education-1 education-2
Zawgyi version…
အျပင္မွာ မိုးရြာေနပါတယ္။ ခင္ဗ်ား ဒီစာေလးကိုဖတ္ေနရင္ ဒါဟာ အခြင့္အေရးေကာင္းတစ္ခု ျဖစ္ပါတယ္။ (ကားေမာင္းႏွင္တဲ့အခ်ိန္မွာ ဖတ္ဖို႔ေျပာတာ မဟုတ္ဘူးေနာ္)။ ကားေမာင္းတဲ့အခါ မိုးဟာ အရာအားလံုးကို ေျပာင္းလဲႏိုင္ပါတယ္။ ဟုတ္ပါတယ္။ သင့္ကားကို ဆိုးရြားမႈျဖစ္ေစႏိုင္တဲ့အရာေတြကေတာ့ အမ်ားၾကီးပါပဲ။ စိုစြတ္ၿပီး ေခ်ာမြတ္တဲ့လမ္းေတြသည္ ကားကိုထိန္းခ်ဳပ္ႏိုင္ျခင္း၊ ျမင္ႏိုင္စြမ္း၊ ဘရိတ္ေတြစတဲ့အရာေတြအားလံုးကို သက္ေရာက္ႏိုင္ပါတယ္။ ၿပီးေတာ့ သင့္ကားရဲ႕ စနစ္တခ်ိဳ႕သည္ အလုပ္မလုပ္တာလည္း ျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ သင့္ကားသည္ ကီလိုမီတာနဲ႔ ႏွစ္အခ်ိဳ႕ရွိတယ္ဆိုရင္ေပါ႔။ မိုးရာသီအတြင္း လံုၿခံဳစိတ္ခ်စြာနဲ႔ ေပ်ာ္ရႊင္စြာ သြားလာႏိုင္ဖို႔ နည္းအခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။
1.
မွန္မ်ားကို သန္႔ရွင္းပါ =
ေပ်ာ္ရႊင္ေသာ ယာဥ္ေမာင္းသူ
မၾကာခဏ ကားပိုင္ရွင္ေတြသည္ ေလကာမွန္ေပၚက ဝိုင္ဘာအသြားေတြကို ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ ဒီအတိုင္းထားထားၾကပါတယ္။ ေဈးမႀကီးတဲ့ ဝိုက္ဘာအသစ္တစ္ခုသည္ သင့္ကားကို ထိေရာက္စြာ သုတ္ေပးမွာျဖစ္ပါတယ္။ (တိုးတက္ျဖစ္ေပၚမႈကို အံ့ဩသင့္ေနႏိုင္ပါတယ္) အဲဒါဆို လမ္းေပၚကအရာေတြကို သင္ပိုၿပီးေကာင္းမြန္စြာ ျမင္ရမွာျဖစ္ပါတယ္။ အေနာက္ခန္းထဲမွာ ဆပ္ျပာရည္ဘူးႀကီးႀကီးတစ္ခုကို ထားထားေပါ႔။ ၿပီးေတာ့ ဒီလိုမ်ိဳးပစၥည္းေတြကို သင့္ရဲ႕ေလကာမွန္ေပၚကို ေပလာတဲ့ရႊံ႕ေတြကို ဖယ္ပစ္ႏိုင္ေစဖို႔ အေနာက္ခန္းထဲမွာ အမ်ားၾကီးထားထားေပးပါ။ အိုး၊ ဟုတ္တာေပါ့။ ေနာက္ၿပီး ေဘးဘက္မွန္ကိုလည္း ပံုမွန္သုတ္ႏိုင္ဖို႔ အဝတ္စုတ္တစ္ခုကို သိမ္းထားပါ။
2.
