Unicode Version…

အမေရိကန်အခြစိုက် research and development automotive technology ကုမ္ပဏီဖြစ်သော Rivian မှ မိုင် ၄၀၀ ဆက်တိုက်မောင်းနှင်နိုင်သော လျှပ်စစ် Truck နှင့် SUV တို့ကို စတင်မိတ်ဆက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါကုမ္ပဏီသည် $500 million ရင်းနှီးမြှပ်နှံမှုများပြုလုပ်ထားပြီး ကားများထုတ်လုပ်နိုင်ရန်စီစဉ် ထားသည်။ လျှပ်စစ်စနစ်သုံး Truck နှင့် SUV များကို အမေရိကန်နာမည်ကျော်ကားထုတ်လုပ်သူ များဖြစ်ကြ သော Ford နှင့် GM တို့မှထုတ် လုပ်ရန်ကြိုးစားနေချိန် တွင် Rivian ကလက်ဦးမှုရယူကာ စတင်ကြေညာနိုင်ခဲ့ခြင်း လည်းဖြစ်သည်။ R1T ဟုအမည်ပေးထားသော All-electric pickup truck မှာ ဈေးနှုန်းအားဖြင့်$61,500 မှ စတင်မည်ဖြစ်ပြီး R1S ဟုခေါ်သော Seven-seater electric SUV မှာမူ $65,000 မှစတင်မည်ဖြစ်သည်။
အဆိုပါကား ၂ စီးစလုံးမှာ စကိတ်ဘုတ်ပြားပုံစံ platform ပေါ်တွင်တည်ဆောက်ထားသည်။( လျှပ်စစ်ကား အများစုမှာ ဘက်ထရီမှာ ကားဝင်ရိုးများအတွင်းမှာသာရှိပြီး passenger ခုံများအောက်တွင် အကန့်တစ်ခု အနေနဲ့ထည့်သွင်းလေ့ရှိကြသည်)။ Rivian က အရွယ်အစား ၃ မျိုးရှိမည့် ဘက်ထရီများကို မှာယူနိုင်ရန်စီ စဉ်ထားပြီး 180kWh (မိုင် ၄၀၀ တစ်ဆက်တည်းမောင်းနိုင်) ၊ 135kWh (မိုင် ၃၁၀ တစ်ဆက်တည်းမောင်း နိုင်)၊ 105kWh (မိုင် ၂၄၀ တစ်ဆက်တည်းမောင်းနိုင်) စသည်ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။ အဆိုပါကား များကို ၂၀၂၀ မှသာထုတ်လုပ်ဖြန့်ချိမည်ဖြစ်ပြီး ဘက်ထရီများကို အားပြန်သွင်းရန်လည်း အမြန်ဆုံးနှုန်း ဖြစ်သော 160kW ပါဝင်မည်ဖြစ်သည်။ ယင်းကားများတွင် ဘီးတစ်ဘီးစီ၌ electric motor များပါဝင်မည်ဖြစ်ပြီး ပါဝါနှင့် ရုန်းအားမှာမူ ဘက်ထရီဆိုက်အပေါ်မူတည်ပြီး ခြားနားမည်ဖြစ်သည်။ 105kWh ဘက်ထရီသုံးကား တွင်ပင် စွမ်းအင်ထွက်ရှိမှုမှာ 300kW/402hp နှင့်ရုန်းအား 560Nm/413ft-lbs ရှိသည်။ R1T ထရက်မှာ 1,763lbs (800kg) အထိဝန်တင်ဆောင်နိုင်မည်ဖြစ်ပြီး နောက်တွဲယာဉ်ပါလျှင် 11,000lbs (5,000kg) အထိဝန်တင်ဆောင်နိုင်မည်ဖြစ်သည်။

