Unicode version…
ဒါနဲ့ လှိမ့်လိုုက်ကြရအောင်
ရိုးရွိုက်စ်။ ဒီစကားလုံးတွေက စွမ်းအားကြီးတဲ့ သက်ရောက်မှုတွေရှိပါတယ်။ ကလေးဘဝကတည်းက ဒီကားအမှတ်တံဆိပ်ကို ကြားဖူးခဲ့သူဆို ပြောပါလိမ့်မယ်၊ ဒဏ္ဍာရီလာမှော်စွမ်းရှိတဲ့ တိရစ္ဆာန်ဖြစ်ပြီး
မြင်ဖူးသူရှားလှတဲ့ သိင်္ဂဿ မြင်းလို အစွမ်းရှိတဲ့ ကားအကြောင်း အဆုံးသတ်မှာ
မြင်လိုက်ရရင်တော့ ရင်သပ်ရှုမောသွားပါလိမ့်မယ်။
ချမ်းသာမှုနယ်ပယ်၊ ကျော်ကြားမှု၊ ကြယ်ဝမှုနဲ့ ရိုးရွိုက်စ်ဆိုတဲ့ နာမည်က ကားရေတိုင်ကီ ကို ကျောက်နဲ့ အလှဆင်ထားတဲ့ ပုံရိပ်တစ်ခုလို ဒဏ္ဍာရီဆန်ပါတယ်။ နောက်ထိုင်ခုံက ဘုရင်တစ်ပါး ရဲ့ ဧည့်ခန်းလို နူးညံ့တဲ့အရသာ၊ ကျစ်လျစ် သိပ်သည်းတဲ့ အရည်အသွေး။
ဒါကခေတ်ဟောင်းလက်ရာတစ်ခုပါ။ ကုမ္ပဏီ က ထုတ်ကုန်ဆိုတာထက် ပုံရိပ်ကိုအလေးထား တဲ့ခေတ်က ပုံရိပ်ပါ။
ရိုးရွိုက်စ်က တံဆိပ်တစ်ခုကို ဖန်တီးခဲ့ပြီး အဲဒီအမှတ်တံဆိပ်က သူ့ကိုယ်သူ ပြန်စောင့်ရှောက်တဲ့ အကောင်းဆုံးကားတွေကို ထုတ်လုပ်လာတဲ့ ကြာရှည်ထိန်းသိမ်းလာတဲ့ ကျင့်ဝတ်ရှိပါတယ်။ (ဝန်ခံရရင်တော့ ချို့ယွင်းချက်တချို့တော့ ရှိခဲ့တာ ပေါ့။) အကောင်းဆုံး ဇိမ်ခံကားဈေးကွက်မှာ စံတင်ဖွယ်အမှတ်တံဆိပ် “RR” ဆိုရင် အကောင်း ဆုံးတွေ ပေးထားတယ်ဆိုတာကို လူတွေက သိ မြင်ခံစားခဲ့တာ နှစ်ပေါင်း ၁၀ဝ ကျော်ခဲ့ပါပြီ။ ချဲ့ ကားပြောဆိုတာ မဟုတ်ပါဘူး။
ကုမ္ပဏီကို ပူးတွဲတည်ထောင်တဲ့ ဆာဟင် နရီရိုက်စ် ပြောခဲ့သလိုပါပဲ။ “ရှိရင်းစွဲထဲက အကောင်းဆုံးကိုယူ၊ ပိုကောင်းအောင်လုပ်။ မရှိ ဘူးဆိုရင်လဲ၊ ဒီဇိုင်းထုတ်လိုက်ပေါ့” ဆိုသလိုပါပဲ။
ရိုးရွိုက်စ်က တကယ့်ဘဝမှာ အကောင်း ဆုံးမြင်ကွင်းပါပဲ။ ရှုထောင့်နှစ်ခုပုံရိပ်က သူတို့ရဲ့ ရှိရင်းစွဲသဘာဝကို ဆီလျော်အောင် ဖမ်းယူလိုက် တာမဟုတ်ပါဘူး။ ကျော့ရှင်းမှုလိုင်းနဲ့ ပကတိ ကျစ်လျစ်မှုတို့ကို ပေါင်းစပ်ထားတာပါ။ သူတို့က ကြီးမားတယ်၊ ရဲရင့်တယ်။ ဒါပေမယ့် နှိမ့်ချ တယ်။ အရွယ်အစားကြီးမားမှုကို အသာထား၊ ခင်ဗျားက သူတို့ကို ထည်ဝါလွန်းတယ်လို့ မခေါ် နိုင်ပါဘူး။ Aston Martin, Lamborghini ဒါမှ မဟုတ် Ferrari တို့လို တန်ဖိုးကြီးပြိုင်ကားတွေနဲ့ မတူပါဘူး။