ဘတၲရီအားကို ျပည့္ေနပါေစ။
စိုစြတ္ေနတဲ့အခါ ကားေတြသည္ စက္ႏိုးဖို႔ခက္ခဲႏိုင္ပါတယ္။ ကားဘတၳရီေတြသည္ ေရပန္းေတြေၾကာင့္ အတြင္းဘက္မွာ တျဖည္းျဖည္းယိုယြင္းပ်က္စီးၿပီး စက္ခ်ိဳ႕ယြင္းဖို႔ျမန္ပါတယ္။ ဒီေတာ့ အခုအခ်ိန္သည္ သင့္ရဲ႕ဘတၳရီကိုလဲပစ္ဖို႔ အေကာင္းဆံုးအခ်ိန္တစ္ခုျဖစ္ပါတယ္။ သင္ အလုပ္ကိုသြားတဲ့အခါနဲ႔ အျပင္ဘက္မွာ မိုးရြာေနတဲ့အခါ အင္ဂ်င္က်ေနတဲ့ စက္ႏိုးသံသည္ ၾကားရတာ နားဝင္ဆိုးလွပါတယ္။
3.
ကားမီးမ်ားကို ဂ႐ုစိုက္ပါ။
သင့္ကားရဲ႕ ေရွ႕မီးသီးနဲ႔ ေနာက္မီးသီးတို႔ ေသခ်ာစြာ အလုပ္လုပ္ပါေစ။ ၿပီးေတာ့ ဘရိတ္မီးေတြကိုလည္း မေမ့ပါနဲ႔။ ဘာလို႔လည္းဆိုေတာ့ သင့္အေနာက္မွာရွိတဲ့ ကားေမာင္းသူက သူ႔ကားရဲ႕ ဝိုက္ဘာကို ဂ႐ုမစိုက္တဲ့သူဆိုပါေတာ့ အဲဒီေတာ့ သူေရွ႕ကို သိပ္သဲသဲကြယ္ကြယ္မျမင္ႏိုင္ဘူးေပါ့။ သင့္ဘရိတ္မီးေတြမေကာင္းရင္ သင့္ဘရိတ္အုပ္မွန္းသူသိမွာ မဟုတ္တဲ့အတြက္ သူက သင့္ကားကို ဝင္ႀကံဳးႏိုင္ပါတယ္။ ဒီေတာ့ သင့္ရဲ႕ ဘရိတ္မီးေတြေကာင္းဖို႔လိုပါတယ္။ မွန္ဘီလူးေတြကိုလည္း စစ္ေဆးေပးပါ။ ဒါဆို မိုးရာသီမွာျဖစ္တဲ့ စိုစြတ္ညစ္ပတ္မႈေတြ မရွိေတာ့ဘူးေပါ့။ ကားေဟာင္းေတြအတြက္ကေတာ့ ဝိုင္ယာေတြကို စစ္ေဆးေပးပါ (သို႔တည္းမဟုတ္) စက္ဆရာေတြကို ျပဳလုပ္ေစပါ။ ၿပီးေတာ့ ျပင္ဖို႔လိုတာေတြကို ျပင္ေပးပါ။
4.
ေျခာက္ေသြ႔ေနပါေစ။
မိုးရာသီမွာ ထီးတစ္ေခ်ာင္း နဲ႔ မိုးကာအက်ႌတစ္ထည္ကို အခ်ိန္တိုင္းသင့္ရဲ႕ ေနာက္ဖံုးထဲမွာ ထားထားပါ။ ထိုအရာေတြသည္ စက္ခ်ိဳ႕ယြင္းတဲ့အခါ မရွိမျဖစ္လိုအပ္ၿပီး သင္ ဟိုနားဒီနားကားထဲက ထြက္ရင္ေတာင္ မိုးေရမစိုေစဘဲ အသံုးဝင္လွပါတယ္။
5.
