Unicode Version…
Range Rover လို့ပြောလိုက်ရင် တန်ဖိုးကြီး Luxury SUV တွေကိုသာထုတ်လုပ်တဲ့ ကား Brand အဖြစ်အားလုံး ကရှုမြင်ထားကြပါလိမ့်မယ်။ သာမန် Range Rover မှာ 4 မျိုးရှိပါတယ်။ ဈေးအပေါဆုံး Evoque ကနေ Velar, Sport, Vogue ဆိုပြီးရှိပါတယ်။ Vogue က ဈေးအကြီးဆုံး ဖြစ်ပြီး Vogue ကိုမှ မရောင့်ရဲ နိုင်သူတွေအတွက် ၂၀၁၂ ခုနှစ်မှာ Autobiography ဆိုပြီးထုတ်ခဲ့ပါတယ်။ သာမန်ကားနဲ့ဘာကွာလဲဆိုတော့ နောက်ခန်းရှည်တယ်။ အတွင်းခန်း detail နည်းနည်းပြောင်းမယ်။ အဓိကကတော့ ဂုဏ်ဒြပ်ရှိသူတွေအတွက် အဆင်တန်ဆာလို ဖြစ်လာပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်မှာလည်း Autobiography LWB (Long Wheel Base) ဆိုပြီးဝင်ရောက်နေပါပြီ။ ဒီကားကို စမ်းသပ်မောင်းနှင်ခြင်းကဏ္ဍမှာဖော်ပြပေးလိုက်ရပါတယ်။
ရုပ်ထွက်ပိုင်း
Range Rover မျိုးဆက်ဆိုတော့ သာမန်ရိုးရိုး Range Rover ရဲ့အသွင်အပြင်မျိုးရှိပါတယ်။ဒါပေမဲ့ ရှေ့ရှဲပုံစံနဲ့ဘေး ဘက်မှာပါတဲ့ဒီဇိုင်းတွေပြောင်းသွားတယ်။ ပြီးတော့ ရှေ့ရှဲက လှပတဲ့ငွေရောင် Chrome တွေနဲ့ပြုလုပ်ထားကာ ဘန်ပါ မှာပါတဲ့လေဝင်ပေါက်တွေကလည်း ပိုပြီးလှပပြေပြစ်သွားပါတယ်။ ရှေ့မီးကြီးတွေက Adaptive Pixel LED headlights တွေသုံးထားပြီး LED Signature တွေပေါင်းစပ်ပါဝင်မှာပါ။ဒီမီးကြီးတွေက လင်းအားဖြန့်ကျက်အားပို ကောင်းပြီး အထက် အောက်အလိုအလျောက်ပြုလုပ်ပေးနိုင်သလို အလိုအလျောက်အဖွင့်အပိတ်စနစ်ပါဦးမှာဖြစ်ပါတယ်။ Fog Lamp တွေက အောက်ဘက်မှာပါရှိပြီးတော့ ဘေးဘက်မှာလည်း လှပတဲ့ဒေါင်လိုက် Signature ပုံစံဒီဇိုင်းဖော်ထားပါတယ်။ နောက် ဘက်မှာ signature rear lamps တွေသုံးထားပြီး ငွေရောင် Chrome အလျားလိုက်တစ်ခုက နောက်ဖုံးပေါ်မှာ အလှ ဆင်ထားပါတယ်။ ဒီဇိုင်းပိုင်းက ခြုံပြောရရင် Range Rover သာမန်မော်ဒယ်တွေထက်ပိုပြီး ဝင့်ကြွားလှပမှုရှိပါတယ်။ ဘီးတွေကလည်း 21 inch 10 Spokes Alloy Wheel တွေကိုသုံးထားပါတယ်။
အတွင်းခန်း
