Toyota သည် ထုတ်လုပ်မှုနှစ် ( ၇၀ ) ပြည့်အထိ ရောက်ရှိသည့် Land Cruiser 70 Series SUV ကို ဂုဏ်ပြုသည့် အနေဖြင့် Land Cruiser 70 th Anniversary Edition အား အထူးထုတ် အနေဖြင့် ဖန်တီးလိုက်သည်။ အဆိုပါ Edition Model အား မူလလက်ဟောင်း 70 Series ၏ Retro Design ဖြင့် ဖန်တီးထားမည်ဖြစ်ကာ Australia ဈေးကွက်တွင် အစင်းခြောက်ရာ ရောင်းချပါမည်။ ၎င်းတို့တွင် Double – Cab Pickup ၊ Single – Cab Truck ၊ Wagon ၊ ဟူ၍ပုံစံ ( ၃ ) မျိုးပါဝင်မည် ဖြစ်ပြီး French Vanilla ၊ Merlot Red ၊ Sandy Taupe ၊ ကဲ့သို့ Color များရနိုင်မည်။ ၎င်းအား ပုံမှန် Land Cruiser 70 Series ၏ GXL Trim အနေအထားမှ စတင်ထားကာ Black Accents များအား Grille ၊ ဘေးဖက်နံပါးနေရာများစသည်ဖြင့် ပေါင်းစပ်ထားပါမည်။ 16 – inch Wheel ၊ နှင်းခွဲမီးနှင့် DRL Light တို့လည်းပါဝင်မည်။ သပ်ရပ်လှပသည့် အတွင်းခန်းတွင် Black Seat များ ခင်းကျင်းထား မည်ဖြစ်ကာ Dashboard တွင် Faux Wood Panel များထည့်သွင်းထားပါမည်။ Air Vent များတွင် Silver Accent များ ပေါင်းစပ်ထားခြင်းနှင့် Retro Land Cruiser Logo ကို Center Console တွင် ထပ်ဆင် ထားခြင်းတို့ကိုလည်း တွေ့မြင်ခံစားရပါမည်။ 70 th Anniversary Edition Model အားလုံးတွင် – ( 4.5 L Turbo Diesel V8 Engine ) ၊ ( 203 hp ) အင်ဂျင်နှင့် ( 5 – Speed Manual Gear box ) တို့ ပေါင်းစပ်ပါဝင်မည့်ဖြစ်ကာ ( Front and Rear Differential Lock ) လည်းပါဝင်မည်။ Toyota သည် BJ SUV အား 1951 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၎င်းအား 1954 တွင် Land Cruiser ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်။ Land Cruiser သည် Off Road SUV များတွင် အလွန်ထင်ရှားသည့် Model ဖြစ်ပါသည်။