Volkswagen ၏ နာမည်ကျော် Tiguan Compact Crossover သည် U.S.A ဈေးကွက်အတွက် 2022 Model အား Refresh Mode အနေဖြင့် ထွက်ရှိလာပြီဖြစ်သည်။ 2022 VW Tiguan တွင် – ( S / SE / SE R – Line Black / SEL Premium R – Line ) ဟူ၍ U.S.A အတွက် Trim Level ( ၄ ) မျိုးဖြင့် ရောင်းချမည်ဖြစ်သည်။ 2022VW Tiguan တွင် ( 10.0 – inch Screen) ( VW’s Car – Net with Wifi ) ကဲ့သို့ Features များကို မှာယူ ရနိုင်မည့်အပြင် ( 8.0 – inch Digital Cockpit ) ကို Trim အားလုံးတွင် Standard ထည့်သွင်း ထားသည်။ အလားတူ MIB 3 Infotainment Software ၊ Wireless Apple Car Play Android Auto ၊ Power Tailgate ၊ IQ i Drive Assistance ကဲ့သို့ Features များကို Trim Level များအလိုက် ရရှိနိုင်ပါမည်။ 2022 VW Tiguan တွင် အထူးအဆင့်မြင့် လုံးခြုံရေးဆိုင်ရာနည်းပညာများစွာပါဝင် မည်ဖြစ်ကာ ( အရေးပေါ်သုံး အလိုအလျောက်ဘရိတ်စနစ် ) ( Blind – spot Monitor ) ၊ ( RCTA ) ၊ ( Adaptive Cruise Control ) ( Lane Keeping Assist ) ၊ ( VW Emergency Assist ) စသည့် Features များပါဝင်မည့် အပြင် Level 3 အဆင့်ရှိသည့် ယာဉ်မောင်းအထောက်အပံ့နည်းပညာ များဖြစ်ကြသည့် – Automatic Parking Assist ၊ Road sign recognition Software ကဲ့သို့ Feature များလည်း ပါဝင်ပါမည်။ 2022 VW Tiguan တွင် ( 2.0 L Turbo I4 Engine ) ၊ ( 184 hp ) အင်ဂျင်နှင့် ( 8 – Speed Auto gear ) တို့ တွဲဖက်ထားပါမည်။ King Red Metallic နှင့် Oryx White ကဲ့သို့ Color အသစ်များကို 2022 Tiguan တွင် အသစ်ထည့်သွင်းထားပါမည်။