Electric Hyper Car ကို ထုတ်လုပ်သည့် ခရိုအေးရှားဒေသ အခြေစိုက် Rimac Brand သည် အာရုံကို ဆွဲဆောင်နိုင်သည့် Model အသစ်များဖြင့် ကမ္ဘာ့ကားလောကသို့ ဝင်ရောက်လာပါပြီ။ Rimac မှ ဖန်တီးသည့် C Two Prototype Model အား မကြာခင်က မိတ်ဆက်ပြသခဲ့ပြီး ၎င်းအား Production Model အနေဖြင့် 2020 တွင် စတင်ထုတ်လုပ်ရန်စီစဉ်ထားပါသည်။ Rimac အနေဖြင့် Prototype မော်တော်ယာဉ် (၁၇)မျိုးခန့် မိတ်ဆက်ရန် အစီအစဉ်ရှိပြီး 150 C-Two အား စတင်ရောင်းချမည် ဖြစ်သည်။ မိတ်ဆက်ရန် ကျန်ရှိနေသည့် Prototype Model များကိုလည်း မတူကွဲပြားသည့် တင်ဆက်မှုများဖြင့် မိတ်ဆက်မည်ဖြစ်သည်။ Rimac အနေဖြင့် ထိပ်တန်း စွမ်းဆောင်ရည်ရှိသည့် Autonomous Driving Development စနစ်ကို ဖော်ဆောင်ရန်လည်း ရယ်ရွယ်ထားပါသည်။ C – Two ၏ Production Version အား 2020 Geneva ကားပြပွဲတွင် မိတ်ဆက်မည်ဖြစ်ပြီး တရားဝင် အမည်လည်း ပေးအပ်ရန် စီစဉ်ထားပါသည်။ ထို့နောက် 2020 နှစ်ကုန်ခန့်တွင် စတင်ရောင်းချရန် လျာထားပါသည်။ C – Two သည် လျှပ်စစ်စနစ်သုံးကားဖြစ်ပြီး အထူးစွမ်းဆောင်ရည် မြင့်မားစွာ ထုတ်လုပ်မည့် Model ဖြစ်ကာ (1914 hp Output) ထွက်ရှိသည့် လျှပ်စစ်မော်တာ (၄) လုံးတပ်ဆင်ထားမည် ဖြစ်ပါသည်။
Zawgyi Version……
Rimac C Two အား ၂၀၂၀ တြင္ Geneva တြင္ျပသမည္
Electric Hyper Car ကို ထုတ္လုပ္သည့္ ခရိုေအးရွားေဒသ အေျခစိုက္ Rimac Brand သည္ အာရံုကို ဆြဲေဆာင္ႏိုင္သည့္ Model အသစ္မ်ားျဖင့္ ကမၻာ့ကားေလာကသို႔ ၀င္ေရာက္လာပါၿပီ။ Rimac မွ ဖန္တီးသည့္ C Two Prototype Model အား မၾကာခင္က မိတ္ဆက္ျပသခဲ့ၿပီး ၎အား Production Model အေနျဖင့္ 2020 တြင္ စတင္ထုတ္လုပ္ရန္စီစဥ္ထားပါသည္။ Rimac အေနျဖင့္ Prototype ေမာ္ေတာ္ယာဥ္ (၁၇)မ်ိဳးခန္႔ မိတ္ဆက္ရန္ အစီအစဥ္ရွိၿပီး 150 C-Two အား စတင္ေရာင္းခ်မည္ ျဖစ္သည္။ မိတ္ဆက္ရန္ က်န္ရွိေနသည့္ Prototype Model မ်ားကိုလည္း မတူကြဲျပားသည့္ တင္ဆက္မႈမ်ားျဖင့္ မိတ္ဆက္မည္ျဖစ္သည္။ Rimac အေနျဖင့္ ထိပ္တန္း စြမ္းေဆာင္ရည္ရွိသည့္ Autonomous Driving Development စနစ္ကို ေဖာ္ေဆာင္ရန္လည္း ရယ္ရြယ္ထားပါသည္။ C – Two ၏ Production Version အား 2020 Geneva ကားျပပြဲတြင္ မိတ္ဆက္မည္ျဖစ္ၿပီး တရား၀င္ အမည္လည္း ေပးအပ္ရန္ စီစဥ္ထားပါသည္။ ထို႔ေနာက္ 2020 ႏွစ္ကုန္ခန္႔တြင္ စတင္ေရာင္းခ်ရန္ လ်ာထားပါသည္။ C – Two သည္ လွ်ပ္စစ္စနစ္သံုးကားျဖစ္ၿပီး အထူးစြမ္းေဆာင္ရည္ ျမင့္မားစြာ ထုတ္လုပ္မည့္ Model ျဖစ္ကာ (1914 hp Output) ထြက္ရွိသည့္ လွ်ပ္စစ္ေမာ္တာ (၄) လံုးတပ္ဆင္ထားမည္ ျဖစ္ပါသည္။