဖြစ်ပါသည်။OIS သည် ဆောက်လုပ် ရေးနှင့် သတ္တုတူးဖော်ရေး စက်ကိရိယာများ၊ ကရိန်း များနှင့် အကြီးစားမော်တော် ယာဉ် များအပြင် အဆင့်မြင့် ခရီးသည်တင်ဘတ်စ်ကားများ တင်သွင်းမှုကိုလည်းကျယ်ပြန့်စွာလုပ်ကိုင်လျှက် ရှိပါသည်။

OIS သည် ၂၀၀၅ခုနှစ်တွင်စပြီး လက်ရှိအချိန် အထိ ၀န်ထမ်းအင်အား ၇၀၀ကျော်ဖြင့် ခိုင်မာစွာ လုပ်ငန်း လည်ပတ်လုပ်ကိုင်လျှက်ရှိပြီးကုမ္ပ္ပဏီ ရှိဝန်ထမ်းများကိုလည်း နိုင်ငံတကာအဆင့်မီ စံချိန်စံညွန်းနှင့်အညီလုပ်ဆောင် နိုင်ရန်လိုအပ် သောကျွမ်းကျင်မှုအရည်အသွေးကောင်းများကို ရရှိစေရန် အတွက် ပင်ကိုယ်စွမ်းရည် ရှိသောဝန်ထမ်း အမြောက်အမြား ကိုနိုင်ငံရပ်ခြားသို့စေလွှတ်ကာလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

OIS ကဲ့သို့ပင် PAC သည်လည်းCustomer များ၏ လိုအပ်ချက် များကို ကမ္ဘာ့အကောင်းဆုံးနိုင်ငံတကာအဆင့်မီစံချိန် စံညွှန်းနှင့်ပြည့်ဝသည့်ထုတ်ကုန်များနှင့် ၀န်ဆောင်မှုများကိုရရှိခံစားနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားလျှက်ရှိပါသည်။