GMC ၏ ထင်ရှားလှသည့် Midsize SUV ဖြစ်သည့် GMC Terrain သည် ဆန်းသစ်သည့် အရှေ့ဖက်ဒီဇိုင်းအသစ်အပါအဝင် Revised styling ပုံစံ / Features အသစ်များနှင့် နည်းပညာ ပါဝင်မှုများစွာဖြင့် 2022 Model အား Refresh အနေဖြင့် ထုတ်လုပ်လိုက်ပါသည်။ 2022 Terrain သည် 2018 တွင်မိတ်ဆက်ခဲ့သည့် Terrain မျိုးဆက်၏ အစိတ်အပိုင်းဖြစ်ကာ GMC ၏ Lineup တွင် လူကြိုက်များသည့် Model လည်းဖြစ်သည်။ 2022 Terrain တွင် ထူးခြားချက်အနေဖြင့် – ( New AT4 Off – Road Trim ) အား အသစ်ထည့်သွင်းထားမည်ဖြစ်ပြီး ယခင် Model ထက်ပို၍ လှပပြီး ဆွဲဆောင်မှုရှိသည့်အပြင် အခင်း အကျင်းကိုလည်း ခံစားရပါမည်။ ထို့အတူ 2022 Terrain တွင် ( 1.5 L Turbocharged I4 Engine ) ၊ ( 170 hp ) အင်ဂျင်ကို တပ်ဆင်ထားမည့်ဖြစ်ကာ ယခင် Model တွင် ပါဝင်သည့် ( 2.0 L I4 Engine ) အား ယခု 2022 Terrain တွင် ဆက်လက် ထည့်သွင်းမည်မဟုတ်ပါ။ 2022 Terrain တွင် Reshaped Headlight Design နှင့် အနောက်မီးတန်းဒီဇိုင်း အသစ်တို့ အပြင် wheel ၊ Design အသစ်တို့လည်း ပါဝင်မည်ဖြစ်ကာ အပြင်ဆေးအရောင်အသစ် (၄) မျိုးတို့လည်း ထပ်မံထည့်သွင်းထားပါသည်။ ( Off – Road ) သီးသန့် အတွက်ဖြစ်သည့် AT4 Trim သည် အခြားသော GMC Model များတွင် ပါဝင်ထားသော်လည်း Terrain Model အတွက် ပထမဆုံး ပေါင်းစပ်ခြင်းဖြစ်ကာ ၎င်းတွင် Skid Plate များ ၊ Goodyear Sport Terrain Tires များ ပါဝင်ပါမည်။ 2022 GMC Terrain တွင် New HUD System ၊ Wireless Apple Car Play / Android Auto ကဲ့သို့ အဆင့်မြင့်နည်းပညာများစွာလည်း ပါဝင်ပါမည်။