၆.၆လီတာ အမွှာတာဘို ၅၆၀ မြင်းကောင် ရေ၊ V-12 အင်ဂျင်က တစ်ရှိန်ထိုး ပြေးစေပြီး ဝ-၁၀ဝ ကီလိုမီတာကို ငါးစက္ကန့်အတွင်း အမြန် ရောက်စေတဲ့ လှိမ့်နေစေတဲ့နေရာပါ။ ဒါက Porsche 911 ရဲ့ နယ်ပယ်။ ခင်ဗျားမောင်းဖူးတာထက် ၉၉% ပိုမြန်ပါလိမ့်မယ်။
အမြန်ဆုံးနှုန်းကတော့ လျှပ်စစ်ထိန်းချုပ် မှုအရ 250 km/hr ပါပဲ။ ဒါကလဲ လူအများစု အတွက် လုံလောက်ပါလိမ့်မယ်။ အထူးသဖြင့် မြန်မာပြည်လမ်းတွေမှာပေါ့။ မကြုံစဖူးအဖြစ်မျိုး နဲ့ သင့်ကြံုတွေရတယ်ဆိုပါစို့၊ ခင်ဗျားနောက်ကို ကြေးစားလူသတ်သမားတွေက စက်သေနတ်တွေ နဲ့ လိုက်နေတယ်ဆိုရင်တောင် ဒီအင်ဂျင်တွေက ခင်ဗျားဖုန်မှုန့်တွေကို သူတို့ စားသုံးပေးပါ လိမ့်မယ်။
ဒါပေမယ့် ပါဝါဆိုတာက ရည်မှန်းချက် အတွက် နည်းလမ်းတွေပါ။ ပြပွဲရဲ့ အဓိကဇာတ် ကောင်က ကိုယ်ထည်အပိုင်းပါ။ အသေးစိတ်ကြည့်ရအောင်။ လက်ရာနဲ့ အနုပညာမြောက်မှု ကို အာရုံစိုက်ရမယ်ဆိုရင်တော့ ကားကိုယ်ထည် ရဲ့ အတွင်းပိုင်းကို ကြည့်ရလိမ့်မယ်။
ရိုးရွိုက်စ်ရဲ့ အထင်ကရဖြစ်တဲ့ Phantom ကားရဲ့အနောက်ထိုင်ခုံဆို အရာအားလုံးကတော့ ရိုးရှင်း၊ အထိတွေ့က ကျေနပ်စရာပါ။ အပြစ် အနာဆာကင်းတဲ့ သားရေထိုင်ခုံ၊ သစ်သားအနား သပ် ထူထဲတဲ့ သိုးမွှေးကော်ဇော၊ ဒါပေမယ့် ပစ္စည်း တွေကို ရှေးတိုးနောက်ဆုတ် စဆွဲခံရပြီဆိုရင်တော့ ကွဲပြားတဲ့ ဖုံးကွယ်ချက်တွေကို ခင်ဗျားတွေ့ပါ လိမ့်မယ်။
အားလုံးကို အသေးစိတ်သိဖို့ကတော့ အချိန် ယူရပါလိမ့်မယ်။ လက်တင်အလယ်ပိုင်းဆွဲချ၊ သားရေအဖုံးကိုဖွင့်၊ ပြီးတော့ အဲ့မှာသိမ်းထားတဲ့ ရှန်ပိုင်ဖန်ခွက်တွေနဲ့ ၄ ဒီရီဆဲလ်စီယပ်မှာ အအေး ခံထားတဲ့ ရေခဲသေတ္တာထဲကရှန်ပိန်ကို တွေ့ပါလိမ့်မယ်။ ကိုယ်ရေးစားပွဲကို ဖြန့်ချ၊ လိုသလို ညှိယူလို့ရပါသေးတယ်။ ကားက ခင်းဗျားကားဆို ရင် တော့၊ သွင်ပြင်လက္ခဏာတွေက ဘာတွေဆို တာ ကောင်းကောင်းသိမှာပါ။ မလိုအပ်ဘဲ ဖော်ပြ ဖို့တောင် မလိုပါဘူး။
