Unicode version…
ဝါသနာအရဖွဲ့စည်းထားပေမယ့် ရမ်းကားမှုမရှိ၊အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်တာမျိုးလုံးဝ မလုပ်တဲ့ Rolling Stone Biker Group (YGN) ဟာ ရန်ကုန်အခြေစိုက် Biker အဖွဲ့ပါ။သူတို့ရဲ့အဓိကရည် ရွယ်ချက်က စိတ်တူကိုယ်တူဆိုင်ကယ်သမားတွေပေါင်းပြီး စီးနင်းဖို့အတွက်ဖြစ်ပေမယ့် ကောင်းမွန်တဲ့ စည်း ကမ်းတွေအောက်မှာ ဘေးလူတွေအနှောင့်အယှက်မဖြစ်ရအောင် စီးနင်းလေ့ရှိသူတွေပါ။ အဖွဲ့လိုက် ခရီးသွား တာတွေ၊ အလှူသွားလုပ်တာတွေအပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေတဲ့ အဖွဲ့အစည်းပါ။ မတူညီတဲ့ လူမျိုးစုံနဲ့ဖွဲ့စည်းထားပေမဲ့လည်း သူတို့ရဲ့ခံယူချက်၊ အဖွဲ့အစည်းအပေါ်ထားတဲ့စိတ်ဓါတ်၊ စည်းလုံးမှုတွေကို ဒီကဏ္ဍကနေတင်ပြပေးသွားမှာဖြစ်ပါတယ်။
ကိုဒေးဗစ်ကျော်(အဖွဲ့ခေါင်းဆောင် -၁)
ကျွန်တော်တို့အဖွဲ့ကို ၂၀၁၄ ခုနှစ် ၁၁ ပိုင်းကစပြီး စတင်တည်ထောင်ခဲ့တာပါ။ဒီနှစ်နဲ့ဆို ၃ နှစ်လောက်ရှိပါပြီ။ ကျွန်တော်က အသက် ၂၀ ကတည်းက ဆိုင်ကယ်စစီးလာတာ အခုဆို ၃၈ နှစ်ရှိပြီပေါ့။ရန်ကုန်မှာ တရားဝင်ပေး မစီးလည်း ကျွန်တော်တို့ကအလုပ်အားတဲ့အခါဆိုရင် ကိုယ့်သူငယ်ချင်းတွေ၊ကိုယ့်အဖွဲ့သားတွေ ခေါ်ပြီး အဖွဲ့လိုက်စီးကြတယ်။တစ်ခါတလေ တစ်ယောက်တည်းစီးပါတယ်။ဝါသနာအရမ်းပါတော့ အဖမ်းအစီးတွေကြား ထဲက စီးရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့က မရမ်းကားပါဘူး၊သူများမျက်စိနောက်အောင်မစီးဘူး။လီ ဗာပုတ်တာတို့၊ဘာတို့မလုပ်ဘူး၊အေးဆေးစီးတယ်။နောက်ပြီး အရက်၊ဘီယာသောက်ပြီး မစီးဘူး။ မူးရင်ဆိုင်ကယ်မစီးရဘူးလို့ စည်းကမ်းထုတ်ထားတယ်။ နိုင်ငံရေးမလုပ်ရဘူး၊ရဲတွေ၊စစ်သားတွေမကောင်း ကြောင်းမပြောရဘူး။ ကျွန်တော့်အဖွဲ့ထဲမှာက လူမျိုးပေါင်းစုံပါတော့ ဒီလိုစည်းကမ်းတွေထုတ်ထားရတာပါ။ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အဆိုတော် ဂုဏ်ရှိန်ဝင့်ထည်ရဲ့MTV မှာ ကျွန်တော်တို့အဖွဲ့ပါတယ်။ နောက်ပြီးဇာတ်လမ်းမှာကျတော့ ထိပ်တုံးဖူးစာမှာပါတယ်။အဲဒီမှာကျတော့ အဆိုတော်နန်းအောင်ပေါ့။တော သီချင်းလေးပါပဲ။ ဇယားထိန်းဘသိန်း အဲဒီမှာလည်းပါတယ်။နောက်ပြီးတော့ Nonstop Rolling Stone ဇာတ်ကားကနာမည်ပြောင်းထားတယ်၊အဲမှာလည်းပါတယ်။ Rolling Stone အဖွဲ့လိုက်ကိုပါတယ်။ အနုပညာ ကိုလည်းဝါသနာပါတော့ ခင်တဲ့သူတွေခေါ်ရင် အခကြေးငွေမယူဘဲ ကူညီပေးတယ်။တစ်ခါတလေတော့ အဖွဲ့လိုက်နယ်ထွက်ဖြစ်တယ်။အမြဲတမ်းတော့ မထွက်ဘူး။အလုပ်တွေများကြလို့လေ။ဒါကြောင့် စုစီးရင်တောင် ညဖက်ပဲစီးတာများတယ်။နေ့ဖက်ဆိုကားတွေရှုပ်လို့။ပရဟိတအနေနဲ့ ပြီးခဲ့တဲ့ရေဘေးတုန်းကတော့ ညောင် တုန်းတို့ဘာတို့ဘက်ကို သွားလှူတာတွေရှိတယ်။ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က ဆိုင်ကယ် ဝါသနာ ပါသူတွေကို စုထားတာပါ။တချို့ကကျတော့ MC ဆိုပြီးလုပ်တယ်။ ကျွန်တော်တို့ကတော့ အပျော်တမ်း Group ပါ။ပြီးတော့ စည်းကမ်းလိုက်နာတယ်။နယ်ထွက်ရင် ဦးထုပ်ဆောင်းတယ်။အရှိန် သိပ်မများ အောင်မောင်းတယ်။ တချို့ကားတွေဆို ကျွန်တော်တို့ကို ဆဲသွားတာတွေ၊ပွတ်ဆွဲသွားတာ တွေရှိ တယ်။ ဒါပေမဲ့ သည်းခံပြီးစီးပါ တယ်။ ရန်ကုန်မှာတရားဝင် ပေးမစီးမှန်းသိတော့ သပ်သပ်ကိုနှောင့်ယှက်တာပေါ့။ တော်တော်တော့ ဒုက္ခ ရောက်တာတွေရှိတယ်။ လက်ရှိစီးနေတာကတော့ Yamaha Midnight 2010 model ပါ။1300 CC ရှိပြီး စျေးက သိန်း ၁၀၀ ကျောပါတယ်။
ကိုညီ(အဖွဲ့ခေါင်းဆောင်-၂)
ရိုရိုသေသေစီးမယ်၊စည်းကမ်းတကျစီးမယ်ဆိုရင်တော့ ရန်ကုန်မှာ ဆိုင်ကယ်ပေးစီးသင့်ပါတယ်။ကားတွေများ တော့ အန္တရာယ်ဖြစ်မှာစိုးလို့ပေးမစီးတာကို နားလည်ပါတယ်။ယိုးဒယားတို့မှာလို ဆိုင်ကယ်လမ်းတွေ၊ဘာ တွေလုပ်ပေးပြီး စီးခိုင်းလို့ရပါတယ်။ ရန်ကုန်သားဖြစ်တော့ အခြားနေရာတွေမှာလိုပဲ ဒီမှာ တရားဝင် ဆိုင်ကယ် စီးချင်တာပေါ့နော်။ဒီအဖွဲ့ကိုတော့ ကိုဒေးဗစ်နဲ့ကျွန်တော်ပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။ဆိုင်ကယ်ကို အရမ်းရူးသွပ် ပါတယ်။ အဖမ်းခံရတာတော့ ခဏခဏပဲ။ဒါပေမဲ့ ကြိုးစားပြီးစီးရတာပေါ့။အဖွဲ့လိုက်အနေနဲ့ နေပြည်တော်၊ ပုဂံ၊ပဲခူး၊တာချီလိတ် နေရာတော်တော်စုံအောင်ရောက်တယ်။စည်းကမ်းမဲ့ဆိုင်ကယ်သမားတွေတွေ့ရင်လည်း ကောင်းကောင်းစီးဖို့ပြောပြတယ်။ကျွန်တော်တို့လည်း စည်းကမ်းနဲ့စီးတယ်။တချို့ဆို ၄ ယောက်စီးတာတွေရှိ တယ်။ တချို့ကဆိုင်ကယ်နဲ့လုယက်တာတွေရှိတယ်။ ဒါတွေကြောင့် တကယ့်လူကောင်းဆိုင်ကယ်သမား တွေဒုက္ခရောက်ရတယ်။ဒီတော့ ရဲတွေက ဆိုင်ကယ်တွေဆို အမြဲစောင့်ကြည့်တယ်။ ဖမ်းတယ်။လက်ရှိစီး နေတာကတော့ Suzuki RSX 2002 model 1300 cc ပါ။စျေးကတော့ ၆၀-၆၅ သိန်းလောက်ရှိပါတယ်။