တာယာမ်ားကိုုဂ႐ုုစိုုက္ပါ။
တာယာမ်ားသည္ သင္နဲ႔ ေျမၾကီးရဲ႕ၾကားမွာ တစ္ခုတည္းေသာ ဆက္သြယ္ေပးတဲ့အရာေတြ ျဖစ္ပါတယ္။ ယခုခ်ိန္ထိတိုင္ ကားပိုင္ရွင္မ်ားသည္ တာယာေတြကို အခ်ိန္အၾကာၾကီးထားၿပီး ပစ္ထားေလ့ရွိပါတယ္။ ပထမဆံုးတာယာေတြကို အရည္အေသြးျပည့္မီေအာင္ျပဳလုပ္ၿပီး ေရေတြရွိတဲ့လမ္းေပၚကိုျဖတ္ေမာင္းႏွင္ပါ။ ဒါဆိုမေခ်ာ္ေတာ့ဘူးေပါ့။ ဒုတိယအေနနဲ႔ တာယာေၾကာင္းေတြအမ်ားၾကီး ရွိေသးေပမဲ့ တကယ္လို႔ ႏွစ္အနည္းငယ္ၾကာေနတယ္ဆိုရင္ လမ္းေခ်ာ္ခ်င္ေခ်ာ္ႏိုင္ပါေသးတယ္။ တာယာရဲ႕ ရာဘာေတြသည္ သင္သူတို႔ကို မေမာင္းႏွင္ဘဲထားထားတယ္ဆိုရင္ေတာင္ အခ်ိန္ေက်ာ္ၿပီး ပ်က္စီးတာေတြ ရွိပါတယ္။ အဲဒီလိုမ်ိဳးဆိုရင္ တကယ့္အေရးေပၚအေျခအေနတစ္ခုထဲမွာ ဘရိတ္နင္းေပမဲ့ တာယာကေခ်ာၿပီး ေရွ႕မွာရွိတဲ့ကားကို ဝင္တိုးႏိုင္ပါတယ္။ အဲဒီလိုျဖစ္ရင္ တရား႐ံုးကေတာ့ သင့္အမွားလို႔ဆိုမွာ ျဖစ္ပါတယ္။
တာယာေတြသည္ ေဈးမေပါလွပါဘူး။ ဒါေပမဲ့ ၄င္းတို႔သည္ လ်င္ျမန္စြာ ခ်ိဳးေကြ႔ျခင္းနဲ႔ တိုတဲ့အကြာအေဝးကို ရပ္တာအတြက္ လမ္းေပၚမွာ မေခ်ာေအာင္ ခိုင္ၿမဲစြာဖမ္းဆုပ္ႏိုင္ျခင္းရဲ႕ ေသာ့ခ်က္ျဖစ္ပါတယ္။ အသစ္၊ အေဟာင္း၊ ဘယ္လိုတာယာအမ်ိဳးအစားပဲျဖစ္ျဖစ္ အနည္းဆံုး သူတို႔ကို သတ္မွတ္ထားတဲ့ ေလဖိအားမွာ ထိန္းသိမ္းထားသင့္ပါတယ္။ ထိုသို႔ျပဳလုပ္မႈသည္ တာယာေတြရဲ႕ စြမ္းေဆာင္ရည္ကို မ်ားျပားစြာ ကြာျခားသြားေစပါတယ္။
6. သင့္ရဲ႕ကားေမာင္းတဲ့စတိုုင္ကိုု ေျပာင္းလဲလိုုက္ပါ။
လမ္းေတြသည္ စိုစြတ္ေနတဲ့အခါ ရပ္တဲ့အကြာအေဝးကို ပိုၿပီးယူရပါတယ္။ ၿပိဳင္ကားလိုမ်ိဳးကားေတြသည္ လ်င္ျမန္ၿပီး ဦးတည္ရာကို မေျပာင္းလဲႏိုင္ၾကပါဘူး။ မိုးလြတ္ဖို႔ အိမ္ကို အျမန္ေမာင္းၾကတဲ့လူေတြအမ်ားၾကီးကို သင္ႀကံဳရမွာပါ။ တည္ၿငိမ္ေအးေဆးမႈသည္ အေရးအႀကီးဆံုးပါပဲ။ အခ်ိန္ယူပါ။ သင့္ကားနဲ႔ တျခားကားအကြာအေဝးကို ေနရာပိုယူထားပါ။ (မီးပိၸဳင့္လြတ္တဲ့အခါ)။ စိတ္မရွည္တဲ့ သင့္အေနာက္က ယာဥ္ေမာင္းသူကေတာ့ ဟြန္းေတြ စြတ္တီးႏိုင္ပါတယ္။ ဒါေပမဲ့ ခါတိုင္းလိုပဲ သူ႔ကို မသိခ်င္ေယာင္ေဆာင္ထားပါ။