ခေတ်ပေါ်ကားတွေနဲ့ မတူပါဘူး။ သူတို့ အလုပ်တွေ သူတို့သိပ်ဂုဏ်ယူတတ်တဲ့လူတွေက နှေးကွေးစွာတည်ဆောက်ထားတဲ့ ကားတွေပါ။ ပစ္စည်းရှင်စိတ်ကြိုက် ပြုလုပ်ပေးထားပြီး လူသား ရဲ့ စိတ်ကူးစိတ်သန်းကိုတော့ ကန့်သတ်ထား ပါတယ်။
ဥပမာ ခင်ဗျားမှာလဲ စာတန်းဖော်ချင်ရင် မိသားစုနာမည်ထည့်ချင်ရင် စိတ်ကြိုက်မှာယူ ထားတဲ့ ရိုးရွိုက်စ်ကားမှာ ထည့်နိုင်တယ်။ လက် နဲ့ရေးဆွဲရာမှာ ကျွမ်းကျင်တဲ့ ပါရမီရှင်တစ်ယောက် ကို ရိုးရွိုက်စ်က ငှားရမ်းထားပြီး၊ သူက ရှဉ့်မွှေး စုတ်တံနဲ့ ရေးဆွဲပါလိမ့်မယ်။ မျက်နှာဖုံးမပါ၊ လမ်း ညွှန်မပါနဲ့ ပေါ့။ ဒါက အခုတော့ ကျောင်းတော် ကြီးက အထာပေါ့။
ကိုယ်ထည်ရဲ့ အရည်သွေးပိုင်းကို ကြည့်ပါ ဦး။ ကျွမ်းကျင်ပညာရှင် အနည်းဆုံး ၆၀ လောက် က ခင်ဗျားကားကို အချိန်ရက် ၂၀ လောက်ယူပြီး ပြင်ဆင်တည်ဆောက်ပေးနေတာကို စိတ်ကူးနဲ့ မှန်းကြည့်စမ်းပါ။ အချို့ဖောက်သည်တွေရဲ့ ရွေး ချယ်မှုက အချိန်ကြာတတ်ပါသေးတယ်။ ဥပမာ-ဖောက်သည် တစ်ယောက်ဆို သူ့ Phantom မှာ သူ့ခြံထဲက သစ်ပင်က ထွင်းထားတဲ့ သစ်သားကို အသုံးပြု တာမျိုးပေါ့။ အခြားဌာနတွေလိုပါပဲ၊ ရိုးရွိုက်စ်ရဲ့ လက်သမားတွေက ဒီစိန်ခေါ်မှုတွေ ကို လက်ခံရတာပါပဲ။ ဒါတွေက ဗြိတိန်က Goodwood မှာ အပြီးသတ်ပြုလုပ်တာပါ။ တရုတ်မှာ မလုပ်ပါဘူး။ ရိုးရွိုက်စ်ရဲ့ ဂျာမနီက မိခင် ကုမ္ပဏီဖြစ်တဲ့ BMW မှာတောင် မပြုလုပ်ပါဘူး။
ကိုယ့်စိတ်ကြိုက်မှာယူလို့ရတဲ့ အစိတ်အပိုင်း အနည်းငယ်လဲ ရှိပါသေးတယ်။ လက်ထွင်းတံခါး မှာ ကပ်တဲ့အပြား၊ ပန်းထိုး ခေါင်းမှီတွေ၊ ဘဲမွှေးကူရှင်၊ ၂၄ကာရက်ရွှေနဲ့ လုပ်ထားတဲ့ “Spirit of Ecstasy” လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် လက်နောက်ပစ်နေတဲ့ အရုပ်ကလေး၊ ကားအုပ်အ ဝတ်၊ လက်လုပ်ကျွန်းသား၊ အလူမီယံတို့နဲ့ လုပ် ထားတဲ့ ပျော်ပွဲစားခြင်းကြီးတစ်ခု၊ အပြင်ဘက် ဘောင်တွေမှာ အလှဆင်တဲ့ ကျွန်းသားတွေ၊