ကိုမျိုးဝင်းထွဋ် (ခ) RC ( အဖွဲ့ဝင် ၄)
ကျွန်တော်က ဒီအဖွဲ့ရဲ့ညွှန်ကြားမှုအပိုင်းမှာရော၊အုပ်ချုပ်မှု အပိုင်းမှာပါတာဝန်ယူထားသလို ကိုဒေးဗစ်ရဲ့ညာ လက်ရုံးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အဓိကစည်းကမ်းက အဖွဲ့ဝင်တွေအားလုံးမူးယစ်ဆေးဝါးမသုံးရ ဘူး။နိုင်ငံရေးကင်းရမယ်။ လောင်းကစားကင်းရမယ်။ပြီးတော့ အချင်းချင်းစည်းလုံးရမယ်။ရန်မဖြစ်ရဘူး။အ ဖွဲ့လိုက်စီးချိန်မှာလည်း ဘေးပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးရဘူး။ဒီစည်းကမ်းတွေကို မလိုက်နာရင် အဖွဲ့ကနေထုတ်ပစ်တဲ့အထိအရေးယူပါတယ်။ ကျွန်တော်စဝင်ခါစက အမှတ် ၃၇ ပါ။ လက်ရှိစီးနေတာကတော့ Honda Chopper ပါ ၄၅ သိန်းလောက်ရှိပါတယ်။
ကိုခင်မောင်လတ်(အဖွဲ့ဝင် ၅ )
ကျွန်တော်ကတော့ ဘယ်လက်ရုံးပါ။စဝင်တာကတော့ RC နဲ့သိပြီး ဝင်ခဲ့တာပါ။အရင်ကတည်းက ဆိုင်ကယ်ကို ရူးခဲ့တာပါ။ရန်ကုန်မှာတော့ စီးရတာအတော်ဒုက္ခရောက်ပါတယ်။ အမှတ်တရအနေနဲ့ဆိုရင် ဆီဒိုးနား နားမှာ ရဲလိုက်ဖမ်းတာခံရဖူးပါတယ်။သူတို့ကလိုက်၊ကျွန်တော်က ပြေးပေါ့။ ဒါမျိုးမလုပ်ချင်ပါဘူး။တရားဝင်ပေးစီးစေ ချင်ပါတယ်။ အခုလိုကားတွေပိတ်နေတဲ့ အချိန်မှာ ဆိုင်ကယ်နဲ့ဆိုအချိန်ကုန်သက်သာနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့လည်းလူစုပြီး ၁၂ ပိုင်းကျရင် မေမြို့သွားဖို့ရှိပါတယ်။ကျွန်တော်တို့က ဆိုင်ကယ်ပြိုင်ပွဲတော့ မဝင်ပါဘူး။ အချင်းချင်းပြိုင်စီးတာလောက်ပဲရှိပါတယ်။ အခုစီးနေတာကတော့ CBR 2000 ပါ သိန်း ၃၀ လောက်ရှိပါတယ်။
ကိုထက်အောင်လှိုင်(အဖွဲ့ဝင် ၁၂)
ရန်ကုန်သားဆိုတော့ ရန်ကုန်မှာဆိုင်ကယ်တရားဝင်စီးခွင့်ရချင်တယ်။ဆိုင်ကယ်စီးသူတိုင်းလူရမ်းကားတော့ မဟုတ်ပါဘူး။ အမြဲတမ်းလည်း ယာဉ်စည်းကမ်းကို လိုက်နာတယ်။ရန်ကုန်မှာစီးရင်းနဲ့အဖမ်းခံရတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က လိုက်ထုတ်ပေးပါတယ်။ စုပေါင်းပြီး Donation တွေသွားလုပ်ဖူးပါ တယ်။ စီးနေတဲ့ ဘီးကတော့ Bilko ပါ ၁၄ သိန်း ၈ သောင်းလောက်ရှိပါတယ်။
ကိုစိုင်းသူရဟိန်းတေ (ခ) ဂျယ်လီ (အဖွဲ့ဝင် ရ )
