Roland Gumpert သည် 2010 ၌ Apollo ကို မိတ်ဆက်ခြင်းဖြင့် ကားလောက၌ လူသိများခဲ့သည်။ ထို့နောက် 2014 Geneva ကားပြပွဲတွင် Explosion ကို ပြသခဲ့ပါသည်။ ယခုအခါ Nathalie ကိုထုတ်လုပ်ပြီး ၎င်းသည် Methanol Fuel – Cell စွမ်းအင်သုံးသည့် Model ဖြစ်ကာ 2.0 L Turbo I4 Engine ( 420 hp ) အင်ဂျင်ပါရှိသည်။ ၎င်းတွင် Battery နှင့် လျှပ်စစ်မော်တာ ( ၄ ) လုံးပါရှိကာ Methanol , Fuel Call နှင့် Battery တို့ပေါင်းစပ်ထားသည့် စွမ်းအင်သည် 178 kWh ဖြစ်သည်။ တိုင်ကီသည် ( 17.2 Gallon ) ဝင်ဆန့်ပြီး ၃ မိနစ်အတွင်းပြည့်သွင်းနိုင်ပါသည်။ 15 kw ရှိသည့် ဟိုက်ဒရိုဂျင် Fuel Cell မှ လျှပ်စစ်စနစ်ကို ထုတ်လုပ်မည်ဖြစ်ပြီး Battery သို့ စွမ်းအင် မပို့လွှတ်ပါ။ လျှပ်စစ်မော်တာများသည် ဘီး ( ၄ ) ဘီး၌ တပ်ဆင်ထားကာ ( 2 – Speed Gearbox နှင့် ချိတ်ဆက်ထားမည်ဖြစ်သည်။ Nathalie သည် Supercar အမျိုးအစားဖြစ်ပြီး 0 to 62 mph အား 2.5 Seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်သည့် စွမ်းဆောင်ရည်ပါရှိသည်။ ပုံမှန်ထက် ဆီစားသက်သာ လိုပါက Eco Mode ကို အသုံးပြုနိုင်ပြီး 745 mph အထိ Range ကို ရရှိပါသည်။ Supercar တည်ဆောက်မှုနည်းပညာများ ၊ အစိတ်အပိုင်းများဖြင့် ဖန်တီးထား၍ အထူးပေါ့ပါးမှုရှိမည်ဖြစ်ကာ FIA Roll Cage များကိုလည်း ထိုင်ခုံများနောက်တွင် ထည့်သွင်းထားပါသည်။ တံခါးမျာသည် Scissor Door ဒီဇိုင်းဖြစ်သည်။ Roland Gumpert မှ Nathalie အား အစင်းရေ ငါးရာသာ ထုတ်လုပ်မည် ဖြစ်ကာ ( USD 455,000 ) ဖြင့် ရောင်းချမည်ဖြစ်သည်။

Zawgyi Version…
Roland Gumpert မှ Fuel – cell စွမ်းအင်သုံး Nathalie ကို မိတ်ဆက်ခြင်း

——————————————————————–