ပစ္စည်းထည့်တဲ့ အကန့်ငယ်လေးတွေ၊ ဘေးကင်း စိတ်ချရတဲ့ ခြေအခင်း စတဲ့အရာတွေအပြင် အခြားအရာတွေလဲ စိတ်ကြိုက်လုပ်ခိုင်းလို့ ရပါ သေးတယ်။
ပြီးတော့ ဈေးကကော။ ရိုးရွိုက်စ်က အမြဲတမ်း ဆိုရိုးစကားတစ်ခုရှိတယ်။ “ခင်ဗျား ဈေးမေးတယ်ဆို ရင်၊ ဝယ်ဖို့မတတ်နိုင်လို့ပဲ။” ဒါပေမယ့် မတတ် နိုင်သူတွေအတွက်၊ တစ်နည်းနည်းနဲ့ သိဖို့အတွက် ဆိုရင် မြန်မာပြည်အပြင်ဘက်မှာ အခြေခံအကျဆုံး အဆင့်တောင်မှ ဒေါ်လာ လေးသိန်းလောက်ရှိတယ် ဆိုတာ သိထားရပါမယ်။ တိုင်းပြည်အတွင်းမှာဆို ရင်တော့ ဒေါ်လာတစ်သန်းကျော်ပါတယ်။ ဒီတော့ ကိုယ်ရေးကိုယ်တာသက်သာဖို့အတွက် တစ်ချိန်လုံး ခရီးတွေသွားပြီး အချိန်တွေသုံးစွဲနေရုံမကပါဘူး၊ လူတွေရဲ့ အားကျသဘောကျမှုကိုလဲ ဆွဲဆောင်နိုင် ပါတယ်။ ဒါကိုတော့ ဈေးနှုန်းနဲ့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့။
phantom-interior-01phantom-side-viewrolls-royce-phantom-boot
Zawgyi version…
ဒါနဲ႔ လွိမ့္လိုုက္ၾကရေအာင္
႐ိုး႐ြိဳက္စ္။ ဒီစကားလံုးေတြက စြမ္းအားႀကီးတဲ့ သက္ေရာက္မႈေတြရွိပါတယ္။ ကေလးဘဝကတည္းက ဒီကားအမွတ္တံဆိပ္ကို ၾကားဖူးခဲ့သူဆို ေျပာပါလိမ့္မယ္၊ ဒ႑ာရီလာေမွာ္စြမ္းရွိတဲ့ တိရစၦာန္ျဖစ္ၿပီး
ျမင္ဖူးသူရွားလွတဲ့ သိဂၤႆ ျမင္းလို အစြမ္းရွိတဲ့ ကားအေၾကာင္း အဆံုးသတ္မွာ
ျမင္လိုက္ရရင္ေတာ့ ရင္သပ္႐ႈေမာသြားပါလိမ့္မယ္။
ခ်မ္းသာမႈနယ္ပယ္၊ ေက်ာ္ၾကားမႈ၊ ျကယ္၀မႈနဲ႔ ႐ိုး႐ြိဳက္စ္ဆိုတဲ့ နာမည္က ကားေရတိုင္ကီ ကို ေက်ာက္နဲ႔ အလွဆင္ထားတဲ့ ပံုရိပ္တစ္ခုလို ဒ႑ာရီဆန္ပါတယ္။ ေနာက္ထိုင္ခံုက ဘုရင္တစ္ပါး ရဲ႕ ဧည့္ခန္းလို ႏူးညံ့တဲ့အရသာ၊ က်စ္လ်စ္ သိပ္သည္းတဲ့ အရည္အေသြး။
ဒါကေခတ္ေဟာင္းလက္ရာတစ္ခုပါ။ ကုမၸဏီ က ထုတ္ကုန္ဆိုတာထက္ ပံုရိပ္ကိုအေလးထား တဲ့ေခတ္က ပံုရိပ္ပါ။