စဝင်လိုက်ကတည်းက အတွင်းခန်းအရောင်က လည်သာရောင်တောက်ပနေပြီး အဆင့်မြင့်လည်သာတွေကို ကျွန်းကွက် တွေနဲ့ရောစပ်ပြီး ပုံဖော်ထားတာတွေ့ရပါတယ်။ ထိတွေ့ရတဲ့အရာမှန်သမျှ နူးညံ့ချောမွေ့နေပြီး Luxury ပုံစံမျိုးကို ခံစား ခဲ့ရပါတယ်။ ရှေ့နောက်ခုံတွေမှာ အပူအအေးပေးစနစ်တွေပါသလို front seats တွေက အနှိပ်ခံလို့ရဦးမှာဖြစ်ပါတယ်။ ဒီထိုင်ခုံတွေက မှတ်သားထားလို့ရတဲ့ Motor Seats တွေလည်းဖြစ်ပါတယ်။ ထိုင်ရတာလည်း လူနဲ့အံဝင်ခွင်ကျဖြစ်စေပြီး ခြေထောက်နေရာကလည်း လုံလောက်ပြီးကျယ်ဝန်းတဲ့အကျယ်မျိုးရှိနေ ပါတယ်။ ရှေ့ခုံတွေအတွက် လည်သာနဲ့ ပြုလုပ် ထားတဲ့ လက်တင်တန်းတွေပစ္စည်းထည့်စရာနေရာတွေ အပြည့်အစုံပါရှိ သလို နောက်ဘက်ကတော့ အလယ်နေရာ ကိုလူမထိုင်ဘဲ ချလိုက်ရင် လက်တင်စရာ၊ခွက်ထည့်စရာနဲ့ရှေ့ခုံကို လိုသလိုပြောင်းရွှေ့နိုင်တဲ့ ခလုတ်တွေပါတဲ့ armrest console တစ်ခုဖြစ်သွားမှာပါ။ နောက်ဘက်ခန်းကလည်း 186 mm အကျယ်ရှိပြီး ခြေဆန့်လက်ဆန့်သက်သောင့် သက်သာထိုင်နိုင်ဖို့ ပြုလုပ်ပေးပြန်ပါတယ်။ ပြီးတော့ Automatic Four-zone Climate Control ပါရှိကာ ကြီးမားတဲ့ နောက်သီးသန့် Air Conတွေပါပြီး စိတ်ကြိုက် အပူအ အေးပေးလို့ရသလို နောက်ခုံတွေအတွက်လည်း အရည်အသွေးမြင့် လိုရာသုံး Touch Screen ၂ ခုတပ်ဆင် ပေးထား ပါတယ်။ interior mood lighting စနစ်တွေပါသလို ကြီးမား ကျယ်ပြန့်တဲ့ Sunroof လည်းပါရှိဦးမှာပါ။ Driver ရှေ့ဒိုင်ခွက်က ရှင်းလင်းပြတ်သားပြီးကောင်း မွန်တဲ့ဖော်ပြမှု တွေပြုလုပ် နိုင်တဲ့ 12.3 inch ရှိပြီး လိုအပ်တဲ့ယာဉ်မောင်း အထောက်အကူပြု Data တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ လည် သာနဲ့ လုပ်ထားတဲ့ တံခါးဘောင်တွေပါရှိပြီး အားလုံးက ကိုင်တွယ်ရတာ အရမ်းအဆင့်မြင့်ပါတယ်။ နောက်ပြီး လည်သာရော စပ်ထားပြီး ထိန်းချုပ်မှု Control တွေပါတဲ့ Range Rover ရဲ့ signature စတီယာရင်၊ ထိတွေ့ ကိုင်တွယ် ရကောင်းတဲ့ ဘီးပုံစံ Transmission ပုံစံ၊ မီဒီယာ၊သတင်းအချက်နဲ့ ဖုန်းတွေကို ချိတ်ဆက်သုံးနိုင်တဲ့ 10-inch High-resolution Infotainment Touch-screen နဲ့ Subwoofer ပါတဲ့ Meridian™ surround Sound System တွေပါရှိပါ သေးတယ်။ နောက်ပြီး ရှေ့ဘက်အလယ်မှာ ခွက်ထည့်စရာ၊ဖုန်းထည့်စရာတွေအပြင် Drive Mode နဲ့ Screen တွေထိန်း ချုပ်နိုင်မယ့် Control တစ်ခုပါရှိပါတယ်။ ပစ္စည်းထည့်ဖို့ 900 Liters ပါရှိတော့ ခရီးရှည်တွေအတွက် စိတ်ပူစရာမရှိ တော့ပါဘူး။

