ဒီနေ့တော့ ပရိသတ်တွေကို လတ်ဗီးယားနိုင်ငံက Riga ကားပြတိုက်ဆီ အလည်အပတ်ပို့ပေးသွားဖို့စီစဉ်ထားပါတယ်။ အဲဒီပြတိုက်ကို တကယ်သွားပြီလေ့လာမယ်ဆိုရင် ဝင်ကြေး ၁၀ ဒေါ်လာပေးရမှာဖြစ်ပြီး အခုကတော့ တစ်ပြားတစ်ချပ်မှမကုန်ဘဲနဲ့ ကြည့်ရှုလေ့လာနိုင်မှာပါ။

ဒီကားပြတိုက်ထဲမှာ Russia နိုင်ငံထုတ်ကားတွေသာမက Latvia နိုင်ငံထုတ်ကားတွေအပါအဝင် တစ်ခေတ်တစ်ခါက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတဲ့ကားအမျိုးအစားအစုံကို စုစည်းပြသထားတာ တွေ့ရပြီး ရုရှားဝန်ကြီးချုပ်ဟောင်း Joseph Stalin ရဲ့ ZIS armored limos ကား နဲ့ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းရေးမှူး Leonid Brezhnev ပိုင် 1966 Rolls-Royce Silver Shadow ကားတွေကစလို့ Latvia က Riga Autobus Factory ကထုတ်ပြီး ဆိုဗီယက်ပြည်ထောင်စုမှာအသုံးပြုခဲ့တဲ့ကားတွေ၊ Ford ထက် ၂ နှစ်စောပြီးတည်ထောင်ခဲ့ Latvian Company Krastin ကထုတ်တဲ့ကားတွေထိ အမျိုးမျိုးသောခေတ်ဟောင်းကားတွေကို ပြသထားပါတယ်။ လေ့လာကြည့်လိုက်ပါဦး…။

 

(Zawgyi)

ဒီေန႔ေတာ့ ပရိသတ္ေတြကို လတ္ဗီးယားႏိုင္ငံက Riga ကားျပတိုက္ဆီ အလည္အပတ္ပို႔ေပးသြားဖို့စီစဥ္ထားပါတယ္။ အဲဒီျပတိုက္ကို တကယ္သြားျပီေလ့လာမယ္ဆိုရင္ ဝင္ေၾကး ၁၀ ေဒၚလာေပးရမွာျဖစ္ၿပီး အခုကေတာ့ တစ္ျပားတစ္ခ်ပ္မွမကုန္ဘဲနဲ့ ၾကည့္ရွုေလ့လာႏိုင္မွာပါ။

ဒီကားျပတိုက္ထဲမွာ Russia ႏိုင္ငံထုတ္ကားေတြသာမက Latvia ႏိုင္ငံထုတ္ကားေတြအပါအဝင္ တစ္ေခတ္တစ္ခါက တြင္တြင္က်ယ္က်ယ္အသံုးျပဳခဲ့ၾကတဲ့ကားအမ်ိုးအစားအစံုကို စုစည္းျပသထားတာ ေတြ့ရျပီး ႐ုရွားဝန္ႀကီးခ်ဳပ္ေဟာင္း Joseph Stalin ရဲ႕ ZIS armored limos ကား နဲ့ဆိုဗီယက္ျပည္ေထာင္စုကြန္ျမဴနစ္ပါတီရဲ႕အေထြေထြအတြင္းေရးမႉး Leonid Brezhnev ပိုင္ 1966 Rolls-Royce Silver Shadow ကားေတြကစလို့ Latvia က Riga Autobus Factory ကထုတ္ျပီး ဆိုဗီယက္ျပည္ေထာင္စုမွာအသုံးျပဳခဲ့တဲ့ကားေတြ၊ Ford ထက္ ၂ ႏွစ္ေစာၿပီးတည္ေထာင္ခဲ့ Latvian Company Krastin ကထုတ္တဲ့ကားေတြထိ အမ်ိဳးမ်ိဳးေသာေခတ္ေဟာင္းကားေတြကို ျပသထားပါတယ္။ ေလ့လာၾကည့္လိုက္ပါဦး…။

Ref: RoadShow
Thiha