႐ိုး႐ြိဳက္စ္က တံဆိပ္တစ္ခုကို ဖန္တီးခဲ့ၿပီး အဲဒီအမွတ္တံဆိပ္က သူ႔ကိုယ္သူ ျပန္ေစာင့္ေရွာက္တဲ့ အေကာင္းဆံုးကားေတြကို ထုတ္လုပ္လာတဲ့ ၾကာရွည္ထိန္းသိမ္းလာတဲ့ က်င့္ဝတ္ရွိပါတယ္။ (ဝန္ခံရရင္ေတာ့ ခ်ိဳ႕ယြင္းခ်က္တခ်ိဳ႕ေတာ့ ရွိခဲ့တာ ေပါ့။) အေကာင္းဆံုး ဇိမ္ခံကားေဈးကြက္မွာ စံတင္ဖြယ္အမွတ္တံဆိပ္ “RR” ဆိုရင္ အေကာင္း ဆံုးေတြ ေပးထားတယ္ဆိုတာကို လူေတြက သိ ျမင္ခံစားခဲ့တာ ႏွစ္ေပါင္း ၁၀ဝ ေက်ာ္ခဲ့ပါၿပီ။ ခ်ဲ႕ ကားေျပာဆိုတာ မဟုတ္ပါဘူး။
ကုမၸဏီကို ပူးတြဲတည္ေထာင္တဲ့ ဆာဟင္ နရီ႐ိုက္စ္ ေျပာခဲ့သလိုပါပဲ။ “ရွိရင္းစြဲထဲက အေကာင္းဆံုးကိုယူ၊ ပိုေကာင္းေအာင္လုပ္။ မရွိ ဘူးဆိုရင္လဲ၊ ဒီဇိုင္းထုတ္လိုက္ေပါ့” ဆိုသလိုပါပဲ။
႐ိုး႐ြိဳက္စ္က တကယ့္ဘဝမွာ အေကာင္း ဆံုးျမင္ကြင္းပါပဲ။ ႐ႈေထာင့္ႏွစ္ခုပံုရိပ္က သူတို႔ရဲ႕ ရွိရင္းစြဲသဘာဝကို ဆီေလ်ာ္ေအာင္ ဖမ္းယူလိုက္ တာမဟုတ္ပါဘူး။ ေက်ာ့ရွင္းမႈလိုင္းနဲ႔ ပကတိ က်စ္လ်စ္မႈတို႔ကို ေပါင္းစပ္ထားတာပါ။ သူတို႔က ႀကီးမားတယ္၊ ရဲရင့္တယ္။ ဒါေပမယ့္ ႏွိမ့္ခ် တယ္။ အရြယ္အစားႀကီးမားမႈကို အသာထား၊ ခင္ဗ်ားက သူတို႔ကို ထည္ဝါလြန္းတယ္လို႔ မေခၚ ႏိုင္ပါဘူး။ Aston Martin, Lamborghini ဒါမွ မဟုတ္ Ferrari တို႔လို တန္ဖိုးႀကီးၿပိဳင္ကားေတြနဲ႔ မတူပါဘူး။
၆.၆လီတာ အမႊာတာဘို ၅၆၀ ျမင္းေကာင္ ေရ၊ V-12 အင္ဂ်င္က တစ္ရွိန္ထိုး ေျပးေစၿပီး ဝ-၁၀ဝ ကီလိုမီတာကို ငါးစကၠန္႔အတြင္း အျမန္ ေရာက္ေစတဲ့ လွိမ့္ေနေစတဲ့ေနရာပါ။ ဒါက Porsche 911 ရဲ႕ နယ္ပယ္။ ခင္ဗ်ားေမာင္းဖူးတာထက္ ၉၉% ပိုျမန္ပါလိမ့္မယ္။
အျမန္ဆံုးႏႈန္းကေတာ့ လွ်ပ္စစ္ထိန္းခ်ဳပ္ မႈအရ 250 km/hr ပါပဲ။ ဒါကလဲ လူအမ်ားစု အတြက္ လံုေလာက္ပါလိမ့္မယ္။ အထူးသျဖင့္ ျမန္မာျပည္လမ္းေတြမွာေပါ့။ မႀကံဳစဖူးအျဖစ္မ်ိဳး နဲ႔ သင့္ႀကံဳေတြရတယ္ဆိုပါစို႔၊ ခင္ဗ်ားေနာက္ကို ေၾကးစားလူသတ္သမားေတြက စက္ေသနတ္ေတြ နဲ႔ လိုက္ေနတယ္ဆိုရင္ေတာင္ ဒီအင္ဂ်င္ေတြက ခင္ဗ်ားဖုန္မႈန္႔ေတြကို သူတို႔ စားသံုးေပးပါ လိမ့္မယ္။
