Rolls – Royce ဟာဆိုရင် 2030 မှာ Electrifying ကို အပြည့်အ၀ ကူးပြောင်းမယ်လို့ 2021 မှာ ကြေငြာခဲ့ပါတယ်။ အခုအခါ RR မှ ပထမဆုံး EV ဖြစ်တဲ့ Spectre – အား New Era of Mobility အနေနဲ့ မိတ်ဆက်လိုက်ပြီး Spectre EV ကို 2023 နှစ်ကုန်ပိုင်းမှာ ကားအပ်မှာဖြစ်ပါတယ်။ သူက ကမ္ဘာ့ပထမဆုံး Ultra – Luxury EV Super Coupe ဖြစ်ကာ ( Over 2.5 Millions KM ) အထိ Road Testing ပြုလုပ်ထားတဲ့ ထူးခြားချက်များနဲ့ ဖန်တီးထားတဲ့ Model လည်းဖြစ်ပါတယ်။ Spectra ကို Rolls – Royce ရဲ့ Electric Pedigree နဲ့ ဖန်တီးထားပါတယ်။ ထို့ကြောင့် လုံလောက်သော အခြေခံအဆောက်အအုံဆိုင်ရာ ထောက်ပံ့မှုများနဲ့လည်း ပြည့်စုံထားသည်ကိုမြင်တွေ့ရပါတယ်။
RR ဟာ Fully EV Concept များဖြစ်တဲ့ Phantom 102 EX Concept နဲ့ 103 EV Concept တို့ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Spectre EV ကတော့ RR မှ ရောင်းချမယ့် First EV RR Model ဖြစ်ပါတယ်။ RR Spectre Coupe မှာ လျှပ်စစ်မော်တာတစုံ ပါဝင်ပြီး ( Combined 584 bhp / 900 Nm of Torque Output ) ရရှိနိုင်ကာ အလားတူ ( Up to 195 kW DC Charge ) လုပ်နိုင်တဲ့ ( 102.0 kWh Battery ) လည်း ပါဝင်ပါတယ်။ Spectre EV ရဲ့ အတွင်းခန်းကို အသားနားဆုံးနဲ့ Advanced အဖြစ်ဆုံးပုံစံ ဖန်တီးထားပြီး ( 4796 Softly – illuminated LED ) တွေ ပေါင်းစပ်ပါဝင်ထားတဲ့ ( Starlight Door Type ) ကိုလည်း ပထမဆုံး ဖန်တီးမှုအနေနဲ့ ထည့်သွင်းပေးထား ပါတယ်။
ထို့အပြင် Hand – Crafted အနေနဲ့ ရရှိမယ့် Exquisite Wood များ ၊ တမူထူးခြားစွာ ဖန်တီးထားတဲ့ Spectre’s Illuminated Fascia ၊ စတဲ့ Features တွေ အတော့်ကို စုံစုံလင်လင် ရနိုင်မှာဖြစ်ပါတယ်။ Spectre ဟာ RR Architecture of Luxury Platform မှာ ဖန်တီးတဲ့ ( ၄ ) စင်းမြောက် Model ဖြစ်ပြီး All – Aluminum Space Frame နဲ့ အဓိက ဖန်တီး တည်ဆောက်ထားသည်ကိုမြင်တွေ့ရပါတယ်။