ပံုမွန္အားျဖင့္ ရက္အနည္းငယ္ မိုးမရြာေတာ့ရင္ အထူးသျဖင့္ ဂ႐ုစိုက္ပါ။ ဆီ၊ ညစ္ပတ္မႈနဲ႔ အပ်က္အစီးအက်ိဳးအပဲ့မ်ား လမ္းမ်က္ႏွာျပင္ေပၚကို စုပံုလာခဲ့ၿပီး ေရေျမာင္းထဲကိုစီးဆင္းသြားဖို႔ လံုေလာက္တဲ့မိုးရြာသြန္းမႈမရွိေသးခင္ လမ္းေပၚမွာ ေခ်ာေနတတ္ပါတယ္။
Unicode version…
မိုးရာသီမှာကားကိုဘယ်လိုထိန်းသိမ်းမလဲ
အပြင်မှာ မိုးရွာနေပါတယ်။ ခင်ဗျား ဒီစာလေးကိုဖတ်နေရင် ဒါဟာ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ (ကားမောင်းနှင်တဲ့အချိန်မှာ ဖတ်ဖို့ပြောတာ မဟုတ်ဘူးနော်)။ ကားမောင်းတဲ့အခါ မိုးဟာ အရာအားလုံးကို ပြောင်းလဲနိုင်ပါတယ်။ ဟုတ်ပါတယ်။ သင့်ကားကို ဆိုးရွားမှုဖြစ်စေနိုင်တဲ့အရာတွေကတော့ အများကြီးပါပဲ။ စိုစွတ်ပြီး ချောမွတ်တဲ့လမ်းတွေသည် ကားကိုထိန်းချုပ်နိုင်ခြင်း၊ မြင်နိုင်စွမ်း၊ ဘရိတ်တွေစတဲ့အရာတွေအားလုံးကို သက်ရောက်နိုင်ပါတယ်။ ပြီးတော့ သင့်ကားရဲ့ စနစ်တချို့သည် အလုပ်မလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သင့်ကားသည် ကီလိုမီတာနဲ့ နှစ်အချို့ရှိတယ်ဆိုရင်ပေါ့။ မိုးရာသီအတွင်း လုံခြုံစိတ်ချစွာနဲ့ ပျော်ရွှင်စွာ သွားလာနိုင်ဖို့ နည်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
1.
မှန်များကို သန့်ရှင်းပါ =
ပျော်ရွှင်သော ယာဉ်မောင်းသူ
မကြာခဏ ကားပိုင်ရှင်တွေသည် လေကာမှန်ပေါ်က ဝိုင်ဘာအသွားတွေကို နှစ်ပေါင်းများစွာတိုင်အောင် ဒီအတိုင်းထားထားကြပါတယ်။ ဈေးမကြီးတဲ့ ဝိုက်ဘာအသစ်တစ်ခုသည် သင့်ကားကို ထိရောက်စွာ သုတ်ပေးမှာဖြစ်ပါတယ်။ (တိုးတက်ဖြစ်ပေါ်မှုကို အံ့ဩသင့်နေနိုင်ပါတယ်) အဲဒါဆို လမ်းပေါ်ကအရာတွေကို သင်ပိုပြီးကောင်းမွန်စွာ မြင်ရမှာဖြစ်ပါတယ်။ အနောက်ခန်းထဲမှာ ဆပ်ပြာရည်ဘူးကြီးကြီးတစ်ခုကို ထားထားပေါ့။ ပြီးတော့ ဒီလိုမျိုးပစ္စည်းတွေကို သင့်ရဲ့လေကာမှန်ပေါ်ကို ပေလာတဲ့ရွှံ့တွေကို ဖယ်ပစ်နိုင်စေဖို့ အနောက်ခန်းထဲမှာ အများကြီးထားထားပေးပါ။ အိုး၊ ဟုတ်တာပေါ့။ နောက်ပြီး ဘေးဘက်မှန်ကိုလည်း ပုံမှန်သုတ်နိုင်ဖို့ အဝတ်စုတ်တစ်ခုကို သိမ်းထားပါ။
2.