ဒါေပမယ့္ ပါဝါဆိုတာက ရည္မွန္းခ်က္ အတြက္ နည္းလမ္းေတြပါ။ ျပပြဲရဲ႕ အဓိကဇာတ္ ေကာင္က ကိုယ္ထည္အပိုင္းပါ။ အေသးစိတ္ၾကည့္ရေအာင္။ လက္ရာနဲ႔ အႏုပညာေျမာက္မႈ ကို အာ႐ံုစိုက္ရမယ္ဆိုရင္ေတာ့ ကားကိုယ္ထည္ ရဲ႕ အတြင္းပိုင္းကို ၾကည့္ရလိမ့္မယ္။
႐ိုး႐ြိဳက္စ္ရဲ႕ အထင္ကရျဖစ္တဲ့ Phantom ကားရဲ႕အေနာက္ထိုင္ခံုဆို အရာအားလံုးကေတာ့ ႐ိုးရွင္း၊ အထိေတြ႔က ေက်နပ္စရာပါ။ အျပစ္ အနာဆာကင္းတဲ့ သားေရထိုင္ခံု၊ သစ္သားအနား သပ္ ထူထဲတဲ့ သိုးေမႊးေကာ္ေဇာ၊ ဒါေပမယ့္ ပစၥည္း ေတြကို ေရွးတိုးေနာက္ဆုတ္ စဆြဲခံရၿပီဆိုရင္ေတာ့ ကြဲျပားတဲ့ ဖံုးကြယ္ခ်က္ေတြကို ခင္ဗ်ားေတြ႔ပါ လိမ့္မယ္။
အားလံုးကို အေသးစိတ္သိဖို႔ကေတာ့ အခ်ိန္ ယူရပါလိမ့္မယ္။ လက္တင္အလယ္ပိုင္းဆြဲခ်၊ သားေရအဖံုးကိုဖြင့္၊ ၿပီးေတာ့ အဲ့မွာသိမ္းထားတဲ့ ရွန္ပိုင္ဖန္ခြက္ေတြနဲ႔ ၄ ဒီရီဆဲလ္စီယပ္မွာ အေအး ခံထားတဲ့ ေရခဲေသတၲာထဲကရွန္ပိန္ကို ေတြ႔ပါလိမ့္မယ္။ ကိုယ္ေရးစားပြဲကို ျဖန္႔ခ်၊ လိုသလို ညႇိယူလို႔ရပါေသးတယ္။ ကားက ခင္းဗ်ားကားဆို ရင္ ေတာ့၊ သြင္ျပင္လကၡဏာေတြက ဘာေတြဆို တာ ေကာင္းေကာင္းသိမွာပါ။ မလိုအပ္ဘဲ ေဖာ္ျပ ဖို႔ေတာင္ မလိုပါဘူး။
ေခတ္ေပၚကားေတြနဲ႔ မတူပါဘူး။ သူတို႔ အလုပ္ေတြ သူတို႔သိပ္ဂုဏ္ယူတတ္တဲ့လူေတြက ေႏွးေကြးစြာတည္ေဆာက္ထားတဲ့ ကားေတြပါ။ ပစၥည္းရွင္စိတ္ႀကိဳက္ ျပဳလုပ္ေပးထားၿပီး လူသား ရဲ႕ စိတ္ကူးစိတ္သန္းကိုေတာ့ ကန္႔သတ္ထား ပါတယ္။
ဥပမာ ခင္ဗ်ားမွာလဲ စာတန္းေဖာ္ခ်င္ရင္ မိသားစုနာမည္ထည့္ခ်င္ရင္ စိတ္ႀကိဳက္မွာယူ ထားတဲ့ ႐ိုး႐ြိဳက္စ္ကားမွာ ထည့္ႏိုင္တယ္။ လက္ နဲ႔ေရးဆြဲရာမွာ ကြ်မ္းက်င္တဲ့ ပါရမီရွင္တစ္ေယာက္ ကို ႐ိုး႐ြိဳက္စ္က ငွားရမ္းထားၿပီး၊ သူက ရွဥ့္ေမႊး စုတ္တံနဲ႔ ေရးဆြဲပါလိမ့္မယ္။ မ်က္ႏွာဖံုးမပါ၊ လမ္း ညႊန္မပါနဲ႔ ေပါ့။ ဒါက အခုေတာ့ ေက်ာင္းေတာ္ ႀကီးက အထာေပါ့။
