Unicode Version…
တရုတ်နိုင်ငံအခြေစိုက် Qiantu Motors ၏ K 50 Electric Sports Coupe အား ၂၀၂၀ တွင် ထုတ်လုပ်ပြီး မြောက်အမေရိကဒေသသို့ရောင်းချပါမည်ဟု သိရသည်။ Qiantu အား CH – Auto မှ ပိုင်ဆိုင်ထားပြီး U. S. A ဈေးကွက်တွင်ရောင်းချခြင်းအတွက် Mullen Technologies ဖြင့် သဘော တူညီမှုရ ထားပါသည်။ Mullen သည် ကယ်လီဖိုးနီးယားအခြေစိုက်မော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီဖြစ်ပြီး ၎င်း၏ ဖြန့်ချီမှု ကွန်ယက်ကို အသုံးပြု၍ ှQiantu အား မြောက်အမေရိကတွင် ရောင်းချစေပါမည်။ အထူးအားဖြင့် ၂၀၂၀ တွင် စတင်ရောင်ချ မည့် Qiantu K 50 Sport Coupe အား အမေရိကန် အနှံ့အပြားတွင် ဝယ်ယူနိုင်ရန် Mullen နှင့် CH – Auto တို့မှ ပူးပေါင်ဆောင်ရွက်မည်ဖြစ်သည်။ K 50 တွင် 402 hp Output ထွက်ရှိသည့် လျှပ်စစ်မော်တာ ( ၂ ) လုံး ပါရှိပြီး Performance အနေဖြင့် 0 to 62 mph အား ( 4 .6 Seconds ) ဖြင့် ရောက်ရှိနိုင်မည်။ ၎င်းတွင် 78 – Kwh Battery Pack ကို အသုံးပြုထားပြီး ခန့်မှန်း ၂၃၆ မိုင်အထိ လျှပ်စစ်သီးသန့်ဖြင့် အသုံးပြုနိုင်မည်။ K 50 ၏ ကားကိုယ်ထည်အား Aluminum Frame နှင့် Carbon Fiber များဖြင့်ပေါင်းစပ်တည်ဆောက်ထားပြီး ၎င်းတို့ သည် ( Assembly – ready ) အစိတ်အပိုင်းများဖြစ်ကြပါသည်။ Mullen သည် ကားထုတ်လုပ်ခဲ့သည့် သမိုင်း များရှိခဲ့ပြီး ( 700 e Coda Sedan ) ( Mullen GT Electric Supercar ) နှင့် ( Mullen Sedition Sedan ) တို့အား ထုတ်လုပ်ခဲ့ပါသည်။ များမကြာမှီကာလတွင် ( Mullen Eno Electric SUV ) အား ဆက်လက် ထုတ်လုပ်မည်ဖြစ်ပြီး CH – Auto ၏ K 50 Platform ဖြင့် ထုတ်လုပ်နိုင်ဖွယ်ရှိပါသည်။ တရုတ်နိုင်ငံရှိ Qiantu ကားစက်ရုံအနေဖြင့် K 50 လျှပ်စစ်ကားများအား တနှစ်လျှင် အစင်းရေ ( ၅၀၀၀၀ ) ခန့် အထိထုတ်လုပ်သွား ရန် စီစဉ်ထားပါသည်။ သို့သော် ၂၀၂၀ တွင် U. S. A သို့ ရောင်းချမည့် K 50 model များ၏ တင်သွင်းရောင်းချ မည့် အစီအစဉ်အား Qiantu မှ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပါ။




Zawgyi Version…
