(Renault)သည် (EV)ကားများအတွက် အိမ်များတွင် ထားရှိအသုံးပြုနိုင်သည့် (Stutionary – Storage units)များမှ တဆင့်ကား၏ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်နိုင်မည့် (Powervault)ကို စမ်းသပ်သည့် (Trail Program)အား ၀င်ရောက် စမ်းသပ်မည်ဖြစ်ပြီး (2017 July)အတွင်း ပထမဆုံး (50 Units)ဖြင့် စတင်စမ်းသပ်မည် ဖြစ်ပြီး အချိန်အားဖြင့် (၁၂)လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ (Powervault)ဆိုသည်မှာ (Second-Life EV Battery)အမျိုးအစားဖြစ်ပြီး အိမ်များတွင် အသုံးပြုသည့် လျှပ်စစ်စွမ်းအင်အား (၃၅%)အထိ ချွေတာနိုင်မည် ဖြစ်ပါသည်။ ၎င်းအား (2012)တွင် စတင်ဖန်တီး နိုင်ခဲ့ပါသည်။ (Renault)အနေဖြင့် ၎င်း၏ စမ်းသပ်မှုအား (UK)ရှိ (M and S Energy)နှင့် ပူးပေါင်းကာ အင်္ဂလန်ရှိကျောင်းများနှင့် (Social-housing umits)များ၌ စမ်းသပ်မည် ဖြစ်ပါသည်။ အဓိကအားဖြင့် (Solar Energy)အသုံးပြုထားသည့် အဆောက်အဦး (80000)ခန့်သည် (UK Market)၌ တည်ရှိနေပြီး (Renault)၏ (Powervault)စမ်းသပ်မှုအား (UK)သို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။
(Renault)သည် ထိုကဲ့သို့ (Second-life Battery)ခေါ် (Stationary-energy-storage unit)များအား ပထမဆုံး စတင် အသုံးပြုသည့် (Automaker)မထုတ်ပါ။ (Nissan)သည် ၎င်း၏ (Second-life usage) ဘတ္ထရီများအား (Nissan Leaf EV)၌ (2010)မှ စတင်၍ စမ်းသပ်ခဲ့ပါသည်။ ထို့နောက် (Eaton)နှင့် ပူးပေါင်းကာ (2015)ခုနှစ်၌ (Stationary-storage system)အား စမ်းသပ်ခဲ့ပါသည်။ ထို့အပြင် (2016)ခုနှစ်၌ (BMW)သည် ၎င်း၏ Stationary – storage system ကို မိတ်ဆက်ခဲ့ပြီး ၎င်း၏ စွမ်းအင်သည် (48)နာရီခန့် ကောင်းစွာ အသုံးပြုနိုင်မည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့ပါသည်။နောက်ဆုံးအနေဖြင့် (Bimmer)သည် ၎င်း၏ (Mini E Battery)များအား (Northern California)တွင် စတင်စမ်းသပ်မှုများအား မကြာမှီ အချိန်က ပြုလုပ်ခဲ့ပါသည်။