ကိုယ္ထည္ရဲ႕ အရည္ေသြးပိုင္းကို ၾကည့္ပါ ဦး။ ကြ်မ္းက်င္ပညာရွင္ အနည္းဆံုး ၆၀ ေလာက္ က ခင္ဗ်ားကားကို အခ်ိန္ရက္ ၂၀ ေလာက္ယူၿပီး ျပင္ဆင္တည္ေဆာက္ေပးေနတာကို စိတ္ကူးနဲ႔ မွန္းၾကည့္စမ္းပါ။ အခ်ိဳ႕ေဖာက္သည္ေတြရဲ႕ ေရြး ခ်ယ္မႈက အခ်ိန္ၾကာတတ္ပါေသးတယ္။ ဥပမာ-ေဖာက္သည္ တစ္ေယာက္ဆို သူ႔ Phantom မွာ သူ႔ၿခံထဲက သစ္ပင္က ထြင္းထားတဲ့ သစ္သားကို အသံုးျပဳ တာမ်ိဳးေပါ့။ အျခားဌာနေတြလိုပါပဲ၊ ႐ိုး႐ြိဳက္စ္ရဲ႕ လက္သမားေတြက ဒီစိန္ေခၚမႈေတြ ကို လက္ခံရတာပါပဲ။ ဒါေတြက ၿဗိတိန္က Goodwood မွာ အၿပီးသတ္ျပဳလုပ္တာပါ။ တ႐ုတ္မွာ မလုပ္ပါဘူး။ ႐ိုး႐ြိဳက္စ္ရဲ႕ ဂ်ာမနီက မိခင္ ကုမၸဏီျဖစ္တဲ့ BMW မွာေတာင္ မျပဳလုပ္ပါဘူး။
ကိုယ့္စိတ္ႀကိဳက္မွာယူလို႔ရတဲ့ အစိတ္အပိုင္း အနည္းငယ္လဲ ရွိပါေသးတယ္။ လက္ထြင္းတံခါး မွာ ကပ္တဲ့အျပား၊ ပန္းထိုး ေခါင္းမွီေတြ၊ ဘဲေမႊးကူရွင္၊ ၂၄ကာရက္ေရႊနဲ႔ လုပ္ထားတဲ့ “Spirit of Ecstasy” လို႔ေခၚတဲ့ မိန္းကေလးတစ္ေယာက္ လက္ေနာက္ပစ္ေနတဲ့ အ႐ုပ္ကေလး၊ ကားအုပ္အ ဝတ္၊ လက္လုပ္ကြ်န္းသား၊ အလူမီယံတို႔နဲ႔ လုပ္ ထားတဲ့ ေပ်ာ္ပြဲစားျခင္းႀကီးတစ္ခု၊ အျပင္ဘက္ ေဘာင္ေတြမွာ အလွဆင္တဲ့ ကြ်န္းသားေတြ၊
ပစၥည္းထည့္တဲ့ အကန္႔ငယ္ေလးေတြ၊ ေဘးကင္း စိတ္ခ်ရတဲ့ ေျခအခင္း စတဲ့အရာေတြအျပင္ အျခားအရာေတြလဲ စိတ္ႀကိဳက္လုပ္ခိုင္းလို႔ ရပါ ေသးတယ္။
ၿပီးေတာ့ ေဈးကေကာ။ ႐ိုး႐ြိဳက္စ္က အၿမဲတမ္း ဆို႐ိုးစကားတစ္ခုရွိတယ္။ “ခင္ဗ်ား ေဈးေမးတယ္ဆို ရင္၊ ဝယ္ဖို႔မတတ္ႏိုင္လို႔ပဲ။” ဒါေပမယ့္ မတတ္ ႏိုင္သူေတြအတြက္၊ တစ္နည္းနည္းနဲ႔ သိဖို႔အတြက္ ဆိုရင္ ျမန္မာျပည္အျပင္ဘက္မွာ အေျခခံအက်ဆံုး အဆင့္ေတာင္မွ ေဒၚလာ ေလးသိန္းေလာက္ရွိတယ္ ဆိုတာ သိထားရပါမယ္။ တိုင္းျပည္အတြင္းမွာဆို ရင္ေတာ့ ေဒၚလာတစ္သန္းေက်ာ္ပါတယ္။ ဒီေတာ့ ကိုယ္ေရးကိုယ္တာသက္သာဖို႔အတြက္ တစ္ခ်ိန္လံုး ခရီးေတြသြားၿပီး အခ်ိန္ေတြသံုးစြဲေန႐ံုမကပါဘူး၊ လူေတြရဲ႕ အားက်သေဘာက်မႈကိုလဲ ဆြဲေဆာင္ႏိုင္ ပါတယ္။ ဒါကိုေတာ့ ေဈးႏႈန္းနဲ႔ တန္ဖိုးျဖတ္လို႔ မရဘူးေပါ့။