လက်ရှိတွင် အလွန်ရေပန်းစားနေသည့် EVs ဈေးကွက်သို့ပါဝင် စီးဆင်းရန်အတွက် Renault သည် Zoe အမည်ရသည့် EV Car အား 2012 တွင်စတင်မိတ်ဆက်ခဲ့ပါသည်။ ၎င်းအား အစင်းရေ (၁၈၀)ခန့် ထုတ်လုပ်ခဲ့ပါသည်။ ယခုလက်ရှိတွင် Renault အနေဖြင့် 5 Prototype Concept အား မိတ်ဆက်လိုက်ပြီး အဆိုပါ 5 Prototype သည် 1972 တွင် U.S.A ၌ စတင် မိတ်ဆက်ရောင်းချခဲ့သည့် Original 5 အမည်ကို ရယူခြင်းဖြစ်ကာ ၎င်းအား နောက်ပိုင်းတွင် LeCar အမည်ဖြင့် ပြောင်းလဲခဲ့ပြီး 1984 မှ 1996 အထိ ရောင်းချခဲ့ပါသည်။ New Model တွင် လေးထောင့်ဒီဇိုင်း ၊ ရှေ့မီးကြီးနှင့်အတူ ရှေးခေတ်ဟောင်း Style ဖြင့် ဖန်တီးထားပြီး Renault Logo ကိုလည်း တပ်ဆင်ထားသည်။ ကား၏ဘေးဖက်ကိုယ်ထည်သည် အလွန်ဆန်းသစ်သည့် ပုံစံ ရှိပြီး C-Pillar နေရာသည် ( 45-degree ) အထိ လျှောဆင်းသွားမည်ဖြစ်ကာ ဒေါင်လိုက်ပုံစံ နောက်မီးတန်းကို တွေ့မြင်ရမည်ဖြစ်ပြီး 1987 တွင် ရောင်းချခဲ့သည့် Super Cinq ကို အမှတ်ရစေရန် ပြန်လည် ဖန်တီးခြင်း ဖြစ်သည်။ ကား၏ အတွင်းခန်း အခင်းအကျင်းနှင့် နည်းပညာဆိုင်ရာများကို Renault မှ မပြောထား သော်လည်း 5 Prototype ကို ရှေးဆန်သည့် အခင်းအကျင်းနှင့် မျက်မှောက်ခေတ် ဖန်တီးမှုတို့ အဓိက ပေါင်းစပ်ထားမည်ဖြစ်သည်။ မိတ်ဆက်မည်ဆိုပါက EV Hatchback အနေဖြင့် မိတ်ဆက်မည် ဖြစ်ကာ ဥရောပဈေးကွက်အတွက် ဦးစားပေး ထုတ်လုပ်မည်ဖြစ်သည်။ ပြင်သစ် အခြေစိုက် Renault သည် 2025 အတွင်း Model အသစ်(၁၄)မျိုး ထုတ်လုပ်မည်ဖြစ်ကာ ၎င်းတို့တွင် EV Model (၇)မျိုး ပါဝင်ပါမည်။