Rolls – Royce သည် ( USD 20 Millions ) ခန့်အထိ တန်ဖိုးမြင့်သည့် Boat Tail Special Model ၏ဒုတိယမြောက် Model အား ထပ်မံမိတ်ဆက်လိုက်ပြီး ၎င်းကို Concorso D’ Elaegonza Villa D’ Este တွင်ပြသပါမည်။ Hand – built သီးသန့်ဖန်တီးထားသည့် RR Boat Tail Model အားအကောင်းဆုံးနှင့် ပြည့်စုံမှုအရှိဆုံး အနေအထားအဖြင့်ခင်းကျင်းထားသည်ဟု RR မှပြောထားပါသည်။ ၎င်းတွင်အထူးစီမံဖန်တီးထားသည့် Body Color ဖြစ်သည့် – Oyster and Soft Rose Color ကိုအသုံးပြုထားကာ Aluminum Mica Bonnet တွင် Cognac Color ကိုတမူထူးခြားစွာ ပေါင်းစပ်ထားပါသည်။ ကား၏အပြင်ဆေးရောင်တွင် – Ice Matt Coating ကိုလည်း ထည့်သွင်းထားပါသည်။ ထူးခြားမှုအနေဖြင့် – ကား၏အနောက်ဖက်တွင် သစ်သားစားပွဲအားဖုံးအုပ်ထားပြီး ထိုနေရာရှိ Butter Fly  Design Dining Set နှင့်ထီးတို့အား ထုတ်ယူခင်းကျင်းနိုင်ရန် အထူးစီမံဖန်တီးထားပါသည်။ ခမ်းနားသပ်ရပ်စွာ ခင်းကျင်းထားသည့် အတွင်းခန်းတလျောက်လုံးတွင် Gold Accent နှင့် Walnut Veneer တို့လည်းပေါင်းစပ်ထည့်သွင်းထားပါသည်။

 

Leather များကိုအဓိကတွေ့မြင်ရမည်ဖြစ်ပြီး Rose Gold Accent နှင့် Walnut Veneer တို့လည်းပေါင်းစပ် ထည့်သွင်းထားပါမည်။ Leather အားထိုင်ခုံများအပြင် – Dashboard  Armrests ၊ Center Console ၊ တို့တွင်လည်းအသုံးပြုထားမည်ဖြစ်ပြီး Bonnet Color နှင့်ကိုက်ညီစေရန် ခင်းကျင်းထားခြင်းဖြစ်သည်။ Rear Deck Color နှင့်တူညီသည့် Gold Pinstripes Color ကိုမူ Transmission နေရာတွင် အသုံးပြုထားပါသည်။  RR Boat Tail Model အား 2022 May 21 တွင်အီတလီနိုင်ငံ ၊ Lake Como ရှိ Concorso D’Eleganza တွင်မိတ်ဆက်ခဲ့ပါသည်။ ပထမတစ်စင်းအား 2021 October တွင် မိတ်ဆက်ခဲ့ပြီးယခု Model အား ( ၃ ) စင်း နမူနာထုတ်လုပ်မည် ဖြစ်သည်။

#DriveMediaMyanmar