The Swep tail နောက်ပိုင်းတွင် ဝယ်သူစိတ်ကြိုက်ဖြစ်မည့် One – Off Coupe အား Rolls – Royce သည် ထပ်မံထုတ်လုပ်မည်ဖြစ်ပြီး 1920 ပြည့်နှစ်များတွင် ထုတ်လုပ်ခဲ့သည့် The Down Roadster ကို မှီငြမ်း၍ တဖန်ပြန်လည်ဖေါ်ထုတ် ပါမည်။ The Swep tail အား 2017 တွင် ထုတ်လုပ်ခဲ့ပြီး ( ဒေါ်လာဆယ့်သုံးသန်း ) ဖြင့် ရောင်းချခဲ့သည်။ Down – based Model သည် The Wraith ၏ Topless ပုံစံဖြစ်ကာ Aero Cowling လည်းပါဝင်မည်။ Model ၏ အရွယ်နှင့် အတိအကျတိုင်းတာထားသည့် Silver Finish နှင့် Dark Trim တို့လည်းပေါင်းစပ်ပါဝင်မည်။ အတွင်းခန်းကို အထူးသားနားစွာ ဖန်တီးထားပြီး Open – pore Carbon Fiber ပစ္စည်းများနှင့် Silver Bullet တို့ဖြင့် ခင်းကျင်းထားမည်ဖြစ်ကာ အားလုံးကို England ရှိ Good wood မှ လက်ဖြင့်သာ ဖန်တီးပြုလုပ်ပါမည်။ အင်ဂျင်အနေဖြင့် ( 6.6 L V 12 Twin – turbo Engine ) ၊ ( 563 hp ) အင်ဂျင်ကို Standard ထည့်သွင်းမည်ဖြစ်ပြီး Silver Bullet Edition တွင် ( 593 hp ) ကို တိုးမြှင့် တပ်ဆင်မည်ဖြစ်သည်။ Down Silver Bullet အား အစင်းရေငါးဆယ်သာ ထုတ်လုပ်မည်ဖြစ်ပြီး ဈေးနှုန်းနှင့် အခြားအချက်များအား Rolls – Royce မှ ထပ်မံကြေငြာပါမည်။

Zawgyi Version….
Rolls – Royce သည် Down – based 2 – Seater Roadster အား Project အသစ်အနေဖြင့် ဖန်တီးမည်
