Zawgyi Version…






Unicode Version..
V8 Engine ဖြင့် ထုတ်လုပ်မည့် Range Rover Velar SV Autobiography Dynamic
Range Rover Velar တွင် Velar SV Autobiography Dynamic အား အသစ်ထည့်သွင်း လိုက်ပြီး ၎င်းသည် Velar R – Dynamic တွင် အမြင့်ဆုံးဖြစ်လာကာ Velar R – Dynamic HSE ( 3.0 L Supercharged V6 Engine ) ( 380 hp ) အင်ဂျင်ကို တပ်ဆင်ထားပါမည်။ SV Autobiography သည် Land Rover ၏ အထူးထုတ်ယာဉ်များဖြစ်ပြီး Supercharged V8 Engine ) ကို အများအားဖြင့် ထည့်သွင်းလေ့ရှိသည်။ Velar သည် ၎င်း၏ နောင်တော် Model များထက် ( ပေါင် ၃၅၀ ) ခန့် ပို၍ပေါ့ပါးပြီး Driver focused Model အနေဖြင့်ဖန်တီးထားပြီး RangeRover Series များတွင် Sporty အဆန်ဆုံး Model လည်းဖြစ်သည်။ ထို့ကြောင့် Velar SVA Dynamic တွင် ( 5.0 L Supercharged Engine ) ( 542 hp ) အင်ဂျင်တို့ တပ်ဆင်ထားမည်ဖြစ်ပြီး ( 170 mph ) အထိ Speed နှုန်းနှင့် 8 – Speed Auto gear ၊ Differential ၊ စနစ်များကို အဆင့်မြှင့် တင်ထားမည်ဖြစ်ပြီး Air Suspension ၊ 21 – inch Aluminum Wheels ၊ Active Exhaust System ၊ တို့အပါအဝင် Redrew New Grille ၊ အရှေ့ဖက်ဖက်ဘန်ဘာဒီဇိုင်းနှင့် အရောင်ကွဲ ( ၆ ) မျိုး တို့ဖြင့် ထူးခြားစွာဖန်တီးထားမည်ဖြစ်ပြီး SVD Special Satin Byron Blue သည် အရောင်အသစ်ဖြစ်သည်။ အလားတူ Narvik Black Roof ၊ Unique Perforated Windsor Leather with twin stitching ၊ 20 – ways climated front Windsor Seats ၊ Aluminum Paddle shifts ၊ Knurled Dials on Center Console ၊ Digital Touch Pro Duo Screen ၊ စသည်ထူးခြား သည့်ပါဝင်မှုများ ပါရှိမည်ဖြစ်သည်။ Land Rover အနေဖြင့် Vela SVA Dynamic အား Limited အနေဖြင့် ထုတ်လုပ်မည် မဟုတ်သော် လည်း Model Year ( ၁ ) နှစ် သာ ကန့်သက်ထုတ်လုပ်ပါမည်။