Uincode Version…
Ultra – Luxury ကားလောကကို သိမ်းပိုက်ထားသည့် Rolls – Royce သည့် အထိမ်းအမှတ် အနေဖြင့် Sliver Ghost Collection အား အစင်းရေ (၃၅ ) စင်းသာ သီးသန့် ထုတ်လုပ်မည်ဖြစ်ပြီး ( 1907 ) တွင် ထုတ်လုပ်ခဲ့သည့် မူလပထမ Sliver Ghost Model အား ဂါရဝပြုဖော်ထုတ်ခြင်းဖြစ်ပြီး ၎င်းသည် ခရီးမိုင် (၁၄၃၇၁ မိုင်) အထိ ထူးခြားစွာ မောင်းနှင်ခဲ့ပါသည်။ ယခု Sliver Ghost တွင် မူလ ပထမ Ghost ၏ ဟန်ပန်များပေါင်းစပ်၍ ဖန်တီးထားမည်ဖြစ်ပြီး အထူးအားဖြင့် ( Sliver Paint ) အား ထင်ရှားပေါ်လွင်စေမည်ဖြစ်ပြီး အချိန် (၈) နာရီ ခန့်ကြာအောင် လူသား၏ လက်ဖြင့် တိကျ သေချာစွာ ဆေးမှုတ်ထားသည့် (ငွေရောင်အစစ်ဆေးရောင်) ဖြင့် ဖန်တီးထားမည် ဖြစ်ပြီး မူလ Ghost ၏ လိုင်စင်ပလိပ်ပြား နှင့် အင်ဂျင်ဖန်တီမှုများကိုလည်း ယခု Model တွင် ယခင်အတိုင်းထည့်သွင်း ထားပါမည်။ အလားတူ Grille ဒလက်များ ၊ Chrome Wheels များ ပတ်လည်တွင်လည်း Sliver Ghost Since 1907 စာတမ်းအား လှပစွာထွင်းထုထားမည်ဖြစ်ပြီး ဝက်သစ်ချသစ်သားနှင့် ငွေသားပေါင်းစပ်မှုအား အတွင်းခန်းအန့ှံအပြား၌ တွေ့ရှိရပါမည်။ ကား အရှေ့ဖက် Grille အားထင်ရှားပေါ်လွင်သည့် ပုံစံအသစ်ဖြင့် ဖန်တီးထားပြီး ကျယ်ဝန်း သပ်ရပ်လှပသည့် အတွင်းခန်းတွင် မူလပထမ Ghost ၏ အခင်းအကျင်းဖြစ်သည့် Forest Green Leather ဖြင့် ခင်းကျင်းထားပြီး Limited Edition အမှတ်အသားများအား တံခါးဘောင်များနှင့် Dashboard နာရီတို့တွင် ထည့်သွင်း ထားမည်ဖြစ်ပြီး ပြင်ပဆူညံသံကို လုံးဝကာကွယ်ပေးနိုင်သည့် ( အထူးဖန်တီးထားသည့် မှန်) များကိုလည်း ထည့်သွင်းထားပါမည်။ အဆိုပါ Limited Edition Sliver Ghost သည် Rolls – Royce ၏ ကြီးမားသည့်အစဉ်အလာကို ထင်ရှားစေမည်ဖြစ်သည်။
Rolls-Royce Silver Ghost
Zawgyi Version…
Rolls – Royce Ghost ၏ အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုထုတ်လုပ်လိုက်သော Limited Edition Sliver Ghost