ဝင်တာတော့ သိပ်မကြာသေးဘူး။ဝင်ဖြစ်ခဲ့ပုံက ၂၀၁၄ မှာတုန်းကပေါ့။ ကိုဒေးဗစ်တို့အဖွဲ့မြို့ထဲမှာ အုပ်စု လိုက်ဆိုင်ကယ်တွေ စီးကြတယ်။ အစီး ၃၀ ၊ ၄၀ လောက်ရှိမယ်။ ၂ ရက်လောက် ဂျာနယ်တွေထဲမှာ ပါလာ တယ်။ အဲဒီထဲက ဒီအဖွဲ့ကို သိနေတာပါ။ အရင်ကတော့ အရန်အနေနဲ့စပါခဲ့တာပါ။အခုတော့ အဖွဲ့ဝင် ရ ဖြစ်လာပါပြီ။ ကျွန်တော်တို့ အဖွဲ့ကရန်ကုန်မှာရှိကြတော့ လူ့အခွင့်အရေးအရ ဒီမှာဒီးခွင့်ရချင်ပါတယ်။ ဘီး ၄ ပေါ်ထိုင်ရတာထက် ၂ ဘီးပေါ်ထိုင်ရတာကို ပိုကြိုက်တယ်။ဒီအဖွဲ့က ဝါသနာရှင်တွေစုပြီးတော့ Family ပုံစံဖွဲ့ထားတယ်။ဆိုင်ကယ်စီးခွင့်ရအောင်လည်း ကြိုးစားနေပါတယ်။ ရန်ကုန်သားတစ်ယောက်ဖြစ်ပြီး ရန်ကုန်မှာဆိုင်ကယ်စီးခွင့်မရတော့ Feel ဖြစ်မိတယ်။ဒါကြောင့် ရန်ကုန်ကလူတွေကိုလည်းပြောချင်တယ်။ ကိုယ့်ရည်ရွယ်ချက်အတိုင်းလျှောက်လှမ်းပါလို့။နောက်ဆုံးပြောချင်တာကတော့ ဆိုင်ကယ်စီးသူတိုင်း လူဆိုး၊လူရမ်းကား မဟုတ်ပါဘူး။လူဆိုးလူရမ်းကားတိုင်းလည်း ဆိုင်ကယ်သမားမဟုတ်ပါဘူး။
သမင်(အရန်အဖွဲ့ဝင်)
၂၀၁၅ လောက်က စဝင်တာပါ။ဆိုင်ကယ်ရူးသွပ်တာတော့ ကြာပါပြီ။ ပထမကတော့ ကိုယ့်ဘာသာပဲစီးနေ တာပါ။ နောက်မှ ဒီ Group ထဲပါလာတာပေါ့။ ကျွန်တော်စစီးတဲ့ သင်္ကြန်ကာလတုန်းက ဆိုင်ကယ်တွေအများ ကြီးတွေ့လိုက်ရတယ်။ အဲဒါကတော့ အပျော်ဆုံးပါပဲ။ ရန်ကုန်မှာက ဆိုင်ကယ်တွေ တွေ့ရနည်းတယ်လေ။ ကိုယ့်အတွက်ပညာလည်းရတာပေါ့။တစ်မြို့တည်းကွက်ပြီး ဆိုင်ကယ်မစီးရတာတော့ အဆင်မပြေဘူးပေါ့။ဒါက လူ့အခွင့်အရေးပိတ်ပင်တာနဲ့ အတူတူပါပဲ။ဥပမာ ဆိုင်ကယ်တိုင်းကို စည်းကမ်းတွေစနစ်တကျထုတ်ပြီး ပေးစီးသင့်ပါတယ်။ လိုင်စင်ပေးပြီး စနစ်တကျပေးစီးရင် ဒုစရိုက်မှုဖြစ်ရင်တောင် လိုက်ဖမ်းရလွယ်သွားမှာပေါ့။ ဒုစရိုက်မှုတွေလုပ်တာက ဆိုင်ကယ်နဲ့ပဲမဟုတ်ပါဘူး။ကားနဲ့ရော၊စက်ဘီးနဲ့ပါ ဖြစ်နိုင်ပါတယ်။အခုစီးနေတာက Honda Steed 400 ပါ။သိန်း ၂၀ နဲ့၃၀ ကြားရှိပါတယ်။
ကာရန်လေး(အရန်အဖွဲ့ဝင်)
စဝင်တာက ၁ နှစ်ကျော်ပဲရှိပါသေးတယ်။ကျွန်တော်က ငယ်ငယ်ထဲက ဆိုင်ကယ်ရူးသွပ်တာပါ။ဒါပေမဲ့ ဝယ်ဖို့ငွေမရှိခဲ့ဘူး။ကိုယ့်ဟာကိုယ်အလုပ်လုပ် ငွေစုပြီး ဝယ်စီးခဲ့ရပါတယ်။အိမ်ကတော့ခွင့်မပြုဘူး။ရ အောင်စီးခဲ့ရတာပါ။ ဒီမှာမကြာခဏအဖမ်းခံရတယ်။ ခေါင်းဆောင်က ပြန်ထုတ်ပေးတယ်လေ။ဒီနှစ်တော့ ခရီးသွားရင် လိုက်မှာပါ။ အဖွဲ့ရဲ့စည်းကမ်းကိုလည်းအားလုံးက လိုက်နာကြပါတယ်။ စီးနေတာက Kenbo 250 ပါ။၁၅ သိန်း၊သိန်း၂၀ လောက်ရှိပါတယ်။