Zawgyi Version…

အေမရိကန္အျခစိုက္ research and development automotive technology ကုမၸဏီျဖစ္ေသာ Rivian မွ မိုင္ ၄၀၀ ဆက္တုိက္ေမာင္းႏွင္ႏိုင္ေသာ လွ်ပ္စစ္ Truck ႏွင့္ SUV တုိ႔ကုိ စတင္မိတ္ဆက္ႏုိင္ခဲ့ျပီျဖစ္ေၾကာင္း သိရ သည္။ အဆုိပါကုမၸဏီသည္ $500 million ရင္းႏွီးျမွပ္ႏွံမွဳမ်ားျပဳလုပ္ထားျပီး ကားမ်ားထုတ္လုပ္ႏိုင္ရန္စီစဥ္ ထားသည္။ လွ်ပ္စစ္စနစ္သုံး Truck ႏွင့္ SUV မ်ားကုိ အေမရိကန္နာမည္ေက်ာ္ကားထုတ္လုပ္သူ မ်ားျဖစ္ၾက ေသာ Ford ႏွင့္ GM တုိ႔မွထုတ္ လုပ္ရန္ၾကိဳးစားေနခ်ိန္ တြင္ Rivian ကလက္ဦးမွဳရယူကာ စတင္ေၾကညာႏိုင္ခဲ့ျခင္း လည္းျဖစ္သည္။ R1T ဟုအမည္ေပးထားေသာ All-electric pickup truck မွာ ေစ်းႏွုန္းအားျဖင့္$61,500 မွ စတင္မည္ျဖစ္ျပီး R1S ဟုေခၚေသာ Seven-seater electric SUV မွာမူ $65,000 မွစတင္မည္ျဖစ္သည္။
အဆုိပါကား ၂ စီးစလုံးမွာ စကိတ္ဘုတ္ျပားပုံစံ platform ေပၚတြင္တည္ေဆာက္ထားသည္။( လွ်ပ္စစ္ကား အမ်ားစုမွာ ဘက္ထရီမွာ ကားဝင္ရုိးမ်ားအတြင္းမွာသာရွိျပီး passenger ခုံမ်ားေအာက္တြင္ အကန္႔တစ္ခု အေနနဲ႔ထည့္သြင္းေလ့ရွိၾကသည္)။ Rivian က အရြယ္အစား ၃ မ်ိဳးရွိမည့္ ဘက္ထရီမ်ားကုိ မွာယူႏိုင္ရန္စီ စဥ္ထားျပီး 180kWh (မုိင္ ၄၀၀ တစ္ဆက္တည္းေမာင္းႏိုင္) ၊ 135kWh (မုိင္ ၃၁၀ တစ္ဆက္တည္းေမာင္း ႏိုင္)၊ 105kWh (မုိင္ ၂၄၀ တစ္ဆက္တည္းေမာင္းႏိုင္) စသည္ျဖင့္ ေရြးခ်ယ္ႏိုင္မည္ျဖစ္သည္။ အဆုိပါကား မ်ားကုိ ၂၀၂၀ မွသာထုတ္လုပ္ျဖန္႕ခ်ိမည္ျဖစ္ျပီး ဘက္ထရီမ်ားကုိ အားျပန္သြင္းရန္လည္း အျမန္ဆုံးႏွဳန္း ျဖစ္ေသာ 160kW ပါဝင္မည္ျဖစ္သည္။ ယင္းကားမ်ားတြင္ ဘီးတစ္ဘီးစီ၌ electric motor မ်ားပါဝင္မည္ျဖစ္ျပီး ပါဝါႏွင့္ ရုန္းအားမွာမူ ဘက္ထရီဆုိက္အေပၚမူတည္ျပီး ျခားနားမည္ျဖစ္သည္။ 105kWh ဘက္ထရီသုံးကား တြင္ပင္ စြမ္းအင္ထြက္ရွိမွဳမွာ 300kW/402hp ႏွင့္ရုန္းအား 560Nm/413ft-lbs ရွိသည္။ R1T ထရက္မွာ 1,763lbs (800kg) အထိဝန္တင္ေဆာင္ႏိုင္မည္ျဖစ္ျပီး ေနာက္တြဲယာဥ္ပါလွ်င္ 11,000lbs (5,000kg) အထိဝန္တင္ေဆာင္ႏုိင္မည္ျဖစ္သည္။