ဘတ္တရီအားကို ပြည့်နေပါစေ။
စိုစွတ်နေတဲ့အခါ ကားတွေသည် စက်နိုးဖို့ခက်ခဲနိုင်ပါတယ်။ ကားဘတ္ထရီတွေသည် ရေပန်းတွေကြောင့် အတွင်းဘက်မှာ တဖြည်းဖြည်းယိုယွင်းပျက်စီးပြီး စက်ချို့ယွင်းဖို့မြန်ပါတယ်။ ဒီတော့ အခုအချိန်သည် သင့်ရဲ့ဘတ္ထရီကိုလဲပစ်ဖို့ အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ သင် အလုပ်ကိုသွားတဲ့အခါနဲ့ အပြင်ဘက်မှာ မိုးရွာနေတဲ့အခါ အင်ဂျင်ကျနေတဲ့ စက်နိုးသံသည် ကြားရတာ နားဝင်ဆိုးလှပါတယ်။
3.
ကားမီးများကို ဂရုစိုက်ပါ။
သင့်ကားရဲ့ ရှေ့မီးသီးနဲ့ နောက်မီးသီးတို့ သေချာစွာ အလုပ်လုပ်ပါစေ။ ပြီးတော့ ဘရိတ်မီးတွေကိုလည်း မမေ့ပါနဲ့။ ဘာလို့လည်းဆိုတော့ သင့်အနောက်မှာရှိတဲ့ ကားမောင်းသူက သူ့ကားရဲ့ ဝိုက်ဘာကို ဂရုမစိုက်တဲ့သူဆိုပါတော့ အဲဒီတော့ သူရှေ့ကို သိပ်သဲသဲကွယ်ကွယ်မမြင်နိုင်ဘူးပေါ့။ သင့်ဘရိတ်မီးတွေမကောင်းရင် သင့်ဘရိတ်အုပ်မှန်းသူသိမှာ မဟုတ်တဲ့အတွက် သူက သင့်ကားကို ဝင်ကြံုးနိုင်ပါတယ်။ ဒီတော့ သင့်ရဲ့ ဘရိတ်မီးတွေကောင်းဖို့လိုပါတယ်။ မှန်ဘီလူးတွေကိုလည်း စစ်ဆေးပေးပါ။ ဒါဆို မိုးရာသီမှာဖြစ်တဲ့ စိုစွတ်ညစ်ပတ်မှုတွေ မရှိတော့ဘူးပေါ့။ ကားဟောင်းတွေအတွက်ကတော့ ဝိုင်ယာတွေကို စစ်ဆေးပေးပါ (သို့တည်းမဟုတ်) စက်ဆရာတွေကို ပြုလုပ်စေပါ။ ပြီးတော့ ပြင်ဖို့လိုတာတွေကို ပြင်ပေးပါ။
4.
ခြောက်သွေ့နေပါစေ။
မိုးရာသီမှာ ထီးတစ်ချောင်း နဲ့ မိုးကာအကျႌတစ်ထည်ကို အချိန်တိုင်းသင့်ရဲ့ နောက်ဖုံးထဲမှာ ထားထားပါ။ ထိုအရာတွေသည် စက်ချို့ယွင်းတဲ့အခါ မရှိမဖြစ်လိုအပ်ပြီး သင် ဟိုနားဒီနားကားထဲက ထွက်ရင်တောင် မိုးရေမစိုစေဘဲ အသုံးဝင်လှပါတယ်။
5.