တေဇမေးမြန်းသည်။
Zawgyi version…
ဝါသနာအရဖဲြ႕စည္းထားေပမယ့္ ရမ္းကားမွဳမရွိ၊အရက္ေသစာေသာက္စားမူးယစ္ျပီး ေမာင္းႏွင္တာမ်ိဳးလုံးဝ မလုပ္တဲ့ Rolling Stone Biker Group (YGN) ဟာ ရန္ကုန္အေျခစုိက္ Biker အဖြဲ႕ပါ။သူတုိ႕ရဲ႕အဓိကရည္ ရြယ္ခ်က္က စိတ္တူကုိယ္တူဆုိင္ကယ္သမားေတြေပါင္းျပီး စီးနင္းဖုိ႕အတြက္ျဖစ္ေပမယ့္ ေကာင္းမြန္တဲ့ စည္း ကမ္းေတြေအာက္မွာ ေဘးလူေတြအေႏွာင့္အယွက္မျဖစ္ရေအာင္ စီးနင္းေလ့ရွိသူေတြပါ။ အဖဲြ႕လုိက္ ခရီးသြား တာေတြ၊ အလွဴသြားလုပ္တာေတြအျပင္ အႏုပညာလွဳပ္ရွားမွဳေတြကုိလည္း ျပဳလုပ္ေနတဲ့ အဖဲြ႕အစည္းပါ။ မတူညီတဲ့ လူမ်ိဳးစုံနဲ႕ဖဲြ႕စည္းထားေပမဲ့လည္း သူတုိ႕ရဲ႕ခံယူခ်က္၊ အဖဲြ႕အစည္းအေပၚထားတဲ့စိတ္ဓါတ္၊ စည္းလုံးမွဳေတြကုိ ဒီက႑ကေနတင္ျပေပးသြားမွာျဖစ္ပါတယ္။
ကုိေဒးဗစ္ေက်ာ္(အဖြဲ႕ေခါင္းေဆာင္ -၁)
က်ြန္ေတာ္တုိ႕အဖဲြ႔ကုိ ၂၀၁၄ ခုႏွစ္ ၁၁ ပုိင္းကစျပီး စတင္တည္ေထာင္ခဲ့တာပါ။ဒီႏွစ္နဲ႕ဆုိ ၃ ႏွစ္ေလာက္ရွိပါျပီ။ က်ြန္ေတာ္က အသက္ ၂၀ ကတည္းက ဆုိင္ကယ္စစီးလာတာ အခုဆုိ ၃၈ ႏွစ္ရွိျပီေပါ့။ရန္ကုန္မွာ တရားဝင္ေပး မစီးလည္း က်ြန္ေတာ္တုိ႕ကအလုပ္အားတဲ့အခါဆုိရင္ ကုိယ့္သူငယ္ခ်င္းေတြ၊ကုိယ့္အဖဲြ႕သားေတြ ေခၚျပီး အဖဲြ႕လုိက္စီးၾကတယ္။တစ္ခါတေလ တစ္ေယာက္တည္းစီးပါတယ္။ဝါသနာအရမ္းပါေတာ့ အဖမ္းအစီးေတြၾကား ထဲက စီးရပါတယ္။ ဒါေပမဲ့ က်ြန္ေတာ္တုိ႕အဖဲြ႕က မရမ္းကားပါဘူး၊သူမ်ားမ်က္စိေနာက္ေအာင္မစီးဘူး။လီ ဗာပုတ္တာတုိ႕၊ဘာတုိ႕မလုပ္ဘူး၊ေအးေဆးစီးတယ္။ေနာက္ျပီး အရက္၊ဘီယာေသာက္ျပီး မစီးဘူး။ မူးရင္ဆုိင္ကယ္မစီးရဘူးလုိ႕ စည္းကမ္းထုတ္ထားတယ္။ ႏုိင္ငံေရးမလုပ္ရဘူး၊ရဲေတြ၊စစ္သားေတြမေကာင္း ေၾကာင္းမေျပာရဘူး။ က်ြန္ေတာ္႕အဖဲြ႕ထဲမွာက လူမ်ိဳးေပါင္းစုံပါေတာ့ ဒီလုိစည္းကမ္းေတြထုတ္ထားရတာပါ။ အႏုပညာလွဳပ္ရွားမွဳအေနနဲ႕ကေတာ့ အဆုိေတာ္ ဂုဏ္ရွိန္ဝင့္ထည္ရဲ႕MTV မွာ က်ြန္ေတာ္တုိ႕အဖဲြ႕ပါတယ္။ ေနာက္ျပီးဇာတ္လမ္းမွာက်ေတာ့ ထိပ္တုံးဖူးစာမွာပါတယ္။အဲဒီမွာက်ေတာ့ အဆုိေတာ္နန္းေအာင္ေပါ့။ေတာ သီခ်င္းေလးပါပဲ။ ဇယားထိန္းဘသိန္း အဲဒီမွာလည္းပါတယ္။ေနာက္ျပီးေတာ့ Nonstop Rolling Stone