0 to 62 mph အား ( 4 .6 Seconds ) ျဖင့္ ေရာက္ရွိႏိုင္မည္႔ Qiantu K 50 Electric Coupe Model ၂၀၂၀ တြင္ ထြက္ရွိေတာ့မည္
တရုတ္ႏိုင္ငံအေျခစိုက္ Qiantu Motors ၏ K 50 Electric Sports Coupe အား ၂၀၂၀ တြင္ ထုတ္လုပ္ၿပီး ေျမာက္အေမရိကေဒသသို႔ေရာင္းခ်ပါမည္ဟု သိရသည္။ Qiantu အား CH – Auto မွ ပိုင္ဆိုင္ထားၿပီး U. S. A ေစ်းကြက္တြင္ေရာင္းခ်ျခင္းအတြက္ Mullen Technologies ျဖင့္ သေဘာ တူညီမႈရ ထားပါသည္။ Mullen သည္ ကယ္လီဖိုးနီးယားအေျခစိုက္ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျဖန္႔ျဖဴးသည့္ ကုမၸဏီျဖစ္ၿပီး ၎၏ ျဖန္႔ခ်ီမႈ ကြန္ယက္ကို အသုံးျပဳ၍ ွQiantu အား ေျမာက္အေမရိကတြင္ ေရာင္းခ်ေစပါမည္။ အထူးအားျဖင့္ ၂၀၂၀ တြင္ စတင္ေရာင္ခ် မည့္ Qiantu K 50 Sport Coupe အား အေမရိကန္ အႏွံ႔အျပားတြင္ ၀ယ္ယူႏိုင္ရန္ Mullen ႏွင့္ CH – Auto တို႔မွ ပူးေပါင္ေဆာင္ရြက္မည္ျဖစ္သည္။ K 50 တြင္ 402 hp Output ထြက္ရွိသည့္ လွ်ပ္စစ္ေမာ္တာ ( ၂ ) လုံး ပါရွိၿပီး Performance အေနျဖင့္ 0 to 62 mph အား ( 4 .6 Seconds ) ျဖင့္ ေရာက္ရွိႏိုင္မည္။ ၎တြင္ 78 – Kwh Battery Pack ကို အသုံးျပဳထားၿပီး ခန္႔မွန္း ၂၃၆ မိုင္အထိ လွ်ပ္စစ္သီးသန္႔ျဖင့္ အသုံးျပဳႏိုင္မည္။ K 50 ၏ ကားကိုယ္ထည္အား Aluminum Frame ႏွင့္ Carbon Fiber မ်ားျဖင့္ေပါင္းစပ္တည္ေဆာက္ထားၿပီး ၎တို႔ သည္ ( Assembly – ready ) အစိတ္အပိုင္းမ်ားျဖစ္ၾကပါသည္။ Mullen သည္ ကားထုတ္လုပ္ခဲ့သည့္ သမိုင္း မ်ားရွိခဲ့ၿပီး ( 700 e Coda Sedan ) ( Mullen GT Electric Supercar ) ႏွင့္ ( Mullen Sedition Sedan ) တို႔အား ထုတ္လုပ္ခ့ဲပါသည္။ မ်ားမၾကာမွီကာလတြင္ ( Mullen Eno Electric SUV ) အား ဆက္လက္ ထုတ္လုပ္မည္ျဖစ္ၿပီး CH – Auto ၏ K 50 Platform ျဖင့္ ထုတ္လုပ္ႏိုင္ဖြယ္ရွိပါသည္။ တရုတ္ႏိုင္ငံရွိ Qiantu ကားစက္ရုံအေနျဖင့္ K 50 လွ်ပ္စစ္ကားမ်ားအား တႏွစ္လွ်င္ အစင္းေရ ( ၅၀၀၀၀ ) ခန္႔ အထိထုတ္လုပ္သြား ရန္ စီစဥ္ထားပါသည္။ သို႔ေသာ္ ၂၀၂၀ တြင္ U. S. A သို႔ ေရာင္းခ်မည့္ K 50 model မ်ား၏ တင္သြင္းေရာင္းခ် မည့္ အစီအစဥ္အား Qiantu မွ ထုတ္ေဖၚေျပာၾကားျခင္းမရွိေသးပါ။



