RAM ၏ ထင်ရှားသည့် Pro Master လုပ်ငန်းသုံး MPV Model များအား ပြောင်းလဲဆန်းသပ်မှုများစွာဖြင့် 2023 Model Year အတွက် ထုတ်လုပ်လိုက်ပါသည်။ New Pro Master Model များတွင် ယခင် Model ထက်များစွာ လှပ သည့် ဒီဇိုင်းအသစ်အပါအဝင် New Options နှင့် Upgrades Features များပါဝင်ပါမည်။ ဒီဇိုင်းအသစ်ဖြစ်သည့် အရှေ့မီးကြီးသည် ယခင် Model အထက် ( 29% ) ပို၍ အလင်းအားကောင်းမည်ဖြစ်ကာ LED Headlights ကိုလည်း Optional ရနိုင်ပါမည်။ အရှေ့Grille Design သည်လည်း ပုံစံအသစ်ဖြစ်ပြီး Ceramic Gray နှင့် Spitfire Orange ဆေးရောင် ( ၂ ) မျိုးလည်း အသစ်ပါဝင်ပါမည်။ Model Lineup များတွင် အမြင့်ဆုံးဖြစ်မည့် Roof Height Version ကိုလည်း 13-Foot Cargo Van Type တွင် Optional အနေဖြင့် ရရှိနိုင်ကာ ၎င်းသည် Van Type အားလုံးတွင် ခေါင်အမြင့်ဆုံးဖြစ်ပါမည်။ 2023 Ram Pro Master MPV တွင် ပုံစံ ( ၃ ) မျိုး ရရှိနိုင်ပါမည်။

 

RAM သည် အဆိုပါ MPV များအတွက် အဆင့်မြင့်လုံခြုံရေး နည်းပညာများဖြစ်သည့် Adaptive Cruise Control , Lane – Keeping Assist , Park – Assist တို့ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် လုပ်ငန်းသုံး Van များအနေဖြင့် အလွန်ထူးခြား ကောင်းမွန်သည်ဟု ဆိုရပါမည်။ 2023 Pro Master Van များသည် ရှေ့ဘီးယက်စနစ်သုံး Model များဖြစ်ကာ အင်ဂျင်အနေဖြင့် ( 3.6 L V6 Engine ) , ( 276 hp ) အင်ဂျင်နှင့် ( 9-Speed Auto gear ) တို့တွဲဖက် ထားပါသည်။ အမြင့်ဆုံး ရနိုင်သည့် Towing Capacity သည် ( 6910 Lbs ) ဖြစ်ကာ ( Payload Rating ) သည် ( Up to 4680 lbs ) ဖြစ်ပါသည်။ 2023 Ram Pro Master Model များ ယခုနှစ် အကုန်ခန့်တွင် စတင်ရောင်းချမည်ဖြစ်ကာ 1500 Cargo Van Law Roof ၊ 1500 Cargo Van Height Roof နှင့် 3500 Passenger Van ဟူ၍ ( ၃ ) မျိုး ရရှိနိုင်ပါမည်။

#DriveMediaMyanmar