Unicode version..

  

ဂျာမနီအခြေစိုက် (Volkswagen) ၏ (2017 Model) ဖြစ်သည့် (VW Golf Sportagewagen) တွင် စိတ်ဝင်စားဖွယ်ရာပါ၀င်မှု့ များစွာ ထည့်သွင်းထားပါသည်။ အဆိုပါ (Features) များအနက် ၎င်း၏ (Driver Assiastance Package) တွင် ပါ၀င်သည့် (Rader Cruise Control) သည် များစွာ ကောင်းမွန်မှုရှိသည်ကို တွေ့မြင်ရပါသည်။

(VW Golf Sportwagen) ၏ (RCC) စနစ်သည် ကား၏ အမြင့်ဆုံးအရှိန်၌ပင် ကောင်းစွာ အလုပ်လုပ် သည်ကို တွေ့ရပါသည်။ ယာဉ်၏အရှိန်အနိမ့်/အမြင့်ပေါ်လိုက်၍ (RCC) စန်စမှ အရှိန်ထိန်းစနစ်အား လိုက်လျော ညီထွေစွာ ပြုလုပ်ပေးသည်ဖြစ်ပြီး ကား၏ (Central Display)တွင်လည်း စနစ်၏ လုပ်ဆောင်မှုအား (Graphic) ပုံစံဖြင့် တွေ့မြင်ရသည် ဖြစ်ပါသည်။ အကယ်၍ ယာဉ်အရှေ့ဘက်ဧရိယာ၌ (အရာဝတ္ထု/လူ)စသည်ဖြင့် ရုတ်တရက် ၀င်ရောက်ခဲ့ပါက (RCC) မှ ကျယ်လောင်သော အသံဖြင့် (သတိပေး) သည်ဖြစ်ပြီး ယာဉ်မောင်း အနေဖြင့် ဘရိတ်အား ချက်ချင်းအသုံးပြုနိုင်ရန် ဖြစ်ပါသည်။

(VW Golf) ၏ (RCC) စနစ်သည် အမြင့်ဆုံး (74 mph) အတွင်း၌သာ အလုပ်လုပ်ဆောင်သည် ဖြစ်ပါသည်။ ၎င်း၏ စနစ်သည် (Tesla)၏ (Autopilot) စနစ်နှင့် ကွဲခြားမှုရှိပြီး ယာဉ်စက်သတ်ပြီး နောက်တဖန် စက်နှိုးခဲ့၍ (ACC) အား ပြန်လည်ရယူ အသုံးပြုနိုင်မည်လည်း ဖြစ်ပါသည်။ အဝေးပြေးလမ်းများ၌ အသုံးပြုပါက (အရှိန်အတက်အကျ မြန်လေ့ရှိသည့်အတွက်) ( 0 to 50 mph) အတွင်း၌သာ (Standard) ထား၍ အသုံးပြုယူပါက အဆင်ပြေမည် ဖြစ်ပါသည်။

ယခု (2017 Gold Sport Wagen) တွင် ထည့်သွင်းထားသည့် (R C C ) စနစ်သည် သမားရိုးကျ

( Cruise Control) စနစ်အစား ပြောင်းလဲမှု အချို့ဖြင့် ထည့်သွင်းထားသည့် စနစ်ဖြစ်ပြီး ၎င်းတွင် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည့် (ယာဉ်ကြောအခြေအနေ) များနှင့် လိုက်လျောညီထွေသည့် ထိန်းချုပ်မှု များပါ၀င်ပြီး ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအပေါ် ထောက်လှမ်းရာတွင်လည်း (ရေဒါ)ကို အခြေခံထား၍ တိကျစွာ အလုပ်လုပ်ဆောင်နိုင် သည့် စနစ်ဟု သတ်မှတ်ရမည် ဖြစ်ပါသည်။

      

Zawgyi version…




