Unicode version…
ကမ္ဘာအနှံ့ရှိကားချစ်သူများ ကာလကြာရှည်စွာ စောင့်ဆိုင်းနေသည့် ကမ္ဘာအကောင်းဆုံး SUV စာရင်းဝင်ဟုဆိုရမည့် Rolls – Royce ၏ ပထမဆုံး SUV ဖြစ်သည့် Rolls – Royce Cullinon ထွက်ရှိ၍လာပါသည်။ ၎င်းတွင် Rolls ၏ ဂုဏ်ဆောင် Phantom Model ၏ အငွေ့အသက်များကို တွေ့မြင်ရပါမည်။ ထို့အတူ SUV ၏ လဏ္ခာရပ််များဖြစ်သည့် AWD System ၊Off – Rood Driving Model များ ဖြင့် ဖန်တီး ထားကာ အဆင့်မြင့်နည်ပညာသုံး Suspension စနစ်ပါလည်း ပါ၀င်ပါမည်။ ယာဉ်တစ်ခုလုံးအား တီထွင်ဖန်တီးမှု အပြည့်ဖြင့် တွေ့မြင်ရပါမည်။ Cullinon ၏ အလျားသည် (210- inch) ဖြစ် ၍ (Wheel base ) မှာ (130 – inch) ဖြစ်သည်။ ထို့အတူ Phantom Model ထက် (5 . 6 inch ) ပိုကျယ်ပြီး (7 . 2 inch ) ပို ၍ မြင့်ပါမည်။ ကားကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကာ Curb Weight သည် 5864 Ibs ဖြစ်ပါမည်။ အင်ဂျင်သည် Rolls ၏ နာမည်ကျော် – (6 . 6 L Twin turbo V12 Engine ) ၊ (563 hp ) အင်ဂျင်ဖြစ်ပါသည်။ Seating Type သည် ခရီးသည် ၄ ယောက်စီး ပုံစံဖြစ်ကာ ဒုတိယထိုင်ခုံများသည် သီခြားပုံစံဖြစ်ပါမည်။ ( ခရီးသည် ၅ ယောက်စီး ပုံစံလည်း ရရှိနိုင်သည်။) အနောက်ဖုံး ပုံစံသည် (အပေါ် /အောက်) (၂) ခြမ်းပုံစံဖြစ် ၍ Auto ဖွင့်နိုင်ပြီး (အထူးပစ္စည်းများ) ထည့်ရာတွင် အဆင်ပြေစေရန် (Electronic Drawer ) များလည်းပါရှိမည်။ အဆိုပါ Module များအား ၀ယ်သူစိတ်ကြိုက်အနေဖြင့် ရွေးချယ်နိုင်သည်ဖြစ်ပါသည်။ ဘီးများသည် (22 – inch alloy wheel ) များဖြစ်ကြပြီး လူအဝင် /အထွက် လွယ်ကူစေရန် တံခါးဖွင့်လိုက်ပါက ယာဉ်အား (1.6 –inch) နှိမ့်ပေးပြီး ကားထဲသို့ ၀င်၍ စက်နှိုးလိုက်ပါက ကားကိုယ်ထည် (1.6 inch) မြင့်သွား သည့် စနစ်လည်း ပါရှိပါသည်။ အတွင်းခန်း အပြင်အဆင်အား အထူးသားနားစွာ ဖန်တီးထားမည်ဖြစ်ကာ တန်ဖိုးကြီးပစ္စည်းများကိုသာ အဓိက အသုံးပြုထာပါမည်။ Dashboard ရှိ Touchscreen အတွက် ထိန်းချုပ်ရန် Ecstasy Controller အား ထည့်သွင်းထားမည်ဖြစ်ပါသည်။ အနောက်ဖက်ခရီးသည်ထိုင်ခုံ (၂)လုံးအား (၆၀ / ရ၀) အချိုးအထိ ခေါက်လှဲမည်ဖြစ်ပြီး အနေအထားမျိုးစုံလည်းစိတ်ကြိုက်ဖန်တီးနိုင်ပါမည်။ ခုံများအကြား ၌ ၊ ရေခဲသေတ္တာ၊ Drink Cabinet ၊ ၀ီစကီဖန်ခွက်များ၊ ၀ိုင်ထည့်သည့်ဖန်ဘူးများလည်း စုံလင်စွာ ပါရှိပါမည်။ နောက်ခုံထိန်ချုပ်မှုအား အရှေ့ဖက်ရှိ Touch screen မှ တဆင့်လည် ပြုလုပ်နိုင်ပါသည်။ Cullinan SUV အား ရေအနက်( 21 .3 – inches) အထိသွားနိုင်ရန် ဖန်တီးထားပါသည်။ ထို့အပြင် လမ်းအခြေအနေ မျိုးစုံတွင် မောင်းနှင်နိုင်ရန် (6 – Terrain Model ) လည်းပါရှိမည်ဖြစ် ၍ Off – Road အတွက် အဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Zawgyi version…