ဇာတ္ကားကနာမည္ေျပာင္းထားတယ္၊အဲမွာလည္းပါတယ္။ Rolling Stone အဖဲြ႕လုိက္ကုိပါတယ္။ အႏုပညာ ကုိလည္းဝါသနာပါေတာ့ ခင္တဲ့သူေတြေခၚရင္ အခေၾကးေငြမယူဘဲ ကူညီေပးတယ္။တစ္ခါတေလေတာ့ အဖဲြ႕လုိက္နယ္ထြက္ျဖစ္တယ္။အျမဲတမ္းေတာ့ မထြက္ဘူး။အလုပ္ေတြမ်ားၾကလုိ႕ေလ။ဒါေၾကာင့္ စုစီးရင္ေတာင္ ညဖက္ပဲစီးတာမ်ားတယ္။ေန႕ဖက္ဆုိကားေတြရွဳပ္လုိ႕။ပရဟိတအေနနဲ႕ ျပီးခဲ့တဲ့ေရေဘးတုန္းကေတာ့ ေညာင္ တုန္းတုိ႕ဘာတုိ႕ဘက္ကုိ သြားလွဴတာေတြရွိတယ္။က်ြန္ေတာ္တုိ႕ရဲ႕အဓိကရည္ရြယ္ခ်က္က ဆုိင္ကယ္ ဝါသနာ ပါသူေတြကုိ စုထားတာပါ။တခ်ိဳ႕ကက်ေတာ့ MC ဆုိျပီးလုပ္တယ္။ က်ြန္ေတာ္တုိ႔ကေတာ့ အေပ်ာ္တမ္း Group ပါ။ျပီးေတာ့ စည္းကမ္းလုိက္နာတယ္။နယ္ထြက္ရင္ ဦးထုပ္ေဆာင္းတယ္။အရွိန္ သိပ္မမ်ား ေအာင္ေမာင္းတယ္။ တခ်ိဳ႕ကားေတြဆုိ က်ြန္ေတာ္တုိ႕ကုိ ဆဲသြားတာေတြ၊ပြတ္ဆဲြသြားတာ ေတြရွိ တယ္။ ဒါေပမဲ့ သည္းခံျပီးစီးပါ တယ္။ ရန္ကုန္မွာတရားဝင္ ေပးမစီးမွန္းသိေတာ့ သပ္သပ္ကုိေႏွာင့္ယွက္တာေပါ့။ ေတာ္ေတာ္ေတာ့ ဒုကၡ ေရာက္တာေတြရွိတယ္။ လက္ရွိစီးေနတာကေတာ့ Yamaha Midnight 2010 model ပါ။1300 CC ရွိျပီး ေစ်းက သိန္း ၁၀၀ ေက်ာပါတယ္။
ကုိညီ(အဖဲြ႕ေခါင္းေဆာင္-၂)
ရုိရုိေသေသစီးမယ္၊စည္းကမ္းတက်စီးမယ္ဆုိရင္ေတာ့ ရန္ကုန္မွာ ဆုိင္ကယ္ေပးစီးသင့္ပါတယ္။ကားေတြမ်ား ေတာ့ အႏၱရာယ္ျဖစ္မွာစုိးလုိ႕ေပးမစီးတာကုိ နားလည္ပါတယ္။ယုိးဒယားတုိ႕မွာလုိ ဆုိင္ကယ္လမ္းေတြ၊ဘာ ေတြလုပ္ေပးျပီး စီးခုိင္းလုိ႕ရပါတယ္။ ရန္ကုန္သားျဖစ္ေတာ့ အျခားေနရာေတြမွာလုိပဲ ဒီမွာ တရားဝင္ ဆုိင္ကယ္ စီးခ်င္တာေပါ့ေနာ္။ဒီအဖဲြ႕ကုိေတာ့ ကုိေဒးဗစ္နဲ႕က်ြန္ေတာ္ေပါင္းျပီး ဖြဲ႕စည္းခဲ့တာပါ။ဆုိင္ကယ္ကုိ အရမ္းရူးသြပ္ ပါတယ္။ အဖမ္းခံရတာေတာ့ ခဏခဏပဲ။ဒါေပမဲ့ ၾကိဳးစားျပီးစီးရတာေပါ့။အဖဲြ႕လုိက္အေနနဲ႕ ေနျပည္ေတာ္၊ ပုဂံ၊ပဲခူး၊တာခ်ီလိတ္ ေနရာေတာ္ေတာ္စုံေအာင္ေရာက္တယ္။စည္းကမ္းမဲ့ဆုိင္ကယ္သမားေတြေတြ႕ရင္လည္း ေကာင္းေကာင္းစီးဖုိ႕ေျပာျပတယ္။က်ြန္ေတာ္တုိ႕လည္း စည္းကမ္းနဲ႕စီးတယ္။တခ်ိဳ႕ဆုိ ၄ ေယာက္စီးတာေတြရွိ တယ္။ တခ်ိဳ႕ကဆုိင္ကယ္နဲ႕လုယက္တာေတြရွိတယ္။ ဒါေတြေၾကာင့္ တကယ့္လူေကာင္းဆုိင္ကယ္သမား ေတြဒုကၡေရာက္ရတယ္။ဒီေတာ့ ရဲေတြက ဆုိင္ကယ္ေတြဆုိ အျမဲေစာင့္ၾကည့္တယ္။ ဖမ္းတယ္။လက္ရွိစီး ေနတာကေတာ့ Suzuki RSX 2002 model 1300 cc ပါ။ေစ်းကေတာ့ ၆၀-၆၅ သိန္းေလာက္ရွိပါတယ္။
