Unicode version..

ဂျာမနီအခြေစိုက် (Prosche)အနေဖြင့် ၎င်း၏နာမည်ကျော် (911 Turbo) (Series)၏ (Limited Edition)ဖြစ်သည့် (ne 911 Turbo S Exclusive Series)အား အစင်းရေ (500)ခန့်သာ ကန့်သတ် ထုတ်လုပ် မည်ဖြစ်ပါသည်။ အဆိုပါ (Model)အား စွမ်းအားမြင့် အင်ဂျင်စနစ်ကို ထည့်သွင်းထား မည်ဖြစ်ပြီး (Turbo S Model)ထက် (27 hp)ပိုမို သာလွန်သည့် (607 hp) နှင့် (Top Speed) မှာ (205 mph) ခန့်ရှိမည်ဖြစ်ပါသည်။

(New 911 Turbo S) ၏ အပြင်ဖက် ဒီဇိုင်းအား (Porsche Exclusive Manufaktur)၏ နာမည်ကျော် (Turbo Aerokit)ဒီဇိုင်းဖြင့် ပတ်လည်တွင် အဓိက ဖန်တီးထားသည် ဖြစ်ပါသည်။ ၎င်း၏ (Hood/Roof)တို့အား (Carbon Fiber)ဖြင့် ပြုလုပ်ထားမည် ဖြစ်ပြီး ကားအပြင် အရောင်ကိုလည်း (Ostentatious Golden Yellow Metallic)ဖြင့် ထူးခြားစွာ ချယ်မှုန်းထားပါသည်။

၎င်း၏ အတွင်းခန်းတွင် (Gold Theme)ဒီဇိုင်းရှိပြီး အနေအထား (18)မျိုး ပြောင်းနိုင်သည့် သားရေထိုင်ခုံများအား လှပစွာ တွေ့မြင်ရမည်ဖြစ်ပြီး အတွင်းခန်းပတ်လည် (Stitching)များအား ရွှေရောင်နှင့် (Carbon Fiber Trim)တို့အား ရောစပ် ဖန်တီးထားပါသည်။ ထူးခြားမှုအနေဖြင့် ၎င်း၏ (Dashboard)တွင် (Titanium Chrnograph Watch)အား လှပစွာ တပ်ဆင်ထားသည် ဖြစ်ပါသည်။ ထို့အပြင် (Custom Luggage)ကိုလည်း (Extra Cost)အနေဖြင့်မှာ ယူနိုင်ပါသည်။

အဆိုပါ (911 Turbo S)အား ဥရောပဒေစျေးကွက်၌ အဓိက တင်ပို့ရောင်းချမည်ဖြစ်ပြီး စျေးနှုန်းအနေဖြင့် (စတာလင်ပေါင် 259992)သို့မဟုတ် (US $ 291250)ခန့် ကျသင့်မည်ဖြစ်၍ ပုံမှန် (911 Turbo S)ထက် (US $ 100000)ခန့် စျေးပိုမည်ဖြစ်ပါသည်။

(PRNewsfoto/Porsche Cars North America, Inc.)

Zawgyi version..




အဆိုပါ (911 Turbo S)အား ဥရောပဒေဈေးကွက်၌ အဓိက တင်ပို့ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် (စတာလင်ပေါင် 259992)သို့မဟုတ် (US $ 291250)ခန့် ကျသင့်မည်ဖြစ်၍ ပုံမှန် (911 Turbo S)ထက် (US $ 100000)ခန့် ဈေးပိုမည်ဖြစ်ပါသည်။