စွမ်းဆောင်ရည်

ဒီကားက 3.0L Petrol V6 Super Charge အင်ဂျင်ကို သုံးထားပြီး ပါဝါထွက်ရှိနှုန်းက 380ps (375HP) / 6,500rpm နဲ့ရုန်းအားက 450Nm/3,500-5000rpm ဖြစ်ပါတယ်။ Acceleration က 0-100 km/h ကို 7.8 sec နဲ့ရောက်နိုင်ပြီး အမြန်ဆုံးမောင်းနှင်နိုင်တာကတော့ 209 km/h ဖြစ်ပါတယ်။ paddle shift ပါတဲ့ Automatic 8 speed Tranmission စနစ်သုံးထားပြီးတော့ 4WD မောင်းနှင်မှုပုံစံဖြစ်ပါတယ်။ ဒီကားက ရေအနက် 900 mm နစ်မြှုပ်တဲ့နေရာမှာမောင်း နှင်နိုင် သလို ဒီကားဟာ မထင်မရှား၊မှောင်မိုက်နေတဲ့ အခြေအနေတွေထဲမှာတောင် သတင်းအချက်အလက်တွေကို တိတိ ကျကျ ပေးပို့ပေးနိုင်ပါတယ်။ ပြီးတော့ Front Suspension ကို Double-wishbone ၊ Rear Suspension ကို Multi-link သုံးပေး ထားတဲ့အပြင် Electronic Air Suspension ပါလို့ လမ်းကြမ်း၊လမ်းချော ၂ ခုလုံးမှာ ဇိမ်ကျကျစီးနိုင်ပါလိမ့်မယ်။ မောင်း နှင်မှုတွေအတွက် အရမ်းကောင်းတဲ့ All Terrain Progress Control စနစ်၊ စပေါ့ဆန်တဲ့ မောင်းနှင်တွေအတွက် Adaptive Dynamics စနစ်တွေကြောင့် LWB Autobiography ကစွမ်းဆောင်ရည်ပိုင်းက ပြောစရာမရှိအောင်ကို ကောင်းမွန်ပါတယ်။

လုံခြုံရေး

Range Rover တွေက လုံခြုံရေးဦးစားပေး ကား Brand ထဲပါတာနဲ့အညီ Cruise Control , Power-assisted Anti-lock Braking System (ABS) , Emergency Brake Assist (EBA), Driver and passenger airbags (front, side, curtain) , Emergency Brake Assist (EBA), Intelligent Emergency Brake (IEB) , Electronic Park Brake (EPB) , Cornering Brake Control (CBC) , Roll Stability Control (RSC)) , Dynamic Stability Control (DSC) , Electronic Traction Control (ETC) , Push Button Start / Keyless Entry with Electronic Immobiliser နဲ့ပတ်လည်ဆင်ဆာစနစ်တွေအပြင် တောင့်တင်းမာကျောပြီး စီးနင်းသူတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ Aluminum Body ပါရှိပါတယ်။

