ဒီနေ့တော့ အိမ်တွင်းအောင်းနေကြရတဲ့ပရိသတ်တွေ အပျင်းပြေဆော့လို့ဖို့အတွက် OS နှစ်မျိုးလုံးမှာကစားနိုင်တဲ့ Mobile Racing Game ၅ ခုကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ ဒီ Game တွေကို OS တွေရဲ့ သက်ဆိုင်ရာ App Store တွေမှာ download ရယူနိုင်မှာပါ။
Asphalt 9: Legends
Gameloft ရဲ့ နောက်ဆုံးထွုတ်Asphalt series game အသစ်မှာ Arcade Mode အတွက် ကားသစ်တွေနဲ့ ကွင်းအသစ်တွေ ထပ်ထည့်ပေးထားပါတယ်။ Career Mode မှာတော့ Season 60 အတွင်း ပြိုင်ပွဲ 800 ထိပြိုင်ရမှာဖြစ်ပြီး တခြား Player 7 ယောက်နဲ့ပြိုင်ရမယ့် Online Multiplayer Mode လည်းပါမှာပါ။ Porsche နဲ့ Ferrari ကားအလန်းစားတွေပါဝင်သလို nitro boost effects နဲ့ epic stunt တွေကလည်း စိတ်ကြိုက်တွေ့စရာဖြစ်ပါလိမ့်မယ်။
Motorsport Manager 3
Motorsport Manager 3 က သင့်ကို ကိုယ်ပိုင် race team တစ်ခုပိုင်ဆိုင်ပြီး စီမံခန့်ခွဲရသူတစ်ေယာက်လို ခံစားရစေမှာပါ။ driver တွေကို အရည်အချင်းမြှင့်ပေးတာ၊ engineering ပိုင်း upgrade တွေလုပ်တာ၊ sponsorship deal တွေဆွေးနွေးတာ စတဲ့ စီမံခန့်ခွဲမှုတွေကို အသေးစိတ်ဖန်တီးထည့်သွင်းပေးထားပါတယ်။ Motorsport Manager 3 မှာက impressive Augmented Reality option လည်းပါဝင်နေလို့ race environment ကို full 3D နဲ့ တွေ့မြင်ငစားနိုင်မှာဖြစ်ပါတယ်။
F1 Mobile Racing
နာမည်ကျော် Formula 1 World Championship ရဲ့ official mobile racing game ဖြစ်ပြီး နောက်ဆုံးပေါ်ကားတွေ၊ Driverေတွနဲ့ စည်းမျဉ်းသစ်တွေထည့်သွင်းမွမ်းမံပေးထားပါတယ်။ F1 calendar က Track တွေအတိုင်းတွေ့ရမှာပါ။ Grand Prix race တွေနဲ့ 1-on-1 duel Challenge တွေယှဥ်ပြိုင်နိုင်ပြီး favourite F1 car တစ်စီးကိုဖန်တီးခွင့်ရမှာလည်းဖြစ်ပါတယ်။ Grand Prix weekend တွေမှာဆိုရင် big reward ရနိုင်တဲ့ Special event တွေကို ဆင်နွှဲနိုင်ပါလိမ့်မယ်။
CSR Racing 2
One quarter-mile ပြိုင်ရတာကြိုက်ရင်တော့ CSR Racing 2 က အကောင်းဆုံး drag racing game ဖြစ်ပါလိမ့်မယ်။ ပြိုင်ပွဲဝင်ကားကို Hatches, Classic Muscle Car နဲ့ Modern Hypercar တွေထဲက နှစ်သက်ရာရွေးချယ်ယှဉ်ပြိုင်နိုင်မှာပါ။ မပြိုင်ခင်မှာ paint, decal option, interior နဲ့ engine ပိုင်းတွေအတွက်စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။ Start နဲ့ Gear shift အချိန်ကိုက်ဖို့ကိုတော့ များများလေ့ကျင့်ဖို့လိုပါလိမ့်မယ်။ ဝင်ပြိုင်နိုင်မယ့် online competition များစွာလည်းပါရှိပါတယ်။
Asphalt Xtreme
Jeep, Chevrolet, Subaru အပြင် တခြား Fully-licensed vehicle များစွာပါဝင်နေတဲ့ Asphalt Xtreme ကိုတော့ အမိုက်စား mobile off-road racing game တစ်ခုလို့ေတာင် ဆိုနိုင်ပါတယ်။ Gamer တွေအနေနဲ့ 1,100 မတူကွဲပြားတဲ့challenge ပေါင်း 1100 ကိုယှဉ်ပြိုင်ကစားပြီး customization option ပါ ကားအစီး 50 ကို Unlock လုပ်ရမှာပါ။ location အတွက်ေတာ့ Detroit ကနေ Thailand ထိထည့်ပေးထားပါတယ်။ Solo career campaign အပြင် Monster Trucks Racing လည်းပါဝင်ပါသေးတယ်။
Ref: Motoring Research
Thiha