Auto Show များတွင် အလွန် Popular ဖြစ်ခဲ့သည့် Rivian ၏ R1T EV Pickup သည် စတင် ထွက်ရှိလာပါသည်။ Rivian ၏ အသစ်ထွက်ရှိမည့် EV အမျိုးအစား Pickup နှင့် SUV တို့တွင် ပါဝင်သည့် R1T Model တွင်လျှပ်စစ်သီးသန့်ဖြင့် မိုင်သုံးရာကျော်အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်ပါဝင်သည်။ New Model အား 2021 June တွင် U.S.A ၌ စတင်ရောင်းချမည် ဖြစ်ပြီး ဒေါ်လာခုနှစ်သောင်းငါးထောင်ခန့်ကျသင့်ပါမည်။ 2021 August တွင် ဆက်လက် ရောင်းချမည့် R1S EV SUV သည် ဒေါ်လာခုနှစ်သောင်းခုနှစ်ထောင်ခန့်ကျသင့်ပါမည်။ R1T Pickup အား Launch Edition ဟု သတ်မှတ်ပြီး ၎င်းတွင်ခေတ်မှီပါဝင်မှုများအနေဖြင့် – Panoramic Glass Roof ၊ 4 G Wi-Fi ချိတ်ဆက်မှု ၊ 1000 – Lumen Flashlight ၊ Onboard Air Compressor / အထောက်အပံ့ပြုလုပ်ထားသည့် Underbody Shield စသည်တို့ပါဝင်မည် ဖြစ်သည်။ Rivian အနေဖြင့် ထုတ်လုပ်ထားသည့် Model အားလုံးအတွက် အဆင့်မြင့် နည်းပညာ များစွာကို ထည့်သွင်းထားမည်ဖြစ်ကာ ၎င်းတို့တွင် ( Driver + ) ( Hands-Free Driver Assist Suite ) ကဲ့သို ခေတ်မှီနည်းပညာသုံး မောင်းနှင်မှု အထောက်အပံ့ Features များစွာ ပါဝင်မည် ဖြစ်သည်။ Rivian R1T နှင့် R1S တို့တွင် Manual Tonneau နှင့် ( Matte Black Cabin Trim ) ကဲ့သို့ပါဝင်မှုများစွာကို ထည့်သွင်းထားပါမည်။ R1T / R1S Explorer Version ကိုလည်း ဖန်တီးထားပြီး 2022 January တွင် စတင်ရောင်းချမည်ဖြစ်သည်။ အဆိုပါ Model များတွင် ယခု R1T EV နှင့် စွမ်းဆောင်ရည်တူညီသည့် လျှပ်စစ်မော်တာ စနစ်ပါဝင်ပါမည်။ စွမ်းဆောင်ရည် ကောင်းမွန်သည့် Battery ဖြစ်သည်။ ( 400 – mile Battery Pack ) ပါဝင်သည့် R1T Pickup အား 2022 January တွင် ရောင်းချပါမည်။

30 Nov 2020
0