စမ်းသပ်မောင်းနှင်ခြင်း

ကားက အလျားရှည်သလို မြင့်လည်းမြင့်တော့ မောင်းရတာ၊ကြည့်ရတာ ခက်မယ်ထင်ရပေမယ့် Driver ကို ရှင်းလင်း တဲ့မြင်ကွင်းမျိုးရအောင်ပြုလုပ်ပေးထားလို့ မောင်းရတာအဆင်ပြေတယ်။ အကွေ့တွေမှာ ရုတ်တရက်ချိုးကွေ့တာတွေ၊ စတီယာရင်ကစားတာတွေလုပ်ကြည့်တယ်။ ကားရဲ့ Stability ကအံ့သြစရာပါပဲ။ မောင်းရတာကိုတည်ငြိမ်ပြီး ယုံကြည် မှုပိုလာစေပါတယ်။ V6 Super Charge ဖြစ်တဲ့အပြင် ဓါတ်ဆီအင်ဂျင်ဆိုတော့ အထွက်အပြုကောင်းသလို အရှိန်တင် မောင်းရတာလည်း တော်တော်လေးကောင်းမွန်ပါတယ်။ ပါကင်အထောက်အကူပြုစနစ်တွေပါလို့လည်း နောက်ဆုတ်ရ တာလည်း အဆင်ပြေပါတယ်။ တမင်တကာ ချိုင့်ခွက်တွေကို ရွေးမောင်းကြည့်တယ်။ ဒါပေမဲ့ ဇိမ်ကျမှု၊ညိမ့်ညောင်းမှုတွေ ကို တစ်ပြိုင်နက်ခံစားခဲ့ရပါတယ်။ Electronic Air Suspension ရဲ့အကျိုးရလဒ်တွေလို့လည်း ဆိုရမှာဖြစ်ပါတယ်။

ဈေးနှုန်းနဲ့သုံးသပ်ချက်

ဒီကားက $400,000 ဖြစ်ပါတယ်။ ဈေးကတော့ လန့်စရာပေမယ့် ပါဝင်တဲ့ ပစ္စည်း၊ Brand ရဲ့အဆင့်အတန်း၊ ယုံကြည် စိတ်ချရမှုတွေကြောင့် တန်တာကိုပြန်ရပါလိမ့်မယ်။ ဒါ့အပြင် မောင်းနှင်မှု၊စီးနင်းမှုအပိုင်းတွေမှာလည်း အကောင်းဆုံးသော ခံစားမှုကို ရရှိနိုင်မှာမို့လို့ သူဌေးသူကြွယ်တွေအတွက် အဆင်တန်ဆာကောင်းတစ်ခုလို့ ဆိုလည်းမမှားနိုင်ပါဘူး။ ဒါပေမဲ့ ပြောစရာရှိတာကတော့ ၅ ယောက်စီးပုံစံထက် လုံးဝကို First Class ပုံစံမျိုးဖြစ်အောင် ၄ ခုံတည်းထည့်သွင်းသင့်သလို ၅ ယောက်စီးဆိုပေမယ့် အလယ်လူက သိပ်ပြီး သက်သောင့်သက်သာမရှိနိုင်ပါဘူး။ ဒီအချက်လောက်ကိုပဲ အနည်း ငယ်ပြောစရာရှိပြီး ကျန်တာတွေကတော့ အရမ်းကောင်းမွန်တဲ့ကားတစ်စီးလို့ဆိုရမှာဖြစ်ပါတယ်။

Specification…
Engine – 3.0L V6 Super Charge Petrol
Displacement(CC) – 2.995Cc
Transmissions – Automatic 8 speed with paddle shift
Maximum Power (HP/rpm) – 375/ 6,500
Maximum Torque (Nm/rpm) – 450Nm/3,500-5000
Drivetrain – 4WD
Top Speed (Km/h) – 209
Acceleration 0-100 Km/h (sec) – 7.8

Zawgyi Version…

တန်ဖိုးကြီး Luxury ကားတစ်စီးရဲ့ပြယုဂ် (သို့) Range Rover Autobiography
ရုပ်ထွက်ပိုင်း
အတွင်းခန်း

စွမ်းဆောင်ရည်


လုံခြုံရေး






Specification…
Drivetrain – 4WD
Top Speed (Km/h) – 209