ကုိမ်ိဳးဝင္းထြဋ္ (ခ) RC ( အဖဲြ႕ဝင္ ၄)
က်ြန္ေတာ္က ဒီအဖဲြ႕ရဲ႕ညႊန္ၾကားမွဳအပုိင္းမွာေရာ၊အုပ္ခ်ဳပ္မွဳ အပုိင္းမွာပါတာဝန္ယူထားသလုိ ကုိေဒးဗစ္ရဲ႕ညာ လက္ရုံးလည္းျဖစ္ပါတယ္။ က်ြန္ေတာ္တုိ႕ရဲ႕အဓိကစည္းကမ္းက အဖဲြ႕ဝင္ေတြအားလုံးမူးယစ္ေဆးဝါးမသုံးရ ဘူး။ႏုိင္ငံေရးကင္းရမယ္။ ေလာင္းကစားကင္းရမယ္။ျပီးေတာ့ အခ်င္းခ်င္းစည္းလုံးရမယ္။ရန္မျဖစ္ရဘူး။အ ဖဲြ႕လုိက္စီးခ်ိန္မွာလည္း ေဘးပတ္ဝန္းက်င္ကုိ အေႏွာင့္အယွက္မေပးရဘူး။ဒီစည္းကမ္းေတြကုိ မလုိက္နာရင္ အဖဲြ႕ကေနထုတ္ပစ္တဲ့အထိအေရးယူပါတယ္။ က်ြန္ေတာ္စဝင္ခါစက အမွတ္ ၃၇ ပါ။ လက္ရွိစီးေနတာကေတာ့ Honda Chopper ပါ ၄၅ သိန္းေလာက္ရွိပါတယ္။
ကုိခင္ေမာင္လတ္(အဖြဲ႕ဝင္ ၅ )
က်ြန္ေတာ္ကေတာ့ ဘယ္လက္ရုံးပါ။စဝင္တာကေတာ့ RC နဲ႕သိျပီး ဝင္ခဲ့တာပါ။အရင္ကတည္းက ဆုိင္ကယ္ကုိ ရူးခဲ့တာပါ။ရန္ကုန္မွာေတာ့ စီးရတာအေတာ္ဒုကၡေရာက္ပါတယ္။ အမွတ္တရအေနနဲ႕ဆုိရင္ ဆီဒုိးနား နားမွာ ရဲလုိက္ဖမ္းတာခံရဖူးပါတယ္။သူတုိ႕ကလုိက္၊က်ြန္ေတာ္က ေျပးေပါ့။ ဒါမ်ိဳးမလုပ္ခ်င္ပါဘူး။တရားဝင္ေပးစီးေစ ခ်င္ပါတယ္။ အခုလုိကားေတြပိတ္ေနတဲ့ အခ်ိန္မွာ ဆုိင္ကယ္နဲ႕ဆုိအခ်ိန္ကုန္သက္သာႏုိင္ပါတယ္။ က်ြန္ေတာ္တုိ႕အဖဲြ႕လည္းလူစုျပီး ၁၂ ပုိင္းက်ရင္ ေမျမိဳ႕သြားဖုိ႕ရွိပါတယ္။က်ြန္ေတာ္တုိ႕က ဆုိင္ကယ္ျပိဳင္ပဲြေတာ့ မဝင္ပါဘူး။ အခ်င္းခ်င္းျပိဳင္စီးတာေလာက္ပဲရွိပါတယ္။ အခုစီးေနတာကေတာ့ CBR 2000 ပါ သိန္း ၃၀ ေလာက္ရွိပါတယ္။
ကုိထက္ေအာင္လွဳိင္(အဖဲြ႕ဝင္ ၁၂)
ရန္ကုန္သားဆုိေတာ့ ရန္ကုန္မွာဆုိင္ကယ္တရားဝင္စီးခြင့္ရခ်င္တယ္။ဆုိင္ကယ္စီးသူတုိင္းလူရမ္းကားေတာ့ မဟုတ္ပါဘူး။ အျမဲတမ္းလည္း ယာဥ္စည္းကမ္းကုိ လုိက္နာတယ္။ရန္ကုန္မွာစီးရင္းနဲ႕အဖမ္းခံရတာေတြေတာ့ ရွိပါတယ္။ ဒါေပမဲ့ အဖဲြ႕ေခါင္းေဆာင္က လုိက္ထုတ္ေပးပါတယ္။ စုေပါင္းျပီး Donation ေတြသြားလုပ္ဖူးပါ တယ္။ စီးေနတဲ့ ဘီးကေတာ့ Bilko ပါ ၁၄ သိန္း ၈ ေသာင္းေလာက္ရွိပါတယ္။
ကုိစုိင္းသူရဟိန္းေတ (ခ) ဂ်ယ္လီ (အဖဲြ႕ဝင္ ၇ )