တာယာများကိုုဂရုုစိုုက်ပါ။
တာယာများသည် သင်နဲ့ မြေကြီးရဲ့ကြားမှာ တစ်ခုတည်းသော ဆက်သွယ်ပေးတဲ့အရာတွေ ဖြစ်ပါတယ်။ ယခုချိန်ထိတိုင် ကားပိုင်ရှင်များသည် တာယာတွေကို အချိန်အကြာကြီးထားပြီး ပစ်ထားလေ့ရှိပါတယ်။ ပထမဆုံးတာယာတွေကို အရည်အသွေးပြည့်မီအောင်ပြုလုပ်ပြီး ရေတွေရှိတဲ့လမ်းပေါ်ကိုဖြတ်မောင်းနှင်ပါ။ ဒါဆိုမချော်တော့ဘူးပေါ့။ ဒုတိယအနေနဲ့ တာယာကြောင်းတွေအများကြီး ရှိသေးပေမဲ့ တကယ်လို့ နှစ်အနည်းငယ်ကြာနေတယ်ဆိုရင် လမ်းချော်ချင်ချော်နိုင်ပါသေးတယ်။ တာယာရဲ့ ရာဘာတွေသည် သင်သူတို့ကို မမောင်းနှင်ဘဲထားထားတယ်ဆိုရင်တောင် အချိန်ကျော်ပြီး ပျက်စီးတာတွေ ရှိပါတယ်။ အဲဒီလိုမျိုးဆိုရင် တကယ့်အရေးပေါ်အခြေအနေတစ်ခုထဲမှာ ဘရိတ်နင်းပေမဲ့ တာယာကချောပြီး ရှေ့မှာရှိတဲ့ကားကို ဝင်တိုးနိုင်ပါတယ်။ အဲဒီလိုဖြစ်ရင် တရားရုံးကတော့ သင့်အမှားလို့ဆိုမှာ ဖြစ်ပါတယ်။
တာယာတွေသည် ဈေးမပေါလှပါဘူး။ ဒါပေမဲ့ ၄င်းတို့သည် လျင်မြန်စွာ ချိုးကွေ့ခြင်းနဲ့ တိုတဲ့အကွာအဝေးကို ရပ်တာအတွက် လမ်းပေါ်မှာ မချောအောင် ခိုင်မြဲစွာဖမ်းဆုပ်နိုင်ခြင်းရဲ့ သော့ချက်ဖြစ်ပါတယ်။ အသစ်၊ အဟောင်း၊ ဘယ်လိုတာယာအမျိုးအစားပဲဖြစ်ဖြစ် အနည်းဆုံး သူတို့ကို သတ်မှတ်ထားတဲ့ လေဖိအားမှာ ထိန်းသိမ်းထားသင့်ပါတယ်။ ထိုသို့ပြုလုပ်မှုသည် တာယာတွေရဲ့ စွမ်းဆောင်ရည်ကို များပြားစွာ ကွာခြားသွားစေပါတယ်။
6.သင့်ရဲ့ကားမောင်းတဲ့စတိုုင်ကိုု ပြောင်းလဲလိုုက်ပါ။
လမ်းတွေသည် စိုစွတ်နေတဲ့အခါ ရပ်တဲ့အကွာအဝေးကို ပိုပြီးယူရပါတယ်။ ပြိုင်ကားလိုမျိုးကားတွေသည် လျင်မြန်ပြီး ဦးတည်ရာကို မပြောင်းလဲနိုင်ကြပါဘူး။ မိုးလွတ်ဖို့ အိမ်ကို အမြန်မောင်းကြတဲ့လူတွေအများကြီးကို သင်ကြံုရမှာပါ။ တည်ငြိမ်အေးဆေးမှုသည် အရေးအကြီးဆုံးပါပဲ။ အချိန်ယူပါ။ သင့်ကားနဲ့ တခြားကားအကွာအဝေးကို နေရာပိုယူထားပါ။ (မီးပ္ပိုင့်လွတ်တဲ့အခါ)။ စိတ်မရှည်တဲ့ သင့်အနောက်က ယာဉ်မောင်းသူကတော့ ဟွန်းတွေ စွတ်တီးနိုင်ပါတယ်။ ဒါပေမဲ့ ခါတိုင်းလိုပဲ သူ့ကို မသိချင်ယောင်ဆောင်ထားပါ။
ပုံမှန်အားဖြင့် ရက်အနည်းငယ် မိုးမရွာတော့ရင် အထူးသဖြင့် ဂရုစိုက်ပါ။ ဆီ၊ ညစ်ပတ်မှုနဲ့ အပျက်အစီးအကျိုးအပဲ့များ လမ်းမျက်နှာပြင်ပေါ်ကို စုပုံလာခဲ့ပြီး ရေမြောင်းထဲကိုစီးဆင်းသွားဖို့ လုံလောက်တဲ့မိုးရွာသွန်းမှုမရှိသေးခင် လမ်းပေါ်မှာ ချောနေတတ်ပါတယ်။