( သုံးရောင်ခြယ် ) ပုံစံဖြင့် ထူးထူးခြားခြား ဖန်တီးထားသည့် ( Neon Nights ) အား Rolls-Royce မှ ဖန်တီးလိုက်ပြီး Limited-Edition Model အနေဖြင့် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်သည်။ Rolls-Royce သည် Neon Nights ဖန်တီးမှုအား Wraith ၊ Dawn ၊ Cullinan တို့၏ Black Badge Variants များအတွက်ထည့်သွင်းပေးမည်ဖြစ်သည်။ Customer များ အနေဖြင့် အရောင်(၃)မျိုး ရွေးချယ် နိုင်မည်ဖြစ်ပြီး ၎င်းတို့မှာ ( Lime Rock Green – RR Wraith ) ၊ ( Eagle Rock Red – RR Dawn ) ၊ ( Mirabeau Blue – RR Cullinan ) ဖြစ်ပြီး Gray Leather နှင့် အဖြူရောင်အတွင်းခန်း အခင်းအကျင်းတို့လည်း ပါဝင်မည်။ Lime Rock Green သည် သြစတေးလျရှိ ( အစိမ်းရောင် သစ်တောဖား ) ကိုရည်ညွှန်းသည်။ Eagle Rock Red သည် ဟာဝိုင်ရီအီကျွန်းရှိ ( Ohialehua ) အမျိုးအစား သစ်ပင်ကို ရည်ညွှန်းသည်။ ထို့အတူ Mirabeau Blue သည် ဗဟိုနှင့် တောင်အမေရိက ဒေသတို့တွင် တွေ့ရသည်လိပ်ပြာတမျိုးကို ရည်ညွှန်းပါသည်။ အဆိုပါ ( Neon Nights ) ကို Rolls-Royce ၏ ကိုယ်ပိုင်ဆေးရောင် ဖန်တီးသည့်အဖွဲ့မှ တာဝန်ယူဖန်တီးပါသည်။ Neon Nights ပါဝင်သည့် Black Badge ကားများကို ထင်ရှားကျော်ကြားသည့် Customer များမှ အထူးမှာကြားပြီး သာမန် RR Model များထက် ပိုမိုကောင်းမွန်သည့် Model များလည်းဖြစ်သည်။ RR Cullinan တွင် ( 6.75 L V12 Engine ) ( 600 hp ) ကို၎င်း ၊ RR Dawn နှင့် RR Warith တို့တွင် ( 6.6 L V12 Engine ) ၊ ( 593 hp ) အင်ဂျင်ကို၎င်း တပ်ဆင်ထားပြီး Black Badge Package လည်းပါဝင်ပါသည်။ ( Neon Nights ) ကို U.S.A ရှိ Customer များအတွက် အဓိကစီစဉ် ဖန်တီးဖြစ်ပြီး ကားအစင်းရေ ( ၁၂ စင်း ) သာထုတ်လုပ်မည် ဖြစ်သည်။