ဝင္တာေတာ့ သိပ္မၾကာေသးဘူး။ဝင္ျဖစ္ခဲ့ပုံက ၂၀၁၄ မွာတုန္းကေပါ့။ ကုိေဒးဗစ္တုိ႕အဖဲြ႕ျမိဳ႕ထဲမွာ အုပ္စု လုိက္ဆုိင္ကယ္ေတြ စီးၾကတယ္။ အစီး ၃၀ ၊ ၄၀ ေလာက္ရွိမယ္။ ၂ ရက္ေလာက္ ဂ်ာနယ္ေတြထဲမွာ ပါလာ တယ္။ အဲဒီထဲက ဒီအဖြဲ႕ကုိ သိေနတာပါ။ အရင္ကေတာ့ အရန္အေနနဲ႕စပါခဲ့တာပါ။အခုေတာ့ အဖဲြ႕ဝင္ ၇ ျဖစ္လာပါျပီ။ က်ြန္ေတာ္တုိ႕ အဖြဲ႕ကရန္ကုန္မွာရွိၾကေတာ့ လူ႕အခြင့္အေရးအရ ဒီမွာဒီးခြင့္ရခ်င္ပါတယ္။ ဘီး ၄ ေပၚထုိင္ရတာထက္ ၂ ဘီးေပၚထုိင္ရတာကုိ ပုိၾကိဳက္တယ္။ဒီအဖဲြ႕က ဝါသနာရွင္ေတြစုျပီးေတာ့ Family ပုံစံဖဲြ႕ထားတယ္။ဆုိင္ကယ္စီးခြင့္ရေအာင္လည္း ၾကိဳးစားေနပါတယ္။ ရန္ကုန္သားတစ္ေယာက္ျဖစ္ျပီး ရန္ကုန္မွာဆုိင္ကယ္စီးခြင့္မရေတာ့ Feel ျဖစ္မိတယ္။ဒါေၾကာင့္ ရန္ကုန္ကလူေတြကုိလည္းေျပာခ်င္တယ္။ ကုိယ့္ရည္ရြယ္ခ်က္အတုိင္းေလွ်ာက္လွမ္းပါလုိ႕။ေနာက္ဆုံးေျပာခ်င္တာကေတာ့ ဆုိင္ကယ္စီးသူတုိင္း လူဆုိး၊လူရမ္းကား မဟုတ္ပါဘူး။လူဆုိးလူရမ္းကားတုိင္းလည္း ဆုိင္ကယ္သမားမဟုတ္ပါဘူး။
သမင္(အရန္အဖဲြ႕ဝင္)
၂၀၁၅ ေလာက္က စဝင္တာပါ။ဆုိင္ကယ္ရူးသြပ္တာေတာ့ ၾကာပါျပီ။ ပထမကေတာ့ ကုိယ့္ဘာသာပဲစီးေန တာပါ။ ေနာက္မွ ဒီ Group ထဲပါလာတာေပါ့။ က်ြန္ေတာ္စစီးတဲ့ သၾကၤန္ကာလတုန္းက ဆုိင္ကယ္ေတြအမ်ား ၾကီးေတြ႔လုိက္ရတယ္။ အဲဒါကေတာ့ အေပ်ာ္ဆုံးပါပဲ။ ရန္ကုန္မွာက ဆုိင္ကယ္ေတြ ေတြ႕ရနည္းတယ္ေလ။ ကုိယ့္အတြက္ပညာလည္းရတာေပါ့။တစ္ျမိဳ႕တည္းကြက္ျပီး ဆုိင္ကယ္မစီးရတာေတာ့ အဆင္မေျပဘူးေပါ့။ဒါက လူ႕အခြင့္အေရးပိတ္ပင္တာနဲ႕ အတူတူပါပဲ။ဥပမာ ဆုိင္ကယ္တုိင္းကုိ စည္းကမ္းေတြစနစ္တက်ထုတ္ျပီး ေပးစီးသင့္ပါတယ္။ လုိင္စင္ေပးျပီး စနစ္တက်ေပးစီးရင္ ဒုစရုိက္မွဳျဖစ္ရင္ေတာင္ လုိက္ဖမ္းရလြယ္သြားမွာေပါ့။ ဒုစရုိက္မွဳေတြလုပ္တာက ဆုိင္ကယ္နဲ႕ပဲမဟုတ္ပါဘူး။ကားနဲ႕ေရာ၊စက္ဘီးနဲ႕ပါ ျဖစ္ႏုိင္ပါတယ္။အခုစီးေနတာက Honda Steed 400 ပါ။သိန္း ၂၀ နဲ႕၃၀ ၾကားရွိပါတယ္။
ကာရန္ေလး(အရန္အဖဲြ႕ဝင္)
စဝင္တာက ၁ ႏွစ္ေက်ာ္ပဲရွိပါေသးတယ္။က်ြန္ေတာ္က ငယ္ငယ္ထဲက ဆုိင္ကယ္ရူးသြပ္တာပါ။ဒါေပမဲ့ ဝယ္ဖုိ႕ေငြမရွိခဲ့ဘူး။ကုိယ့္ဟာကုိယ္အလုပ္လုပ္ ေငြစုျပီး ဝယ္စီးခဲ့ရပါတယ္။အိမ္ကေတာ့ခြင့္မျပဳဘူး။ရ ေအာင္စီးခဲ့ရတာပါ။ ဒီမွာမၾကာခဏအဖမ္းခံရတယ္။ ေခါင္းေဆာင္က ျပန္ထုတ္ေပးတယ္ေလ။ဒီႏွစ္ေတာ့ ခရီးသြားရင္ လုိက္မွာပါ။ အဖဲြ႕ရဲ႕စည္းကမ္းကုိလည္းအားလုံးက လုိက္နာၾကပါတယ္။ စီးေနတာက Kenbo 250 ပါ။၁၅ သိန္း၊သိန္း၂၀ ေလာက္ရွိပါတယ္။
ေတဇေမးျမန္းသည္။