Rivian သည် 2020 တွင် ရောင်းချမည် R1T နှင့် R1S တို့တွင် ထူးခြားသည့် ပါဝင်မှုဖြစ်သည့် Tank Turn Function ကိုထည့်သွင်းမည်။ ၎င်းတို့သည် Battery – Power သုံး EV Off – Road Model များဖြစ်ကာ TTF စနစ်သည် ယာဉ်ကို ( 180 – Degree ) အထိစက်ဝိုင်းပုံလှည့်နိုင်ခြင်းဖြစ်ပြီး 2019 July တွင် YouTube ၌ ပထမဆုံးမိတ်ဆက်ပြသခဲ့ပါသည်။ ထိုသို့ လှည့်ရာတွင် ဘယ် / ညာ စိတ်ကြိုက်လှည့်နိုင်မည်ဖြစ်သည်။ TTF စနစ်အတွက် ကားအရှေ့ဘီးများရှိ လျှပ်စစ်မော်တာများမှ လုံးလောက်သည့် စွမ်းအင်ကို ထုတ်လုပ်ပေးမည်ဖြစ်သည်။ Rivian သည် အဆိုပါ TTF စနစ်နှင့် Tank Steer တို့အား 2018 October တွင် မှတ်ပုံတင်ခဲ့ပါသည်။ TTF စနစ်အား 2 – Wheel Drive Model များတပ်ဆင်မည်မဟုတ်ပါ။ တို့အတူ Rivian ၏ နောက်ပိုင်းထုတ်လုပ်သည့် Rally – inspired EV ကားတွင် တပ်ဆင်ရန်လည်း အလားအလာရှိပါသည်။ R1T နှင့် R1S တို့အား အမေရိကန် ၊ Illinois’ ပြည်နယ် ၊ Normal ရှိစက်ရုံတွင် တည်ဆောက်မည်ဖြစ်ပြီး လာမည့် လအနည်းငယ်၌ ယခုထက်ပို၍ စုံလင်သည့် သတင်းအချက်အလက်များကို Rivian မှ ထုတ်ဖေါ်ပြသမည်ဖြစ်ပါသည်။
Zawgyi Version…..
Rivian ၏ R1T ၊ R1S တို႔တြင္ Tank Turn Feature ပါ၀င္မည္
Rivian သည္ 2020 တြင္ ေရာင္းခ်မည္ R1T ႏွင့္ R1S တို႔တြင္ ထူးျခားသည့္ ပါ၀င္မႈျဖစ္သည့္ Tank Turn Function ကိုထည့္သြင္းမည္။ ၎တို႔သည္ Battery – Power သုံး EV Off – Road Model မ်ားျဖစ္ကာ TTF စနစ္သည္ ယာဥ္ကို ( 180 – Degree ) အထိစက္၀ိုင္းပုံလွည့္ႏိုင္ျခင္းျဖစ္ၿပီး 2019 July တြင္ YouTube ၌ ပထမဆုံးမိတ္ဆက္ျပသခဲ့ပါသည္။ ထိုသုိ႔ လွည့္ရာတြင္ ဘယ္ / ညာ စိတ္ႀကိဳက္လွည့္ႏိုင္မည္ျဖစ္သည္။ TTF စနစ္အတြက္ ကားအေရွ႔ဘီးမ်ားရွိ လွ်ပ္စစ္ေမာ္တာမ်ားမွ လုံးေလာက္သည့္ စြမ္းအင္ကို ထုတ္လုပ္ေပးမည္ျဖစ္သည္။ Rivian သည္ အဆိုပါ TTF စနစ္ႏွင့္ Tank Steer တို႔အား 2018 October တြင္ မွတ္ပုံတင္ခဲ့ပါသည္။ TTF စနစ္အား 2 – Wheel Drive Model မ်ားတပ္ဆင္မည္မဟုတ္ပါ။ တို႔အတူ Rivian ၏ ေနာက္ပိုင္းထုတ္လုပ္သည့္ Rally – inspired EV ကားတြင္ တပ္ဆင္ရန္လည္း အလားအလာရွိပါသည္။ R1T ႏွင့္ R1S တို႔အား အေမရိကန္ ၊ Illinois’ ျပည္နယ္ ၊ Normal ရွိစက္ရုံတြင္ တည္ေဆာက္မည္ျဖစ္ၿပီး လာမည့္ လအနည္းငယ္၌ ယခုထက္ပို၍ စုံလင္သည့္ သတင္းအခ်က္အလက္မ်ားကို Rivian မွ ထုတ္ေဖၚျပသမည္ျဖစ္ပါသည္။